ကျူရှင် ဆိုတာ ပညာရေးစနစ်ကို အကျိုးပြုသလား မပြုသလား ဆွေးနွေးဖို့ရာလည်း သပ်သပ်ရှိပါလိမ့်မယ်။
အဲဒါအပြင် ကျူရှင်ဆရာများ အကြောင်း ( သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အမူအကျင့်များ ) ကို အရင်ဆွေးနွေးချင်ပါသေးတယ်။
ဘာဖြစ်လို့ ဆွေးနွေးတာလည်းဆိုတော့ မိဘများ၊လူငယ်များ ဆရာဆိုပြီး ယုံမှတ်လို့ အပ်ထားရင် ပြဿနာကြီးသွားနိုင်လို့ပါ။

ဟိုးတုန်းကတော့ ကျူရှင်ဆရာဆိုသူများဟာ အမြင်ကျယ်တယ်၊ အပြောကောင်းတယ်၊ အသင်အပြရှင်းလင်းပြီး လူမှု ဆက်ဆံရေးပါကောင်းလို့ မြို့ကလေးမှာပဲဖြစ်ဖြစ် မြို့ကြီးတွေမှာ ဖြစ်ဖြစ်
လူမှုအသိုင်းအဝိုင်းမှာ လူလက်ခံပြီး လူသိများပါတယ်။ လူ့သဘာဝအတိုင်း အဆိုးအကောင်းကတော့ ရောနေမှာပေါ့လေ။ အခုနောက်ပိုင်းမှာ ကျူရှင်တွေက မှိုလိုပေါက်လာပြီး အလုပ်အကိုင်အခွင့်
မသာတဲ့သူတွေက ကျူရှင်လုပ်ငန်းကို စီးပွားဖြစ် လုပ်ကြတော့ ပိုပြီး ရောကော သောကော တွေများလာတယ်ထင်ပါရဲ့။ သူငယ်ချင်းတွေထဲမှာ တောင် ကျူရှင်ဆရာ၊ ဘော်ဒါဖွင့်တဲ့သူတွေ ရှိနေပြီ။
ရန်ကုန်မှာကော နယ်မှာပါ လုပ်နေကြတာ။ သူငယ်ချင်းတွေဆိုတော့ ဘယ်သူက ပညာကိုဘယ်လိုတန်ဖိုးထားတဲ့ကောင် ကျောင်းတုန်းက စာကိုသေချာမတတ်တဲ့ကောင် ဘယ်လိုဘရုတ်သုက္ခစိတ်ရှိတဲ့
ကောင် လိင်ကိစ္စဘယ်လိုစံနှုန်းလွဲနေတဲ့ကောင် ဆိုတာသိနေပါတယ်။ ( စကားမစပ် သူငယ်ချင်းအရင်းထဲနှစ်ယောက်ကလည်း အထက်တန်းကျောင်းအုပ်ကြီးတက်ဖြစ်နေသေးတာ၊ တစ်ယောက်က နွဲ့ပြီးနည်းနည်းခြောက်ချင်တယ်၊ ပညာတော့ တော်တယ်၊ စည်းကမ်းနဲ့ ကြိုးစားတာကို တန်ဖိုးထားတယ်။ သူက မြို့ကြီးတစ်မြို့မှာ သူ့နဲ့ဆုံရင်တော့ ဘီယာသောက်ရင်း ပညာရေးစနစ်ဘာဖြစ်ညာဖြစ်လုပ်မိတာပဲ။ တစ်ကောင်ကတော့ ကဲတာလွန်လို့ ကွိုင်တောင်တက်သွားသေးတယ်၊ သူက စာလည်းမတော် စာလည်းမတတ်၊ ပညာရေးစနစ်ဆိုတာ ဘာမှန်းတောင် မစဉ်းစားတဲ့ကောင် တွေ့ရင်သောက်မယ် စော်အကြောင်းပြောမယ်။) ပြောချင်တာကတော့ ဆရာဆိုတာလည်း လူပဲ။ နောက် ဒီခေတ်ကြီးမှာ အလွဲတွေကများနေတော့ ဂရုထားဖို့ ထင်ရှားစွာသိစေချင်လို့ပါ။
ကိုယ့်သူငယ်ချင်းတွေမကောင်းကြောင်း ပြောရတာ သိပ်တော့ မကောင်းပါဘူး။

အခုဖတ်မိတဲ့သတင်းတစ်ပုဒ်က
ဒီတစ်ပါတ်ထုတ် ရန်ကုန်တိုင်းမ် စာ-၃၅ က ဆရာဝန်ကျူရှင်ဆရာက ဘော်ဒါဖွင့်ထားတယ်။ စစ်ကိုင်းမှာပါ။ သူ့ဘော်ဒါဖွင့်ထားတဲ့ဆီမှာနေတဲ့ ကျောင်းသူကောင်မလေးကို မုဒိမ်းကျင့်ဖို့ ကြိုးစားတဲ့အမှုပါ။
မကျူးလွန်ဖြစ်သွားတာ တော်သေးတာပေါ့။ မိန်းကလေး ဘဝ မဆုံးလိုက်ဘူး။ အဲဒီဆရာဝန်ကျူရှင်ဆရာ မုဒိမ်းသမားက အသက်တောင် ၄၅နှစ်ရှိနေပြီတဲ့။ ကလေးမလေးကို နေမကောင်းဘူးဆိုပြီး အတင်းလုပ်လို့ စစ်ဆေးပေးပြီး အိမ်ပြန်ပို့မယ် ဆိုကာ လမ်းမှာ တည်းခိုခန်းကို ဝင်ပြီး ကြံတာဆိုပဲ။ အမှုဖြစ်စဉ်အကျဉ်းကတော့ အဲဒါပါပဲ။

အဲဒီဖြစ်စဉ်ကို ကြည့်ပြီး မိဘများ သားသမီးကို ဆရာပဲဆိုပြီး ယုံကြည်စွာမအပ်နှံဖို့။(ယောကျာင်္းလေးတွေကိုလည်း ပါတယ်။ အခြောက်ဆရာနဲ့တွေ့လို့ မန်းတူမန်းဖြစ်သွားမယ်။)
ကလေးတွေကိုယ်တိုင်ဖတ်မိရင်လည်း ကလေးတို့ဂရုစိုက်ကြဖို့။ အစ်ကိုအစ်မတွေဖတ်မိရင်လည်း သတိပေးပြောပေးဖို့ပါ။ နောက်ဘယ်အရွယ်မဆိုဂရုစိုက်မိစေဖို့ပါ။
ကိုယ်အလိုမတူတဲ့ ကိစ္စကတော့ ဒီလိင်ကိစ္စမှမဟုတ် ရေသောက်တာတောင် အတင်းအကျပ်အလုပ်ခံရရင် ခံပြင်းစရာမဟုတ်လား။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism