မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်မည့် မြို့ပြမြေပုံတိုင်းစနစ်ပါ မော်တော်ကားများတင်သွင်းရန်စီစဉ်

klnMay 6, 20101min681

မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်မည့် မြို့ပြမြေပုံတိုင်းစနစ်ပါ မော်တော်ကားများကို ၂၀၁၁ခုနှစ်အတွင်းတင်သွင်းရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း Myanmar Credent Technology ကုမ္ပဏီမှ ၂၇-၄-၂၀၁ဝရက် တွင်သိရသည်။ အဆိုပါ မော်တော်ကားများတွင် မြို့ပြ၏ တည်ရှိပုံ အနေအထားကို တိုင်းတာပြီး မြေပုံပေါ်တွင် အသေးစိတ်မှတ်တမ်းတင်နိုင်မည့်ရွေ့လျားမြေပုံတိုင်းစနစ်( Mobile Mapping System) ပါဝင်မည်ဖြစ်၍ ကားသွားရာလမ်းတစ်လျှောက်မြေပုံများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ကားသွားရင်တစ်မီတာ( ၃ဒသမ ၃ပေ) နဲ့ တစ်မီတာအကွာအဝေးမှာတွေ့နိုင်တဲ့ သစ်ပင်တွေ၊ မြင်ကွင်းတွေကို မြေပုံထုတ်နိုင်တဲ့ကိရိယာပါဝင်မယ့် လုပ်ငန်းသုံးမော်တော်ယာဉ်တွေဖြစ်ပါတယ်“ ဟု Myanmar Credent Technology မှ Sales Manger ဦးမောင်မောင်ဝင်းက ပြောပြသည်။ ၎င်းမော်တော်ကားများကို လုပ်ငန်းသုံးမော်တော်ကားများအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပြီးမော်တော်ယာဉ် တင်သွင်းရန်အတွက် ကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ကာ မော်တော်ကားတန်ဖိုးကို အတည်ပြုပြောကြား၍ မရသေးကြောင်းသိရသည်။ ရွေ့လျားမြေပုံတိုင်းစနစ် ( Mobile Mapping System ) ပါဝင်သည့် ၎င်းမော်တော်ယာဉ်များကို ဂျပန်နိုင်ငံက ထုတ်လုပ်ထားပြီး ဆူဇူကီးကဲ့သို့ အရွယ် အစားဖြစ်ကြောင်း ၊ မော်တော်ယာဉ်အတွင်း အာရုံခံကိရိယာများ၊ ကင်မရာများ၊ မြေပုံအမှတ်အသားချထားပေးမည့်ကိရိယာများကဲ့သို့သော ပထဝီအနေအထား သတင်းအချက်အလက်များကို လေ့လာနိုင်၊ စူးစမ်းနိုင်မည့်ကိရိယာများတစ်ပါတည်းတပ်ဆင်ထားကြောင်း သိရသည်။ ပုံမှန်ထက်သာလွန်သည့် ကား၏ အရှိန်နှုန်း၊ ဘေးတစ်ဖက်တစ်ချက်စီကို ထိန်းညှိပေးထားသည့် စနစ်၊ လက်ရှိ မြန်နှုန်းပြ ကိရိယာထက်ပိုမို၍ လုပ်ဆောင်ချက်ကောင်းမွန်သည့် ကိရိယာများလည်း ပါဝင်မည်ဖြစ်ကာ မြေတိုင်းပုံထုတ်လုပ်ငန်းကြီးများအတွက်တွင်ကျယ်စွာအသုံးပြုလာနိုင်မည်ဖြစ်ကြေင်း သိရသည်။ မြို့ပြတည်ဆောက်ပုံဖော်နိုင်ရန်အတွက် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ မြို့ကြီးများ၏ အသေးစိတ်အချက်အလက်ကိုမှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

One comment

  • susunosuki

    May 6, 2010 at 6:34 am

    ခုလိုမျိုးတိုးတက်တာကောင်းပါတယ်
    ခုလိုနည်းပညာကိုသုံးပြီး ပြည်သူကိုဒုက္ခပေးမယ့် အကြမ်းဖက်သမားကိုလဲ သတိထားရမယ်

Leave a Reply