အင်းလေးရိုးရာ ဟင်းထုတ်လုပ်နည်း

Yin Nyine NwayJuly 15, 20111min15813

အင်းလေးရိုးရာ အစားအစာထဲက ရှမ်းပြည်သားတွေ အကြိုက်ဖြစ်တဲ့ ဟင်းထုတ်လုပ်နည်းလေးပါ….

လိုအပ်သော ပစ္စည်းများ

  • ကြက်သွန်ပင် (ကြက်သွန်မိတ်) { အတူတူပဲ ရစ်ပြီးမေးတက်လို့ }     ======= 3စီး
  • ဆန်စိမ်းမှုန့်                                                                                            ======= 3ဘူး
  • ရေ                                                                                                          ======= အနည်းငယ်
    ဝက်သား                                                                                                 =======5 ကျက်သား
  • ငါးပိ                                                                                                        ======= အနည်းငယ်
  • ဆီ
  • ဆား                                                                                                          ======= အနည်းငယ်
  • ဟင်းခတ်မှုန့်                                                                                       ======= အနည်းငယ်
  • ဂျူးမြစ် (သို့) ဂျူးဖူး                                                                        ======= အနည်းငယ်
  • ကြက်သွန်ဖြူဆီကျက်                                                                 ======= အနည်းငယ်
  • ငရုတ်သီးဆီကျက်                                                                        ======= အနည်းငယ်
  • ငှက်ပျောဖက်
  • သွားကြားထိုးတံ (သို့) နှီး
  1. အရင်ဆုံး… ကြက်သွန်မြတ်ကို သန့်စင်ပြီး နှုတ်နှုတ်စင်းပါ…
  2. ဆန့်မှုန့်သင့်တော်ရုံထဲကို ရေအနည်းနှင့် စင်းပြီးသား ကြက်သွန်မြိတ်ထည့်၍ နယ်ပါ
  3. ဆီနှင့် ငါးပိအနည်းငယ်၊ ဆား(လိုအပ်ပါကထည့်)၊ ပြီး သမအောင် နယ်ပါ
  4. ငှက်ပျောဖတ် ကို သန့်စင်ပြီးလက်တစ်ဝါး အရွယ်မျှ သင့်တော်ရုံဖြတ်ပါ
  5. ဝက်သားကို အနေတော်အတုံးလေးများ တုံးထားပါ
  6. ဖြတ်ထားသော ငှက်ပျောဖတ် ပေါ်သို့ ထမင်းစားဇွန်းဖြင့် သမအောင်နယ်ထားသော မုန့်နှစ် အပေါ်မှ ဝက်သားကိုထည့်၍  တုတ်ပါ
  7. ထိုသို့ ထုတ်သောအခါ နှီးစ(သို့)သွားကြားထိုးတံ ဖြင့် ထိပ်တွင် ထိုး၍ထုတ်ပါ
  8. ထိုအထုတ်များကို ရေနွေးဆူဆူအောက်ခံ ၍ ပေါက်စီပေါင်းသကဲ့သို့ 45 မိနစ်ခန့် ပေါင်းပါ
  9. ထို့နောက် ရရှိလာသော ဟင်းထုတ်အား ပန်းကန်ထဲသို့ထည့်၍ အပေါ်တွင် ကြက်သွန်ဖြူဆီကျက်၊ ငရုတ်သီးဆီကျက် ဆမ်းကာ
  10. ဂျူးဖူး (သို့) ဂျူးဖြင့် တွဲဖတ်၍ သုံးဆောင်နိုင်ပါပြီ

ဟင်းထုတ်ကို အင်းသားရိုးရာ ပွဲတော်များနှင့် အခါကြီးရက်ကြီးများတွင် မပါမဖြစ် မုန့်တမျိုးအဖြစ် စားသုံးကြသည်။

 

13 comments

  • shwe ni

    July 15, 2011 at 2:28 pm

    ငါးဒုက်ခ ပဲစားဖူးတာ ကြိုက်တယ်

    • maungmoenyo

      July 16, 2011 at 7:40 am

      ငါးဒုက္ခ လို့လည်းခေါ်တယ်။ ငါးရာဇဝတ်သားလို့လည်းကြားဘူးတယ်။ အင်းလေးကန် အဝင်နားက ဆီဆုံ၊ စည်သာ၊ အင်းပေါ့ခုန်၊အင်းလယ်နားက ကျေးစားကုန်း၊ ဆိုတဲ့ရွာတွေမှာ တရွာနဲ့တရွာ ကျွန်းမြောတွေပဲခြားတယ်။ ငဖိန်းဆိုတဲ့ငါးမျိုးကို ကမ္ဘာပေါ်မှာ အင်းလေးဒေသမှာဘဲတွေ့ရပါတယ်။ ငဖိန်းသေလူဖြစ်၊ လူသေငဖိန်းဖြစ်လို့ ဆိုကြသူတွေကဆိုကြပေမဲ့၊ တကယ်တော့မဟုတ်ပါဘူး။ လူသေရင် ကုန်းကျတဲ့အပိုင်းမှာဘဲမြှုပ်နှံကြတာပါ။

  • Shwe Tike Soe

    July 15, 2011 at 4:25 pm

    ကျေးဇူးပါပဲဗျာ ရုံးပိတ်ရက်ကလေးဆိုတော့ အိမ်မှာ လုပ်စားကြည့်အုံးမယ်..
    ဟဲဟဲဟဲ

  • pooch

    July 15, 2011 at 5:10 pm

    အင်း လုပ်စားကြည့်အုန်းမယ် … ကျေးဇူး..

  • Yin Nyine Nway

    July 15, 2011 at 8:01 pm

    ပြီးရင် ပြောပြတဲ့ လူကိုတော့ ဖိတ်ကျွေးဖို့ မမေ့နဲ့နော်

  • zaw min

    July 15, 2011 at 8:52 pm

    ဆန်စိမ်းမူန့် (၃)ဘူးက နို့ဆီဘူးနဲ့လား။လုပ်ကြည့်လိုက်အုံးမယ်…အစားအသောက်ဆိုရင် အရမ်းစိတ်ဝင်စားတယ်။

  • စုံ စုံ

    July 16, 2011 at 12:10 pm

    အင်းလေးဟင်းထုပ်ကောင်းကောင်းဝယ်စားလို့ရတဲ့နေရာရှိတယ်
    မြေနီကုန်းရွှေမန်းရုပ်ရှင်ရုံနားက
    အယ်မိုးဆိုတဲ့ဆိုင်လေးမှာ အင်းလေးဟင်းထုပ်အပြင်
    ကျန်တဲ့စားစရာတွေပါသန့်သန့်ကောင်းကောင်းလေး
    စားလို့ရတယ်နော်
    ကြုံတုန်းကြော်ငြာပေးတာ 🙂

  • Yin Nyine Nway

    July 16, 2011 at 1:02 pm

    အယ်မိုးကတော့ ရန်ကုန်မှာ အကောင်းဆုံးပေါ့
    တောင်ကြီးမှာတော့ ဒေါ်ချစ်မေ ဟင်းထုတ်က အကောင်းဆုံးလေ

  • Magnolia Kobus

    July 16, 2011 at 8:55 pm

    @စုံစုံ ..ရေ..ကျေးဇူးနော်..အဲဒီဆိုင်မှာသွားစားကြည် ့ဦးမယ်.. 🙂

  • ဆူး

    July 16, 2011 at 10:42 pm

    ဒါနဲ့ စကားမစပ် မုန့်ဦးနှောက် လုပ်နည်းလေး သိလား

  • pisikway

    July 18, 2011 at 10:20 am

    ညီမလေးဆူးအတွက်၊ Face book က ရတဲ့မုန့်ဦးနှောက်လုပ်နည်းလေးပါ။ အမလည်းလုပ်စားပြီးပြီ။ စားလို့ကောင်းတယ်။
    မုန့်ဦးနှောက် မုန့် ၆ခုအတွက် လိုအပ်သောပစ္စည်း
    ဆန်မှုန့် ၁ခွက်ခွဲ(တခွက်=1cup)
    သာကူ ခွက်ဝက်
    အုန်းနို့ ၁၂၀ml
    ဆားအနည်းငယ်
    ဆီအနည်းငယ်
    ငှက်ပျောဖက်
    လုပ်နည်းကဆန်မုန့်ကို အုန်နို့နဲ့ နယ်ပေးပါ.(ရေထည့်ရန်မလို)။သာကူကို ပွလာအောင် ရေစိမ်ပြီး စစ်ထားပါ။မုန့်သားနှင့်သာကူကိုရောနယ်ပါ။ှုငှက်ပျောရွက်ကို ဆီသုတ်ပေးပြီး မုန့်နှစ်ကို ထည့်ပြီးထုပ်ပါ။
    မုန့်ထုတ်ကို ေ့ပါင်းအိုးပေါ် အစိအရီ တင်ပေါင်းပါ။ နာရီဝက်ခန့်ပေါင်းလျှင် မုန့်ရပါပြီ။သကြား အုန်းသီးဖြူး သုံးဆောင်ပါ။

  • pisikway

    July 18, 2011 at 10:24 am

    ရှမ်းဟင်းထုပ်လုပ်ရင်ကျမက ကောက်ညှင်းမှုန့်နည်းနည်းထည့်တယ်။ စီးစီးလေးနဲ့ပိုနူးညံ့သလိုပဲ။

  • မမလေး

    July 23, 2011 at 11:07 pm

    အရမ်းကြိုက် အရမ်းကြိုက် အပြင်မှာဝယ်စားရင် တစ်ထုပ် ၇၀ဝ တဲ့ ဈေးကြီးတယ် …

Leave a Reply