Google +{ https://plus.google.com/}  အကြောင်း သိသလောက်လေး နဲနဲရှင်းပြထားတာပါ..
သူများတွေသိပြီး ကိုယ်မသိသေးရင်နဲနဲ အောက်တယ်ဗျ..။အစက Google + ဆိုတာ ကြားဖူးလို့  သွားဝင်ကြည့်တာလဲ
Google+ is in limited Field Trial ဆိုပြီးဖြစ်နေလို့  ဘာမသိညာမသိခဲ့ပဲ ပြန်ထွက်လာရတယ်။ဒီနေ့ မှ ဘော်ဘော် တစ်ယောက်
Invite လုပ်ပေးလို့  Signup လုပ်ခွင့်ရသွားတာနဲ့  အနည်းငယ် ပြန်ရှင်းပြလိုက်ခြင်းဖြစ်ပါတယ်။

ဂူဂယ်လ် ပလက်စ် တွင်
G + မှာ လောလောဆယ်လုပ်ခွင့်ရနေတာတွေကတော့
ဓာတ်ပုံတင်ခြင်း၊ဗွီဒီယိုတင်ခြင်း၊Link ရှဲခြင်းများဖြစ်ပြီး Google + မှတစ်ဆင့်လဲ ချက်တင်အသုံးပြုနိုင်တာတွေပဲ ဖြစ်ပါတယ်။

ဖြည့်စွက်ပြောရရင် Facebook နှင့်လဲ အနည်းငယ် သဏ္ဌန် တူပါသည်။

မိမိတင်လိုက်သော ဓာတ်ပုံ၊ဗွီဒီယို၊လင့်ခ်၊ပို့ စ်များကို ရှဲရ်
လိုက်ပါက G+ ရှိ မိတ်ဆွေများ သိရှိပြီး ၀င်ရောက်ကြည့်ရှု၍ ထင်မြင်ချက်များ ရေးသားခဲ့နိုင်ပါတယ်။ဓာတ်ပုံများတင်ရင်လဲ
အင်မတန်မြန်ဆန်တာတွေ့ ရပါတယ်။

ပြီးတော့
သင်၏ G+ ရှိ Contact များအား ဖိတ်ခေါ်(Invite)နိုင်ခြင်၊ မိမိ စိတ်ကြိုက်Friend list များဖန်တီး၍ ထားရှိနိုင်ခြင်း၊Contact အား Block လုပ်နိုင်ခြင်း

စတဲ့ လုပ်ဆောင်ချက်လေးတွေ လဲ ပါပါတယ်။

လောလောဆယ်မှာ လူအနည်းငယ်နှင့်သာ စမ်းသပ်ဆဲကာလ ဖြစ်လို့   Signup လုပ်ခွင့် မရှိသေးပါဘူး။
ဒါပေမဲ့ မကြာမီ ကာလမှာပဲ G+ ကို အပြီးသတ် ထုတ်လွှင့်တော့မယ်လို့ ယုံကြည်ရပါတယ်။အဲဒီအခါကြရင်တော့ မည်သူမဆို Signup လုပ်လို့ ရပါပြီ။
G+ မှာ ဒီ့ထက်ကောင်းတဲ့  Features များကိုလဲ ထပ်ပေါင်းထည့်နေပါသေးကြောင်း သတင်းကောင်းပါးရင်း G+ အား အခက်အခဲမရှိ သုံးတတ်ကြစေရန်
အနည်းအကျဉ်း ရှင်းပြလိုက်ပြလိုက်ခြင်းဖြစ်ပါတယ်။

တစ်စုံတစ်ယောက်မှ G+ သို့ ဝင်ရောက်ရန် အီးမေးလ် ပို့  ဖိတ်ခေါ်ခြင်းခံရပါက အဆိုပါအီးမေးလ်  တွင်ပါသော
Learn More  About Google + လင့်ခ်အားနှိပ်၍
First name
Last name
Select your Gender type
Age
တို့ ကို သင့်တော်သလိုဖြည့်ပြီး Join လိုက်ပါက G+ အား စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းဖြည့်စွက်ပြောရင်း
G+ အကြောင်း သိသလောက်လေး မိတ်ဆတ်ပေးလိုက်ပါတယ်။

.

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး