သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်မ အင်္ကျ ီချုပ်ဆိုင် တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်… ။ ကြောင်ချစ်တတ်လွန်းတဲ့ ကျွန်မတောင် အတော်လေး မျက်လုံးပြူးသွားရတဲ့ အဖြစ်ပါ … ။ ကြောင်အကောင် လေးဆယ်ကျော် မွေးထားတာပါ … အရောင်သွေး စုံလင်စွာနဲ့ …. အရွယ်စုံကြောင်တွေပါပဲ… ။ လုပ်တဲ့လုပ်ငန်းက အင်္က ျီ ချုပ်တဲ့ လုပ်ငန်းမို့ … ဘာလို့များ ဒီလို မွေးပါလဲ မေးတော့… ချစ်လွန်းလို့ မွေးရာကနေ … တစ်ကောင်က နှစ်ကောင် … နှစ်ကောင်က သုံးကောင်ထိဖြစ်လာတာ … အကောင်လေးဆယ်ကျော် အထိပါတဲ့… အဲ့ဒီအင်္က ျီ ချုပ်ဆိုင်က ရှစ်လွှာမှာ ဟောလ်တိုက်ပ် အနေနဲ့ တလွှာလုံး ဝယ်ထားတာပါ … ဒါပေမဲ့ … အနံ့ကတော့ လေး ၊ငါးလွှာ လှေကားမှာထဲက ရနေတာပါ … ။ ပထမရောက်ရောက်ချင်း မူးမေ့လဲမမတတ်အနံ့ဆိုး ခံရဖူးတယ် … ကြောင်တွေ ကို အပြင်လည်း ပေးမထွက်ပဲ အိမ်ထဲမှာပဲ နေစေတာပါ … ။ ကြောင်တွေရဲ့ ဆိုးချက်ကတော့ ဆိုဖာတွေရော တခြား ပစ္စည်းတွေပါ ကုတ်ဖဲ့ထားတာ တာပါပဲ … ။

နေရာတိုင်းမှာ ကြောင်ကရှိနေတတ်သလို … တစ်ခါတစ်လေ … အီးပါ သေးပေါက်ဆိုလည်း …. လူမြင်ကွင်းမှာ လုပ်တတ်ကြပါတယ်… သူတို့တွေကတော့ နေနေကြမို့ မသိပေမဲ့ …ကျွန်မအတွက်ကတော့ အတော်လေး အ နေကြပ်ခဲ့တာပေါ့ … ။ အမြန်ရတာရယ် ..လက်ယာသေသပ်တာရယ်ကြောင့် အဲ့ဒီဆိုင်မှာ သွားချုပ်ဖြစ်ပေမဲ့ … အခုတော့ မရောက်ဖြစ်တာ ကြာပါပြီ … ။ ရှစ်ထပ်တက်ရမှာ မောလွန်းတာရယ်… လေကောင်းလေသန့်မရပဲ … ကြောင်ချီးနဲ့ သေးနံ ့က ဆီးကြိုနေလို့ပါပဲ … ။ကျန်းမာရေး နဲ့ မညီညွတ်ပေမဲ့ ..ပတ်ဝန်ကျင်က ဘယ်သူမှ မကန့်ကွက်ကြပါဘူး …အကျီ င်္ ပုံကောင်းလေးတွေ ရနေတဲ့အတွက် .. ကြိတ်ပြီး အနံ့ ရှူနေသလိုပါပဲ… :P

အဲ့ဒီအိမ်မှာ နေကြတာ … မိသားစု လေးယောက်ပဲပါ … ။ အားလုံး က ကြောင်တွေ အနွံနာခံနိုင်ကြပါတယ်… ။ ကဲ မေတ္တာတရားများ ဘယ်လောက်ဆန်းကြယ်လဲနော် … ။ ကြောင်တွေများတဲ့ အပ်ချုပ်ဆိုင်မှာ အပ်ပြီးတိုင်း အကျီ င်္ ကိုပြန်လျှော်ရတာ အမောပါပဲ … ။ ဒါပေမဲ့လည်း သူတို့ဆိုင်က အလုပ်ဖြစ်ပါတယ် … အ ရမ်းကို ချုပ်နေရတာ … ကြောင်လေးတွေများ လာဘ်ခေါ်ပေးလို့လား မတွေးတတ်အောင်ပါပဲ … ။ ။  :roll: :roll: :roll:

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!