ကျေးဇူးတရားဆိုတာကိုနားလည်ပေမယ့် မေ့ရော့မူတွေကရှိနေတတ်ပါတယ်။ပထမဦးဆုံးကျေးဇူးတင်ထိုက်သူ မိဘပေါ့ဗျာ၊ဒါမှမဟုတ်ရင်မိမိအားကျွေးမွေးစောင့်ရှောက်သူ၊နောက်ဆရာသမား သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ ကျနော့်အတွက်တော့ စာရေးဆရာတွေလဲပါတယ်ပေါ့ဗျာ၊ဒါပေမယ့် တစ်ချို့က အဲဒီကျေးဇူးရှိဘူးသူ၊မိမိရဲ့ ဆရာသမားတွေကိုမိမိအောင်မြင်မူရပြီးချိန်မှာတော့ မေ့နေတတ်ပါတယ်။ဒီအကြောင်းအရာနဲ့ပက်သက်ပြီး ပထမဦးစွာတောင်းပန်ချင်တာကတော့ ဒီပိုစ့်ထဲမှာပါတဲ့ ကာယကံ၇ှင်ကို ပုတ်ခတ်လိုစိတ်နဲ့ရေးသားတာမဟုတ်ရပါဘူး၊အသိတရားတစ်ခုအတွက်သာ အကြောင်းခံရေးသားခြင်းဖြစ်ပါတယ်။

အကြောင်းကဒီလိုပါ…လွန်ခဲ့သောသုံးလေးလလောက်က ဖတ်မိခဲ့တဲ့အကြောင်းလေးပါ၊ရုပ်ရှင်သရုပ်ဆောင်နေတိုးက အကယ်ဒမီဆုပေးပွဲမှာ ကျေးဇူးတင်စကားပြောကြားရာတွင် သူ၏လက်ဦးဆရာများဖြစ်သော ဂျော်လီဆွေ၏သားများကို ဆရာသမားများအနေနဲ့ကျေးဇူးတင်ကြောင်းပြောကြားဖို့မေ့သွားခဲ့တယ်လိုဆိုပါတယ်။ကာယကံရှင်က သူတကယ်ပဲမေ့သွားတာပါလို့တောင်းပန်ခဲ့ပေမယ့် ခံစားရတဲ့သူကတော့ ၀မ်းနည်းလို့မဆုံးပါဘူး၊ဒီအကြောင်းကို မြန်မာပြည်က စာနယ်ဇင်းတွေထဲမှာမတွေ့ရပေမယ့် ပြည်ပကစာနယ်ဇင်းတွေမှာပဲဖတ်လိုက်ရတယ်။တကယ်တော့ အဲဒီကျေးဇူးဆိုတဲ့စကားလုံးလေးကို ထုတ်ဖေါ်ပြောဖို့ဝင်လေးနေရင်မိမိရဲ့ ဘ၀အောင်မြင်မူတွေအတွက်ဘယ်လောက်အရေးပါတယ်ဆိုတာ သိသင့်တယ်လို့ထင်ပါတယ်။

မိဘရဲ့ကျေးဇူးမည်မျှကြီးမားကြောင်းကိုတော့စာဖွဲ့မနေတော့ပါဘူး၊ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးကလည်းပြော၍ပြင်ကုန်နိုင်ပါဘူ့း၊ငယ်စဉ်က မူလတန်းပြဆရာ၊ဆရာမများကိုတောင် မေ့ပျောက်ဖို့မသင့်ပါဘူး၊ယနေ့ စာပေလောကမှာရော သက်ရှိထင်ရှားရှိတဲ့သူတွေ၊ဆုံးပါးသွားကြသူတွေရွောအားလုံးရဲ့ကျေးဇူးတရားတွေဟာ အင်မတန်ကြီးမားလှပါတယ်။သူတို့တွေ ရေးသားပြုစုထားတာတွေကို ကျနော်တို့က အစဉ်သင့်လေးစားသုံးလို့ရနေလိုပါပဲ။

လောကမှာကျေးဇူးသိဖို့၊ကျေးဇူးတရားနားလည်သဘောပေါက်ဖို့ အင်မန်အရေးကြီးပါတယ်လို့ထင်မိပါတယ်။ဆရာကြီးဦးဘိုသင်း ဒုတိယပါမောက္ခချုပ်(ငြိမ်း)ရန်ကုန်ပညာရေးတက္ကသိုလ်က ကျေးဇူး ဆိုသောစကားအသုံးနှုန်းသည် ပုဂံခေတ်မြန်မာစာပေ အရေးအသားမှ စတင်အသုံးများကြောင်းကို အထောက်အထားနှင့် ရှိနေသည်ဟုဆိုပါသည်။

ပုဂံခေတ် ရာဇကုမာရ်ကျောက်စာ၌ ထိုကျေးဇူးဆိုသော အသုံးကိုစတင်တွေရှိရသည်ဟုဆိုသည်။ကျောက်စာတွင် ခမည်းတော်ကျန်စစ်မင်းကြီးက ပေးအပ်ခဲ့သော ကျွန်သုံးရွာကို သားတော် ရာဇကုမာရ်က “မင်းကြီးကျွေးမွေးသော ကျေးဇူးကို အောက်မေ့သတိရ၍ ရွေအတိပြီးသော ရွေဆင်းတုတစ်ဆူပြုလုပ်၍ လှူလေသည်။ကျန်စစ်မင်းကြီးသိသဖြင့် သားတော် ရာဇကုမာရ်အလှူကို တုံ့ပြန်အသိမှတ်ပြုသည့်အနေဖြင့် “သာဓု”ခေါ်လေသည်။ထိုသည်မှာ ကျေးဇူးနှင့် ကျေးဇူးတရားသဘောပေါ် လက်ခံကျင့်သုံးတတ်မူ၊သိတတ်မူ၊နားလည်သဘောပေါက်မူ၊တန်ဖိုးထားတတ်မူ၊တုံ့ပြန်ရွက်ဆောင်လာတတ်မူ စသည်တိုကိုဆိုလိုသည်။

သမိုင်းအကြောင်းရကြည့်မယ်ဆိုရင် မြန်မာပြည်ရဲ့လွတ်လတ်ရေးဖခင်၊တပ်မတော်ရဲ့ဖခင်လို့ ဆိုထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုးကိုရော ကျေးဇူးတရားတွေအရ ဘယ်လို့မှမေ့ပျောက်လို့ရမယ်လို့မထင်ပါဘူး၊ဒါပေမယ့် အဲဒီကျေးဇူးတွေကိုပြန်ပြီးပေးဆပ်နေရတာက ဘယ်သူတွေလဲ၊တကယ်ကိုဘဲ ကျေးဇူးတရားဆိုတာတွေကိုမသိရော့လေသလား၊။။။။။သို့မဟုတ် ရူးချင်ဟောင်ပဲဆောင်နေတာလား….သမိုင်းကြောင်းအမှန်ဆိုတာ ဘယ်တော့မှရိုက်ချိုးဖျက်စီးပစ်လို့မရပါဘူး။

“တလုပ်စားဖူး သူ့ကျေးဇူး အထူးသိတတ်စွာ” ကျေးဇူးတရားနားလည် သိတတ်ပါစေ။

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..