နယ်ထိမ်းခေါင်းဆောင်နှင့်စခန်းမှုး ပင်လယ်အတွင်းဓပြတိုက်လုယက်မှု

Sayar Gyi JitJuly 15, 20111min14724

နယ်ထိမ်းခေါင်းဆောင်ဆိုသည်မှာ သံတွဲမြို့မှဖြစ်ပြီး စခန်းမှုးဆိုသူမှာ ကင်းမော်ရွာမှ စခန်းမှုး ဖြစ်ပါသည်၊
လွန်ခဲ့သော ၁ဝ ရက်ခန့်က နယ်ထိမ်းခေါင်းဆောင်အပါဝင် ရဲဘော် နှစ်ယောက်နှင့် ကင်းမော်စခန်းမှုး တို့သည်
ဆင်ခေါင်းကျေးရွာအနီးပင်လယ်ပြင်တွင် တံငါသည်လှေ တစ်စီး ပေါ်ရှိ တံငါသည်  ၃ ယောက်အား အနိုင်ကျင့်
ရိုက်နှက်သော လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ပါသည်၊

ဖြစ်ပုံမှာ ၎င်းနယ်ထိမ်းခေါင်းဆောင် ဒုရဲအုပ် နှင့် စခန်းမှုး အုပ်စု တို့သည် ကင်းမော်ရွာ မှ စက်လှေ နှစ်စီးအား
ချောဆွဲ၍ ပင်လယ်ပြင်သို့ သားကောင်ရှာရန်အလို့ငှာ ခရီးထွက်ခဲ့ကြကြောင်း သိရှိရပါသည်၊

၎င်းနောက် ထပ်မံသိရှိရသည်မှာ ပင်လယ်အတွင်းရှိလှေတစ်စင်းအား တာဝန်ရှိဟန်ဖြင့် တက်ရောက်ကာ
လှေ ပေါ်တွင် ရှိ ရေလုပ်သား ၃ ဦးအား မင်းမဲ့စရိုက်ဆန်စွာဖြင့် အနိုင်ကျင့်ရိုက်နှက် ချိန်းခြောက်ကာ ငွေညှစ်
ခဲ့ကြကြောင်း သိရှိရပါသည်၊

အခင်းဖြစ်ပွားစဉ် ၎င်းတို့ အဖွဲ့ သည် ယူနီဖေါင်းဖြင့်မဟုတ်ပဲ အရပ်ဝတ် ဖြင့် လုယက်မှုကျူးလွန်ကြောင်းလည်း
သိရှိခဲ့ရပါသည်၊ ရေလုပ်သား ၃ ဦးအနက် တစ်ဦးမှာ မျက်နှာ နှင့် ကျောဘက်လက်ပြင်နေရတို့တွင် ပြင်းထန်စွာ
ဒဏ်ရာများ ရရှိခဲ့ပြီး နောက်တစ်ဦးမှာ စီးလာသောဖိနပ်ဖြင့် အရိုက်ခံရ၍ မျက်နှာနှင့် နားထင်တို့တွင်သွေးခြင်း
နီရဲကာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်၊ရေလုပ်သားများကို ကိုယ်ထိလက်ရောက် ရိုက်နှက်သူများမှာ
သံတွဲမြို့မှ နယ်ထိမ်းခေါင်းဆောင် နှင့် နယ်ထိမ်းအဖွဲ့ဝင်ရဲဘော် ၂ ယောက်မှရိုက်နှက်ခြင်းဖြစ်ကြောင်းသိရပါ
သည်၊ ကင်းမော်စခန်းမှုး မှာ ရိုက်နှက်ခြင်း မပြုလုပ်ခဲ့ကြောင်းလည်းကြားသိရပါသည်၊ ရိုက်နှက်ခံရသော
ရေလုပ်သားများမှာ သဗြုချိုင်ကျေးရွာမှ တံငါသည်များဖြစ်ကြောင်းသိရှိရပါသည်၊

ရိုးအသော ကျေးရွာသား တံငါသည်ရေလုပ်သား များဖြစ်သဖြင့် ၎င်း အမှုအား တိုင်တန်းရန် အခက်အခဲရှိနေ
ပါသောကြောင့် ယ္ခု  သတင်းကို  လူအများသိရှိစေရန် ရေးလိုက်ရခြင်းဖြစ်ပါသည်၊

24 comments

  • winkyawaung

    July 15, 2011 at 7:37 am

    ပြည်သူတွေဆီက အကုန်ယူပါရစေခင်ဗျ…။ အခြား နှစ်လုံး၊ သုံးလုံးကလည်း ဆက်ကြေး က မရတော့ဘူးလေ.။

  • mzm

    July 15, 2011 at 11:42 am

    အင်းမိဘတွေကလဲ သူခိုး ဓါးမြတွေကိုမှမွေးထုတ်ထားတာကိုးဗျ
    ဒီလို သူခိုး ဓါးမြတွေကလဲ ခေါင်းဆောင်တက်ဖြစ်ဆိုတော့ အနာဂတ်အတွက် ရင်လေးစရာပဲ

  • pannu

    July 15, 2011 at 1:13 pm

    ဟုတ်ပါတယ် ဟိုးအရင်ကတော့ ၁ လုံး ၂ လုံး ၃ လုံး ဒိုင်ကြီးတွေ ဆီကရတဲ့ဆက်ကြေးတွေနဲ့ မိုးမမြင်
    လေမမြင် ဖြစ်နေကြတာ ၊ ဒါပေမဲ့ ကျန်သေးတယ်ဗျ ၊ သစ်လုပ်ငန်း ရယ် နွား လုပ်ငန်းရယ်ကျန်ပါသေး
    တယ်၊ ပီးတော့ ပြည်သူတွေကို ကူညီပါရစေတဲ့၊ ကူညီ ကြတော့မှာပါ ၊
    အော် ပြောရဦးမယ်၊ နွားလှေတစ်ခါထွက်ရင် မြို့ပေါ်အဖွဲ့ပေါင်းစုံ အတွက် သိန်း ၅ဝ ခန့်ဆက်ကြေးပေး
    ရတယ် ဆိုပဲ ၊ စုံစမ်းပီး ဘယ်သူ့ကို ဘယ်လောက် ပေးရ ကမ်းရ လှုရတယ်ဆိုတာ တင်ပြပေးပါ ဦးမယ်၊

  • pannu

    July 15, 2011 at 1:21 pm

    သတင်းဦးချင်လို့ အလျင်စလို တင်လိုက်တာပါ၊ ခုစုံစမ်းသိရှိရတာကတော့ နယ်ထိမ်းခေါင်းဆောင်ဆိုသူက
    ဒုရဲအုပ်ဆန်းဝင်းအောင်၊ ရဲဘော်တစ်ယောက်နာမည်က ရဲဦး ၊ စခန်းမှုးကတော့ ဒုရဲအုပ်ထွန်းစိန် တို့ဖြစ်
    ကြောင်း တိကျကျ သိရပီဖြစ်ပါတယ်..၊။နောက်ထပ်ရဲဘော်တစ်ယောက်နာမည်တော့ မသိရသေးဘူးဗျ.။

  • Yan Shin

    July 15, 2011 at 2:45 pm

    ကောင်းပါလေ့။
    တတ်နိုင်တဲ့ ဘက်က ဖေါ်ထုတ်ကြတာပေါ့။
    ကြားသူ တတ်နိုင်သူတွေက ဆက်လုပ်ပေးဖြစ်သွားရင်
    ကောင်းပါ၏။

  • aungnng87

    July 15, 2011 at 3:27 pm

    ကဲနေပြည်တော်ကဝန်ကြီးများ။မန္တလေးဂေဇက်သတင်းကိုလည်းကြည့်ကြဦးနော်။ဒါမှသတင်းလေးဘာလေး၇
    မှာ။

    • ကောင်းမြတ်သူ

      July 15, 2011 at 6:51 pm

      မကြည့်အားသေးဘူးဘော်ဒါရေ————-
      အောက်ကငါတို့လူတွေ လာဘ်တိတ်လို့ ငါတို့လည်း လာဘ်ပိတ်နေပြီ————

  • cobra

    July 15, 2011 at 6:16 pm

    ဘယ်လိုလုပ်ကြမလဲ…
    ကူညီပါရစေတဲ့
    မကူညီတဲ့အပြင်လုယက်မှုတောင်လုပ်နေသေးတယ်။

  • redbull

    July 16, 2011 at 1:55 am

    ပြောသံကြားရတာကတော့..လုပ်ငန်းတွေ.( သောက်စားမူးရစ်ပျော်ပါး) ရပ်ဆိုင်းကုန်ပြီတဲ့..
    ခုတော့ တဲ့လေ..ခွေး ၂ ကောင်ကိုုက်ရင်တောင် လိုင်းကြေး ဆက်ကြေး တောင်းရတော့မယ် တဲ့…
    ဧဓါးမြ မှုကြီးတွေ လာတော့မှာ..သိပ်မကြာတော့တဲ့ အချိန်လေးအတွင်းမှာပေါ့..
    ဒီကောင်တွေ လုယက်မှုတွေ ပိုပို များလာတော့မှာ… ကြည့်သာရှောင်ကြပါတော့ဗျာ…၊

  • etone

    July 16, 2011 at 10:27 am

    စခန်းမှူးနဲ့ … နယ်ထိန်းမှန်း မှတ်မိတဲ့လူ အရိုက်ခံရတဲ့ လူထဲပါလာတာ ဆန်းတယ် … ။
    ကျွန်မတို့ဖြင့် ကိုယ့်မြို့နယ် စခန်းမှူးနဲ့ … နယ်ထိန်းကို တစ်သက်နဲ့ တကိုယ်… တစ်ခါမှ မမြင်ဖူးဘူး 🙄 😛

    • pannu

      July 17, 2011 at 3:45 pm

      မမ etone ရေ ဒီလိုဗျ ၊
      ဒီကလုပ်ငန်းရှင်တွေ အားလုံးက သူတို့ကို မင်းသားလေးတစ်ပါးလို သိကြပါတယ် ၊
      ဘာလို့လဲဆိုတော့ ခဏခဏ လိုင်းကြေးလိုမျိုး ခရီးစရိတ်လိုမျိုး ဆက်ကြေးလိုမျိုး လာတောင်း
      နေကြတော့ မသိပဲနေပါ့မလားဗျာ ၊
      အောက်ခြေ ကအလုပ်သမားတွေ ရေလုပ်သားတွေ ဟာတောသူတောင်သားတွေမို့
      သူတို့ကိုမြင်တာနဲ့ အလိုလို လန့်နေကြတာ၊
      ပြုသမျှ နုကြတော့တာပါပဲ ၊
      ကောင်းရောင်းကောင်းဝယ် ဝမ်းစာရှာစားနေကြပေမဲ့ ဒီကောင်တွေက လှေတစ်စီးကို ဘယ်
      လောက်ဆိုပီး ဆက်ကြေး လစဉ်တောင်းတယ်လေဗျာ ၊
      ဒီတော့ မမြင်ချင်အဆုံး.မသိချင်အဆုံးပေါ့ ၊

      • etone

        July 18, 2011 at 4:17 pm

        ဂလိုကိုး …
        ဒါဆိုလည်း … ဝိုင်းဖဲ့လိုက်ရမှာ … ။ (ပါသွားတဲ့ ဘိန်းမု့န်ကို ပြောတာပါ .. 😛 )

        ပန်းဦးလား ၊ ပန်းနုလား မသိဘူးနော် …. နာမည်က မိန်းမနာမည် … ကျနော်ဆိုလို့ … မန္တလေးသူလားပဲ … ။

  • ogre

    July 16, 2011 at 2:43 pm

    မြန်မာ ..ပင်လယ်ဓမြ တွေတောင်
    ပေါ်နေပြီလား

    • pan pan

      July 18, 2011 at 2:06 pm

      နောက်ဆိုရင် ဆိုမာလီမှာအလုပ်ခေါ်ဖို့ရှိတယ်တဲ့

    • Foreign Resident

      July 16, 2011 at 3:42 pm

      Dear Wind Talker,
      What is it ( Is from is air ginger ! ) ??? 🙂

  • Mee2

    July 17, 2011 at 11:08 am

    Oh! လာပြန်ပါပီ. ဘယ်တော့မှ အေးမှာလဲ။အရင်တော့ နအဖ လက်ထက်က လိုင်စင်မဲ့ ဓားပြပေါ့ ခုတော့ လိုင်စင်ရှိ ဓားပြဖြစ်နေတော့. ဘယ်သူ ကယ်လို ့ရပါတော့နိုင် ပေါ့ရှင်။. ကျားကျောက်ပါတယ် ဆို မှ ဦးသျှင်ကြီးက ပိုဆိုးနေတယ် နော် ဟွန် ့

  • zippo

    July 17, 2011 at 4:51 pm

    ပုပ်ရင်ပေါ် ဟုတ်ရင်ကျော်တဲ့ဂျ….၊
    မသိအသာနေ ငပိငံပြာရည် …ဖောမရွှီးနဲ့…တစ်ဆယ်လိုသလား …အပါယ်ကိုမသွားနဲ့…
    တကယ်ပါဂျ…၊
    တွေးကြည့်နေနဲ့ ပြေးကြည့်လေတော့ အဖြစ်မှန် … ဧကန်မလွဲ ဋ္ဌိဋ္ဌ ပဲ…၊
    အမရေးဂျ….
    အနီရောင်လေးတွေ ညင်ရချည်တေးရဲ့…..ခစ်ခစ်…
    တားတားကြောက်ကြောက်…

    • nyimalay

      July 18, 2011 at 4:22 pm

      ဟုတ်မဟုတ်တော့မသိဘူး………… ရဲဆိုရင် မုန်းလွန်းလို့ ရဲစခန်းရှေ့ကတောင်မဖြတ်ဘူး………. စစ်နဲ့ ရဲနဲ့ဆိုရင် ရဲကိုပိုမုန်းတယ် အလကား နေရင်း သူများပစ္စည်းဥစ္စာကိုပဲလိုချင်မျက်စိရှိနေတာ………… စစ်ဆိုတာက ရာထူး တော်တော်ကြီးမှ စားရတာ ရဲဆိုတာက အရစ်မပါရင်တောင် တောင်းနေကြတာ …………….. ပြီးတော့လည်း ငမူးတွေ…………….

  • Mee2

    July 19, 2011 at 9:56 pm

    ငါ့ညီမလေး ကတော်သားနော်။အားလုံးသူ တွေရဲ ့အမြင်မှာအဲလို ဖြစ်နေတော့ ပြ ုပြင်ကြပါတော့ရှင်။နောင်ဘဝ ကူး လှချင်ကြတယ် ဟုတ်

  • pyinlepyaw

    July 20, 2011 at 12:20 am

    ရိုက်နှက်နှိပ်စက်ခံရသူများကို အမှန်တကယ်တွေ့ရှိခဲ့ပါသည်၊ သဗြုချိုင်ဟုခေါ်သော ရွာငယ်လေးတစ်ရွာမှ
    ဖြစ်ပါသည်၊ သူတို့မှာ အစ္စလာမ် ဘာသာဝင်များဖြစ်ပါသည်၊ စိတ်မကောင်းလဲဖြစ်ရပါသည်၊
    သူတို့ခင်မျာ မှာ အမှုပြန် မဖွင့်နိုင်လောက်အောင် ကြောက်ရွံ့နေကြကြောင်းတွေ့ရှိခဲ့ရပါသည်၊
    အနီအနားမှ မိတ်ဆွေများကို မေးကြည့်ခဲ့ရာ မခံနိုင်လောက်အောင် ရိုက်နှက်နှိပ်စက်ပြီးနောက် ငွေ
    နှစ်သိန်း အတင်းတောင်းယူသွားကြောင်းလည်း ဝမ်းနည်းစွာ သိရှိခဲ့ရပါသည်၊
    လွန်စွာ ဆိုးမိုုက်သော လူယုတ်မာများဖြစ်သည်ဟု ယူဆရပေတော့မည်ဖြစ်ပေသည် ၊
    ပင်လယ်ဓမြ စစ်စစ်ဖြစ်ကြောင်း သံသရဖြစ်စရာ မရှိတော့ပါချေ ။။

  • i love this

    July 20, 2011 at 1:38 am

    အစွမ်းကုန် ကူညီလိုက်ကြတာများလားဗျာ….
    အမလေးဗျ… ခင်ဗျားတို့ရဲ့ အကူအညီ ဆိုတာကြီးကို သိရပါပြီ….
    တော်ပါပြီ..တန်ပါပြီ…ဆားနဲ့ပဲ စားပါတော့မယ်…။

  • pyinlepyaw

    August 1, 2011 at 1:26 am

    အကိုလေးရေ ဆားနဲ့စားလို့လဲ မလွယ်ဘူးဗျ….
    ဆားကိုဘယ်ကခိုးလဲ လာစစ်ပီး ဖမ်းခေါ်ချင်ခေါ်သွားမှာနော်… ဟိဟိ…
    ကြောက်ပါရဲ့…

Leave a Reply