ကမ္ဘာ့ အသေးဆုံးလူသားလေး

အရပ် ၂၂ လက်မသာရှိသော ဖိလစ်ပိုင်နိုင်ငံသား ဂျန်ရေးဘလာဝင်း Junery Balawing သည်ဇွန်လ(၁၂)နေ့တွင် အသက်(၁၈)နှစ်ပြည့်သဖြင့် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့၏ ကမ္ဘာ့အသေးဆုံးလူသားအဖြစ် တရားဝင်အသိအမှတ်ပြုလွှာကိုရရှိကြောင်းသိရသည်။သူသည် လက်ရှိ ကမ္ဘာ့အသေးဆုံးလူသားအဖြစ်စံချိန်တင်ထားသူ အရပ်(၂၆ .၄ လက္မ ရှိသော နီပေါနိုင်ငံသား ခါဂျန်ဒရောသာပါမာဂါ၏နေရာကိုရရှိသွားခြင်းဖြစ်ပါသည်။

ယင်းကဲ့သို့ အသိမှတ်ပြုခံရခြင်းကို သူ၏မိခင်ကွန်ဆီယွန်(၃၅)နှစ်နှင့်ဖခင်ရေနယ်ဒို(၃၇)နှစ်တို့က ဂုဏ်ယူလျှက်ရှိကြောင်းသိရသည်။သူတို့သည် ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုအန်ဂါဒယ်နော့တေးမြို့၌နေထိုင်ကြသူများဖြစ်ကြသည်။၎င်းတို့မိသားစုအား မြို့တော်ဝန်မှ ဂုဏ်ပြုဧည့်ခံရန်ဖိတ်ကြားထားကြောင်းသိရသည်။

ဇွန်လ ၁၂ ရက်နေ့တွင ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ အယ်ဒီတာချုပ် ခရိတ်ဂလန်းဒေးသည် စင်ဒန်ဂန်ဒေသကျမ်းမာရေးလုပ်သားများနှင့်အတူ ဖိလိစ်ပိုင်နိုင်ငံတောင်ပိုင်း ဇန်ဘိုအန်ဂဒယ်နော့တေးသို့သွးရောက်ပြီး ဘလာဝင်းကို တရားဝင်တိုင်းတာမူများပြုလုပ်လျှက် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ကမ္ဘာ့အသေးဆုံးလူသားအဖြစ်အသိအမှတ်ပြုလွာကို ပေးအပ်ခဲ့ကြောင်းသိရပါသည်။

အပြည့်အစုံကို.www.guinnessworldrecords.com မှာသွားရောက်ကြည့်ရူနိုင်ပါသည်။

4 comments

  • PaukPhaw

    July 15, 2011 at 6:15 pm

    + ဆိုရင် သူကြီးက ၂ဝ နုတ်တယ်လို ့ပြောတယ်နော်..
    ပြီးတော့ ဒီသတင်းကလဲ ဒိတ်အောက်နေပါပြီဗျ

  • zaw min

    July 15, 2011 at 8:43 pm

    အင်း..ဟုတ်တယ်..ကိုကအခုမှ သိလို့ပါညီလေးရေ…

  • redbull

    July 16, 2011 at 2:37 am

    ဖြစ်တတ်ပါတယ်…ဖြစ်ခွင့်လဲရှိပါတယ်…သတင်းဆိုတာက ကျယ်ပြန့်လှပါဘိတောင်း…၊။

Leave a Reply