ရှောင်သင့်သောကိစ္စလေးထဲကတစ်ခု

yanaungMay 6, 20101min724

ကျွန်တော်အခုဒီအကြောင်းအရာကို မေတ္တာနှင့်ရေးလိုက်တာပါ။လူသားတိုင်းမှာ ရူးသွပ်မှုတွေရှိတတ်ကြပါတယ်။ ဒီရူးသွပ်မှုကသူတစ်ပါးကိုထိခိုက်မိရင် မကောင်းပါဘူး။ ကျွန်တော်တို့မြို့ကဆိုင်ကယ်နဲ့အများဆုံးသွားလာတဲ့မြို့ဖြစ်ပါတယ်။ ဆိုင်ကယ်ကိုစီးနှင်းရင်းက ဆန်းသစ်သော၊တိုးတက်သောနည်းပညာတွေကြောင့် စတေကာ၊အိပ်ဇောအတိုအရှည်၊မီးရောင်စုံ၊အသံရောင်စုံတတ်ဆင်လာကြပါတယ်။ ကိုယ့်အတွက်အလှအပက အများအတွက်အနှောင့်အယှက်ဖြစ်ရင် ်မကောင်းဘူးပေါ့ခင်ဗျာ။ တစ်နေ့ညနေခင်း ကုန်တင်ကားတစ်စီးရှေ့က မောင်းသွားတာတွေရပါတယ် သူနောက်မှာ အရေးပေါ်ကားတစ်စီးလိုက်လာတယ်။ အရေးပေါ်ကားက လမ်းတောင်းတယ်။ ဒါပေမယ့် ကုန်တင်ကားက လမ်းမပေးဘူးခင်ဗျ။ သူနောက်ကြည်မှန်ထဲမှာနောက်ကားကို မမြင်ရဘူးခင်ဗျ (ကားကြီးမောင်းသူရဲ့အားနည်းချက်ပါ)။နောက်တစ်ချက်က သူထင်တာက ဆိုင်ကယ်တစ်စီးနောက်ကလာစတယ်ထင်တာပါ။ ဆိုင်ကယ်တွေမှာ တတ်လေ့ရှိတဲ့ အရေးပေါ်ကားသံ၊ မီးသတ်ကားဥဩစွဲသံတွေကြောင့် ယုံထင်ကြောင်ထင်ဖြစ်ရတာပါ။ ဒီတော့အရေးပေါ်လူနာက ဆေးရုံရောက်နောက်ကျရပါတယ်။ ကို့ပျော်ရွှင့်မှုကြောင့် သူတစ်ပါးမှာအနှောင့်အယှက်ဖြစ်ရပါတယ်။ နိူင်ငံကြီးတိုးတတ်လာဖို့ဆိုရင် အများအတွက် စဉ်းစားရမှာပါ။ ဒီကိစ္စလေးတွေက ယဉ်ကျေးပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့အမူအကျင့်တွေကို အရုပ်ဆိုး အကြည်းတန်စေပါတယ်။ အများကောင်းကျိုးအတွက် ကိုယ့်အကြိုက်ထဲကတစ်ခုကို စွန့်ရတာဟာ ကောင်းမြတ်တဲ့ အမူအကျင့်ပါ။ ကျွန်တော်တို့အတွက်ဘာမှမနစ်နာပါဘူး။ ကျွန်တော်တိုလူသားအားလုံး ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ဆင်ခြင်ရမှာပါ။ တာဝန်ရှိလူကြီးမင်းများအနေနဲ့လည်းယာဉ်စည်းကမ်းအတိုင်း ဆောင်ရွက်ပေးကြပါ သူငယ်ချင်းများအနေနဲ့လည်း အများကောင်းကျိုးအတွက် ဆင်ခြင်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ လူသားအားလုံး ကျန်းမာ၊ချမ်းသားကြပါစေ အများကောင်းကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေ။ သူတစ်ပါးကိုထိခိုက်စေသော အမူအကျင့်များကိုလည်းရှောင်ကြဉ်နိုင်ကြပါစေ…….။ ။

4 comments

  • susunosuki

    May 6, 2010 at 5:18 am

    ကျွန်တော်တို့လူမျိုးက စာနာ တတ် အားနာတတ်တဲ့ နေရာမှာ နာမည်ကြီးပါတယ်
    ကိုယ့်ကြောင့်သူတစ်ပါးစိတ်အနှောက့်အယှက်ဖြစ်ရင် ကာယိန္ဒြေထိခိုက်စေခြင်း ဖြစ်ပါတယ်
    ဒီလိုအပြုအမှုမျိုးကို ရှောင့်ကျဉ်ဖို့တိုက်တွန်းလိုပါတယ်

  • kopauk mandalay

    May 6, 2010 at 8:21 am

    ကလေးတော်တော်များများ က အသစ်အဆန်းပေါ်တယ်ဆိုရင်
    ကောင်းတာဆိုးတာ မသိဘဲ သုံးလိုက်ကြတာပါဘဲ။
    သူများကိုထိခိုက်တယ် မထိခိုက်တယ်မစဥ်းစားတော.ပါဘူး။
    မန်းလေးမှာမော်တော်ဆိုင်ကယ်တွေကားတွေ မှာ ဆူညံတဲ.ဟွန်းတွေကိုတပ်ထားလိုက်တာ နားမခံသာအောင်
    ပါဘဲ။
    အခုလို ပြောပေးလိုက်တာကိုတော်တော်လေးကျေးဇူးတင်ပါတယ်။
    ဒါလေးတွေကိုဖတ်လိုက်လို.ပြင်မယ်ဆိုင်ကောင်းမှကောင်းပါဘဲ။

  • Ba Gyi Taw

    August 7, 2010 at 5:06 am

    ကလေးလို ့ခေါ်ရမယ့်အစား ကမြင်းမသားလို ့ခေါ်သင့်တယ်။

  • cum min

    June 25, 2012 at 3:27 pm

    ကောင်းတယ်ဗျာ….အဲလိုလေးတွေဆင်ကျင်သင့်တာတွေ
    ရေးပေးသင့်ပါတယ်..

Leave a Reply