လူတစ်ယောက်အတွက် ကိုယ့်ကျင့်တရားနဲ့ သိက္ခာ ဘယ်လောက်အရေးကြီးတယ်လို့ထင်ပါသလဲ ……………..
လူတစ်ယောက်ရဲ့ ရိုးသားမူကရော သူ့ ဘဝအတွက် ဘယ်လိုနေရာမျိုးမှာရှိနေသင့်တယ်လို့ ထင်ပါသလဲ ……………..
အလုပ်တစ်ခုကို လုပ်ဆောင်ရာမှာ အဲလူအတွက် ရိုးသားမူနဲ့ ကိုယ်ကျင့်တရားကရော ဘယ်နေရာလာက်မှာ ရှိနေသင့်ပါသလဲ ………….
ဒီလိုမေးခွန်းလေးတွေ ဝင်လာရတာက ………………
မနေ့ကတော့ အလုပ်က ကိစ္စတစ်ခုနဲ့အစိုးရဘဏ်တစ်ခုမှာ ငွေသွားထုတ်ရမယ့်ကိစ္စကပေါ်လာတယ် အရင်က အပြင်က ပုဂ္ဂလိက ဘဏ်တွေနဲ့ပဲ လုပ်နေကြဆိုတော့ အခုစိုးရဘဏ်ဆိုတော့ နည်းနည်းကြောင်တောင်တောင်ဖြစ်နေတာပေါ့ (10း00) နာရီလောက်ကတည်းက ဘဏ်ကိုရောက်နေတာ (11း 00) နာရီထိုးတဲ့ အထိငွေက မရသေးတော့ တာဝန်ရှိသူကိုသွားမေးတော့ ငွေလွှဲတဲ့ စာကတော့ ရောက်ပါပြီ ဒါပေမယ့် ဘဏ်ထဲမှာ ငွေမရှိသေးတော့ ခဏလောက်စောင့်ရမယ်တဲ့ အဲတာနဲ့ စောင့်နေတဲ့ သူတွေကိုကြည့်လိုက်တော့ ကိုယ့်အပြင် (9/10) ယောက်လောက်၇ှိနေတော့ မြန်မြန်လေးရအောင်နဲ့ နောက် (5000) တန်လဲ လိုချင်တော့ ဘယ်လိုလုပ်ရမလဲဆိုပြီး တစ်ဆက်တည်းသူ့ကိုမေးလိုက်တယ် ငွေထုတ်ပေးတဲ့ သူနဲ့ ညှိလိုက်ပါဆိုလို့ ငွေထုတ်ပေးတဲ့ မန်နေဂျာနဲ့ ဘာဘာညာညာလေး နည်းနည်းညှိလိုက်တော့ နောက် နာရီဝက်လောက်လဲ ကြာရော ပိုက်ဆံရလာတယ် စောင့်နေတဲ့ သူတွေထဲမှာ ကိုယ်က အရင်ဆုံးရတာနော် ကံထူး၇ှင်ပေါ့ ….
ရလာတဲ့ထဲကတစ်ချို့ တစ်ဝက်ကို ဘဏ်တစ်ခုမှာ သွင်းစရာလေးရှိနေတော့ မြဝတီဘဏ်ကို ဆက်သွားဖြစ်တယ် အဲမှာ စတာပဲ ဇာတ်လမ်းက အစိုးရဘဏ်က ထုတ်လာတဲ့ ငွေနဲ့ပဲ သွင်းဖြစ်တာကို မြ့ဝတီဘဏ်မှာ ပိုက်ဆံရေတော့ ပိုက်ဆံက လျော့နေတယ် လျော့တာကလဲ တစ်ထောင်တန် တစ်အုပ်က (88) ရွက်ပဲပါပြီး နောက်တစ်အုပ်ကတော့ (5) ရွက်လျော့နေတယ် သွင်းရမယ့်ပိုက်ဆံက သုည(7)လုံး အထက်လောက်မှာ လျော့နေတဲ့ငွေက စုစုပေါင်းလိုက်ရင် (28000) လောက်ရှိတော့ မြဝတီဘဏ်ကတောင် မေးတယ် ဘယ်ဘဏ်ကထုတ်လာတာလဲတဲ့ ဘဏ် ( ) ကပါဆိုတော့ ” ဟုတ်တယ်တဲ့ အဲ့ဘဏ်ကနေထုတ်လာတာ ဟိုတစ်လောကလဲ ငွေတော်တော်လေးလျော့ နေတယ်တဲ့ သူတို့ဘက်ကတော့ လျော့တာ သေချာတယ်ဆိုတာ မှတ်တမ်းယူထားပေးပါတယ်တဲ့ ….”
ဒါနဲ့ ကိုယ်တွေလဲ မှတ်တမ်းလေးယူပြီး ပြန်လာခဲ့တာပေါ့
အဲတာနဲ့ လမ်းမှာ တွေးမိတာက အစိုးရဘဏ်ဖြစ်နေပြီ ငွေသွားထုတ်တာ အဲ့လောက်တောင်ကွာရလားပေါ့ ဒါတောင် ငွေက အကုန်မဟုတ်သေးဘူး တစ်ဝက်ကျော်ကျော်လောက်ကျန်သေးတယ် အလုပ်ပြန်ရောက်လို့ ငွေရေလိုက်ရင် ဘယ်လောက်တောက် ထပ်လျော့နေဦးမလဲ ဘဏ်မှာ ငွေထုတ်တုန်းကလဲ ဘာဘာညာညာ
ညှိခဲ့ရတယ် နောက်အစွန်းထွက်ပိုနေတဲ့ ပိုက်ဆံ (8000) ကိုလဲမပေးလိုက်ဘူး အစိုးရဘဏ်ဖြစ်ပြီး အဲ့လောက်တောင် အခြေအနေက ဆိုးနေပြီလားဆိုပြီ ရင်မောမိတယ် …………. :(

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..