အချိန် နဲ့ အခကြေးငွေပေးဖတ်ရတဲ့ သတင်း ၊ အမှန်ဖြစ်စေလို

etoneJuly 16, 20111min13312

ရုံးပိတ်ရက်က ပျင်းပျင်းနဲ့ …. အိမ်မှာရှိတဲ့ ဂျာနယ်တွေ လှန်လှောရှာတော့ … ဖတ်လိုက်ရတဲ့ သတင်း ခေါင်းစဉ်က စိတ်ဝင်စားမှူကောင်းလှပါတယ် … ။ အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက် ခိုးယူတာနဲ့ပဲ … ထောင် ဒဏ် ၂၅ နှစ်ကျခံခဲ့ရတယ်ဆိုပါလား … ဒါနဲ့ …သတင်းအပြည့်စုံကို အောက်ကစာမှာ ဆက်ဖတ်တော့ … အောက်မှာ ရေးထားတာ ထောင်ဒဏ် ၂ နှစ်ပါတဲ့ … ။ တကယ်ပဲ ကျခံခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်လား ၂၅ နှစ်လား မသိပေမဲ့ …  လူအများကြားထဲ အခကြေးငွေနဲ့ ဖြန့်ချီတဲ့ စာဆောင်မှာ သတင်းအမှန်လေးတော့ဖြစ်သင့်တာပေါ့ ရှင် … ။ တိုက်ပင် အယ်ယာဖြစ်မှန်း သိပေမဲ့ … တကယ်ကျခံခဲ့ရတဲ့ နှစ်က ၂နှစ်လား … ၂၅နှစ်လား ဝေဝါးဝါးပဲ … ။ နောက် အပတ်ထုတ်မှာတော့ … အမှားပြင်ဆင်ချက်ဆိုပြီး ပါကောင်းပါရဲ့နော် … ။

ကျွန်မဖတ်လိုက်ရတာကတော့ UPPER MYANMAR ဂျာနယ်ရဲ့ 7-Jul-11မှာ ထွက်တဲ့စာဆောင်ပါ … ။ Vol:5 , No.26 မှာပါ  … ။

12 comments

  • ကြောင်ကြီး

    July 16, 2011 at 11:11 am

    နှစ်ငါးနှစ် ကိုးနဝင်း ဘဘကြီးယတြာ ချေတာပါကွယ်…. 🙂

  • PaukPhaw

    July 16, 2011 at 11:16 am

    ၂၅ နှစ်ဆို အရမ်းများ များနေသလားလို ့
    2 years ဖြစ်မယ်ထင်တယ်

    ရှင်းရှင်းလင်းလင်းလုပ်ကြဟေ့..
    ခင်ဗျားတို ့မရှင်းမရှင်းလုပ်လို ့ သဂျီးဘက်ဂျက် ထိခိုက်တော့မယ်

    😀
    😛

  • etone

    July 16, 2011 at 11:18 am

    ဂျာနယ် ဝတ်ဖတ်လို့ ကုန်သွားတဲ့ပိုက်ဆံ … ပို့စ်တပုဒ်ရေးပြီး ပြန်ရှာတာပါကွ အဟီး 😀

  • zawmyothu

    July 16, 2011 at 1:50 pm

    သတင်းစာမှာ မှားရေးမိလို.ပေါ.ဗျာ
    တရားခွင်မှာ မှားရေးရင် တရားခံကတော…………….

  • ဆူး

    July 16, 2011 at 8:46 pm

    ယမာန်ကြီး ၂၅ပတ် များလား.. ယမာန်ကြီး ၁ပတ် ဆိုတာ ၁၄ရက်..

  • pan pan

    July 18, 2011 at 1:21 pm

    ၂၅နှစ်နဲ့ ၂နှစ် အသိသာကြီး
    ခေါင်းစဉ်က စာလုံးအကြီးကြီး ဖြစ်ပြီးမှားစရာလား
    မှားခြင်းမှား စာကိုယ်မှာမှားရင်တော်သေး
    အယ်…..ဘယ်ဟာအမှန်မှန်းလဲ သိပါဘူး
    မင်းသမီးအိမ်မို့ ၂၅နှစ်များဖြစ်နေမလား?? 😛

  • kosharshi

    July 18, 2011 at 2:01 pm

    သတင်းအမှားများ..အချက်အလက်အမှားများ.. များစွာတွေ့ဘူးပါကြောင်း… ရွာသားများသိစေအပ်ပါသည်။

  • aungnng87

    July 18, 2011 at 2:27 pm

    ၂နှစ်ပါတဲ.။မနေ.ကမလေးရှားကထုတ်တဲ့ဂျာနယ်တခုမှာဖတ်လိုက်ရပါတယ်။

  • moethidasoe

    July 18, 2011 at 3:10 pm

    သတင်း မှားတာလား .. typing error လားဆိုတာ ရှင်းဖို့ လိုလိမ့်မယ် ..
    သတင်းအမှား ဆိုတာ လုံးဝသော်လည်းကောင်း တစိတ်တဒေသ သော်လည်းကောင်း မှားမယ်
    typing error ဆိုတာက တနေရာမှား တနေရာမှန် ဖြစ်နေတတ်တာ .. ဒါက မူရင်းကို သိမှ မှန်နေတယ် .. မှားနေတယ်လို့ သိမှာ

  • Mobile

    December 3, 2012 at 4:13 pm

    ၂ နှစ်ဆိုရင်တော့ တရာခံအတွက် ဂွင်တည့်တယ်လို့ဆိုရမှာပေါ့
    ၂၅ နှစ်ဆိုရင်တော့ နောက်မလုပ်တော့ပါ ဘူးဗျာလို့ စိတ်ထဲမှာ စွဲးသွားလောက်တယ် . . . . . .

  • uncle gyi

    December 3, 2012 at 10:59 pm

    အယ်ဒီတာမှာလုံးဝတာဝန်ရှိပါတယ်
    ဂျာနယ်တွေကများထုတ်ဖို့ကစိတ်စော
    သတင်းဥိီးဖို့ကအဓိက
    ဘာမှသိပ်မကြည့်နိုင်တော့ပဲထုတ်လိုက်တော့အခုလိုဖြစ်ကုန်တာပ

Leave a Reply