စိတ်မပျက်နဲ ့ကွယ်…ကလေးရယ်

ကမာ္ဘကြီးပေါ်မှာရှိနေတဲ့ ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေရှာတယ် သူတို ့လေးတွေဟာ ဆာလောင်ခြင်း နာကျင်ခြင်း ၊ ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့ဖြစ်နေရရှာပါတယ်။

ကျွန်တော်တို ့နေထိုင်ရာ မြန်မာပြည်မှာလည်း ရင်သွေးငယ်ပေါင်းများစွာဟာ ကံဆိုးနေကြဆဲပါ၊အမိအဖမဲ ့ရင်သွေးငယ်များအတွက် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့အကြင်နာဆေးဝါးလေးဟာ သူတို့လေးတွေ နှလုံးသားထဲမှာလိုအပ်နေကြပါတယ်။

ကမ္ဘာကြီးကိုဆက်လက်ထိန်းသိမ်းစောင့်ရှောက်မည့်မျိုးဆက်သစ် လူသားအရင်းအမြစ်များကို ကျွန်တော်တို့ရဲ့ အကြင်နာလက်များနဲ့တွဲခေါ်ပြီး သူတို့လေးတွေရဲ့အနာဂတ်များထွန်းလင်းတောက်ပစေအောင် လုပ်ဆောင်ကြပါစို့ဗျာ..။

နောင်တစ်ချိန်မှာ သူတို့ရဲ့အစွမ်းအစလေးတွေနဲ့ပိုမိုတိုးတက်တဲ့ အနာဂတ်ကို ဖန်တီးနိုင်မယ်ဆိုတာ မယုံကြည်ပေးလို့မရပါဘူး။

ဒီလိုမျိုးအရေးပါလှတဲ့နောင်တစ်ချိန် အားကိုးရမဲ့ အနာဂတ်ရဲ့ရင်သွေးငယ်ပေါင်းများစွာအပေါ်မှာ-

* ဘာကြောင့်များကျွန်တော်တို့ ပစ်ပယ်မိနေကျတာလဲ…?

* ဘာကြောင့်များ ကျွန်တော်တို့ မစဉ်းစားပေးကျတာလဲ…?

* ဘာကြောင့်များ အကူအညီအလုံအလောက်မပေးနိုင်ရတာလဲ…?

ကျွန်တော်တို့ချစ်တဲ့ ကမ္ဘာကြီးအတွက်၊ ကျွန်တော်တို့ချစ်တဲ့ ကလေးလေးတွေအတွက်

စိတ်မပျက်နဲ့ကွယ်…ကလေးရယ်

ကလေးရေ

စိတ်ပျက်နဲ့ကွယ်
ကိုယ်တိုင်ကမှပြဇာတ်ထင်တာ
လူတွေရဲ့သဘာဝပါကွယ်…………..။

ကလေးရေ

စိတ်ပျက်နဲ့ကွယ်
ကိုယ်ကတဲ့ဇာတ်မှာ ကိုယ်ပဲမင်းသားဖြစ်ချင်ကြတာ
လူတွေရဲ့သဘာဝပါကွယ်…………..။

ကလေးရေ

စိတ်မပျက်နဲ့ကွယ်
ကိုယ်တိုင်ဖြတ်တဲ့ဓမ္မသတ် ကိုယ့်ဘက်ပဲမှန်တက်ကြတာ
လူတွေရဲ့သဘာဝပါကွယ်……………..။

ကလေးရေ.

့စိတ်မပျက်နဲ ့ကွယ် ့

ပညာဆိုတာ
စာသင်ခန်းတွေမှာသာ
သင်ကြားနိုင်တာမဟုတ်ပါဘူး
ကျောင်းမနေဖူးတဲ့
တောင်အာဖရိကသမ္မတကြီး
ဂျက်ကော့ဇူးမား က ကလေးအတွက်စံနမူနာ ပါကွယ်…၊

ကလေးရေ

စိတ်မပျက်ပါနဲ ့ကွယ်

နေမကောင်းတခါတရံဖြစ်တာ

စတီဖင်ဟော့ကင်းဆိုတဲ့
သွက်ချာပါဒရောဂါသည်ဒုက္ခိတ က

သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နိုင်ပါသေးတယ်ကလေးရယ်။

ကလေးရေ..

စိတ်မပျက်ပါနဲ ့ကွယ်

ရှင်သန်ခြင်းအတွက်

အမိအဖကိုစောင့်ရှောက်ခြင်းနဲ့
ဘဝမှာရပ်တည်နိုင်ခြင်းတွေ က
မြင့်မြတ်သူတွေလမ်းစဉ်ဘဲ ပါကလေးရယ်

ကလေးရေ

စိတ်ပျက်နဲ့ကွယ်

သွေးဆာနေတဲ ့မတော်လောဘတွေကြောင့်

ဝမ်းနည်းမှုစစ်ပွဲတွေပြီးရင်ငြိမ်းချမ်းရေး

ပြုပြင်မှုရောင်ခြည်လာပါမှာမလို ့အားမလျှော ့လိုက်ပါနဲ ့ကွယ်……။

ကလေးရေ

စိတ်ပျက်နဲ့ကွယ်
ပြူတင်းတစ်ပေါက်ကကြည့်တာ ချင်းအတူတူ
ရွံ့နဲ့ကြယ် အမြင်ခြင်းမတူနိုင်တာ

လူတွေရဲ့သဘာဝပါကွယ်………….။

ကလေးရေ

ဘာတွေပဲဖြစ်ဖြစ် စိတ်မပျက်နဲ့ ကွယ်……….
ကမာ္ဘဆိုတာ လူတိုင်းကို ဗဟိုပြုလည်နေတာပါကွယ်…………….။

တတ်နိုင်တဲ ့ဘက်က

ကလေးတွေ ကိုစောင့်ရှောက်ကြရအောင်နော်…

ကလေးတို ့အတွက်…..

ရွှေအိမ်စည်

ကဗျာကိုကြိုက်နှစ်သက်လျှင်..ကဗျာရေးသူအမည်ထိကူးပြီးမှဝေမျှပေးပါ။
ချစ်သောစိတ်ရင်းများဖြင့်

18 comments

  • pooch

    July 14, 2011 at 6:14 pm

    we are the world
    we are the children
    we are the ones who make a brighter day
    so let’s start giving
    there is a choice we are making
    We are saving our own lives
    It’s true we’ll make a better day
    Just you and me…..

  • ရွှေဘိုသား

    July 14, 2011 at 7:04 pm

    စောင်.ရှောက်မယ်ဆိုလည်း ကျွန်တော် သားလေနှစ်ယောက် အနှစ် 20 လောက်ခေါ်ကျွေးထားပေးပါလား
    ကျွန်တော် အေးအေးဆေးဆေး စီးပွား ရှာပြီး ချမ်းသာမှ ပြန်လာခေါ်မယ် ဟဲဟဲ

    စတာနော် အနော် ကလူပျိုစစ်စစ်လေးဗျှ

  • zoe

    July 15, 2011 at 11:17 am

    ဒီက အဆိုတော်အချို့နဲ့ သမတ ကိုယ်တိုင် အာဖရိက က ကလေး တွေကို ဒီ world vision အဖွဲ့ကနေ sponsor ယူပြီး ထောက်ပံ့မွေးစားထား တယ် ။ မြန်မာပြည်က ကလေး လဲ ဒီ အဖွဲ့ကနေ sponsor ယူတဲ့သူရှိတယ်လို့ထင်ပါတယ် ။ ဒါပေမဲ့ ဘယ်အချက်အလက် နဲ့ပြည့်စုံ မှလျှောက် လို့ရလဲတော့ မသိ ဖူး ။ ဒီ အဖွဲ့ အကြောင်း လင့်ခ

    http://en.wikipedia.org/wiki/World_Vision
    http://www.wvi.org/wvi/wviweb.nsf
    http://www.worldvision.org/content.nsf/sponsor/sponsor-myanmar

    • shweaeimsi

      July 16, 2011 at 11:09 am

      ************
      ဘာညာသာဓကာ….ရွှေအိမ်စည်မသိပါဘူး…

      .တွေ ့ရင်တော့အကူညိလိုရင်တော့..ဆရာလေးရေ…..ဆိုပြီး..တဂွမ်ဂွမ်ဆက်ပြီး….
      ပို ့လိုက်တာဘာဘဲလေ…………အံ့ဩတယ်..အဲ ့ဒိဆရာလေးလည်း…
      သူ ကတော့သိပ်မတည့်ဘူး..အထက်လူကြီးများနြ ့ပေါ့….

      ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့နေတဲ ့ကလေးတွေ တွေ ့ရရင်မိဘမဲ ့ဂေဟာကိုဆက်သွယ်ပို ့ပေးကြရအောင်

      သီလရှင်ဆရာာတော်ဒေါ်ကီသာရ၊ဒေါ်ဇေယျာနနီéတို ့ဥိးစီးပြုစုစောင့်ရှောက့်တဲ ့

      “ဝိသာခါ” သီလရှင်သင်အမျိုးသမီးပညာရေးကျောင်း

      (၈၁)ရပ်ကွက်၊ဒဂုံဆိပ်ကမ်းမြို ့နယ်၊ရန်ကုန်မြို ့၊

      ဆက်သွယ်ရန်ဖုံး-၀၁၅၉၂၀၁ရ ကိုဆက်သွယ်နိုင်ပါတယ်၊

      အားလုံးသောလူသားများ ဝိုင်းဝန်းကူညီပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်လျှက်

      ကိုယ်ကျုိုးစီးပွားအတွက် လုံးဝ(လုံးဝ) မျှော်လင့်ထားခြင်းမရှိပါကြောင်း….

      ငွေ ကိုမလိုပါစေတနာသာလိုပါသည်၊

      ကျေးဇူးတင်လျှက်

      ချစ်ခင်လေးစားသော
      ရွှေအိမ်စည်

  • zoe

    July 15, 2011 at 11:38 am

    လင့်ခ ပါသွား လိုူ့လားမသိဖူး အပေါ်က comment ကို moderate လုပ်ခိုင်း နေတယ် ။ လုပ်တတ် ဖူး ။ 😛

  • Yan Shin

    July 15, 2011 at 2:26 pm

    ကြားဘူးတာတစ်ခုရှိတယ်
    နိုင်ငံတစ်ခုရဲ့ အနာဂါတ်ကို
    အဲဒီနိုင်ငံက ကလေးငယ်တွေရဲ့
    အခွင့်အရေး ရပိုင်ခွင့်နဲ့ တိုင်းတယ်ဆိုလားပဲ…………..

    • shweaeimsi

      July 16, 2011 at 11:29 am

      သူ တို ့တွေ မေ ့နေကုန်ကြပြီ…

    • pan pan

      July 18, 2011 at 11:39 am

      အနာဂတ်ဟာ မျိုးဆက်သစ်များရဲ့ လက်ထဲမှာရှိတယ်တဲ့

    • pan pan

      July 18, 2011 at 2:21 pm

      အနာဂါတ်ဟာ မျိုးဆက်သစ်တွေလက်ထဲမှာရှိတယ်
      မျိုးဆက်သစ်တွေက ဖန်တီးရမှာမလား

  • Atom

    July 16, 2011 at 1:31 am

    INGO တွေကတော့ တကယ် လုပ်ရင်တော့ကောင်းသား။
    Sponsor Budget တွေကို အမျိုးမျိုး အကြောင်းပြပြီးသုံးနေကြတာ။
    Administration ၁၅% ဆိုပြီး တကယ်တော့ ဘယ်က လိမ့်မလဲ။ သင်တန်းဆို အင်းလျားလိတ်၊ စီဒိုးနား၊ နဲ ့ သုံးပုံသုံးနည်း က အလကားရတိုင်း လျှောက်သုံးနေကြတယ်။
    ခင်ဗျား တို ့တွေ World Vision ရဲ ့ Sponsorship လုပ်ပုံ လုပ်နည်း အကြောင်းသိရင် ရင်ခံ သွားလိမ့်မယ်။
    တကယ် တော့ သူတို ့လုပ်နိုင်တာက ပြောသလာက်တော့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ကောင်းတာက တော့ ဟုတ်ပါတယ် လူ တွေ မကောင်းကြတာ။ လူမျိုး ရေး နဲ ့ဘာသာ ရေး ခွဲခြားမှု တွေ ဒီလောက်များ တဲ ့ World Vision အဖွဲ ့မှာ မန်နေဂျာ တွေက သူတို ့လူမျိုး ၊ သူတို ့ဘာသာ မဟုတ်ရင် သဘောလောက်ပဲ လုပ်တာပါ။ ကောင်းတာကတော့ ဒီ နိုင်ငံက လူတွေကို အလုပ်ပေးထား နိုင်တာတော့ ကောင်းပါတယ်။
    ခင်ဗျားတို ့ World Vision မှာ အလုပ်လုပ်ချင်ရင် အရင်ဆုံး ဘာမဆိုလုပ်နိုင်ကြောင်း ကြွား တတ်ရမယ်၊ ခရိယာန်လို ဆုကောင်းကောင်း၊ ကြာကြာ နဲ ့ကျယ်ကျယ် တောင်းတတ်ရမယ်၊ ဂစ်တာတီးတတ်ရမယ်၊ ကရင် (သို ့) ကုလား ဖြစ်ရမယ်၊ အင်္ဂလိပ်လို တတ်တတ် မတတ်တတ် လူရှေ ့မှာ ကျယ်လောင်ကျယ်လောင် ပြောတတ် ရမယ်။ လူကြီး ကို စစ်သားတစ်ယောက်လို ရိုသေပြ ရမယ် ဒါဆို အလုပ်ဖြစ်ပြီ။

    • shweaeimsi

      July 16, 2011 at 11:18 am

      ကြာပြီဗျာ..ကျနော်ဆရာလေးကိုကူညီနေတာလေ…

      အဲ ့ဒိနေရာလေးကတော့မရှိဘူးဗျ….
      သူ လည်းကံ့အကြောင်းတရားပေါ့..
      သာသနာပြုတာ..သူအဲ ့ဒိတုံးကတဲ လေးပါ….
      သူ ့တဲ လေးရှေ ့မှာ..မိုးညတညကလေးငိုသံ ကြားလို ့ထွက်ကြည့်တာ..
      လာပစ်ထားတြ ့မွေးကင်းစလေး…..
      ရပ်ကွက်ကလည်းမစောင့်ရှောင့်နိုင်…
      လာပစ်တယ်လို ့ထင်ရတဲ ့….ပန်းရံလားကြိမ်ယက်သူလားမသိဘူး…
      ကျနော်ပါပါတယ်..ရေကြည်(ဧရာဝတီတိုင်းက)အထိလိုက်ရှာတာဘဲ…..
      နောက်ဆုံး..မတွေ ့တဲ ့အဆုံး….သူ ဘဲမွေးစားပြီး…
      နောက်ဆိုအမေတွေ က…..အဲ ့ဒိသီလရှင်ကျောင်းရှေ ့ထားခဲ ့ကြတာပါဘဲ….
      နောက်တော့လာလှူ ကြတာနဲ ့ကျောင်းဖြစ်သွားတယ်…
      ဒာဲ ဒိနေရာကလူတွေ ကအရမ်းဆင်းရဲ ကြတယ်….
      စာလည်းသူကိုယ်တိုင်ဘဲသင်ပေးရတာ……
      အစ ကတော့ဆရာလေးကျောင်းရောက်ဘို ့….ရေအိုင်ကို…မနဲ ကျော်ဖြတ်ရုန်းရတာပြန်လည်မြင်ယောင်ရင်း……

      ************

      ဒါက ကျနော်ကိုယ်တွေ ့လေ ဗျာနော်…..

  • ကြောင်ကြီး

    July 16, 2011 at 8:23 am

    ကျနော်လည်း World Vision အဖွဲ့အကြောင်း နဲနဲပါးပါးသိတယ်။ သူတို့က ခရစ်ယာန်အသင်း ကျောထောက်နောက်ခံပြု လူမှုကယ်ဆယ်ရေးအဖွဲ့ ဆိုတော့ အခြားအန်ဂျီအိုတွေနဲ့စာရင် ဘာသာရေး အယူအစွဲပြင်းထန်တယ်။ ရည်ရွယ်ချက်ကိုကလည်း သူတို့ဘာသာကို ဆွဲဆောင်ဖို့ ပါမှာပေါ့ဗျာ။ စာရွက်ပေါ်မှာတော့ ရေးထားချင်မှရေးပါလိမ့်မယ်။ ဘာသာရေးနွယ်တဲ့ ဘယ်အဖွဲ့အစည်းမဆို အုပ်ချုပ်ရေးပိုင်းဟာ ကောင်းရင်ကောင်း မကောင်းရင် ပျက်တာပဲ။ ဘာသာရေးနဲ့ ဖုံးကွယ်ထားတော့ အပြစ်အနာအဆာ ရှာဖို့ခက်၊ အချင်းချင်းလည်း မရှာတတ်၊ ရှာရကောင်းမှန်းမသိတာတွေ ဖြစ်လေ့ရှိတယ်။ (ဘယ်ဘာသာမဆို ပြောတာနော်)။

    • shweaeimsi

      July 16, 2011 at 11:05 am

      မြန်မာပြည်ကပုံတွေ မယူချင်လို ့အဲ ့ဒိကယူတာပါဗျာ…

      ဘာလဲ..ဘာလဲ…..မြန်မာပြည်နော်…

      ဆင်းရဲ သား.ဆိုတာ…..

      .ဘာ))))))))))ဘာ))))

      ပပျောက်နေပြီလေ..အခု…တဲ ပေါ် ကနေ..တိုက်ပေါ်တင်နေပြိ….
      ဟဟ..ရတနာပုံသတင်းစာကခေတ်နောက်ကျလိုက်တာ…

      အခုမရှိတော့ဘူး…..လစာ…အခြေခံ လစာ…သုံးသောင်း…ကတိုးပေးနေတယ်လေ..
      ကဲ သုံးသောင်း……ဘယ်နိုင်ငံ က..ဒိလောက်ပေးလဲ ပြော…

      စတာနော်…စတာ…မဟုတ်ဘူးကျီစားတာ…ဘုရားသခင်ကကျီစားတာ..

      ******************************

      ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့နေတဲ ့ကလေးတွေ တွေ ့ရရင်မိဘမဲ ့ဂေဟာကိုဆက်သွယ်ပို ့ပေးကြရအောင်

      သီလရှင်ဆရာာတော်ဒေါ်ကီသာရ၊ဒေါ်ဇေယျာနနီéတို ့ဥိးစီးပြုစုစောင့်ရှောက့်တဲ ့

      “ဝိသာခါ” သီလရှင်သင်အမျိုးသမီးပညာရေးကျောင်း

      (၈၁)ရပ်ကွက်၊ဒဂုံဆိပ်ကမ်းမြို ့နယ်၊ရန်ကုန်မြို ့၊

      ဆက်သွယ်ရန်ဖုံး-၀၁၅၉၂၀၁ရ ကိုဆက်သွယ်နိုင်ပါတယ်၊

      အားလုံးသောလူသားများ ဝိုင်းဝန်းကူညီပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်လျှက်

      ကိုယ်ကျုိုးစီးပွားအတွက် လုံးဝ(လုံးဝ) မျှော်လင့်ထားခြင်းမရှိပါကြောင်း….

      ငွေ ကိုမလိုပါစေတနာသာလိုပါသည်၊

      ကျေးဇူးတင်လျှက်

      ချစ်ခင်လေးစားသော
      ရွှေအိမ်စည်

  • etone

    July 16, 2011 at 10:51 am

    ကလေးတွေကို တကယ်ပဲ စေတနာရှိတယ် ၊ စာနာတယ် ဆိုလျှင် World Vision က ကလေးတွေအတွက် ဝယ်တဲ့ ပစ္စည်းတွေစာရင်းကို အရင်စစ်ကြည့်ပါလို့ ပဲ ပြောချင်ပါတော့တယ် ။

    • shweaeimsi

      July 16, 2011 at 11:00 am

      ****

      ဆာလောင်ခြင်း နာကျင်ခြင်း၊ငတ်မွတ်ခြင်းဆိုတဲ့ ဒုက္ခပေါင်းများစွာနဲ့ ကူညီသူမဲ့နေတဲ ့ကလေးတွေ တွေ ့ရရင်မိဘမဲ ့ဂေဟာကိုဆက်သွယ်ပို ့ပေးကြရအောင်

      သီလရှင်ဆရာာတော်ဒေါ်ကီသာရ၊ဒေါ်ဇေယျာနနီéတို ့ဥိးစီးပြုစုစောင့်ရှောက့်တဲ ့

      “ဝိသာခါ” သီလရှင်သင်အမျိုးသမီးပညာရေးကျောင်း

      (၈၁)ရပ်ကွက်၊ဒဂုံဆိပ်ကမ်းမြို ့နယ်၊ရန်ကုန်မြို ့၊

      ဆက်သွယ်ရန်ဖုံး-၀၁၅၉၂၀၁ရ ကိုဆက်သွယ်နိုင်ပါတယ်၊

      အားလုံးသောလူသားများ ဝိုင်းဝန်းကူညီပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်လျှက်

      ကိုယ်ကျုိုးစီးပွားအတွက် လုံးဝ(လုံးဝ) မျှော်လင့်ထားခြင်းမရှိပါကြောင်း….

      ငွေ ကိုမလိုပါစေတနာသာလိုပါသည်၊

      ကျေးဇူးတင်လျှက်

      ချစ်ခင်လေးစားသော
      ရွှေအိမ်စည်

      • etone

        July 16, 2011 at 11:10 am

        ချစ်ခင်လေးစားသော ရွှေအိမ်စည်ရဲ့ … နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်ခြင်းကြောင့် … အခွင့်ခါကြုံလျှင် သွားလှူလိုက်ပါဦးမယ် ။

  • shweaeimsi

    July 16, 2011 at 11:26 am

    နာဂစ်အကြောင်းပြောပြရင်..မျက်ရည်တောင်ကြမယ်..သိလား…
    *****
    ကျနော်စိတ်မနုပါဘူး..ဒါပေမယ့်..အဲ ့ဒိရောက်တိုင်း….ရင်ထဲကမကောင်းဘူး…..
    ဆရာလေးရဲ ့ပင်ကိုယ်စိတ်ရင်းစေတနာကို..သူ ့နဲ ့ရင်းနှီးရင်သိလာလိမ့်မယ်….
    ဆရာလေးကတော့ဘုကျကျပြောတတ်သူပါ..
    လောကမှာအမှန်တွေ ပြောရင်ဘယ်သူနဲ ့မှမတည့်တတ်ဘူး…
    ကျနော်လည်း..မချမ်းသာပါဘူး…….တခါတခါရောက်ဘို ့တောင်..အနိုင်နိုင်ပါ..
    တခုဘဲ ရှိတယ်..ကျနော်ကသူဌေးတွေ ဆိက..တော့ဖုံးနံပါတ်ပေးပြိးသွားလှူခိုင်းတတ်တယ်..

    ဒါဘဲတတ်နိုင်တယ်လေ…။ကျေးဇူးပါအိတုန်ရေ…….အလှူခံတာမဟုတ်ဘူးနော်..သူတို ့အတွက်ရေးထားတဲ ့ကဗျာလေး.တင်ပေးယုံပါ

Leave a Reply