လှော်ကားဥယျာဉ်ကို ၁၅နှစ် အငှားစာချုပ်ဖြင့် ထူးကုမ္ပဏီလုပ်ကိုင်ခွင့်ရ

klnMay 6, 20101min724

ရန်ကုန်မြို့နှင့် အနီးဆုံးသဘာဝဥယျာဉ် တစ်ခုဖြစ်သော လှော်ကားဥယျာဉ်ကို ထူးကုမ္ပဏီက ၁၅နှစ်တာ အငှားစာချုပ်ဖြင့် ဧပြီလဆန်းမှ စတင်ကာလွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်ကအတည်ပြုပြောကြားသည်။ “လှော်ကားဥယျာဉ်ထိန်းသိမ်းခွင့်ကို ၁၅နှစ်အငှားစာချုပ်နဲ့ လုပ်ကိုင်ခွင့်ရသွားတာပါ” ၎င်းကပြောသည်။ ၂၀၁၀-၂၀၁၁ဘဏ္ဍာရေးနှစ်၏ အစ ဧပြီလ ၁ရက်မှ စတင်ကာလုပ်ကိုင်ခွင့်ရသွားပြီဖြစ်ပြီး ယခုအခါ ထူးကုမ္ပဏီအနေဖြင့် ဥယျာဉ်အတွင်း အသေးစားပြင်ဆင်မှုများ စတင်လုပ်ဆောာင်နေပြီဖြစ်ကြောင်းသိရသည်။ “အခုကတော့ ရေပိုက်တို့၊ မီးလိုင်းပြင်တာစတဲ့ ပြင်ဆင်မှုတွေ စလုပ်နေပါတယ်။ ဥယျာဉ်တွင်း အကြီးစားပြုပြင်ပြောင်းလဲမယ့် အစီအစဉ်က တော့အသေးစိတ် မသိရသေးပါဘူး” ဟုလှော်ကားဥယျာဉ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လှော်ကားဥယျာဉ်သည် အပန်းဖြေစခန်း ၄ခုပါဝင်ပြီး ဧရိယာ ၆၁ဧက ကျယ်ဝန်းသော တိရစာ္ဆန်ဥယျာဉ်ငယ်တစ်ခုလည်းပါဝင်ကာ ၈၁၈ ဧက ကျယ်ဝန်းသော ဥယျာဉ်ဧရိယာရှိသည်။ လှော်ကားဥယျာဉ် နယ်နိမိတ်အတွင်း ဇီဝမျိုးစုံမျိုးကွဲပေါင်း၄၀ဝကျော် နေထိုင်ကျက်စားလျက် ရှိသည်။

4 comments

  • laypyay

    May 6, 2010 at 6:09 am

    ဘာတွေ ပေးဘိုကျန်သေးလဲ မသိဘူး.. ။ ပြည်သူကြီးပါ ပေးတော့ မယ် နောက်ဆိုရင်..။

  • susunosuki

    May 6, 2010 at 6:29 am

    ပုဂ္ဂလိက ကလုပ်တာဆိုရင် တိတိကျကျ နဲ့လုပ်နိုင်မယ်လို့မျှော်လင့်တယ်
    အရင်တုန်းကထက်စာရင် တိတိကျကျပေါ့

  • etone

    May 11, 2010 at 4:37 am

    လှော်ကားကိုသူငယ်ချင်းတွေနဲ့သွားတုန်းက ခေါင်လိုက်တာမှ ကြောက်စရာတောင်ကောင်းတယ် ။ အထဲမှာ ဓါးမြတိုက်မှာတောင်စုးိရိမ်ရတယ် ။ အပင်တွေကလည်း မညီမညာနဲ့ ။ နားနေစခန်းတွေကလည်း စုတ်ပြဲနေတာပဲ ။ ဒါ့အပြင် အိမ်သာတောင် ရေမရလို့ ဒုက္ခရောက်ရတယ် ။

  • crazy ng

    July 22, 2010 at 3:30 am

    ထူးက နောက်ဆိုရင် ဗယာကြော်ပါ ကြော်ရောင်းတော့မလားမသိဘူး……

    အားလုံးသူကြီးဘဲ….

Leave a Reply