ပေါ.ပေါ.တွေးတော.အတွေးမှား အတွေးမှားတော.အရွေးမှားအရွေးမှားတော.ဘေးများ

မန္တလေးဂေဇက်ထဲက နေပူလို.သတိထားကြဘို.နှိုးဆော်တဲ.စာလေးကိုဖတ်လိုက်ရတော.
ချွေးအထွက်လွန်လို.ကျနော်ကိုယ်.တွေ.ခံလိုက်ရတာလေးကိုရေးချင်စိတ်ပေါ်လာပါတယ်။

ကျနော် က မဖျားမနာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိသွားပြီ။
ဖျားရင်လဲ ဗမာဆေးလေးကိုရေနွေးနဲ.သောက်လိုက်တာနဲ.ပျောက်သွားတာပါဘဲ။
ဖြစ်ချင်တော.2009 ဩဂုတ်လလောက်မှာနည်းနည်းစပြီးတုတ်ကွေးဖြစ်သလိုမျိုးဖျားပါတယ်။
ဒါပေမဲ.ခါတိုင်းလိုဘဲ 3ရက်လောက်အတွင်းသွားရင်းလာရင်းနဲ.ပျောက်သွားပါတယ်။
ခက်တာက ချောင်းဆိုးတာလေးကျန်နေပါတယ်။
အဲဒီတုန်းက ကျနော်စီးကရက် တစ်ရက်ကို တစ်ဘူးနုန်းလောက်သောက်ပါတယ်။
ဩဂုတ်လထဲက မှတ်မှတ်ရရ ဖြစ်တဲ.နေ.လေးမှာ ဆေးလိပ်ကိုစဖြတ်လို်က်ပါတယ်။
ဒါပေမဲ.ဆေးလိပ်ဖြတ်လိုက်လဲချောင်းဆိုးတာကမပျောက်ပါဘူး။
တစ်ပါတ်လောက်နေလို. ချောင်းဆိုးတာမရပ်တော.အိမ်နားလေးက လူငယ်လေးတွေဖွင်.ထားတဲ.ဆေးခန်းကိုသွားပြလိုက်ပါတယ်။
အဲဒီအချိန်တုံးက သွေးနည်းနည်းတိုးပါတယ် စိတ်ပူလို.မေးတော.ယာယီတိုးတာပါလို.တော.ပြောပါတယ်။
နောက်ကြီးကြီးမားမား စိတ်ပူရလောက်တဲ.ရောဂါမရှိဘူးလို.လဲပြောပါတယ်။
ကလေးတွေက ပြောပါတယ် သူတို.ကတကယ်ကိုလိုအပ်မှဆေးထိုးပါမယ်။
သောက်ဆေးဘဲပေးမယ်လို.ပြောပါတယ်။
ကျနော်ကလည်း တတ်နိုင်သလောက်ဆေးမထိုးဘဲနေချင်တဲ.သူပါ။
ဒါနဲ.ဘဲ နှလုံးခုန်တာကတော. ပုံမှန်ထက်နည်းနည်းမြန်တယ် ဒါပေမဲ.မစိုးရိမ်ရဘူး။
သောက်ဆေးနဲ.ဘဲ ရတယ်။
သွေးမတိုးအောင်သွေးကျဆေး တစ်ရက်တစ်လုံးသောက်ရမယ်။
ချောင်းဆိုးပျောက်ဘို.လည်းဆေးပေးလိုက်ပါတယ် ဆေးကတော.ပိုးသတ်ဆေးပါတယ်လို.ပြောပါတယ်။
သည်ဆေးက ပိုးသေမသေတော.မသိဘူး လူကတော.ဘာမှစားလို.မရလောက်အောင်ပါးစပ်ပျက်သွားပါတယ်။
အရင်က အစားသိပ်မက်တဲ.ကျနော်မှာဘာစားစားခါးသက်ပြီးအံချင်လို.နေပါတယ်။
အလုပ်ကလဲမသွားလို.မဖြစ်ဆိုတော.နေ.စဉ်သာအလုပ်သွားနေပါတယ် လူကတော.အရင်လောက်မလန်းဘူးပေါ.။
တကယ်တွက်ကြည်.တော.အစားအသောက်ကောင်းကောင်းမစားနို်င်တာ နှစ်ပါတ်လောက်ကြာပါတယ်။
ဒီလိုနဲ.ဆေးခန်းကို တစ်ရက်ခြားတစ်ခါသွားပြလို. တစ်ပါတ်လောက်ကြာတဲ.အခါ လူလဲ ချောင်းဆိုတာပျောက်သွားတယ်။
နေရထိုင်ရတာ သက်သာလို.အရင်လိုလန်းလန်းဆန်းဆန်းပြန်ဖြစ်လာပါတယ်။
ထမင်းကိုလည်း အရင်လို ပုံမှန်ပြန်စားနိုင်လာပါတယ်။
စားကောင်းသောက်ကောင်းနဲ.ပြန်ဖြစ်လာပါတယ်။
သွေးတိုးတာကတော.ဖြေးဖြေးမှလျော.သွားမယ်ဆိုတော. သွေးကျဆေးကို တစ်ရက်တစ်ခြမ်းရယ်
အားဆေးက တစ်နေ.တစ်လုံးသောက်ရပါတယ်။
နောက်ပြီးနှလုံးသွေးကြောကျဉ်းတာကို ကာကွယ်တဲ.ဆေးက တစ်ရက်တစ်လုံးဆိုတော.
တစ်ရက်ကိုဆေးသုံးမျိုးဘဲသောက်ရပါတယ်။
ဆေးက ၅ရက်စာပေးလိုက်တာ ဆေးကုန်ရင်တော.တစ်ခေါက်ပြန်လာပြပါလို.မှာပါတယ်။
သူတို.ပြန်ချိန်းတဲ.ရက်တွေကို မှန်မှန်သွားပါတယ်။
နောက်ဆုံးတစ်ခေါက်မှာတော.သူတို.က
“လေး လေး ကောင်းလာပြီ အားဆေးလေးနဲ. သွေးကျဆေးကို တော.ဆက်သောက်ပါ။
သည်ကြားထဲ နေလို.ထိုင်လို. မကောင်းရင်ပြန်လာပါ ကောင်းရင်တော. တစ်လပြည်.လို.ဆေးကုန်ရင် ပြန်စစ်ကြည်.ရအောင်” ပြောပြီး ဆက်သောက်ဘို.အတွက် ဝယ်ရမယ်.ဆေးတွေကို ရေးပေးလိုက်ပါတယ်။
ပြောရရင် လူငယ်တွေပေမဲ. သေချာတယ် စေ.စပ်တယ် တော်တယ်လို.ကောက်ချက်ချနိုင်ပါတယ်။
ဘာလို.သည်လိုပြောနိုင်တယ်ဆိုတာ နောက်မှာသိလာပါလိမ်.မယ်။
သည်လိုကောင်းလာတာကနေပြီး တစ်ရက်မနက်စောစော ရေချိုးပြီး အကျီလက်တိုဝတ်ပြီးဆိုင်ကယ်နဲ.
အလုပ်ကို သွားလိုက်တာ မှာ နည်းနည်းအအေးမိသွားပုံရပါတယ်။
လူက ဟပ်ချီးဟပ်ချီးနဲ.တစ်နေကုန်လောက် နှာချေပါတယ်။
ညနေပိုင်းအလုပ်ကပြန်လာတော.ချမ်းစိမ်.စိမ်.ဖြစ်လာတာကို သတိမထားလိုက်ဘဲသည်အတိုင်းနေလိုက်ပါတယ်။
မနက်ကျတော.ကိုယ်တွေလက်တွေကိုက်ခဲလာတာပြီးလူကလဲနုန်းနေတာနဲ.
အလုပ်မသွားတော.ဘဲအိမ်မှာနားလိုက်ပါတယ်။
16-9-2009 ပါ။
နောက်နေ.မနက်ကျတော.လူက မလန်းဘူးဖြစ်နေသလို ညက အိပ်လို.လဲမရဘူးဖြစ်နေပါတယ်။
ဒါနဲ.ပြလက်စချာတိတ်ကလေးတွေဆေးခန်းကိုသွားလိုက်တော.ကလေးတွေဆေးခန်းကပိတ်ထားပါတယ်။
ဒါနဲ.အိမ်ပြန်မလို.လုပ်တဲ.အခါလိုက်ပို.တဲ.ကောင်လေးက ကျွန်တော်.အိမ်နားက လူတွေက ကောင်းတယ်လို.ပြောနေကြတဲ. နာမယ်ကြီးဆေးခန်းကိုသွားပြရအောင်လို.ပြောတာနဲ. တစ်လက်စထဲဝင်ပြလိုက်ပါတယ်။
ဆေးခန်းကဆရာက မေးမြန်းစမ်းသပ်ပြီး ဆေးသုံးလုံးထိုးပေးပြီး သောက်ဆေး 2ရက်စာပေးလိုက်ပါတယ်။
ဆေးကလည်း တစ်ခါသောက်ရင် ၆လုံးလောက်သောက်ရမှာပါ။
ဆေးကတော.ရောင်စုံလေးတွေပါဘဲ။
ဘာစာမှ မပါတော. ဘာဆေးတွေမှန်းတော.မသိပါဘူး။
နောက်ရက်ထပ်လာရအုံးမလားမေးတော.ကောင်းရင်လာစရာမလိုဘူးလို.ပြန်ဖြေပါတယ်။
နေ.လည် 12 ည8 နောက်မနက်လေးနာရီရယ်ဆိုတော.8နာရီခြားတစ်ခါသောက်ပေါ.။
ဒါနဲ.နေ.လယ် 12မှာဆေးလဲသောက်လိုက်ရော 10မိနစ်လောက်နေတော. ချွေးတွေစထွက်လာပါတယ်။
ချွေးထွက်လာလိုက်သုတ်လိုက်နဲ. အကျီ 5ထည်6ထည်လောက်ကုန်သွားပါတယ်။
ချွေးထွက်တာကလဲ ရေချိုးထားသလိုကိုထွက်တာ။
ဒါနဲ.ခဏအိပ်လိုက် ချွေးထွက်လာရင်သုတ်လို်က်နဲ.ဘဲ ညရောက်သွားပါတယ်။
ဒါနဲ.ဆန်ပြုတ်ကလေးသောက်ပြီးခဏမှေးနေလိုက်ပါတယ်။ဒါနဲ.ည8နာရီရောက်တော. နောက်တစ်ကြိ်မ်ဆေးထပ်သောက်လိုက်ပါတယ်။
ဆေးသောက်လို.မှမကြာသေးဘူး ချွေးတွေထွက်လာလို.လဲလိုက်ရတဲ.အကျီ ည10နာရီကျော်မှချွေးထွက်တာရပ်တော.တယ်။
ဒါနဲ.မှေးလိုက်ခဏအိပ်ပျော်သွားလိုက်နဲ.ပြန်နိုးလိုက်နဲ.ဘဲမနက်လေးနာရီဆေးသောက်ဘို.အချိန်ရောက်လာတာနဲ.ဆေးသောက်လိုက်ပါတယ်။
ဆေးသောက်လို.ခဏလဲနေရော ချွေးတွေဆက်တိုက်ထွက်လာလိုက်တာ လဲစရာအကျီမကျန်လောက်အောင်ဖြစ်သလိုလူလဲနုံးချိသွားပါတော.တယ်။
ထိုင်ခုံပေါ်ကနေ ရေသောက်ဘို.ရေအိုးစင်ကိုတောင်မသွားနိုင်လောက်အောင်ဖြစ်သွားတာနဲ. ပေးတဲ.ဆေးကို ဆက်မသောက်ဘို.ဆုံးဖြစ်လိုက်ပါတယ်။
ဒါနဲ.ဘဲနောက်တစ်ရက် ဘာဆေးမှမသောက်ဘဲနေလိုက်ပါတယ်။
17-9-2009 နေ.ပါ။
ဒါပေမဲ. ချွေးအရမ်းထွက်ထားတယ်ဆိုတော. သီးစုံဓါတ်ဆားရည်ကိုတော. ရေ.သန်.တစ်ဘူးစာဖျော်လို.သောက်ဖြစ်ပါတယ်။
ည ညဆိုလည်း နှစ်နှစ်ချိုက်ချိုက် အိပ်လို.မရပါဘူး။
နေ.လည်ကျတော. ကျနော်အလုပ်ပိုင်ရှင်က အိမ်လိုက်လာပြီး ဘာဆေးမှမသောက်ဘဲနေတာကိုတွေ.တော.
ဆေးခန်းပြောင်းပြဘို.ပြောပါတယ်။
ဒါနဲ.ဘဲနောက်ဆေးခန်းတစ်ခုကိုပြောင်းပြပါတယ်.။
18-9-2009နေ.ပါ။
အဲဒီကဆရာဝန်ကိုလဲကျနော်က အဖြစ်အပျက် အားလုံးကိုပြောပြပါတယ်။
နောက်ပြီးချွေးအထွက်လွန်လို.လူနုန်းတဲ.အကြောင်းကိုလည်းသေသေချာချာပြောပြပါတယ်။
သူကဘာမှမပြောဘဲ အကြောဆေးတစ်လုံးထိုးပေးလိုက်ပါတယ်။
နောက်သောက်ဆေး ၂ရက်စာပေးလိုက်ပါတယ်။
သည်ဆရာဝန်ပေးလိုက်တာကလည်း အရင်ဆရာဝန်ပေးတာနဲ.အတူတူ
တစ်ခါသောက် ၆လုံးရောင်စုံဆေးလုံးလေးတွေပါဘဲ။
ဒါနဲ.အိမ်ပြန်ရောက်လို. ဆရာဝန်ပေးလိုက်တဲ.ဆေးကို သောက်လိုက်ပါတယ်။
ဆေးသောက်ပြီးလို.မှ မကြာခင်ချွေးစထွက်ပါတော.တယ် ။
ထွက်ပုံကလည်းအရင်တစ်ခါထွက်တဲ.အတိုင်းပါဘဲ။
ရေချိုးထားတယ်ထင်ရလောက်အောင် ထွက်တာပါ။
ကျနော်လည်း တော်တော်လေးလန်.သွားပါတယ် ။
အရင်တစ်ခါလိုချွေးထွက်တဲ.အတိုင်းသာ ထွက်ရင် ကျနော်ခံနိုင်ရည် မရှိတော.တာကို စဉ်းစားမိတဲ.အတွက်
ပေးတဲ.ဆေးတွေဆက်မသောက်ဘို.ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒါပေမဲ.လူက အဖျားရှိနေတယ် ကိုယ်ပူနေတယ်လို.တော. သိနေပါတယ်။
နဖူးစမ်းကြည်.ရင်ခပ်နွေးနွေးလေးဖြစ်နေတာကိုး။

19-9-2009ရက်နေ.နေ.လည်ကြတော. ကျနော်အလုပ်ရှင်က ထပ်လာကြည်.တဲ.အချိန်မှာ
အကျိုးအကြောင်းပြောပြတဲ.အခါ
သူက ကျနော်ကို အထူးကုနဲ.ပြဘို. ချက်ခြင်းစီစဉ်ပါတော.တယ်။
ဒါနဲ.ဘဲ သိပ္ပံလမ်းမှာ ရှိတဲ. မြို.တော်ဆေးခန်း ကို ဆရာကြီး ရှိတဲ.အချိန် ညနေ ၅နာရီလောက်မှာ သွားပြပါတယ်။
ညနေဆေးရုံရောက်တော. ဆရာကြီးနဲ.မတွေ.ခင် သွေးပေါင်ချိန် တာတို. ကိုယ်အလေးချိန်ချိန်တာတို.လုပ်ရပါတယ်။
ကျနော် ဆေးရုံမတက်ခင် က ပေါင် ၁၇ဝကျော် ဝဝ ဖြိုးဖြိုးပါ။
ဆေးရုံရောက်တဲ.အချိန်မှာ ပေါင်၁၃ဝ ဘဲကျန်ပါတော.တယ် ။
ဒါ ဩဂုတ်လဆန်းကနေ စဖြစ်လို်က်တာ အခုစက်တင်ဘာလ လယ်လောက်မှာ လူလဲတော်တော်ကိုယိုင်သွားပါတယ်။
ဒါနဲ.ဆရာကြီးက သေချာစမ်းသပ်လို. အဖြစ်အပျက်တွေမေးပြီး ၂ ရက်စာသောက်ဆေးပေးပါတယ်။
ဆေးလုံးဝမထိုးပါဘူး။
ဒါပေမဲ. သွေးတို.ဆီးတို.စစ်ခိုင်းတဲ.အပြင် ဓါတ်မှန်တွေလည်းရိုက်ရပါတယ်။
ညအိပ်မပျော်တာကိုပြောပြတဲ.အတွက် အိပ်ဆေးပေးလိုက်ပြီး အစားအသောက်ကတော. နှစ်သက်တာ စားလို.ရတယ်
ဒါပေမဲ. အလုပ်ပင်ပင်ပန်းပန်းမလုပ်ပါနဲ. သက်တောင်.သက်တာ ဖြစ်အောင်နေပါလို.မှာလိုက်ပါတယ်။
ဆေးခန်းကပြန်လာတဲ.ညက အစားလဲနည်းနည်းစားနိုင်သလို အိပ်လို.လည်းရပါတယ်။
အရင်ကထက်စာရင်လူက နည်းနည်းတော. လန်းလန်းဆန်းဆန်းရှိတယ်လို.ထင်ရပါတယ်။

ဒါနဲ.(21-9-2009)နေ.နောက် ၂ရက်ပြည်.လို. ထပ်သွားတဲ.အခါ ပထမရက်က စစ်ထားတဲ.ဆေးမှတ်တမ်းတွေနဲ.အတူ
ဆရာကြီးဆီကိုဝင်ရပါတယ်။
ဆရာကြီးက ဆေးစစ်ချက်မှတ်တမ်းတွေကို သေသေချာချာကြည်.ပြီး
ကျနော်.ရဲ.ကိုယ်ရေးအချက်အလက်တွေကို သူ.ရဲ.ကွန်ပြူတာထဲမှာ မှတ်တမ်းတင်ထားတာကိုတွေ.ရပါတယ်။
ပြီးမှ ကျနော်ကို စမ်းသပ်ကြည်.ပြီး အရင်က အားကစား ပြင်းပြင်းထန်ထန်လုပ်ဘူးလားလို.မေးပါတယ်။
ကျနော်က မလုပ်ဘူးတဲ.အကြောင်းပြောပါတယ်။
သွေးပေါင်ချိန်က 140-70 မှာဘဲ တိုင်းလိုက်တိုင်းရှိနေတော. ဆရာကြီးကို သွေးတိုးဖြစ်နေပြီလားမေးကြည်.တော.
ယာယီပါလို.ဖြေပါတယ်။
ဆရာကြီးရဲ.မျက်နှာအရိပ်အကဲကို ကြည်.ရတာတော.ကျနော်အခြေအနေကို သိပ်စိတ်တိုင်းမကျဘူးလို.ထင်ပါတယ်။
ဆရာကြီးက ဆေးပြောင်းပေးလို်က်မယ်လို.ပြောပြီး (25-9-2009)နေ.ကိုထပ်ချိန်းလိုက်ပါတယ်။
သိပ်နေလို. အဆင်မပြေဘူးဆိုရင် သည်ကြားထဲလာပြပါလို.မှာလိုက်ပါတယ်။
ဒါနဲ.အိမ်မှာနားနေတဲ.အချိန်မှာအလုပ်ထဲက ကလေးတွေ အသိမိတ်ဆွေတွေက အိမ်ကိုလူမမာ လာမေးကြပါတယ်။
ကျနော်ပိုင်ရှင်ကလဲ နေ.တိုင်းလာပါတယ်။
ကျနော်ကိုအားပေးစကားပြောလို.ကျန်းမာရေးအခြေအနေကို လာလာကြည်.ပါတယ်။
ဒါပေမဲ.ကျနော်နေရတာ မကောင်းတာ အမှန်ပေမဲ. ဘယ်လိုမကောင်းဘူးဆိုတာကိုတော. ပြန်မပြောတတ်ပါဘူး။
ညဆိုလဲ ကောင်းကောင်းအိပ်လို.မရပါဘူး။
(23-9-2009) နေ.မှာတော. ဘယ်လိုမှနေလို.ထိုင်လို.မရတော.ပါဘူး။
အိပ်ယာထဲမှာလှဲနေရင် ထိုင်ချင်တယ် ထိုင်နေရင်ပြန်လှဲချင်ပြန်တယ်။
အမှန်ကတော. နေရထိုင်ရတာ သက်တောင်.သက်သာရှိမလားလို. စိတ်ကူးပေါက်သလောက်ပြောင်းကြည်.တာပါ။
ဒီအခါကျမှ လွန်ခဲ.သော ၃ နှစ်လောက် က တူလေးတစ်ယောက် အသဲမကောင်းလို.ဆေးရုံတက်တာသွားစောင်.ပေးတုန်းက ဟိုဘက်ပြောင်းခိုင်းလိုက် ထထို်င်ဘို.ထူခိုင်းလိုက်နဲ. ပုံစံအမျိုးမျိုးကို ခဏခဏပြောင်းခိုင်းတာကို ကိုယ်ချင်းစာမိပါတော.တယ်။
နေ.လည်ပိုင်းမှာလူက ထိုင်သာထိုင်နေတာ စကားလဲ ကောင်းကောင်းမပြောနိုင်တော.ပါဘူး။
ကျနော်ကသာ ထိုင်လို.ရနေတယ် ထင်တာ ဘေးကမြင်ရတဲ.လူက ထိုင်သာထိုင်နေတာ ခေါင်းတောင်မ မတ်နိုင်ဘဲဇက်ကျုိုးကျနေတာလို.နောက်မှ ပြန်ပြောလို.သိရပါတယ်။
ဒါနဲ.အိမ်က ဆေးရုံသွားပြဘို.ပြောတော. ကျနော် က 25-9-2009 မှချိန်းတာလို.ပြောပြီးမသွားဘူးလုပ်ပေမဲ။
ရောက်လာတဲ. ကျနော်ပိုင်ရှင်ကကော အိမ်က အမျုးိသမီးကပါဆေးရုံကို ဇွတ်ခေါ်သွားပါတယ်။
ကျနော်က ပေကပ်ကပ်နဲ.ခေါင်းမာ တယ် လို.တော. အားလုံးက ဝေဖန်ကြပါတယ်။

ဆေးရုံရောက်လို.ဆရာကြီးနဲ.လဲတွေ.ရော ချက်ချင်း သွေးဖောက်ခို်င်းပြန်စစ် အားဆေးသွင်းဘို.စီစဉ်ပြီးဆေးရုံတက်ရမယ် လို.ပြောပါတယ်။
ဆရာကြီးစစ်ဆေးတဲ.အခန်းကနေ ဆေးသွင်းမယ.်နေရာကို သွားဘို.လုပ်တဲ.အချိန်မှာ ကျနော် လုံးဝလမ်းမလျှောက်နိုင်တော.ပါဘူး အရုပ်ကြိုးပြတ်ဖြစ်လို. တွန်းလှည်းနဲ. သွားရပါတော.တယ်။
ဆေးစသွင်းနေတဲ.အချိန်ကစလို. ကျနော် မှတ်ဉာဏ်တွေပျောက်ကုန်သလို လူကလဲသတိရတချက် မရတစ်ချက်ဖြစ်နေတာကိုတာ. ကိုယ်.ကို ကိုသိနေပါပြီ။
အဲဒီအချိန်မှာ ဆရာကြီးက နက်ဖြန်မှဆေးရုံတက်ခိုင်းပေးမယ်.ကျနော် အမျိုးသမီးနဲ. ကျနော်အလုပ်ကတပည်.တွေက ဆရာကြီးကိုပြန်ဆက်သွယ်လို. အခုဘဲဆေးရုံတက်မယ် ဆိုတာ အကြောင်းကြားပြီး ဆေးရုံတင်လိုက်ပါတယ်။
ညပိုင်းဆရာကြီး မရောက်ခင်ဆေးတွေသောက်ရပါသေးတယ် ။
ဆရာကြီးနောက်တစ်ခေါက်လာကြည်.တော. ကျနော် မသိတော.ပါဘူး။
နောက်နေ. (24-9-2009)နေ.ကစလို. မနက်ခြောက်နာရီဆိုရင် ကစလို.ဆေးလာတိုက်ပါတယ်။
လူကိုရေပါတ်တိုက်ပေးပါတယ်။
နောက် သွေးလာဖောက်ပါတယ်။ပြီးရင်ဆေးသွင်းပါတယ်။နောက်နေ.လည်တစ်နာရီဆိုရင်ဆေးလာတိုက်ပါတယ်။
နောက်သွေးတစ်ခါထပ်ဖောက်ပါတယ်။ ဆေးထပ်သွင်းပါတယ်။ည 11နာရီမှာဆေးတစ်ခါထပ်သောက်ရပါတယ်။
ဆေးရုံစတက်ကတည်းက နှစ်ရက်လုံးလုံးနေ.ရောညရော အိပ်ချင်နေသလို အိပ်လဲအိ်ပ်ဖြစ်ပါတယ်။
အိပ်ဆိုနောက်မှသိရတာ ဆရာကြီးက အားရှိအောင်အိပ်ဆေးတွေသိပ်တိုက်ထားတာကိုး။
ကျနော်အိပ်နေရင် မနုှိးရဘူးလို.လဲ အားလုံးကိုမှာထားပါသတဲ.။
ဒါနဲ.3ရက်မြောက်တဲ.နေ.မှာ ဆေးသွင်းမထားတဲ.အချိန်မှာလမ်းလျှောက်လို.ရမရ ဆရာကြီးကိုမေးတော.လျှောက်ရင်ကောင်းပါတယ်။ဆိုတာနဲ. မနက် ၅ နာရီ နေ.လယ် ၁၂နာရီ ရယ် ည ၈ နာရီရယ်တစ်နေ.ကို ၃ ကြိမ် ဖြေးဖြေးလေး လူတွဲလို. ဘဲသွားလေးသွားပြီးလမ်းလျှောက်ပြန်ကျင်.ရပါတယ်။
ဆေးရုံတက်နေ.တဲ.ရက်တွေမှာလည်း အစာမစားနိုင်ပါဘူး ။
ဘီစကွတ်နဲ. ကော်ဖီ ။သင်္ဘောသီး.။ပန်းသီးနဲ.လိမ္မော်သီးကလွဲလို.ဘာဆိုဘာမှစားလို.မရပါဘူး။
စားချင်စိတ်ပေါ်လာလို. ကြိုးစားပြီးစားတာနဲ. ပျို.တက်ပြီးအံမလိုလိုဖြစ်လာတာပါဘဲ။
ဆေးရုံစတက်တဲ.ရက်ကစလို. စကားပြောရင်လေးလေးကြီးဖြစ်လာပါတယ်။
ဖုန်းနဲ.သတင်းမေးတဲ.သူငယ်ချင်းက လေဖြတ်သွားလားလို.တောင်ထင်ရတယ်လို.နောက်မှပြန်ပြောသလို
ဆရာကြိးကုိုယ်တိုင်ကလဲ အရင်ကစကားပြောရင် ခုလိုလေးလေးကြီးလားလို.တောင်မေးပါသတဲ.။
ကြော်ငြာဝင်လိုက်ရရင် ကျနော်က အရင်ကစကားပြောကောင်းသလို ခပ်သွက်သွက်နဲ.တော်တော်လေပေါနိုင်တဲ.လူစာရင်းထဲမှာပါ ပါတယ ်လေပေါဆို ဈေးသည်ကိုးဗျ။
ထားပါတော.ဆက်ပြောရရင်
လူကလဲ အရုပ်ကြိုးပြတ်ဖြစ်နေသလို စာရေးကြည်.တော.လဲ လုံးဝစာရေးလို.မရပါဘူး။
လက်ရေးလေးတွေက သေးသေးကွေးကွေးကောက်ကောက်လေးဖြစ်လို.နေပါတယ်။
ဒါနဲ.ဘဲ ဆေးသွင်းလိုက်အိပ်လိုက်နဲ.လူကလည်းတဖြည်းဖြည်းအားပြည်.လာပါတယ်။
ဆေးရုံတက်လို. ၆ရက်မြောက်တဲ.နေ.မှ ဓါတ်မှန်ရိုက်တာအစရှိတဲ.ဆေးစစ်တာတွေတစ်ခါပြန်လုပ်ရပါတယ်။
စစ်ချက်တွေလဲရရော ဆရာကြီးက ဆေးရုံက ဆင်းခွင်.ပြုလိုက်ပြီး အပြင်မှာဝယ်သောက်ဘို.ဆေးတွေရေးပေးလိုက်ပါတယ်။
နေ.စဉ် မှန်မှန်လမ်းလျှောက်ရမယ် ဒါပေမဲ. အရမ်းကြီးချွေးထွက်လောက်အောင် ပင်ပင်ပန်းပန်းမလုပ်ပါနဲ.လို.မှာပါတယ်။
နောက် တစ်လအကြာမှာပြန်တွေ.ဘို.ချိန်းလိုက်ပါတယ်.
အခုစာရေးနေတဲ.(65-2010)မှာတော.ကျန်းမာရေးပြန်ကောင်းနေပါပြီ။
လူကလဲ ဝဝဖြိုးဖြိုးနဲ.ပေါင် 170လောက်ပြန်ရောက်ပြီး အရင်လိုတာဝန်တွေကိုပြန်ထမ်းဆောင်နိုင်ပါပြီ။
ဒါပေမဲ. အရင်လောက်တော. ပြန်မကောင်းတော.ပါဘူး။
ဒါပေမဲ.ဆေးရုံမတက်ခင်ကလောက်ကတော. အပင်ပန်းမခံနိုင်တော.လို.သတိနဲ.နေရပါတယ်။
ဥပမာပေးရ ရင်သမံတလင်းပေါ်ကို လွတ်ကျသွားတဲ. ဒန်ခွက်လိုပါဘဲ။
ရေခပ်လို.တော.ရသေးတယ် ပေါက်မသွားဘူး ဒါပေမဲ. ချိုင်.ဝင်သွားတဲ.အတွက် အရင်လောက်များများရေပါအောင်မခပ်နိုင်တော.ပါဘူး။
အရေးကြီးတာလေးပြောဘို.ကျန်နေတယ်။
ကျနော်ဘာဖြစ်တယ်ဆိုတော. ” ပိုတက်ဆီယမ်” “ဓါတ်ခန်းသွားတာပါတဲ.ခင်ဗျာ။
လူတစ်ယောက်မှ အနည်းဆုံး (၅) သို.မဟုတ် (၆)ယူနစ်လောက်ရှိရမှာကို ချွေးအလွန်အမင်းထွက်သွားတဲ.အတွက် ဆေးရုံပေါ်ကိုရောက်တဲ.အခါ (2)ယူနစ်သာကျန်ပါတော.သတဲ.။
ထပ်ပြီးများ(၃)ရက်လောက်နောက်ကျရင် အခုလောက်မြန်မြန်မပျောက်နိုင်ပါဘူး။
ဒါကလွဲလို. အဆုပ်မှာပိုးနည်းနည်းတွေ.တာရယ် (စီးကရက်ကောင်းကျိုးပါ)
အသဲမှာအဆီနည်းနည်းဖုံးတာရယ်(အစားကို အရမ်းစားလို.ပါ)
နှလုံးနည်းနည်းလေးကြီးနေတာရယ်(ဒါကတော.အသက်အရွယ်ကြောင်.)ကိုဘဲတွေ.ရလို. ပြဿနာမရှိပါဘူးတဲ.။
ဒါတွေကိုတွေ.လို. အစောဆုံးကျနော်စပြတဲ.ဆေးခန်းက ကလေးတွေကိုတော်တယ်လို.ပြောတာပါ။
ဓါတ်မှန်မရိုက်ဓါတ်မခွဲဘဲ ပေးလိုက်တဲ.အဖြေက တကယ်.အဖြေမှန်နဲ.နီးစပ်လွန်းလို.ပါ။
ကျနော်ကို ကောင်းအောင် ကုပေးလိုက်တဲ.ဆရာဝန်နာည်ကိုတော. မပြောတော.ပါဘူး။
ကြော်ငြာပေးတယ် ထင်မှာစိုးလို.ပါ အခုလောက်ပြောရင် ဘယ်သူဆိုတာသိတဲ.လူတွေသိနေပါပြီ။
ကျနော်နဲ.ကီးမကိုက်တဲ.ဆရာဝန်ကိုလဲပြောမပြပါဘူး ဆော်တယ်ထင်မှာစိုးလို.ပါ။
အမှန်ကတော.တစ်ယောက်နဲ.တစ်ယောက်ကုသပုံမတူတာပါ။
ခက်တာက ကျနော်တို.လူနာအတော်များများမှားနေတာ ဆရာဝန်ကနောက်တစ်ခေါက်ထပ်ချိန်းတယ်ဆိုရင် ဆွဲကုတယ်ဆိုပြီးအမြင်မှားတာကိုး။
ဒါကိုလဲ လူနာဘက်ကို အပြစ်လုံးလုံးပုံမချရက်အပြစ်မတင် ရက်ပါဘူး။
ဆေးရုံဆေးခန်းတွေ သွားမယ်ဆိုရင် ပိုက်ပိုက်ကလဲ လိုသေးတာကိုးဗျ။
ဒီတော.ဆရာဝန်တော်တော်များများကလည်း လူနာတစ်ယောက်ကိုနှစ်ခါပြန်မလာရအောင် တစ်ခါသုံးစံနစ်နဲ.ဆေးပြင်းတွေပေးလို.ကုပါတယ်။
ကျနော်လို.အရင်က တစ်ခါဖြစ်ထားတဲ.သူတွေကိုလည်း ကုနေကျပုံစံအတိုင်းဆော်ထည်.လိုက်တော. ကျနော်မျိုးမှာ
အပ်နဲ.ထွင်းရမှာပေါက်ဆိန်နဲ.ပေါက်ရတဲ.အဆင်.ကိုအော်တော်မက်တစ်ရောက်သွားတာပေါ.။
ဒါကြောင်.မိတ်ဆွေများကို အကြံပေးချင်တာက
(1)ကျနော်.လို မလိုအပ်ဘဲခေါင်းမမာပါနဲ။
(2)ဆရာဝန်တစ်ဦးထဲနဲ.ဆေးပါတ်လည်အောင်ကုစေချင်ပါတယ်
(3)ဖြစ်နိုင်ရင် နေမကောင်းတာရက်ရှည်လာရင် ကျွမ်းကျင်တဲ.ဆရာဝန်နဲ.ပြစေချင်ပါတယ်။
ကျနော်မိုက်လို.နောက်ဆုံးလက်ခံလိုက်ရတဲ.ရလာဒ်ကတော.
ပိုက်ပိုက်တော်တော်လေးကုန်သွားပါတယ်(ဒါကကောင်းလာလို.ပါ သေမယ်လို.များပြောရင် ငွေနဲ.စက်ကုမယ်တွေဘာတွေဖြစ်ချင်ဖြစ်လာမှာပါ)
လွယ်လွယ်လေးနဲ.ပြီးမှာကို အချိန်တွေ ဘေးက ဝိုင်းဝန်းကူညီပေးရတဲ.ဆရာသမားတို.ရုံးကညစောင်.အိပ်စောင်.ပေးတဲ.ကလေးတွေ ကြားထဲကနေပြီးအတော်ပင်ပန်းကုန်ပါတယ်။
နောက်ကျနော်ရ.ဲ အနေအထားအရင်လောက်မကောင်းတော.တာပါ။
အားလုံးကို စေတနာနဲ.လျှာရှည်ပေးလိုက်ပါတယ်။
မပြောချင်ပေမဲ.ပြောရပါအုံးမယ် လိုအပ်မယ်ထင်လို.ပါ.
ကျနော်.အသက်က မန်းရာပြည်.တဲ. 1958ခုနှစ်မှာမွေးတဲ.မန်းလေးသားလေးပါဗျာ။

2 comments

  • Shwemannmay

    May 6, 2010 at 3:24 am

    1958 မွေးဆိုတော့ လေးလေးပေါက်ပေါ့ နော
    လေးလေးပေါက်ရဲ ့ ရွှေမန်းမေက ကိုယ်ဦးလေးလိုသဘောထားပြီး အကြံပြုပါရစေ။ လေးပေါက်ပြောခဲ့သလိုပဲ မည်သူ ့ကိုမှ မည်သည့်သဘောထားနဲ ့မျှ ရည်ရွယ်ပြီးဝေဖန်တာ မပာုတ်ဘူးဆိုတာ ကြို တင် ပြောထားပါရစေ။ ကိုယ့်ကျန်းမာရေးကိုပဲအဓိကထားပြီးတော့ပေါ့နော်။ ဆေးရုံ ဆေးခန်းသွားရင်လျှာကတတ်နိုင်သလောက်ပေါ့ လေ ကိုယ်ပြတဲ့ဆရာဝန် အရိပ်အကဲကြည့်ပြီး ရှည်သင့်ရှည်ပေးရတယ်ဗျ ။ လေးပေါက်ပြောသလို ဆေးအရောင်စုံလေးတွေဆိုပြီးတော့ဒီတိုင်းတော့ယူမလာနဲ ့။ ဘယ်ပာာကဘာဆေးလဲ ဘာအတွက်သောက်ရတာလဲဆိုတာ မေးသင့်တယ်။ ကျနော်တော့မေးတာပဲ၊ အိမ်မှာလည်း အဖိုး၊ အဖွားတွေရှိတော့ ဆေးရုံ ဆေးခန်းဆိုတာ သူများထက်စာရင် အတော်ရင်းနှီးပါတယ်၊ ၂ ယောက်လုံးကိုဆေးခန်းလိုက်ပို ့ရတာလဲကိုယ်ပဲ ဒိုင်ခံ ဆိုတော့ ၁ လ မှာဆေးခန်းတွေမရောက်ဖူးဆိုတောင် ၄ ခေါက်လောက်ကတော့ပုံမှန်ရောက်ပါတယ်၊ အဖိုးအဖွားများကလည်း ရောဂါစုံတာကိုး ။ သောက်နေကျပုံမှန်ဆေးတွေ အပြင် ရံဖန်ရံခါ အာဂန္တုရောဂါလေးတွေအတွက်လည်း ဆရာဝန်တွေဆီပြေးရပါသေးတယ်။ သက်ကြီးရွယ်အိုတွေဆိုတော့ လေးပေါက်လိုများ အဆင်မပြေတာတွေဖြစ်လိုက်ရင် ဘယ်လိုနည်းနဲ ့မှ ခံနိုင်ရည်ရှိမှာမပာုတ်ပါဘူး၊
    ဒါနဲ ့ပဲ ဆေးအသစ်ပေးရင် ဘာဆေးလဲ ။ဘာအတွက်သောက်ရတာလဲ။ဆေးပြင်းအားကို သူတို ့ခံနိုင်ရည်ရှိပါ့မလား၊ စသဖြင့်ပေါ့လေ တတ်အားသရွေ ့တော့ အမြင်ကတ်ခံပြီး မေးရ ရှည်ရပါတယ်။ ကျန်းမာရေးအတွက်ကိုး ။ ဆရာဝန်တွေမှာလည်း တစ်ချိုုု ့က စိတ်ရှည်လက်ရှည် ရှင်းပြသလို တစ်ချို ့ကလည် း ဂျိုလေးပေးပြီးတော့ပေါ့လေ နင်ကဘာမို ့သိချင်ရတာတုန်းဆိုတဲ ့အကြည့်မျိူးလေးတွေလည်း ကြုံဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးကိစ္စ ကိုယ့်အသက်နဲ ့ဆိုင်တဲ ့ကိစ္စမို ့မည်သို ့ပင်ဆိုစေကာမူ သေချာမေးမြန်းပီးမှ သောက်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

  • susunosuki

    May 6, 2010 at 6:50 am

    ရောဂါကတော့ မြန်မြန်ကုလေကောင်းလေပဲ
    မွေးထားတာမကောင်းဘူး
    မဖြစ်အောင်ကာကွယ်တာကတော့ အကောင်းဆုံးပါ

Leave a Reply