မတူခြားနားမိုးခါးရေ ပုံပြင်များ

Yan ShinJuly 14, 20111min912

မိတ်ဆွေများခင်ဗျား
လွန်ခဲ့သော နှစ်ရက်က မိုးခါးရေပုံပြင်လေးအကြောင်းပြောပြီး
မတူသော အမြင်များကို ဆွေးနွေးခဲ့ကြပါတယ်။
ခုအဲဒီပုံပြင်လေးကို ကျွန်တော်တို့သူငယ်ခြင်းတွေပြောပြတဲ့ မတူတဲ့ ပုံပြင်လေးတွေ ပြောပြပါတယ်။
ဆက်လက်ငြင်းခုန်ကြပါစို့။

………………………………………
အဲဒီလိုနဲ့ သူတို့အတတ်နဲ့သူတို့ အရူးတွေကြားထဲမှာ မရူးသူ သူတို့နှစ်ယောက် အရူးဖြစ်ပြီး ဘယ်လိုမှမနေနိုင်တော့လို့ သူတို့နှစ်ဦးနောက်ဆုံး မိုးခါးရေကိုလိုက်သောက်ပြီး ရူးသွားကြတယ်တဲ့။
လူကြီးမင်းတို့ရေ ကျွန်တော့်သူငယ်ခြင်းတစ်ယောက် လက်ဘက်ရည်ဆိုင်မှာ ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။
အဲဒါကို ကျွန်တော်တို့ သူငယ်ခြင်းတွေ ငြင်းခုန်မိကြပါတယ်။
ပုံပြင်ကို တစ်ယောက်အမြင်တစ်မျိုးနဲ့ပြောကြပါတယ်။

တစ်ဦးသောသူငယ်ခြင်းကပြောပါတယ်။

ဘုရင်ကြီးနဲ့ အကြံပေးပုရောဟိတ်ကြီး ဒုတ္ခရောက်ရပုံကိုပါ။ သူတို့လုပ်တာမဟုတ်တဲ့မမှန်တဲ့ အကြောင်းပါ။ တစ်ကယ်ဆို သူတို့က ကြိုသိနေတာပဲ ပြီးတော့ သူတို့မှာ လုပ်ပိုင်ခွင့်တွေ လုပ်နိုင်ခွင့်တွေရှိနေတာပဲ။ သူသာ ဘုရင်ကြီးနေရာမှာဆိုရင် တစ်တိုင်းပြည်လုံးကိုမောင်းကြေးနင်းခတ်ပြီး ကြေငြာမှာပေါ့။
နောက်ခုနစ်ရက်ကြာရင် မိုးခါးကြီးရွာမည့်အကြောင်း အဲဒီမိုးကို လုံးဝမသောက်သုံးရပါကြောင်း သောက်သုံးမိပါက သောက်သုံးသူအားလုံး ရူးသွပ်မည်ဖြစ်ကြောင်း၊ အကယ်ရွေ့ သောက်သုံးမိပါက ၎င်းသောက်သုံးသူကို အရူးဒဏ် (သေဒါဏ်မဟုတ်ပါ)ပေးမည်ဖြစ်ကြောင်း မောင်းကြေးနင်းခတ်ပြီးကြေငြာရမှာပါ။
ဒါမှသာ မှန်ကန်သော လုပ်ရပ်ဖြစ်မှာပါ။ အဲဒီလို စေတနာမှန်မှသာ(စေတနာမှန်သော အုပ်ချုပ်ခွင့်အာဏာပိုင်စိုးသူ) တစ်တိုင်းပြည်လုံး ဘေးဥပါဒ်အန္တရာယ်ကင်းပြီး အားလုံးစိတ်ခြမ်းသာရမှာပါ။

ခုတော့ သူတို့ စေတနာမှားလို့ သူတို့ကိုယ်တိုင် ဒုတ္ခရောက်ရတာလို့ သုံးသပ်ပါတယ်။

နောက်သူငယ်ခြင်းတစ်ယောက်ကတော့ ဒီလိုပြောပါတယ်။ သူပြောတဲ့ အထဲမှာ ဈေးကွက်စီးပွါးရေးကို သိရမယ်တဲ့။
သူသာ အကြံပေးပုရောဟိတ်ကြီးဆိုရင် ခုလိုဘုရင်ကြီးကိုပြောပြီး မိုးခါးကြီးရွာတဲ့နေ့မှာ အဲဒီမိုးခါးရေတွေကို ခံထားမယ်တဲ့။
မိုးခါးကြီးရွာပြီး တိုင်းသူပြည်သားတွေ သောက်သုံးမိလို့ အားလုံးရူးသွား အကြံပေးပုရောဟိတ်ကြီးနဲ့ ဘုရင်ကြီးနှစ်ဦးတည်း မရူးသူကျန်၊ သူတို့နှစ်ယောက် ဒုတ္ခရောက်။ ဘုရင်ကြီးမှာ အသဲအသန်လိုက်ရူးရတော့မယ့် အချိန်ကိုရောက်လာပြီပေါ့။ ဘယ်လိုလုပ်ရူးရပါ့မလဲပေါ့။
အဲဒီအချိန်မှာ အကြံပေးပုရောဟိတ်ကြီးက သူ့ရဲ့ မိုးခါးရေကို ဘုရင်ကြီးကိုကြိုက်ဈေး ခေါ်ရောင်းလိုက်ယုံပေါ့တဲ့။ ကောင်းလိုက်တဲ့အကြံ။
တုံတုံတုံ အဲဒါ ဈေးကွက်စီးပွါးရေးအမြင်ပေါ့။
လန်းလွန်လွန်းပါတယ်။

နောင်တစ်ယောက်ကတော့ အဲဒီသူငယ်ခြင်းရဲ့ အယူအဆကို ငြင်းပါတယ်။ အဲဒီပရောဟိတ်ကြီးရဲ့ဈေးကွက် အယူအဆဟာ မှားယွင်းနေကြောင်း ဈေးကွက်စီးပွါးရေးဟူသည် အမြဲတမ်းပင်ပြောင်းလဲမှု့ရှိနေကြောင်း ပုံသေမှတ်ရွေ့ မရနိုင်ကြောင်း ဥပမာ ဥပမေယျတွေနဲ့ (ငါတို့ နိုင်ငံတော်ဆို ဖွင့် ပိတ် နဲ့စားနေတာ)နိုင်ငံတော်နဲ့ ချီပြီး ရှင်းပြပါတယ်။
ဒါကြောင့် အကြံပေးပုရောဟိတ်ကြီးရဲ့ မိုးခါးရေ(အလကားရတဲ့) သိုလှောင်မှု့ စီးပွါးရေးလုပ်ငန်းဟာလည်း အမြတ်ကိုပုံသေထင်မထားနိုင်ပဲ မထင်မှတ်ပဲ အရှုံးလည်းရှိနိုင်ကြောင်း ရှင်းပြပါတယ်။

ဒါ့အပြင်သူက သေသေခြာခြာထပ်ပြောမယ်ဆိုရင်တော့ အကြံပေးပုရောဟိတ်ကြီး လုံးဝမှားယွင်းတွက်ဆကြောင်း စီးပွါးရေးအမြင် လုံးဝမရှိကြောင်း ပြောပြလာတော့ အားလုံးအံ့အားသင့်ကြရပါတယ်။
မင်းနှယ်ကွာ ဒီလောက်လည်တဲ့ အကြံပေးပုရောဟိတ်ကြီးကိုများ……..
သူပြောပြတာက မင်းတို့စဉ်းစားကြည့်လေ သူ့မှာ လောဘတွေဖုံးလွှမ်းနေလို့ သူဒါကိုမမြင်ဘူးဖြစ်သွားတာတဲ့ တစ်ကယ်လို့ သူ့တွက်ကိန်းမှန်ပါပြီတဲ့ ဘုရင်ကြီးကို ကြိုက်ဈေးခေါ်ရောင်းလို့ များစွာ ဥစ္စာရပြီပဲထားပါ။
သူလည်း လိုက်သောက်ရတော့မှာပါ
အဲဒီအခါ ဘယ်အရူးမှာများ ဥစ္စာလိုတာတွေ့ဘူးလို့လည်းတဲ့ အရူးဆိုမှ အားလုံးပြည့်စုံပြီးသားပါတဲ့……………………………….

ကျွန်တော်တို့နိုင်ငံမှာတော့ မိုးခါးကြီးက ရွာပြီး ရွာဆဲ ရွာနေအုန်းမှာပါ။

မိတ်ဆွေ သင်ကောဘယ်လိုမြင်ပါသလဲ………………..

ကျေးဇူးပြုပြီး ဆက်လက်ငြင်းခုန်ပေးပါ။

2 comments

  • nature

    July 14, 2011 at 10:42 am

    ကောင်းလိုက်တာဗျာ။
    …တစ်တိုင်းပြည်လုံးကိုမောင်းကြေးနင်းခတ်ပြီး ကြေငြာမှာပေါ့။
    နောက်ခုနစ်ရက်ကြာရင် မိုးခါးကြီးရွာမည့်အကြောင်း အဲဒီမိုးကို လုံးဝမသောက်သုံးရပါကြောင်း သောက်သုံးမိပါက သောက်သုံးသူအားလုံး ရူးသွပ်မည်ဖြစ်ကြောင်း၊ အကယ်ရွေ့ သောက်သုံးမိပါက ၎င်းသောက်သုံးသူကို အရူးဒဏ် (သေဒါဏ်မဟုတ်ပါ)ပေးမည်ဖြစ်ကြောင်း မောင်းကြေးနင်းခတ်ပြီးကြေငြာရမှာပါ…(အကောင်းဆုံးပါပဲ။)

    …အဲဒီအချိန်မှာ အကြံပေးပုရောဟိတ်ကြီးက သူ့ရဲ့ မိုးခါးရေကို ဘုရင်ကြီးကိုကြိုက်ဈေး ခေါ်ရောင်းလိုက်ယုံပေါ့တဲ့။ ကောင်းလိုက်တဲ့အကြံ။…

    ဝယ်သူတယောက်သာရှိတဲ့ market က စိတ်မချရပါ။ရောင်းလို့ ရပါပြီတဲ့။ ဒီငွေနဲ့ တိုက်ဝယ်မှာလား၊ ကားဝယ်မှာလား၊ အရုူးအခြွေအရံတွေခေါ်မှာလား။ငွေကိုတန်ဘိုးမထားတဲ့ အရူးကြားထဲမှာ ငွေကိုဘယ်လိုသုံးမှာလည်း။

  • Yan Shin

    July 18, 2011 at 9:20 am

    မိတ်ဆွေတို့
    မိုးခါးရေ သောက်ကြပါအုန်း
    နောက်တပုဒ်
    နှမ်းတွေလာအုန်းမယ်။

Leave a Reply