(Nature) ဆီတဂါလံ ဘယ်နှစ်မိုင်ရလဲ 15Jul11

natureJuly 15, 20111min21211

လောင်စာဆီ ရောင်းဝယ်ရေးကို အစိုးရက ပုဂ္ဂလိက ကို လုပ်ကိုင်ခွင့် ပေးလိုက်တာကြာ ပါပြီ။ မလွှဲခင် ယခင်က ၆ ဂါလံထည့်ရင် ၅ ဂါလံ ၅.၅ဂါလံလောက်ပဲရပါတယ်။ စစချင်းလျှော့တာက တစ်မှတ်ပါပဲ။ ၆ဂါလံထည့်ရင် ၅.၉ ဂါလံ ရပါတယ်။ ဆီခိုးတယ်ဆိုပြီး တိုင်တော့မှ ဆီမှတ်ပြည့်သွားပြီး ၅ဂါလံလောက်ပဲ ပါတော့တယ်။

အစိုးရက ပုဂ္ဂလိက ကို လုပ်ကိုင်ခွင့် ပေးပြီးပြီး ဆီဆိုင်တွေမှာ ဆီထည့်ရင် ဆီမှတ်တွေ သိသိသာသာတက်လာပါတယ်။ နောက်ပိုင်းမှာတော့ နဲနဲ လျှော့လာတာကို တွေ့ရပါတယ်။ သင်ရဲ့ကား ဆီ၁ဂါလံကို ဘယ်နှစ်မိုင်ရလဲ။ ဘယ်ဆိုင်ဆီပြည့်လဲမသိချင်ဘူးလား။

ဖင်ကောက်တွေကတော့ ၁ဂါလံကို ၄ရ -၄၈ကီလိုလောက်အထိရပါတယ်။လျှော့တဲ့ ဆိုင်တွေဆို ၄၃ ကီလိုရပါတယ်။တခါတလေ ၄ဝ ကီလိုလောက်ပဲ ရပါတယ်။  aircon ဖွင့်တာနဲ့ ခရီးဝေးသွာရင် ကီလိုမီတာ ကွာသွားတတ်ပါတယ်။

တဂါလံ ဘယ်နှစ်မိုင်ရလဲ သိချင်ရင် တဆိုင်ချင်းစီစမ်းကြည့်ပါ။

ပထမဦးဆုံး ဆိုင်မှာကားထဲကို ဆီအပြည့်ထည့်လိုက်ပါ။

ကီလိုမီတာ zero setting လုပ်လိုက်ပါ။

 

မောင်းပြီး ဆီထပ်ထည့်မယ်ဆိုရင် ပထမဆိုင်မှာပဲ အပြည့်ထည့်ပြီး

ကီလိုမီတာမှတ်ပါ။

ထည့်တဲ့ ဆီဂါလံကိုမှတ်ပါ။

အဲဒီလို ၄-၅ ကြိမ်လုပ်ပြီး average ယူရင်ဒီဆိုင်ရဲ့ ဆီပြည့်မပြည့် သိနိုင်ပါပြီ။

ပြီးရင် နောက်တဆိုင်ပြောင်းပြီး စမ်းကြည့်ပါ။

 

11 comments

  • kai

    July 16, 2011 at 3:13 am

    ယူအက်စ်မှာ ရှေးကအဲဒီလို မပြည့်တာထည့်ကြလွန်းလို့… အစိုးရက..အင်စပါက်တာလွှတ်ပြီး.. ကားဓါတ်ဆီထည့်ရင်း.. တိုင်းတဲ့စက်ကလေးနဲ့.. မသိမသာ…တိုင်းတိုင်းသွားတယ်..။
    မိလို့ကတော့… အကုန်ပြုတ်..ထောင်ထဲထည့်ပဲ..
    မြန်မာပြည်လည်း.. အဲလို လုပ်ဖို့ကောင်းတယ်..။

    • intro

      July 16, 2011 at 10:17 am

      ဒါဆိုရင်တော့ ဆီထည့်ဖို့ ဆိုင်ဝန်ထမ်းမရှိဘဲ နေဦးမယ်…ဗျ

    • MaMa

      July 16, 2011 at 6:47 pm

      အစိုးရက..အင်စပါက်တာကလည်း ဆိုင်နဲ့ မညှိတတ်ဘူးလား မသိဘူး။
      😉

  • nature

    July 16, 2011 at 8:17 am

    အရင်တုန်းက ဖမ်းမိလို့ ထောင်ထဲထည့်ရင် ထောင်တောင်ဆန့်မှာ မဟုတ်ဘူး။ ဖမ်းမိဘို့ကလည်းမလွယ်ဘူး ၊ ဆိုင်တွေမှာ ကျေနပ်မှုမရှိရင် စံ တိုက်ဖို့ ဂါလံခွက်တွေတော့ရှိပါရဲ့။ အမြဲတန်းဂါလံခွက်နဲ့ စစ်ခိုင်းနေရတော့ ကြာတော့ အားနာပြီးမစစ်နိုင်တော့ဘူး။ လူတိုင်းစစ်တဲ့နည်းလေးတွေ သိထားပြီးစစ်ရင် ပြည့်တဲ့ဆိုင်တွေ တဖြည်းဖြည်း များလာမယ်ထင်တာပဲ။ လူညီဖို့တော့လိုတာပေါ့။
    ပြည့်မပြည့် တိုင်းတဲ့စက်ကလေးကိုတော့ စိတ်ဝင်စားသား။

  • ogre

    July 16, 2011 at 12:38 pm

    ယခင်အစိုးရ စက်သုံဆီဆိုင်များ၏
    ပန့်ကိုင်ဝန်ထမ်းများ အများစုဟာ
    ကားနှစ်စီးနဲ အနည်ဆုံးတိုက်ခန်းတစ်ခုတော့
    ပိုင်ကြတယ်ဗျ..ဆိုင်ကိုလာရင်ကိုယ်ပိုင်ကားနဲ့လာ
    ကားကိုတစ်ခြားနေရာမှာရပ်ထားပြီး ညနေပြန်မှ ထုတ်စီးသွားကြတာ
    ပန့်ကိုင် ဖြစ်ရင်တော်တော် ထောဆိုပဲ……ဆိုင်မန်နေဂျာဆိုမပြောနဲ့တော့

  • windtalker

    July 16, 2011 at 1:05 pm

    ဒီပို ့စ်လေးကို ဖတ်ပြီး ဆီခိုးသူတွေ အကြောင်း ဗဟုသုတ ရရှိပါတယ် ။ ကျေးဇူးတင်ပါတယ် ။
    နောက်တစ်ခု က ပို ့စ်တင်သူ နေးချား ဟာ ဗင်ဖင်ကောက် စီးတယ် ဆိုတာကိုပါ သိလိုက်ရပါတယ် ။
    ဗင်ဖင်ကောက် တစ်စီး တန်ဖိုး ဟာ သိန်း၃၀ဝ ကျော် ဝန်းကျင် ရှိတဲ့ အတွက် နေးချား ဟာ ဘော့စ် တစ်ဦးပါပေပဲ ။

  • zawmyothu

    July 16, 2011 at 2:29 pm

    ဆီပြည်.တာ မပြည်.တာတော. မသိဘူးဗျာ ဆီကို တစ်ပါတ် ဘယ်နှဂါလံ ဆိုပြီးတော. ကန်.သက်ချက်နဲ. ထုတ်နေကြရတယ်ဗျားးးးးးးးးးး

  • zawmyothu

    July 16, 2011 at 2:29 pm

    ဆီပြည်.တာ မပြည်.တာတော. မသိဘူးဗျာ ဆီကို တစ်ပါတ် ဘယ်နှဂါလံ ဆိုပြီးတော. ကန်.သတ်ချက်နဲ. ထုတ်နေကြရတယ်ဗျားးးးးးးးးးး

  • ဆူး

    July 16, 2011 at 10:22 pm

    ဆူး မောင်းတဲ့ လေးဘိန်း ကားလေးက ဘွတ်ချက် ဖွတ်ချက် နဲ့ အသံမြည်သလို ဆီကလည်း သူများထက်အုပ်တယ်လေ.. ဒီတော့ ဘယ်လောက် ဆီတက်လို့ ဘယ်လောက် ကုန်သွားမှန်း မသိလိုက်ဘူး။
    အောက်တိန်း ၃၇၀ဝ ၃၈၀ဝ ဆိုပြီး တွေ့လို့ ၁၀ဝ သက်သာတယ် ဆိုပြီး ဝင်ထည့်ရင် ၁၀ဝဖိုး လျော့ထားတယ် ပြောတာပဲ.. B600 လောက်တော့ အောက်တိန်းမလိုတော့ သူများပြောတာ ပြောကြည့်တာ။

  • pan pan

    July 18, 2011 at 1:26 pm

    ကားမရှိတော့ ဒါတွေခေါင်းမခြောက်တော့ဘူး
    အေးရော….. 😀
    ခိုးတာတော့ ဓါတ်ဆီအရောင်းဆိုင်မှမဟုတ်ပါဘူးလို့
    ဘာဆီဖြစ်ဖြစ် ဘာဖြစ်ဖြစ်

  • kosharshi

    July 18, 2011 at 1:57 pm

    သူခိုးများဘေးမှ.. ကင်းဝေးနိုင်ကြပါစေ….

Leave a Reply