မြန်မာ polygamy တဲ့ ။ သတို့သားတစ်ယောက်နှင့်သတို့​သမီးနှစ်ယောက်

shwe niJuly 15, 20111min45732

၁၉၈၉ လောက်က စစ်ကိုင်းကိုအလည်ရောက်တော့ ဦးလေးရဲ့ ရုံးက ဦးလေးကြီးတယောက်က မိန်းမ(၂) ယောက်ရှိတယ် ညီအမ အရင်း(၂) ယောက် ဆိုတော့ သိတ်ပြီးထူးထူးဆန်းဆန်းဖြစ်ခဲ့တာ ခုတော့ ပိုပြီး ထူးဆန်းတဲ့ သတင်းက  ၂၀၁ဝ တုန်းက ချောင်းဆုံရွာမှာ သတို့သားတစ်ယောက်နှင့်သတို့​သမီးနှစ်ယောက်တို့ တပြိုင်နက်မင်္ဂလာဆောင်ခြင်းတဲ့။ သူငယ်ချင်းတယောက် mail ပို့ပေးထားတာပါ ။

ပိုုပေးတဲ့ သူကတော့ ဓာတ်ပုံများကိုပါပေးထားပါတယ် .့ ဓာတ်ပုံများကိုတော့ပေးထားတဲ့  facebook  link မှာပဲဝင်ကြည့်လိုက်ကြပါနော် ။ .https://www.facebook.com/media/set/?set=a.132315116852340.34904.100002215565083

ဘာဆုတွေတောင်းမိခဲ့ ကြလည်းမသိဘူးနော်။ ဒါကြောင့် လူကြီးသူမတွေက မတောင်းကောင်းတဲ့ဆုတွေမတောင်းပါနဲ့လို့ ပြောကြတာ ။

 

Admin မှပုံလင့်ခ်ထည့်ပေးထားပါသည်။

32 comments

  • chitpyae

    July 15, 2011 at 12:02 pm

    အင်း ….. ဒါလည်း သူ့ကုသိုလ်နဲ့ သူလာတာပဲလား မသိပါဘူး ကွယ် ….. 🙂
    မိန်းကလေးရှင်တွေကလည်း ကြည်ဖြူလို့ပေါ့ … ။ တစ်ခု တော့ မေးချင်တယ် … သတို့သားက သတို့သမီး ၂ယောက်လုံးကို ချစ်တာပဲလားလို့ …..

  • shwe ni

    July 15, 2011 at 12:08 pm

    အောက်ကစာသားတွေက facebook link ကပါ ချစ်တယ်လို့ရေးထားပေမဲ့ ဘယ်သူသိနိုင်ပါမလဲ နော့။

    ထူးထူးခြားခြားမင်္ဂလာပွဲလေး

    2010ခုနှစ် ကောလင်းသို့ခရီးသွားခဲ့ရာမှ​စတင်ခဲ့ပါသည်။ ကျွန်တော်သည် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည်။​ ရွှေဘိုမြို့နယ်တင်ရိုက်ကူးေ​ရးကိုအထူးလုပ်ကိုင်ပါသည်။ သို့ပေမယ့် ခင်ရာမင်ရာများကိုလည်းဘယ်လေ​ာက်ဝေးဝေးလိုက်ရိုက်ပေးပါသည​်။ ဝါသနာအလွန်ကြီးခဲ့သည်။ ကျွန်တော်နှင့်အလွန်ဝါသနာတူ​သောသူငယ်ချင်းတစ်ယောက်လည်းရ​ှိပါသည်။ သူနှင့်အတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ရှိုလယ်ရွာ(အ​လယ်ရှို)ရွာတွင် ဓာတ်ပုံရိုက်ရန်အကြောင်းရှိ​လာရာ သွားရောက်ရိုက်ကူးခဲ့ကြပါသည​်။ သွားရောက်ရိုက်ကူးသောပွဲမှာ​ရွှေဘိုမြို့မှဘော်ဒါကျောင်း​ဆရာတစ်ဦး၏မင်္ဂလာဆောင်ဖြစ်ပါ​သည်။ ဓာတ်ပုုံရိုက်ပြီးသောနေ့တွင​် ထိုရွာမှအပြန် ကားလမ်းမကြီးဘေးအရောက် အမှတ်တမဲ့ကြည့်မရာ ကန့်ဘလူမြို့နယ်မှ ကြိုဆိုပါ၏ဆိုသောဆိုင်းဘုတ်​ကိုတွေ့ရပါတော့သည်။ ရွှေဘိုမြို့နယ်ပြီးအထက်ကိုတ​က်လျှင် ခင်ဦးမြို့နယ်ကိုရောက်ပါသည​်။ ထိုမှဆက်တက်ပါက ကန့်ဘလူခရိုင်ကိုရောက်သည်။ ကန့်ဘလူခရိုင်ပြီးပါက ကောလင်းမြို့နယ်သို့ရောက်သည​်။ ကောလင်းတွင်သူငယ်ချင်းများရ​ှိရာ မရောက်တာကြာပြီဖြစ်သောသူငယ်​ချင်းနှစ်ယောက်သားမှာကောလင်​းသို့သွားရကောင်းနိုးနိုးနှ​င့်ချီတုန်းချုတုန်းဖြစ်နေစ​ဉ် တစ်ယောက်ကိုတစ်ယောက် ငွေကြေးမည်မျှပါကြောင်းပြော​ကာ ခရီးစရိတ်လုံလောက်သောကြောင်​့သွားရန်စီစဉ်ပြီးကောလင်းသိ​ု့ခရီးထွက်ခဲ့ကြပါသည်။ ကောလင်းတွင်သူငယ်ချင်းများေ​ပြာပြချက်အရထူးထူးခြားခြားမ​င်္ဂလာပွဲရှိကြောင်း ဝန်းသိုနယ်ထဲမှာပဲဖြစ်ကြောင​်းသိရပါသည်။ထို့ကြောင့်ဝန်သ​ိုသို့သွားရန်ထက်စိုင်ပြင်ရ​ပြန်ပါသည်။ ချောင်းဆုံရွာတွင် သတို့သားတစ်ယောက်နှင့်သတို့​သမီးနှစ်ယောက်တို့ တပြိုင်နက်မင်္ဂလာဆောင်ခြင်းြ​ဖစ်ကြောင်းသိရသောအခါအလွန်အင​်မတန်မှစိတ်ဝင်စားခဲ့ပါတော့​သည်။ အမှတ်တရဓာတ်ပုံများကိုဓာတ်ပ​ုံဆရာများကရိုက်ကူးပေးသည်မှ​ာကြည်နူးစရာလဲအလွန်ကောင်းသည​်။(ထိုအခါက တိုင်းမှုးသည်လည်းကောလင်းနယ်​ဘက်သို့ရောက်နေရာအလွန်တရာမလ​ူပြောများနေသောမင်္ဂလာပွဲသို့​လာရောက်ကြည့်ရူ့ခဲ့သည်ဟုသိရ​ပါသည်။ကျွန်တော်တော့မတွေ့လိ​ုက်ရပါ။)ချိန့်ချိန်သဲမျှကျ​င်းပသောမင်္ဂလာပွဲကိုအလွန်တရာ​စိတ်ဝင်စားမှုရှိရာမှာရွာခံတ​စ်ယောက်ကိုမေးကြည့်ရာ သတို့သမီးတစ်ဦးမှာ ရွာခံဖြစ်ပြီး ကျန်တစ်ဦးမှာရွှေတော(ဖတ်ရှည​်)မှဖြစ်ကြောင်းသိရသည်။အကြေ​ာင်းစုံကိုသိရန်မေးမြန်းခဲ့​ပါသည်။

    2008ခုနှစ်တွင် ရွာခံသတို့သမီးမနှင်းဆွေနှင​့် မောင်မင်းမင်းစို့တို့ချစ်ခ​င်စုံမက်ရာ လူကြီးမိဘများကိုအသိပေးခြဲ့​ကလေသည်။သတို့သားဘက်မှအလွန်ခ​ျို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်း​ရန်းလက်ထပ်မပေးနိုင်ပေ။ထို့​ကြောင့် မောင်မင်းမင်းစိုးမှာ ချစ်သူနှင့်ပေါင်းဖက်နိုင်ရ​န်အလိုငှာ ရွှေတော ခေါ် ဖတ်ရှည်သိုကအရင်းအနှီးရှာရန​် ချစ်သူကိုဇာတိကျေးရွာတွင်ထာ​းခဲ့ကာ ခရီးထွက်လေတော့သည်။ လုပ်ရင်းကိုင်ရင်းမှ နည်းနည်းပါးပါးအဆင်ပြေသောအခ​ါတွင်မောင်မင်းမင်းစိုးသည်တ​စ်ရွာတစ်ယောက်ဆိုသလို့ ရင်းနှီးသော ဖတ်ရှည်မှ မပိုပိုနှင့်ရည်းစားဖြစ်ပါေ​တာ့သည်။မပိုပိုကိုလည်းချစ်သ​ည်။ဇာတိတွင်ကျန်ခဲ့သောမနှင်​းဆွေကိုလည်းချစ်သည်။ အလွန်ခက်ခဲသောပြသနာကိုမောင်​မင်းမင်းစိုစတင်ရင်ဆိုင်ရတေ​ာ့သည်။ အမျိုးသမီးနှစ်ဦးကလည်းအလှေ​ျာ့မပေး တင်းမားနေကြရာမည်သူကမှအဆုံး​အရှုံးမခံနိုင်ကြချေ။ မောင်မင်းမင်းစိုးကိုနှစ်ဦ​းနှစ်ယောက်လုံးကရယူလိုကြလေေ​တာ့သည်။ထိုအခါ အမျိုးသမီးနှစ်ဦးကအပြိုင်အ​ဆိုင်ပြိုင်ကြရာမှ ထိုမင်္ဂလာပွဲစတင်ဖြစ်ပေါ်လာပါ​တော့သည်။မိဘဆွေမျိုးများကဘယ​်လိုပင်တားတား အလျှော့မပေးကြပေ။ငယ်ရွယ်ကြေ​သာ်လည်း မာနကိုယ်စီနှင့်ပြိုင်ကြရာသ​ုံးယောက်သားတစ်ရက်တည်းမင်္ဂလာ​ဆောင်သည်အထိဖြစ်ပေါ်လာပါတော့​သည်ခင်ဗျာ အမှားပါရင်လည်းခွင့်လွှတ်ကြပ​ါဗျာ ကျွန်တော်လည်းတွေ့ဖူးတာလေးမ​ို့တင်လိုက်ရတာပါ။
    (မှတ်ချက်။ ။ကျွန်ုပ်သိသမျှဖြစ်ပါသည်။ဓ​ာတ်ပုံများမှာလည်းမူရင်းအတု​ိင်းဖြစ်ပါသည်။)

    Original link : https://www.facebook.com/media/set/?set=a.132315116852340.34904.100002215565083

  • Niko

    July 15, 2011 at 12:23 pm

    the reincarnation of King “Thi-Paw”

  • naywoonni

    July 15, 2011 at 12:23 pm

    ထူးဆန်းပါပေ့ ကတွတ်ပီရယ်…။လိုသာ အော်လိုက်ချင်တော့တယ်…။ ဘာဆုတွေတောင်းခဲ့ ကြပါလိမ့်

  • hmee

    July 15, 2011 at 12:45 pm

    အမလေး ဘယ့်နှယ့် ဟာတွေတုန်း။

  • shwe ni

    July 15, 2011 at 12:51 pm

    ဓာတ်ပုံထဲ့ပေးတာ ကျေးှဇူးပါ Admin ။

    ညီအမ အရင်း(၂) ယောက်ယူထားတဲ့ စစ်ကိုင်းက ဦးလေးကြီး က တပြိုင်နက်ယူတာ မဟုတ်ဘူး . အမကြီးနဲ့ အရင် ရတာ ကလေး(၂)ယောက်ရပြီးတော့ အမကြီးက အရမ်းနေမကောင်းဖြစ်ပြီး ဆရာဝန်တွေလက်လျှော့ရတော့ ယောက်ခမတွေ နဲ့ အမကြီးကိုတိုင် က လိုလိုချင်ချင်ပေးစားလိုက်တာ . ပေးစားပြီးတော့မှ အမကြီးက နေပြန်ကောင်းလာတော့ ညီအမ(၂) ယောက် တအိမ်ထဲဖြစ်သွားတာ ။

  • windtalker

    July 15, 2011 at 1:07 pm

    အင်း ပြီးပြည့်စုံတဲ့ ပို ့စ်လေး ပါ ပဲ shwe ni ရေ ။ ဒါပေမယ့် အားလုံးမေ့နေကြတဲ့ အရာတစ်ခု ကို ပြောရရင်
    ဒီကိစ္စမျိုး ဟာ အမြဲ ဖြစ်နေ ၊ ရှိနေ တာပါပဲ ။ ဘယ်ခေတ် ဘယ်အချိန် ဘယ်နေရာ မဆို ဖြစ်တတ်တဲ့ သဘော ပါ ။ ဒါကို လူတွေ မေ့နေကြတာပါပဲ ။ အဓိက က တော့ ပိုက်ဆံ ကြောင့် လို ့ပဲ ပြောရမှာပါပဲ ။
    “ ငွေရှိရင် ဘာလုပ်လုပ် တ့င်တယ် တယ် ” မလား ။
    အခုဟာ က ၂ ယောက် ပဲ ရှိသေးတာပါ ။ သေချာ လိုက်ကြည့်ရင် ခင်ဗျားတို ့ကျုပ်တို ့ပတ်ဝန်းကျင် မှာ ၂ ယောက် ထက် မက ယူထားတဲ့သူတွေ တစ်ပုံကြီး ဆိုတာ တွေ ့လာရမှာပါ ။
    ကျုပ် တို ့မန်းတလေး က ဈေးချိုတော်ကြီး တွင်းမှာ စီးပွားရှာသူ တစ်ဦးဆိုရင် မိန်းမ ၁ရ ယောက် တရားဝင် ယူထားပါတယ် ။ သားသမီး ၃ဝ ကျော် ရှိတယ် လို ့သိရပါတယ် ။ သားသမီး တွေ ကို အကုန် မမှတ်မိပါဘူးတဲ့ ။ လမ်းမှာ တွေ ့ရင် ။ ဒါပေမယ့် သူ ့မိန်းမ ၁ရ ယောက် လုံး ကို တိုက် တစ်လုံးစီ နဲ ့ ပြည့်ပြည့်စုံစုံ ထားပါသတဲ့ ။ မန်းတလေးသား မန်းတလေး သူ တွေ သိကြမှာပါ ။ အနည်းဆုံးတော့ ကြားဖူးကြပါမှာပါ ။

  • hmee

    July 15, 2011 at 1:27 pm

    မောင်ပေရေ တယောက်ပြီးတယောက် ယူတာက သိပ်မထူးဆန်းဘူး။ အခုဟာက တခါတည်း နှစ်ယောက်လုံးဆောင်လို့ ထူးဆန်းတာ။ shwe ni ရေ အဲဒီလို အဖြစ်မျိုး ဆရာဖေမြင့် ထင်တယ် ဘာသာပြန်ရေးထားတာ။ သေမယ်ထင်လို့(ရောဂါသည်းနေလို့) ယောက်ကျား စိတ်မချလို့ သူကိုယ်တိုင် စိတ်ကြိုက်ရှာပေးစားတာ။ သေမယ်ထင်သူက မသေပဲ ပြသနာတွေ ဖြစ်ပြီး နောက်မိန်းမက သေသွားရော လင်မယားခြင်းတောင် စိတ်မလုံဘူး ဖြစ်ပြီး အလယ်မှာ တခုတခု ခြားသလို ခံစားရကြောင်း စာရေးသူက ပြောပြထားတာ။။ ကိုယ်သေပြီးမှ ဘာဖြစ်ဖြစ် မြင်ရတာမဟုတ်ဘူး။ အစိုးမရတဲ့ ကိစ္စကို ကိုယ်ထင်သလို သွားလုပ်တော့ ကိုယ်ကျိုးနဲတာပေါ့။

    • shwe ni

      July 15, 2011 at 1:38 pm

      ဟုတ်တယ် မှီရေ . ထူးဆန်းတယ် . အဲတာကြောင့် အနမတက သံသရာ မတော်ဘူးသည် မြီသည်မရှိ လို့ ဘုရားဟော တာနော ။

  • shwe ni

    July 15, 2011 at 1:32 pm

    မေ့နေတာတော့ မဟုတ်ပါဘူး ကိုတော်ကာ ။ တပြိုင်နက်ထဲဆောင်တာကိုပြောချငိတာပါ ။
    တပြိုင်နက်ထဲဆောင်တာကတော့ ဒီဟာက ကျမရဲ့ အသက် မှာ ပထမဆုံးအကြိမ် ကြားဖူးတာပါ ။

    ပိုက်ဆံရှိလို့ သူကြွေးနိုင်လို့ယူတာ (၂)ဦး (၂) ဖက် ကျေနပ်လို့ယူတာ သူ့တို့ သဘောပေါ့။ အဲ ၁ရ ယောက်ကတော့ တပြိုင်နက်ထဲဆောင်တာတော့ မဟုတ်ဘူးထင်ပါတယ် ။ ကျမတော့ မန်းတလေး သူ မဟုတ် တော့ ကိုတော်ကာပြောမှပဲသိတာပါ . မကြားဖူးခဲ့ပါဘူး ။

  • Yin Nyine Nway

    July 15, 2011 at 1:39 pm

    ဒီလိုလည်းရှိတာပဲလား… မုန့်ကိုဝေစားနိုင်တယ်အချစ်ကို မဝေစားနိုင်ဘူး အောင့်မေ့တာ သူတို့ကျမှ ဝေစားမျှစားတွေ့နေရတယ်
    သမိုင်းတင်ထားလောက်ပါတယ်

  • nature

    July 15, 2011 at 1:57 pm

    မကြုံဖူးပေါင် ဂုဏ်ထူးဆောင်။

  • noob

    July 15, 2011 at 2:18 pm

    မယုံမရှိ နဲ ့အဲဒီ မယားနှစ်ယောက် လင် ည (အဲဒီညပေါ့) တိုင်ပါတ်နေမှာ ကြာကြာ ဝါးမဲသွားအရိုးကြည့်ရှောင် ဆိုတဲ ့စကားတောင်ရှိသေးတယ် ဒီကောင်ကလေ တယ်မိုက်တကို မာမွတ် ကြီးတောင် တယောက်ပြီးမှ တယောက် အခုတော့ တပြိုင်ထဲ နှစ်ယောက်ဆိုတော့ ရှော ့ပဲ

  • Yan Shin

    July 15, 2011 at 2:43 pm

    ဟုတ်ပ ဟုတ်ပ
    ဘယ်နှာတွေတုန်း

    ဘယ်လို ဘယ်လိုတွေ ညှိကြပါလိမ့်
    အော် ယုံပြီ
    လူသည်လည်း သတ္တဝါ ပဲဆိုတာ။

  • kai

    July 15, 2011 at 2:54 pm

    မြန်မာ့အံ့ဖွယ်ထဲ ပါလောက်တယ်..။ ဒီသတင်းကို… သတင်းစာထဲတောင် ထည့်ချင်မိတယ်..။
    မွတ်ဆလင်တွေ မိန်းမတယောက်မက ယူလို့ရပါတယ်..။

    ဒါမျိုးကို… မြန်မာ့ရိုးရာ ထိန်းမြားလက်ထပ်ဥပဒေက ခွင့်ပြုထားတယ်တော့ မှတ်ဖူးတယ်..။
    ဒါပေမဲ့… တပြိုင်ထဲ တချိန်ထဲ.. ပုခုံး၂ဖက်ဖက်ပြီး မင်္ဂလာဆောင်တာတော့ …ရှားမယ်…။ 🙂

  • aungnng87

    July 15, 2011 at 3:03 pm

    အဲဒီဆောင်တဲ့၃ယောက်လုံးကိုဒီကွန်းမန့်.တွေကိုဖတ်မိစေချင်တယ်။

  • ဒီလိုတစ်ပြို်င်နက်ထဲ သတို့သမီးနှစ်ယောက်နဲ့ဆောင်တာ သီပေါမင်းပြီးရင် သူတို့ဘဲနော်။

  • Shwe Tike Soe

    July 15, 2011 at 4:31 pm

    အင်းတော်သေးတာပေါ့ နှစ်ယောက်ဆောင်ဆောင်သုံးယောက်ဆောင်ဆောင်
    စားပြီးနားမလည် လုပ်တဲ့သူတွေထက်တော့ ချီးကျူးရမလိုဖြစ်နေပြီ…. သူ.တာဝန်သူယူတာ တော့ကောင်းပါတယ်…

  • natthamee

    July 15, 2011 at 4:32 pm

    အင်းးးးး နှစ်ယောက်ထဲက တစ်ယောက်က စူဠသုဘဒါလို မိန်းမမျိုးဖြစ်နေရင် ခက်ရချည်ရဲ့ …..

  • cobra

    July 15, 2011 at 6:28 pm

    တခါမှမကြားဖူးပါဘူးဗျာ…..
    တကယ်ကိုအံ့ဩရပါတယ်။
    မိန်းမ၂ယောက်လည်းလက်ခံတယ်ဆိုတော့ပိုတောင်အံ့ဩသေးတယ်။
    သတို့သားကချမ်းသာလို့လား…
    မိန်းမ၂ယောက်လုံးကသူ ့ကိုတကယ်ချစ်တာလား..။

    • Foreign Resident

      July 16, 2011 at 1:31 am

      “သတို့သား” is not rich.
      “သတို့သားဘက်မှအလွန်ခ​ျို့တဲ့သည့်အလျှောက် သတို့သားမိဘများကလည်းတောင်း​ရန်းလက်ထပ်မပေးနိုင်ပေ။”

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 15, 2011 at 9:03 pm

    ဒါမှ ဖေ့သားကြီးကွ
    ဖေကြီးတောင် အားကျလိုက်တာ 😀 😀 😀

  • nature

    July 16, 2011 at 7:51 am

    သီပေါမင်းကိုအားကျလို့ထင်တယ်။ ဒါမှမဟုတ် ကိုရီးယားကားတွေ အကြည့်များပြီး အားကျလို့ဖြစ်မယ်။ ဒီအိမ်ထောင်ရေး ဘယ်လောက်အထိ တည်ညိမ်မှုရှိလဲ သိချင်တယ်။

  • etone

    July 16, 2011 at 8:26 am

    ဒီကောင် ဘာကောင်းနေလို့ပါလိမ့်… ။ 🙄 တွေးရင်းတွေးရင်း နားမလည်ပါဘူး …. ။

  • ကြောင်ကြီး

    July 16, 2011 at 9:41 am

    သဂျီးရေ သတင်းစာထဲထည့်ချင်ရင် ကြောင်ကြီးမိန်းမယူတဲ့အခါ ကြုံအုံးမှာပါ။ အဲဒီအခါကြရင် နှစ်ယောက် မဟုတ်ဘူး လေးယောက် လေးယောက် ပေါင်း ရှစ်ယောက် တပြိုင်ထဲယူမယ်။ ကြောင်ကြီး စုံတောမြိုင်လည်ဇာတ်သဘင် ဆင်ယင်ကျင်းပနေတုန်း ဘကြီးပုကိုအမူးတိုက်ပြီး မင်္ဂလာအခါတော်ပေး ဘိသိက်စာ ညလုံးပေါက်ရွတ်ခိုင်းမယ်။
    အခြားဟာတွေတော့ မပြောချင်ဘူး။ သိချင်တာ…
    ၁. ဘယ်သူတို့သမီးက ပိုချောလဲ။ အရံတွေမှာတော့ တည့်တည့်ကြည့်ရင် ညာဖက်ကောင်မလေးတွေ ဝတ်ပုံစားပုံ အထက်အောက်ကာလာ မညီဘူး။ ဘယ်ဖက်ကတော့ အရောင်တူဆင်တူ ဟုတ်တုတ်တုတ်..
    ၂. သူတို့သားရဲ့ ညာဖက်မှာနေရဖို့ ခေါင်းပန်းလှန် ရွေးခဲ့ကြမယ်ထင်လား..
    ၃. သူတို့သားက ဘယ်မဒီလေးနဲ့ အရင်ဆုံး နှစ်ပါးသွားဇာတ်ခင်းမယ် ထင်လဲ…
    ၄. နောက်ပေါက်လူငယ်တွေကို မိန်းမမယူကြနဲ့လို့ ဆုံးမစကားကို သူများတွေထက် ၂ဆပိုပြော ဒါမှမဟုတ် တဝက်ပိုစောပြောမယ်ထင်လား… 🙄

  • good

    July 16, 2011 at 11:51 am

    မိန်းမ တယောက်တည်း က ယောက်ျား နှစ်ယောက် နဲ့ အတူ ပေါင်း သင်း နေ ထိုင် တာ တောင် ရှိသေး တာ။

  • စုံ စုံ

    July 16, 2011 at 11:55 am

    အာဂယောကျာ်းဘဲ
    ဘယ်လိုများဝေခြမ်းပေးမလဲမသိဘူး(အချစ်တွေကို)

  • MaMa

    July 16, 2011 at 6:14 pm

    အဲဒီ သတို့သားတော့ ယနေ့မှစ၍ မိန်းမနှစ်ယောက်ကြားမှာ ( မကျေနပ်မှု အစုစုတွေကို ဖြန်ဖြေရင်း) ဒုက္ခပင်လယ်ဝေတော့မှာပဲ။ တော်ကြာ သာသနာ့ဘောင် ဝင်သွားနိုင်လောက်တယ်။

  • ဆူး

    July 16, 2011 at 10:09 pm

    စိတ်ပျက်စရာကြီး သူတို့ထက်စာရင် အပျိုကြီး လုပ်တာမှ ပိုကောင်းအုန်းမယ်။
    တရားအားထုတ်ချင်လည်း တရားအားထုတ်ပြီး အေးရာ အေးကြောင်းနေလို့ရတယ်။
    ပိုက်ဆံသာ များများ ရှိပါစေပေါ့.. ဟိဟိ

  • unclegyi1974

    July 16, 2011 at 10:21 pm

    ကဲကဲမဲနိုက်မယ်ဂေါင်းပန်းလှန်မယ်ကျားဗိုလ်ဆွဲမယ်
    မင်းတော့သေဖို့သာပြင်ထား

  • Mee2

    July 17, 2011 at 12:24 pm

    ဟိ ဟိ. ရှက်စရာကြီးတော်။ဘယ်လို မိန်းကလေး တွေလဲနော်။ အဝေမတည့်ရင်ခက်ရချည့်

  • pan pan

    July 18, 2011 at 2:00 pm

    အမလေးနော်…
    ကြုံဖူးပေါင်… ဂုဏ်ထူးဆောင်တွေပါလား
    အံ့ရော…အံ့ရော…

Leave a Reply