ဇူလိုင်မိုးဖွဲ ဒို့အသည်းခွဲ

bigbirdJuly 14, 20111min1219

၁၉ဇူလိုင်
မျက်ရည်ဖြိုင်သွန်း
ဇူလိုင်မိုးဖွဲ ဒို့အသည်းခွဲခဲ့ပေါ့။

သူတို့တွေမို့ မရှက်
ကျေးဇူးတရားမသိတက်စွာနဲ့
၁၉ ကိုဖျက်လို့
သမိုင်းကို တက်နင်းဖို့ ဒင်းတို့ကြိုးစားခဲ့ကြပေါ့။

ဗိုလ်ချုပ်ပုံတွေ
ရုံးပေါ်ကဆွဲထုတ်
အမှိုက်လုပ်မယ်လို့ ဒင်းတို့အားထုတ်ခဲ့ကြပေါ့။

ငွေသားပေါ်တံဆိပ်နှိပ်
ဗိုလ်ချုပ်ရဲ့ဝင့်ကြွားပုံရိပ်ကို
တိရစာ္ဆန်နဲ့ အစားထိုး ဒင်းတို့ရှေ့တိုးခဲ့ကြပေါ့။

ဗိုလ်ချုပ်ပြတိုက်
အမှိုက်ဗလပွနဲ့
ခြ တွေကိုက်လောက်အောင်
သံတံခါးခတ်ထား ဒင်းတို့ရမ်းကားခဲ့ကြပေါ့။

မှန်လှတဲ့မိန့်ခွန်း
နောင်ရေးကို မီးမောင်းထိုးတဲ့
ဗိုလ်ချုပ်ရဲ့စကား ဒင်းတို့ နားခါးခဲ့ကြပေါ့။

နှစ်လကြာရှည်
မေ့မရပါလေ…
အာဇာနည်သီးချင်းသံ
ရေဒီယိုမှာပါ မကျန်ရလေအောင် ဒင်းတို့ကြံဆောင်ခဲ့ကြပေါ့။

ဒါပေမယ့် ဒို့တွေအသည်း
ဆေးမှင်ကြောင်စွဲလောက်အောင်
ထင်းထင်းကျန်နေစဲမို့
ဘာဆေးနဲ့ဖျက်မလဲ
မြဲခိုင်ကာ မယိုင်လဲ
ဒို့တွေရဲ့ အသည်းကို
ဆွဲထုတ်ကာယူသွား
စုပုံလို့ထားလဲ
ညီညာကာစုစီး
ထီးထီးကြီး မြင်စေသား ဒို့ဗိုလ်ချုပ်ရဲ့ပုံရိပ်များ။ (ငှက်ကြီး ၁၄.၇.၂၀၁၁)

9 comments

  • PaukPhaw

    July 14, 2011 at 11:30 pm

    စကားမစပ်..
    ဗိုလ်ချုပ်ရဲ့ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မိန့်ခွန်းများ ကို ဒီအောက်မှာ နားဆင်နိုင်ပါကြောင်း..
    http://soundcloud.com/komyoe/sets/set
    ဒီဇိုင်းကိုမျိုး တင်ထားတာလို ့ဆိုပါတယ်

  • Snowy

    July 15, 2011 at 9:24 am

    ကောင်းလိုက်တဲ့စာသားလေး ….ငယ်ငယ်တုံးကတော့မှတ်မိသေးတယ် ဗိုလ်ချုပ်အကြောင်းတွေကျောင်းတွေမှာ သင်ရသေးတယ် … အခုသင်ရိုးအသစ်မှာ ဖျက်လိုက်တယ် ကြားတယ် … အဲဒါဟုတ်သလားဟင်?

    • bigbird

      July 15, 2011 at 10:01 pm

      ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ…… ဆိုတဲ့ကဗျာလေး သင်နေတုန်းပဲလို့တော့ပြောတာပဲ။

  • mnoe

    July 15, 2011 at 10:54 am

    ကဗျာလေးကရေးတတ်လိုက်တာ။ ကျေးဇူးတင်ပါတယ်။
    ငယ်ငယ်တုန်းကတော့ အာဇာနည်နေ့မနက်ဆို ဥဩဆွဲသံကြားရပြီး လမ်းပေါ်ကလူတွေကော အိမ်ပေါ်ကလူတွေကော အားလုံး ငြိမ်ပြီးမတ်တပ်ရပ် အလေးပြုကြတာ၊ ညဘက်ဆို ရေဒီယိုဘေးမှာ ဝိုင်းထိုင်ပြီး ဗိုလ်ချုပ်မိန့်ခွန်းတွေ နားထောင်ကြတာ လွမ်းမိတယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ နာမည်ကို ဒီလိုနည်းနဲ့ စသိခဲ့ ရင်းနှီးခဲ့ရာက အားကျလေးစားခဲ့ရတာပါ။ အခုလဲ အဲဒီလိုမျိူး တစ်ခုခု ပြန်လုပ်ပေးပြီး ကလေးတွေနဲ့ လူငယ်တွေကို တို့ဗိုလ်ချုပ်အကြောင်း ပြောပြ အသိပေးသင့်တယ်ထင်တယ်။ တကယ်တော့ ကျွန်မတို့ ပြည်သူတွေမှာလည်းတာဝန်ရှိပါတယ်။ ကိုယ့်မိသားစု ပတ်ဝန်းကျင်က စပြီး အဆင့်ဆင့် ပြောပြပညာပေးသွားရမှာ။ ခက်ပေမဲ့ ကြိုးစားရမှာပဲ။ နောက်ကျွန်မတို့သေသွားကြရင် ဘယ်သူဆက်ပြောမလဲနော်။ အစိုးရကြီးပဲ အားကိုးလို့မရတော့ဘူး။ ရာဇဝင်အသစ် သမိုင်းအသစ် မရေးနိုင်ရင်တောင် ရှိပြီးသား သမိုင်းလေး မပျောက်ပျက်သွားအောင် ကျွန်မတို့ တတ်နိင်သလောက် ဝိုင်းကြိုးစားကြရအောင်နော်။ အခုလိုအမျိူးသားရေးနဲ့ဆိုင်တဲ့ ပို့စ်လေးတွေတင်ပေးတာ ကဗျာလေးတွေရေးပေးတာ ကျေးဇူးတင်ပါတယ်။ စာအရှည်ကြီးမဖတ်ချင်ရင်တောင် ကဗျာလေးကတိုတော့ ဖတ်မိရင်း ရင်ထဲဝင်သွားနိုင်တယ်လေ။ ဆောရီး မန်းတာ နဲနဲရှည်သွားတယ်။

  • zaw min

    July 15, 2011 at 2:21 pm

    ဟာသလေးတစ်ခု- (၆)နှစ်အရွယ်ကလေးက သူ၏အမေအား အမေ..မနက်ဖြန်သားတို့ကျောင်းပိတ်တယ် အာဇာနည်နေ့လို့ ဆရာမကပြောတယ်မေမေ…သူ့ထက်ငယ်သော လေးနှစ်ကျော်ငါးနှစ်ဝန်းကျင်ကလေးက “မေမေ လေးဖြူတို့၊မျိုးကြီးတို့ နေ့ရော ကျောင်းပိတ်မှာလားဟင်…”တိန်..တိန်..

  • etone

    July 16, 2011 at 10:34 am

    ဟိုလူဂျီးတွေ ချိတ်ထမိန်ကြီး ဝတ်တာ … အခုမှပဲ တိဒေါ့ဒယ် … ။
    ဗိုလ်ချုပ်ကို အားကျလို့ ဂိုး 😛 😛 😛

    • pan pan

      July 18, 2011 at 2:10 pm

      မetoneရေ….
      လမ်းကြုံရင်ပြောလိုက်ပါဦး
      အားကျတာတော့ကျပေ့ါ၊ မတူရင် မတုပါနဲ့လို့
      😛 😀

  • good

    July 16, 2011 at 4:02 pm

    http://www.mmsongs.sagarwarmyae.info/?p=277

    ဖော်ပြပါ ဆိုက် တွင် မေလမြိုင်၏ အလေးပြုပါသည် အာဇာနည် နေ့ သီချင်းအပါ အဝင် အခြား ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ် သက်သော သီချင်းများ down load ယူလို က ယူနိုင် ပါသည်။

  • Mee2

    July 17, 2011 at 11:34 am

    ဘဘ ဗိုလ်ချုပ်တို ့ကို အမြဲဂါရဝ ပြ ုလျှက်ပါ။တိုင်းပြည် ဇောက်ထိုးမိုးမျှော် ဖြစ်နေတာကို ရောက်ရာ ဘုံဘဝ က လှည့်တောင်မကြည့်ကြပါနဲ ့ ဘဘတို ့ရေ

Leave a Reply