ဝတ္ထုတို တစ်ပုဒ် ဖြစ်မလား လို ့ပါ

မောင် ပေJuly 15, 20111min924

M သည် အသက် ၃ဝ ကျော် လူပျိုကြီး တစ်ယောက် ဖြစ်သည် ။ သူ ၏ အလုပ် မှာ တရုတ်ပြည် မှ မန်းတလေး သို ့လျှပ်စစ် ပစ္စည်း တင်သွင်းသည် ။ M အနေ ဖြင့် အချိန်တိုင်း အလုပ် လုပ်စရာ မလိုပေ ။ သူ ့တွင် ရောင်းစရာ ကုန်ပစ္စည်း ကုန်ခါနီး ဆိုလျှင် တရုတ်ပြည်ရှိ စက်ရုံ သို ့ အမှာ ပါးလိုက်သည် ။ ရံဖန်ရံခါ ဈေးကွက်အတွင်း သို ့အခြားနိုင်ငံများ(ဥပမာ ယိုးဒယား ၊ ဂျပန် အစရှိသဖြင့် )  ထုတ် ကုန်ပစ္စည်း အသစ် တစ်မျိုး ဝင်လာခဲ့ လျှင် ထိုပစ္စည်း ကို အသေးစိတ် ဓါတ်ပုံရိုက်ပြီး စက်ရုံမေးလ် သို ့ပို ့ပေးလိုက်ရုံသာ ။ M လိုချင်သည့် ပုံစံ အတိုင်း ကို စက်ရုံမှ အနီးစပ်ဆုံး ထုတ်ပေးပြီး နယ်စပ် ကြယ်ခေါင် သို ့အရောက်ပို ့ပေးသည် ။ကြယ်ခေါင် ရှိ M ၏ အဆက်အသွယ် ဆီ မှာထားသော ပစ္စည်း များ ရောက်လာပြီ ဆို မှ ဒီဘက် မှ ငွေလှမ်းလွှဲ ပေးလိုက်ရုံ ပင် ။ ပစ္စည်း များကို ကြယ်ခေါင် ရှိ M ၏ အဆက်အသွယ် မှ စစ်ဆေးပေးသည် ။ များသော အားဖြင့် M ကိုယ်တိုင် ကြယ်ခေါင် သို ့သွားရောက် စစ်ဆေးသည် ။   M အနေ ဖြင့် ကြယ်ခေါင် မှ မန်းတလေး သို ့ပစ္စည်း အရောက် သယ်ယူပို ့ဆောင် ပေးရန် “ ကယ်ရီ ” လက် အပ်လိုက်ရုံပင်  ။ မန်းတလေး သို ့ကုန်ပစ္စည်း များ ရောက်လာပြီ ဆိုလျှင် လည်း သိပ် အလုပ် မရှုပ် ။ မန်းတလေး ရှိ ကုန်သည်ကြီး များ ကို အကြောင်းကြား ပြီး အမှာတက်သူ များထံ ပစ္စည်း ပို ့ထားရုံ ပင် ။ အကြွေးသဘောမျိုး ပေါ့ ။ သို ့သော် နေ ့စဉ် ပိုက်ဆံ လိုက်လံ ကောက်ရသည် ။ ထိုအလုပ် ကို M ၏ ယုံကြည်စိတ်ချ ရသော လူရုံ တစ်ယောက် က လိုက်ကောက်ပေးသည် ။နယ်အမှာ များ ကို မူ ငွေလှမ်းလွှဲ ခိုင်း လိုက်ပြီး ငွေလွှဲ ဝင် မှ ပို ့ပေးရုံ ပင် ။  M အနေ ဖြင့် တစ်ပါတ် တစ်ရက် လောက်သာ ဈေးကွက် ထဲ သို ့လိုက်လံ ကွင်းဆင်း လေ့လာရုံဖြင့် အလုပ် ပြီးသည် ။  M သည် အသက် ၃ဝ ကျော် ဆိုသော်လည်း ဆယ်ကျော်သက် တစ်ဦး  ပမာ ဝတ်ဆင် သွားလာ နေထိုင်လေ့ ရှိသည် ။

AA သည် အိမ်သုံးကုန် ပစ္စည်း မျိုးစုံ ဖြန် ့ချီ ရောင်းဝယ်သော လုပ်ငန်းပိုင်ရှင်ကြီး တစ်ယောက် ခန် ့ဖြစ်သည် ။ AA တွင် BB ဆိုသော ဇနီး နှင့် CC ဆိုသော သမီးလေး တစ်ယောက် ရှိသည် ။ AA နှင့် M တို ့သည် စီးပွားအတူ လုပ်ကိုင်လာကြသည် မှာ ကြာပြီ ။ ခင်မင်ရင်းနှီးကြသူ များ ဖြစ်ပြီး တစ်ယောက်အိမ် တစ်ယောက် ဝင်ထွက်စားသောက်နေကြသည့် မိတ်ဆွေ များ ဖြစ်ကြသည် ။ CC သည် M မျက်စိရှေ  ့တွင်ပင် ကြီးပြင်းလာခဲ့သည် ။ CC လေးသည် စာတော်သည် ။ စာကြိုးစားသည် ။ ရုပ်ရည်လေး က လှပသည် ။ CC ၁ဝတန်း အောင်ပြီးတွင် မန်းတလေး တွင် ၂ နှစ်ခန် ့သာ GCE , Tofel စသည့် သင်တန်းများ တက်ပြီး စင်ကာပူ ရှိ NUS ကျောင်း သို ့ပညာ သွားသင်ရသည် ။ AA တို ့ဇနီးမောင်နှံသည် ငယ်စဉ်က ပညာ မသင်ခဲ့ရပေ ။ ကြိုးစားခဲ့သဖြင့် အခြေအနေ တစ်ခု သို ့ရောက်ခဲ့သည် ။   အများနည်းတူ သမီးလေး ကို စင်ကာပူ တွင် ပညာသင်ကြားစေချင်သည် ။ ယနေ ့ခေတ် တွင် စီးပွားရေး ကျဆင်းနေသော်လည်း သမီးဖြစ်သူ အား မသိစေပဲ စင်ကာပူ သို ့ လွှတ် ၊ ပညာ သင်ပေးသည် ။ CC သည် ၁ဝ တန်း အပြီး သင်တန်းများ တက် စဉ် အပေါင်းအသင်း သစ် များစွာ ရရှိခဲ့သည် ။ ပိုက်ဆံ တတ်နိုင်သော မိသားစု များ မှ ပေါက်ဖွားလာသည့် ရဲတင်းလွန်းသော လွတ်လပ် ပွင့်လင်းစွာ နေတတ်သော သူငယ်ချင်း သစ် များစွာ နှင့် အတူ ပညာသင် ပျော်ပါး ခဲ့သည် ။ လှပသော CC ဆိုသည့် ပန်းပွင့်လေး နားတွင် လိပ်ပြာလေးများ ဝဲနေခဲ့သည် ။ ရင်ခုန်သံ ကို စမ်းသပ် ခဲ့သူ CC တွင် လည်း ရင်ခုန်စရာ ဇါတ်လမ်းလေး များ တွေ ့ကြုံ ခဲ့သည် ။ စီးပွားကိုသာ ဇောက်ချ ရှာဖွေနေသူ AA တို ့မိဘ နှစ်ဦး သည် CC ကို အသေးစိတ် လိုက်လံ မထိန်းသိမ်းနိုင်ခဲ့ပေ ။ သို ့နှင့် CC သည် ခေတ်ပေါ ်ဖက်ရှင်များကို ကြိုက်နှစ်သက်သော ၊ ငွေသုံး လက်ဖွာသော ၊ အပျော်အပါးကို မက်မောသော ခေတ် သမီးပျိုလေး တစ်ယောက် အနေဖြင့် စင်ကာပူ သို ့သွားရောက် ကျောင်းတက်သည် ။

၂၀၀၉ သည် အများသူငှာ အတွက် တော့ မသိ ။ M အတွက်တော့ စီးပွား အထူးကောင်းမွန်ခဲ့သော နှစ် တစ်နှစ်ဖြစ်သည် ။ M တင်ကြို တွက်ချက် ခဲ့သော ကုန်ပစ္စည်း သည် ဈေးကွက် အတွင်း ပေါက်ခဲ့သဖြင့် M အနေ ဖြင့် အမြတ်ကြီး မြတ်လိုက်သည် ။ စီးပွားကျ နေသူ AA ကို ပင် M က ငွေရေးကြေးရေး အကူအညီ ပေးခဲ့သည် ။ AA တစ်ယောက် မှာ စီးပွား ကျဆင်းရသည့် ကြား ထဲ စင်ကာပူ ရှိ သမီးလုပ်သူ က အကြောင်းမျိုးစုံ ပြ ကာ ခဏခဏ ငွေလွှဲ ခိုင်းလာသဖြင့် ဖတ်ဖတ် ကို မောနေသည် ။

“ CC က စာတော် တာပဲ ဗျာ ။ ကလေးမ လေး က ကြိုးစားပါတယ် ၊ အခု ဟာ က ဘယ်လို ဖြစ်တာလဲ ဗျ ။ ပြီးခဲ့တဲ့ လက မှ ခင်ဗျား အရေးကြီး တယ် ဆိုလို ့သိန်း ၁၀ဝ လှည့်ပေးထားသေးတယ်လေ ”

“ ငယ်တုန်းက တော့ ဘယ်စာမေးပွဲ မှ မကျခဲ့ ဖူးပါဘူး ကွာ ၊ အခု ဟိုရောက်မှ စာမေးပွဲ က လဲ ခဏခဏ ကျ လိုက်ရတာ ၊ စာမေးပွဲ ကြေး ဆိုတာ ကလည်း ခဏခဏ သွင်းလိုက်ရတာ အမော ပဲ ၊အင်းကျီ တွေ  ဖုန်းတွေ က လည်း ဝယ်လိုက်ရတာ ကွာ ။  အခု လည်း  ဒီတစ်ပတ် အတွင်း ငွေအကြေ သွင်းရမယ် ဆိုလာလို ့ပါ M ရယ် ။ အရေးထဲ မိန်းမ က ဒီတစ်ပတ် အပိုင်ဆိုပြီး ချဲ ကို အချီကြီး ထိုးချ လိုက်တာ အခု ရှင်းရတော့ မှာ မို ့ပါ ၊ စိတ်ချပါကွာ မင်းပိုက်ဆံ တွေ ကို ငါတို ့ဆီ စုထားတယ် လို ့ပဲ သဘောထားလိုက်ပါ ။ ငါတို ့မလဲ မင်းဆီက အကူအညီ ရလို ့သာ သမီးလေး ကို ငွေပို ့ပေးနိုင်နေတာပါကွာ ။ မင်းဟာ တို ့မိသားစု အတွက် ကျေးဇူးရှင်ပါ ”

“ ပိုက်ဆံ က အကြောင်း မဟုတ်ပါဘူး ကို AA ရယ် ။ အခုဟာ က CC လေး အတွက် စိတ်ပူ လို ့ပါ ၊ သူ လိမ္မာ မှ ခင်ဗျား တို ့နောက်ပိုင်း စိတ်အေး ရမှာ မလား ၊ ထားပါ ။ ကျုပ် ကို တရုတ်ပြည် စက်ရုံ သူဌေး တွေ က ဒီအာရှထဲ အလည်အပတ် ပို ့ပေးမယ် လို ့ပြောထားတာ ၊ အဲဒါ သွားဖို ့ပြင်ရဦးမယ် ”

“ အင်းအင်း ၊ ဒါဆို မင်းအနေ နဲ ့တော့ နိုင်ငံစုံ စားရိတ်ငြိမ်း သွားကဲ ရဦးမှာပေါ့လေ ။ အားကျပါပေ့ ကွယ် ”

M တစ်ယောက် ထိုင်း နိုင်ငံ ရှိ အလည်သွားစရာ နေရာများ ကို အွန်လိုင်းတွင် ကြည့်ရှူ ရန် ဂူးဂဲ ကို ဖွင့်ပြီး သူ ၏ ဖေ့ဘုတ် အကောင့် ကို ဖွင့်လိုက်သည် ။ ဖေ့ဘုတ် ထဲ တွင် ဝင်ဝင်ချင်း စာမျက်နှာ ကို ကြည့်လိုက်တော့ စင်္ကာပူ မော်ဒယ်လို ့ခေါင်းစဉ်တပ်ထားသော မြန်မာမ လေး များ ပုံများကို တွေ ့လိုက်ရသည် ။ M ၏ ဖေ့ဘုတ် သူငယ်ချင်း တစ်ယောက် က tag လုပ်ထားသော ပုံများ ဖြစ်သဖြင့် M ၏ ဖေ့ဘုတ် အကောင့်တွင်ပါ မြင်နေရသည် ။ မိန်းကလေး များ အားလုံးသည် ကျောင်းသူ အရွယ်လေးများ သာ ။ ဝတ်ထားကြသည် မှာ လည်း တစ်ကယ့်နေရာများကို ဖုံးထားရုံ လေး ။

“ အင်း ဒီကောင်မလေး တွေ တော့ နာမည်ကြီးဦးမှာပါပဲလေ ….. ။ မင်းတို ့လေးတွေ က ဒီလို ရိုက်တော့ လည်း ငါ က သေချာ အသေးစိတ်ကြည့်ရသေးတာပေါ့ကွာ ” ဟု မာန်တင်းပြီး တစ်ပုံချင်းစီ ကို အသေးစိတ် မျက်စိ အရသာခံ လိုက်ကြည့်နေမိသည် ။ ပုံများ ကို လိုက်ကြည့်နေရင်း ပုံတစ်ပုံ အရောက်တွင် M အကြီးအကျယ် အံ့ဩ သွားသည် ။ ကောင်မလေး က အပေါ ်ပိုင်း ဘာမှ ဝတ်မထား ။ အောက်ကလည်း အောက်ခံဘောင်းဘီ လို ့ခေါ ်တာမျိုး ပဲ ပါသည် ။ ကျောပေးရိုက်ထားသည် ။ “ အင်း..သူလေး က တော်တော် ရဲတာပါကလား ” ဟု သတ်မှတ်ချက်ပေးရင်း ၊ နောက်တစ်ပုံ ထပ်ကြည့်တော့ ။ ဘေးတိုက် ရိုက်ပြထားသည် ။ ဒီပုံတွင် ကောင်မလေး ၏ မျက်နှာဘေး တိုက် တစ်ခြမ်း ပါလာသည် ။ M တစ်ယောက် ဘုရားရေ ဟု အော်မိကာ စိတ်နှလုံး ခြောက်ခြားသွားသည် ။ မျက်နှာကို ဘေးတိုက် ရိုက်ထားသူလေး မှာ သေချာကြည့်လိုက်တော့ ကိုAA တို ့၏ သမီးလေး CC နှင့် ရုပ်ချင်း ဆင်နေသည် ။

“ သူ မဖြစ်ပါစေ နဲ ့ ၊ အို မဟုတ်နိုင်ပါဘူး လေ ၊ CC ကလေး က လိမ္မာပါတယ် မဖြစ်လောက်ပါဘူး  ။ ငါ ကိုယ်က စိတ်စွဲ နေလို ့နေမှာပါ ” ဟု ကိုယ့်ဘာသာ ကိုယ် ပြန်နှစ်သိမ့်ရင်း ဖေ့ဘုတ် အကောင့်မှ ထွက်လိုက်သည် ။ စိတ်ထဲ တွင် လည်း CC ကလေး ၆ တန်းကျောင်းသူ အရွယ်လောက် ကတဲက AA တို ့အိမ် ကို ဝင်ထွက်သွားလာ နေခဲ့သည် ကို ပြန်သတိရလာသည် ။ ထိုစဉ် က M သည် မန်းတလေး တွင် အိမ်ပိုင် ရယ်လို ့မရှိသေး ။ အမျိုးတစ်ယောက် အိမ်တွင် ကပ်နေရင်း လျှပ်စစ် ပစ္စည်းလိုင်းထဲ စဝင်ကာစ ။ စလှုပ်ရှား ရုန်းကန် ကာစ အချိန် ။ ဘာမှ သိပ်မသိ နားမလည်သေးသူ M ကို AA နှင့် BB တို ့လင်မယား က သူတို ့တတ်သလောက် လမ်းညွှန်ပြခဲ့သည် ။ AA တို ့အိမ်သည် စားအိမ်သောက်အိမ် ဖြစ်ခဲ့သလို CC ့ ကိုလည်း ထိန်းကျောင်း ခဲ့သည် ။ CC သည် M ၏ မျက်စိရှေ  ့လက်ပေါ ်တွင် ကြီးပြင်းလာသူလေး ။ သူလေး မဖြစ်နိုင်ပါဘူး ။ ရုပ်တူ တဲ့ တစ်ခြား တစ်ယောက် ဖြစ်မှာပါ ဟု ဆုံးဖြတ်လိုက်ကာ M တစ်ယောက် ကွန်ပျူတာကို ပိတ်လိုက်သည် ။

“ ကျွန်တော် တို ့စက်ရုံက စီစဉ်ထားတာ က ကျွန်တော်တို ့ရဲ  ့အကြီးစား ဖောက်သည်ကြီး တွေ ဖြစ်တဲ့ M ၊ T နဲ ့Z တို ့ကို ထိုင်း ဖူးခက် ကို ၄ ရက် စင်္ကာပူ ကို ၄ ရက် ၊ ပြီးမှ ကျွန်တော်တို ့တရုတ်ပြည် နေရာအနှံ  ့ လေ့လာရေး ပို ့ပေးဖို ့စီစဉ်ထားပါတယ် ” တရုတ်ပြည် စက်ရုံသူဌေး ၏ လူယုံ ရောက်လာပြီး M တို ့ကို အစီအစဉ် ပြောပြသည် ။ မန်းတလေး တွင် သူဌေး၏ လူယုံ နှင့် M,T,Z တို ့တွေ ့ဆုံနေကြခြင်း ဖြစ်သည် ။ သုံးဦးစလုံး ယောက်ျား များ ဖြစ်ပြီး T နှင့် Z တို ့က အသက် ၅ဝ ကျော် များ ဖြစ်သည် ။ သူဌေး ၏ လူယုံ မှာ အသက် ၃ဝ ကျော် ၊ M နှင့် အသက်သိပ်မကွာပဲ ဘာသာစကား ၅ မျိုးခန် ့တတ်ကျွမ်းသည် ဟု သိရသည် ။ ယခု ခရီးစဉ်တွင် သူ က လမ်းပြ ၊ ဘာသာပြန် ၊ စပွန်ဆာ ။

“ ဟုတ်ကဲ့ … ကောင်းပါတယ် ။ အရမ်း ပျော်ဖို ့ကောင်းမှာပါ ။ ကျုပ်တို ့လည်း အခု ခင်ဗျား တို ့စီစဉ်ပေးတော့ အလုပ်က နေ စိတ်ပြေလက်ပျောက် အပန်းပြေ ခရီး ထွက်ရတာပေါ့ ။ နို ့ ကိုယ့်ဘာသာ ကိုယ်ဆို ထွက်ဖြစ် မှာ မဟုတ်ဘူး ။ နော… မဟုတ်လား မောင်M ရေ…. ဟားဟားဟားဟား ”

T က ဝင်ဖောက်လိုက်သဖြင့် အားလုံး ရယ်ရယ်မောမော ဖြစ်သွားကြသည် ။  သို ့နှင့် ၄ ယောက်သား ရန်ကုန် လေဆိပ် မှ ထွက်ခွါ လာခဲ့ကြသည် ။ ပထမဦးစွာ ထိုင်းနိုင်ငံ ဖူးခက် ကမ်းခြေ ဆီသို ့ ။ ၄ ဦးသား ပျော်ပျော် ရွှင်ရွှင် နှင့် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးကြသည် ။ ထိုင်းနိုင်ငံ ရှိ ကြည်ညို ဖွယ်ရာ မြဘုရား ကို လည်း သွားရောက် ဖူးမျှော် ကြည်ညို ခဲ့ကြသည် ။ နာမည်ကျော် ပတ္တရား သို ့လည်း ခြေရာချ ခဲ့ကြသည် ။ ရေချိန်းခန်း ဆီ များသို ့လည်း ရောက်ခဲ့သည် ။ ယောက်ျားသားများ ချည်း ဖြစ်သဖြင့် သွားရလာရတာ အဆင်ပြေသည် ။ ထိုင်းတွင် ၅ ည အိပ် ၄ ရက် နေပြီး စင်ကာပူ သို ့ခရီးဆက်ခဲ့ကြသည် ။  စင်ကာပူ သို ့ရောက်ပြီး ဒုတိယ ရက် ၊ 5 star အဆင့်ရှိ ဟိုတယ်ကြီး ထဲ တွင် အားလုံး နားနေကြစဉ်  သူဌေးလူယုံ က စကားစ လာသည် ။ M က လက်တော့လေး ကို ထုတ် အင်တာနက် သုံးရင်း ကြည့်ခဲ့ဖူးသော စင်္ကာပူ မော်ဒယ် လေးများ ၏ ပုံများကို ပြန်ကြည့်နေစဉ် ဖြစ်သည် ။

“ ဒီနေ ့ည အထူးအစီအစဉ် အဖြစ် စင်္ကာပူ မှာ နာမည်ကြီးနေတဲ့ ကျောင်းသူ အရွယ် ကောင်မလေး  တွေ ရဲ  ့sexy dance နဲ ့ခင်ဗျား တို ့ကို ဖျော်ဖြေ ပေးမှာ ဖြစ်တယ် ”

ဖြောင်းဖြောင်းဖြောင်းဖြောင်း…………………. M,T,Z သုံးဦးသား လက်ခုတ်တီး အားပေးလိုက်ကြသည် ။  သို ့နှင့် ၄ ယောက် လုံး အပြင်အလည် အပတ် ထွက်အပြီး ဟိုတယ် သို ့ပြန်လာကာ စောင့်နေကြသည် ။ ရ နာရီ ခန် ့တွင် သူဌေးလူယုံ က  အခန်းတွင်း ရှိ မီးများ ကို ပိတ်လိုက်ပြီး  အသင့်စီစဉ်ထားသော စလိုက်မီးသေး လေးများ နှင့် ဒစ်စကို မီး များ ကို ထွန်းလိုက်သည် ။ အခန်း တံခါး ပွင့်သွားကာ ကောင်မလေး ၄  ယောက် ဝင်လာသည် ။  ဒစ်စကို နှင့် စပေါ့ မီး များ အောက်တွင် မို ့ရုပ်ကို မူ သေချာစွာ မမြင်ရ ။ ရင်သပ်ရှုမော စရာ အရမ်းကောင်းလောက်အောင် ကပြကြလေသည် ။ နောက်မှ ဖွင့်ထားသော တီးလုံး အမြူး များ က လည်း အရမ်းလန်းနေသည် ။ M,T,Z နှင့် သူဌေးလူယုံ တို ့က တော့ ဘီယာ ၊ ဝီစကီ သောက်ရင်း ကမ္ဘာ သစ် ထဲ သို ့ရောက်နေကြသည် ။ တစ်ချက်ချက် ကောင်မလေး များ က သူတို ့အနား သို ့လာရောက် ကာ ကပ်သီပွတ်သီ နှင့် ကပြသေးသည် ။  Z တစ်ယောက် က စိတ်အကြွကြီး ကြွ ကာ သူဌေး လူယုံ အနီးသို ့ကပ်ကာ မေးလိုက်သည် ။

“ ဒီကလေးမ လေး တွေ ကို ဒီည ခေါ ်လို ့ရမလား ဗျ ”

“ ရမှာပါ ၊ ကို Z က စိတ်အရမ်း ဝင်စားနေပြီ ထင်တယ် ”

“ ဟားဟား .. အိမ်က မယားကြီး နဲ  ့ဝေးတုန်းလေး ကဲရတာပါဗျာ ဟားဟား ။ ဒါဆို ခင်ဗျား ပြီးရင် စီစဉ်လိုက်တော့ နော် ။ ဒီအတွက် စရိတ် ကို ကျုပ် က အားလုံးအတွက် ပေးပါ့မယ် ”

တစ်နာရီ ခန် ့ကပြ ပြီး ၊ နဂို မီးများ ပြန်ဖွင့်လိုက်သော အခါ ကောင်မလေး များ ၏ ရုပ်သွင် များကို သေချာမြင်ရတော့သည် ။

“ ဟာ CC …. နင်..နင်  ”

“ ဟင် ဦး……. ”

ယမကာ အနည်းငယ်သောက်ထားသဖြင့် တက်ကြွယစ်မူး နေသော Z က ထ လာပြီး  CC လက်ကို ဆွဲ လိုက်သည် ။ပြီတီတီ မျက်နှာကြီး ဖြင့်

“ ဒီကောင်မလေး ကို ကျုပ် ခေါ ်မယ်နော် ကို M ရေ ၊ စောန က သူလေး ကျုပ်နား လာ က ကတည်းက ကျုပ် က အရမ်းစိတ်ဝင်စားနေတာဗျ ၊ ဗမာ မ လေး ဆိုတော့ ပိုကောင်းတာပေါ့ ဗျာ … ဟားဟား ”

ထောင်းခနဲ ဒေါသဖြစ်သွားသော M သည် Z ကို ဆောင့်တွန်းလိုက်ကာ CC ကို ပြန်ဆွဲ ခေါ ်လိုက်သည် ။

“ ဟေ့လူ ဘာလုပ်တာလဲ ၊ ဒါ ကျုပ်မိတ်ဆွေ ရဲ  ့သမီးဗျ ။ ငယ်ငယ်လေး က တည်း က ကျုပ် ထိန်းကျောင်းလာတာ ၊ ဒီမှာ ကျောင်းတက်ဖို ့လွှတ်ထားတာ ။ ခင်ဗျား မမိုက်ရိုင်းနဲ ့ ”

“ ဟေ့ကောင်… ၊ သူ ့ဘာသာ သူ ဘာဖြစ်ဖြစ် ၊ ဒီအခန်း ထဲ ကို လာတာ က ငါတို ့ကို ဒီည လာ ပြီး _ံတာ ကွ ၊ မင်း က သာ မခုတ်တတ်တဲ့ကြောင် လို ( မခုတ်တတ်သောကြောင် = ဗမာ လက်သုံးစကား ဖြစ်ပါသည် ။ ဂေဇက် ထဲ ရှိ ကိုကြောင်ကြီး မဟုတ်ပါ )  မုံလာဥ မလုပ်နဲ ့” ဟု ဆိုကာ  လဲကျသွားရာ မှ ပြန်ထ လာသော Z သည် M ကို ပြန် ထိုး ရန် ပြေးလာသဖြင့်  T နှင့် သူဌေးလူယုံ တို ့က မနည်း ဝင်ဆွဲ ရသည် ။  ကျန်ကောင်မလေး များက တော့ အံ့ဩ တကြီး နဲ ့ ကြည့်နေကြသည် ။ CC တစ်ယောက် M ၏ ပခုံး ပေါ ်တွင် တရှုံ  ့ရှုံ  ့ငိုနေသည် ။  M သည် သူ ဌေး လူယုံ ကို ခေါ ်ပြီး CC နှင့် သူ ဘယ်လို ပတ်သက်ပုံ ကို ရှင်းပြ ကာ  နောက်နေ ့မြန်မာပြည် သို ့ပြန်ဖို ့လက်မှတ် ၂ စောင် စီစဉ်ပေးရန် အကူအညီ တောင်း လိုက်သည် ။  ထို ့အပြင် ဟိုတယ် အခန်း တစ်ခန်း စီထပ်ယူ ခိုင်းလိုက်ပြီး CC ကို ခေါ ်ကာ ထွက်ခွါလာခဲ့သည် ။ တစ်ညလုံး CC ကို မေးမြန်း ပြောဆို ဆုံးမ နေခဲ့သည် ။ CC စင်ကာပူ သို ့ရောက်ပြီး သကာလ မြန်မာနိုင်ငံ ရှိ အတူပေါင်းခဲ့သော အပေါင်းအသင်းများ နှင့် ပြန်တွေ ့ကာ အလွန်ပျော်ခဲ့ကြောင်း ၊ ဟိုဒီ ဆို သွားလိုက် ၊ ကလပ် ဆိုလည်း တက်လိုက် နှင့် ကျောင်းစာ ဘက် ကို လုံးဝ လစ်ဟင်းခဲ့သည် ။ စာမေးပွဲ တိုင်းလည်း ကျရှုံးခဲ့သည် ။ ကြာတော့ စာဘက် ကို လုံးဝ စိတ်မပါတော့ ကာ အပြင်တွင် လည်ပတ် ပျော်ပါး တေလေ နေသည် ။ မိဘ များကို မူ ကျောင်းတက် နေဆဲ ဟု လိမ်ထားခဲ့ကာ ကျောင်းစရိတ်များ လိမ်ညာ တောင်းခဲ့သည် ။ ကျောင်းစရိတ် ရောက်လာချိန်တွင် စားဝတ်နေရေး ခဏတာ ပြေလည် သော်လည်း ။ ပိုက်ဆံ ပြတ်လပ် ချိန် များ တွင်မူ ယခု ကဲ့သို ့လိုက်လံ ကပြ ခြင်းဖြင့် ပိုက်ဆံ ရှာနေကြောင်း ။ _ာသည် အဖြစ်မျိုး လုံးဝ အဖြစ်မခံ ခဲ့ကြောင်း ။ ယနေ ့တွင်မှ ယခု ကဲ့သို ့အဖြစ်မျိုး တွေ ့ကြုံ ရခြင်း ဖြစ်ကြောင်း ငိုယို ရှင်းပြသည် ။ M လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားသည် ။ AA နှင့် BB တို ့လင်မယား ၏ စီးပွား ကျ ဆင်းနေသည့် အခြေအနေ ဆိုးကို လည်း CC ကို မပြောပြ ရက် ။ သူ ့ပိုက်ဆံ ချေးပေးထားသည့် ကိစ္စများ  ၊ AA က တိုက်၊ ကား များ သူ ့ထံ တွင် ပေါင်ထားသည့် ကိစ္စ များ ကို လည်း ပြောမထွက် ။ CC ကို  သူ စတွေ ့ချိန် က CC သည် ၆ တန်းကျောင်းသူ အရွယ် ငချွတ်မလေး ။ ယခု သူ ့ရှေ   ့တွင် ရှိနေသော CC သည် အရွယ်ရောက် ခေတ်လွန် သမီးပျို လေး ။ CC မျက်နှာလေး ကို ကြည့်လိုက်တော့ အရမ်းချောမော လှပနေသည် ကို တွေ ့ ရသည် ။

“ မနက်ဖန် ဦး နဲ ့အတူ မြန်မာနိုင်ငံ ကို ပြန်ရမယ် ။ ဟိုရောက်ရင် ကိုAA တို ့ကို ဦး ရှင်းမယ် ။ CC ့ကို ဒီမှာ ဆက်ပြီး ဒီလို နေတာကို ဦး ဘယ်လို မှ ခွင့်မပြု နိုင်ဘူး ၊ ဟိုကျရင် အကောင်းဆုံး ဖြစ်အောင် ဦးစီစဉ် မယ် ”

သို ့နှင့် ….မည်သို ့မည်ပုံ လုပ်ရမည် ကို M တစ်ယောက် စဉ်းစားနေရင်း CC ကို အိပ်ခိုင်းလိုက်သည် ။  နောက်နေ ့အရောက်တွင် CC နှင့် M တို ့သည် သူဌေး လူယုံ အစီအစဉ် ဖြင့် စင်္ကာပူ မှ ပြန်လာခဲ့ကြသည် ။ မန်းတလး သို ့အရောက် တွင် M နှင့် AA တို ့လင်မယား အကြီးအကျယ် တိုင်ပင် ကြသည် ။ AA တို ့လင်မယား သည် M ထံ တွင် ပေါင်နှံ ထားသော တိုက်နှင့် ကား တို ့ကို ပြန်မရွေးနိုင်တော့ သဖြင့် ငွေပြန်အမ်း ရန် ပြောလာသည် ။ ထိုကိစ္စ ကို ခဏမေ့ထားပါ ဟု ပြောပြီး CC အကြောင်း ကို တိုင်ပင် ရသည် ။ စင်္ကာပူ ရှိ ဖြစ်ခဲ့သည် များ ကို ပြန်မပြောပဲ ။ CC အနေဖြင့် ကျောင်းတက်ရန် မပျော်တော့ သဖြင့်  ဒီမှာပဲ ထားရန် ။ အားလုံးကို M ကူညီပေးမည် ဟု ပြောသည် ။  ထို ့အပြင်  သူ ့အနေဖြင့် CC ကို  သားမှတ်မှတ် မယားမှတ်မှတ် ရိုးမြေကျ ပေါင်းသင်း သွားပါရစေ ဟု မိဘနှစ်ဦး ဖြစ်သူ AA နှင့် BB တို ့ထံ ခွင့်ပန် လိုက်သည် ။ ငွေရေးကြေးရေး ကိစ္စကို လုံး ဝ မေ့ထားရန် ကို အထပ်ထပ်ပြောသည် ။ CC ကို စွဲလန်းမြတ်နိုးမိသဖြင့် ယခု ကဲ့သို ့ခွင့်တောင်း စီစဉ်ရခြင်း ဖြစ်ကြောင်း  နားလည်အောင် ပြောပြ လိုက်သည် ။ AA နှင့် BB တို ့က သမီးသဘော ကို မေးကြည့်ပါဦးမည် ဟု မယုတ်မလွန်ပြန်ဖြေသည် ။ AA က M ကို ခေါ ်ပြီး  ယောက်ျားချင်း စကားပြောချင်သည် ဟု ဆိုလာသဖြင့် AA ကို ခေါ ်ကာ စားသောက်ဆိုင် တစ်ဆိုင် သို ့ထွက်လာခဲ့သည် ။

“ ကဲ…ကိုM ရေ ၊ မင်းအနေ နဲ ့စင်္ကာပူ မှာ CC ကို ဘယ်လို ပုံစံ တွေ တွေ ့ခဲ့သလဲ ဆိုတာ အကို ့ကို ပြောပြ ပါဦး ၊ ဘာမှ ချန်မထားပါနဲ ့။ အကို လည်း ရိပ်မိပါတယ် ၊ သမီး ဆိုးပုံအကြောင်းတွေ ကို ”

AA က ဖွင့်ဆိုလာသဖြင့် M က အကြောင်းစုံကို ရှင်းလင်းပြောလိုက်ရတော့သည် ။ သို ့သော် CC ကို မူ ငယ်စဉ်ကတဲ က လက်ပေါ ်တွင် ကြီးပြင်းလာသည် မှာ မှန်သော်လည်း ၊         ယနေ ့တွင် မူ စွဲလန်းမြတ်နိုးမိသွားသဖြင့် တောင်းရမ်း မိခြင်း ဖြစ်ပါကြောင်း ကိုပါ ပြောသည် ။ သူ ့အနေဖြင့် ကိုAA တို ့၏ အကြွေးများကို အားလုံး ချေပေးသွားမည် ဖြစ်ပြီး AA တို ့လုပ်ငန်း ကို သူ ငွေထည့်ဝင်ကာ ဆက်လက်ဦးစီးသွားမည် ဟု သူ ့အစီအစဉ် ကို ပြောလိုက်သည် ။  AA သည် မျက်ရည်များ လည် နေကာ M ၏ လက်နှစ်ဘက် ကို ဆုတ်ကိုင် လိုက်ပြီး

“ ညီလေး M ရယ် ၊ ညီလေး ကို အကိုတို ့မိသားစု အနေ နဲ ့ဘယ်လို ကျေးဇူးတင်စကား ဆိုရမလဲ မသိတော့ပါဘူး ကွာ ၊ အကို ့မိန်းမ ချဲဂျပိုး မ ကို လည်း ဒီအကြောင်းတွေ အကုန် ပြောပြ လိုက်ပါ့မယ် ကွာ ။ သူလည်း နောင်တ ရသင့်ပါပြီ ၊ CC ့ကို လည်း မင်းလက်ထဲ ယုံကြည် စိတ်ချ စွာနဲ ့အပ်ပါ့မယ်ကွာ ။ CC ့ကို အကောင်းဆုံး နားလည်ပေးနိုင်မှာ က မင်း တစ်ယောက် ပဲ ရှိမှာပါပဲ …. ဘာပဲဖြစ်ဖြစ် လေ မင်း ဟာ အကိုတို ့သားမက် ရယ်လို ဖြစ်လာမှာ ဖြစ်ပေမယ့် မင်းဟာ အကို တို ့မိသားစု ရဲ  ့ကျေးဇူးရှင်ကြီး ဆိုတာ အကိုတို ့ ဘယ်တော့ မှ မမေ့ပါဘူး ကွာ ”

“ ဟာ….အဲ့လို ကျေးဇူးရှင်ကြီး တော့ မလုပ်ပါနဲ ့၊ ရပါတယ် ဗျာ ၊ အကို နဲ ့ကျွန်တော် နဲ ့က နောက်ပိုင်း သားမက် နဲ  ့ယောက်ခထီး ဖြစ်လာတော့မှာပဲ ၊ လာဗျာ ၊ ဘဝ ရဲ  ့အခက်အခဲ တွေ ကို အတူရင်ဆိုင် ကျော်လွှားကြတာပေါ့ ၊ ကျွန်တော် တို ့အားလုံး…….Cheers !!  ”

( ကိုယ့်အကူအညီ လိုအပ်နေသူ ကို စေတနာသန် ့သန် ့နဲ ့တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးခြင်း ဟာ  စိတ်ပျော်ရွှင် ချမ်းသာရာ ရောက်ခြင်း တစ်ပါး မဟုတ်ပါပေလား ။ )

ကိုယ်တိုင် စဉ်းစား စိတ်ကူး ရေးသားထားခြင်း ဖြစ်ကြောင်း ဝန်ခံ ပါသည် ။ ဇါတ်ကောင် များ ကို အင်းဂလိ အက္ခရာ များ ပေးထားခြင်းကို မူ သည်းခံ ခွင့်လွှတ်တော်မူကြပါ ရန် ။

အားလုံး ကို ကျေးဇူးတင်ပါသည် ။

4 comments

  • noob

    July 15, 2011 at 5:57 pm

    တိုတို ပေ သဂျီး က comment ကို + ဂျီပဲ ပေးပြီး မထားခဲ ့နဲ ့ တဲ့ forum ထဲမှာ ပြောထား တယ်
    ကျန်တဲ ့နေရာတွေ မှာ ထက်ပေးနေမှာ စိုးလို ့ဒီမှာ ပြောလိုက် နော်

  • ကြောင်ကြီး

    July 16, 2011 at 11:29 am

    happy ending ဖြစ်သွားနိုင်တဲ့ စာလေးတပုဒ်ပေါ့ဗျာ။ နောက်ဆုံးကြမှ အင်ကြီးတကယ်ဟုတ်ဖူးဆိုတော့ နင်သွားတယ်။ M အတွက် ကြောင်ကြီးက ဝမ်းသာပေးမလို့….
    ဖတ်ခဲ့ဖူးတယ် ဝတ္ထုတိုတပုဒ်ကို ကြုံလို့ဖောက်သည်ချချင်တယ်။ အင်လား အွန်လားတော့ မသိဘူး။ ဝတ္ထုအစမှာ ဇာတ်ကောင်က လူပျိုလူလွတ် ချစ်သူပစ်သွားတာ အသားလွတ်ခံခဲ့ရသူ။ တနေ့ကြတော့ သူငယ်ချင်းတွေက လူစုံလို့သောက်စားကြတုန်း နာမည်ကြီးတဲ့ ဇယားလေးတပွေခေါ်လိုက်တယ်။ အားလုံးဝိုင်းအားပေးကြမယ်ပေါ့။ အဲဒီဇယားလေးက ဇာတ်ကောင်ရဲ့ ရည်းစားဟောင်းဖြစ်နေတယ်။ ပွဲမဖြစ်လိုက်ဘူးပေါ့နော်၊ ဟာခနဲ ဟင်ခနဲဖြစ်၊ အချင်းချင်းပြသနာတက်ကြသလား မမှတ်မိတော့ဘူး။ ကောင်မလေးက ငိုပြီးထွက်ပြေးသွားတယ်။ အကြောင်းစုံကိုလိုက်မေးကြည့်တော့ သူ့ပထွေးက ဖျက်ဆီးလိုက်တယ်လို့ဆိုတယ်။ နောက်ထပ် အတွေ့မခံတော့ဘဲ ခြေရာဖျောက်သွားတယ်၊ ကြေကွဲစရာ အဆုံးသတ်လေးပေါ့။

  • manawphyulay

    August 1, 2011 at 12:58 pm

    ဖတ်လိုက်တော့ A,B,C မေ့နေတာ ပြန်လည် မှတ်မိသွားစေပါတယ်။

  • AKKO

    August 1, 2011 at 2:40 pm

    နာမည်လေး နံစားသုံးပါလားဗျာ ဒါမှ ဖတ်ရတာ ဇာတ်ရည်လည်မှာပေါ့ ။ နံစားသုံးထားတာတွေမို့လို့ နားလည်အောင် နှစ်ခါ ပြန်ဖတ်ရတယ် 😛

Leave a Reply