တိမ်သလာလေး..ခွာကြည့်ပါ

***ရန်သူငါးပါးထဲ မှာအင်မတန်ဆိုးဝါးလှတာသူခိုးဓမြထက်ဆိုးတဲ ့ရန်သူဟာ…***

ရုတ်တရက်ထွက်ပေါ်လာတဲ ့ဖုန်းသံကြောင့်စိတ်ကောလူပါ..သတိပေးဖုန်းမြည်သံမလို

ကျမက သတိအနေ အထားနြ ့ရပ်မိသလိုတောင်ဖြစ်သွားပါတယ်..။

ခေတ်ပဲပြောရမလား ခေတ်ရေစိးကြောင်းတိုးတက်မှုမှာ လူငယ်ပီပီ ကျမလည်းဖုန်းမြည်သံလေးတွေမျိုးစုံထဲ ့ထားပါတယ်..။

ချစ်သူဆီကဖုန်းသံက..ဟန်နေ…နေ ့တိုင်းတွေ ့ချင်တာမင်းရဲ ့မျက်နှာလေး…။

သူငယ်ချင်းတွေဆို….ကိုင်ဇာရဲ ့လာကြဟေ6နာရီတောင်ထိုးပြိးဘာညာပေါ့…။

ဆွေးမျိုးဆို…တော်ပါပြီစိတ်ကုန်တယ်..**ဘာညာပေါ့နော်..မြည်သံတခု..စသဖြင့်ခွဲ ခြားပြိးထဲ ြကြတာတစ်မျိုးကောင်းလှပါတယ်..။

ခုဏကဖုန်းမြည်သံကတော့..ကိုယ်မနှစ်သက်တဲ ့သူဆီ ကဆိုတာအချက်ပေးသံကြောင့်သိရပြိ..။

ဒိလိုနဲ ့ကျမလုပ်လက်စအလုပ်လေးဘေးချပြိး စိတ်မပါစွာဖုန်းကိုကောက်ကိုင်လိုက်ရပါတော့တယ်…။

နံပါတ်ကြည့်လိုက်တော့..

အော်..ပြည်ကဥိးကြီးဘဲ..ကျမအဖေရဲ ့သူငယ်ချင်းဗိုလ်မှူးဟောင်းတစ်ယောက်ပါ။

အင်မတန်အနောက်တိုင်းဆန်(ဘိုဆန်)ပြီး၊ စစ်တပ်ဆန်စွာကျမတို ့တွေ ကိုအမိန် ့ ပေးခိုင်းတတ်ပြီး

မေတÇာတုန် ့ပြန်ပြီးသူ ကိုယ့်သူအန်ကယ်နာမ်စားသုံးတဲ ့အခါကျမက

အနောက်တိုင်းဆန်ဆန် မခေါ်တတ်မပြောတတ်ပုံစံ လုပ်ပြီး ဥိးကြီးလို ့ပဲနှုတ်ကျိုးစွာခေါ်ပစ်ခဲ ့ပါတယ်.။

.(ကျမလည်းလူ ့ကန် ့လန် ့တစ်ယောက်ပါပဲလေ…..ငယ်ငယ်ကပါ..).။။

ကျမလည်းမျက်နှာတချက်စူပြီး..

“ဟုတ်ကဲ ့..အမိန် ့ရှိပါဦးကြီး” လို ့ပြန်ထူးလိုက်ပါတယ်..။

“အော်…အေး မိရွှေမိလား…..အန်ကယ်ပါဗိုလ်မှုး…..ပါ..ညည်းတူမောင်ဒေးဗစ်နားနောက်မှာအကျိတ်ဖြစ်နေလို ့ ရန်ကုန်လာကုရမယ်….

အန်ကယ်လည်းအလုပ်တွေများလို ့မလိုက်လာနိုင်ဘူး..ဒါကြောင့်မောင်ဒေးဗစ်နဲ ့ဒရိုင်ဘာကို ရန်ကုန်

လွှတ်လိုက်မယ် ညည်းတူကိုသေချာကောင်းတဲ ့ဆရာဝန်နဲ ့ပြပေးလိုက်ပါ။

အန်ကယ်ငွေ ၅ သိန်းထဲ ့ပေးလိုက်တယ်…လိုရင်လည်းနောက်မှငွေလွှဲလိုက်မယ်..။

ပိုရင်လည်းဒေးဗစ်အတွက်စားစရာဝယ်ပေးလိုက်ပါ…..

ဒရိုင်ဘာကတော့ဆီအသွားအပြန်နဲ ့နေ ့တွက်ပေးထားပြိးသား… ညည်းလိုသလိုသုံး ။ပြည်မှာက

ခွဲစိတ်အထူးကုတွေသိပ်မရှိဘူးလေ..နော်..”။vို ့စကားရှည်မှာနေပါတယ်။

ဒါနဲ ့ကျမလည်း..

“ဟုတ်ကဲ ့ဦးကြီး..အရီးလေးကောနေကောင်းရဲ ့လား

အရီးကောလိုက်နိုင်ရင်လိုုက်ခဲ ့လေ…”လို ့ပြောလိုက်ပါတယ်..။

“မင်း အန်တီလည်းမအားလို ့…ကဲ …စိတ်ချမယ်…” လို ့ပြောပြီးဖုန်းချလိုက်ပါတယ်..

ကျမလည်း..”ဟူး..”..သက်ပြင်းမောတချက်ချမိပါတယ်…။

ကျမဟာ မိဘများရဲ ့ဆွေမျိုးအသိုင်းဝိုင်း၊ မိတ်ဆွေတွေကြားမှာတော့အတော်လေးရေပန်းစားသူပါ..။

ငယ်ငယ်က နေရာတကာပါပြီး စပ်စုတတ်တာကြောင့်ပဲဖြစ်ပါလိမ့်မယ်။

ဘယ်သူကဘာဖြစ်ရင်….ကျမအဖေကိုပြောလိုက်..

“အေး…မင်း..ငါ့သမီးကိုဖုန်းဆက်လိုက်..”လိုကူညီတတ်သူမို ့

ဒိလိုနဲ ့ဘဲ ..ကျမအမည်ရင်းပျောက်လို ့….ရွှေမိအဖြစ်နဲ ့ရေပန်းစားသလို..

မသိတာအားလုံး တော်တော်များများသိတတ်သူမလို ့ကျမကို Yellow Girl လိုကျိစယ်ပြိးခေါ်ကြပါတယ်။

အင်း..မဖြစ်ချေဘူး….ဥိးကြီးမြေးထင်ပါ့ ..ကိုယ်ကလည်းပြည်မြို ့ကပြောင်းလာတာနှစ်အတော်ကြာပေါ့..

ဥိးကြိးမြေးတွေထဲ မှာဒေးဗစ်ဆိုတာလည်းမသိဘူးလေ….။

နောက်ပေါက်လေးတွေကိုတော့ကျမမသိနိုင်တော့ပါဘူး။

ဥိးကြီးသားတွေ ထဲ မှာအိမ်ထောင်မကျသေးတာဆို လို ့ကျမနဲ ့ရွယ်တူသူငယ်ချင်း ကျော်ကျော် တော့ရှိပါရဲ ့

သူ ့အကြောင်းမေးရင်အဖိုးကြိးသွေးတက်နေမယ်..လို ့ကိုယ့် ဘာသာတွေးရင်း

ခွဲစိတ်အထူးကုဆရာဝန်စုံစမ်း…ရက်ချိန်းယူနဲ ့ကျမလည်းရုံးအလုပ်ဆက်လုပ်နေခဲ ့ပါတယ်။

ရုံးအဆင်း အိမ်ပြန်ချိန်မှာ ကျမတွေးနေရပါပြိ..လူမမာတစ်ယောက်အစောင့်မပါပဲဒရိုင်ဘာနဲ ့လာကုတယ်..။

သူတို ့ငွေရှိပေမဲ ့ ပြုစုဘို ့ကတော့နစ့်ဌား၊ထမင်းကတော့ဆိုင်ကစားပေါ့..။

လောလောဆယ်ရောက်ရင်ဧည့်သည်နေရမဲ ့နေရာအတွက်တွေးရပြန်ပါပြီ။

ရန်ကုန်မြို ့မှာလုံးချင်းနဲ ့မနေနိုင်သေးတဲ့ ကျမတို ့မိသားစုမှာ တိုက်ခန်းနှစ်ခန်းတွဲတောင် အခန်းပိုမရှိပါဘူး.

မိန်းခလေးဆိုရင်တော့ကောင်းသား..အိမ်မှာကမိန်းမတွေကြိးပဲ။.

မထူးပါဘူး..ငါဘဲငါအခန်းပေးပြီး.ငါကတော့…လုပ်ရိုးလုပ်စဉ်အတိုင်း ငါ ့အမကုတင်အောက်ကွေးပဲ ပေါ့…

တွေးရင်းအိမ်ပြန်လာခဲ ့ပါတယ်..။

ကျမကားထိုးအရပ်မှာ…လမ်းထဲကကျမကိုကြိုနေကျ..လမ်းဘေးခွေးတစ်ကောင်ရှိပါတယ်။

ကျမကမုန် ့နဲ ့စာကြွင်းစားကျန်တွေကြွေးနေကြမလို ့လားမသိပါဘူး ကျမကိုခင်တွယ်တဲ ့အပြင်

ကျမကားအသံပါသူမှတ်မိနေပါတယ်။

ဒါ့အပြင်ကျမကားရပ်တြ ့အခါအနားကပ်တဲ ့(အမှိုက်ကောက်တဲ ့ကလေးများဆော ့ပြီး၊

ကားဘေးခြစ်မှာပြိးတော့ဘက်ကြည့်မှန်ဖြုတ်ခိုးမှာလည်းမပူရပါဘူး၊)

ကျမအတွက်တော့အားကိုးရတဲ ့ခွေးအစောင့်လေးတစ်ကောင်ပါ။

ကျမ နဲ ့အဲ ့ဒိခွေးလေးသိတတ်မှုအတွက်အမည်ပေးထားတယ်..မဲလုံး လို ့လေ…။

ဒိနေ ့တော့ ကျမဗျာများနေလို ့မဲ လုံးအတွက်မုန် ့မဝယ်လာမိဘူး..။

ကျမလည်း..
“အော်မဲလုံးရေ..ဒိနေ ့တော့ငါမုန် ့မပါလာဘူး…။အလုပ်တွေများနေတယ်..

နင် ့ဘာသာပဲ ရှာစားတော့..”လို ့…ပြောတဲ ့အခါ မဲလုံးလည်းနားလည်ဟန် နဲ ့…စိတ်မပူပါနဲ ့ရပါတယ်လို ့ပြောသယောင်ကျမကိုလှမ်းကြည့်လိုက်ပါတယ်…။

(ကျမခွေးစကားတော့မတတ်ပါဘူး..ခွေးမျက်လုံးကဘာပြောချင်လည်းဆိုတာကျမ ကနားလည်မိတယ်လေ)

“ကဲ ..မဲလုံးရေငါလည်းဒိနေ ့ပင်ပန်းပြိနားတော့မယ်..” လို ့ပြောပြိးအိမ်ပေါ်တက်လာခဲ ့ပါတယ်။

ကျမဟာ..ဘာမဟုတ်တာလေးကိုအလုပ်များဟန်ပြုပြိးကိုယ့်အပေါ်သစ©ာရှိတြ ့ခွေးအပေါ်

ရက်စက်ရာများကြနေပြိလားလို ့လဲ ့တွေးရင်း…

အိုး..သူ ကလမ်းဘေးခွေးလေ…သူ ့ဘာသူရှာစားလိုက်မယ် တွေးပြိးမေ ့ပျောက်လိုက်ပါတယ်။

စနေ ့နေ့နေလည်ခင်းမှာတော့ ဥိးကြိးဒရိုင်ဘာကရောက်ရှိပြိ ဖြစ်ကြောင်းအကြောင်းကြားလို ့

ကျမလည်းဆေးခန်းတခါတည်းဝင်ရန် ရုံးဆင်းလိုက်ပါတယ်..

ရုံးအောက်ရောက်တော့ မောင်ဒေးဗစ်ကိုမတွေ ရပါဘူး ၊ ဒ့ါနဲ ့

“ဥိးလေးရေ..ဘယ်မှာလည်း လူနာက” အမေးမှာ ဒရိုင်ဘာဦးလေးလည်း ကားဆိဥိးတည်သွားလို ့ကျမကားထဲ အကြည့်မှာတော့..

အနောက်ဘက်ကသုံးယောက်ထိုင်ခုံတခုလုံးနီးပါးအပြည့်အိပ်နေတဲ ့ကြီးမားတဲ ့ဘူတယ်ရီယာအမျိုးစား

အလွန်ကြီးမားသောခွေးကြီးတစ်ကောင်အတွေ ့မှာအံ ့ဩပြိး

“အမလေး..ဒါကမောင်ဒေးဗစ်ဟုတ်လား..

.အိုးကျမ ကလူဥိးကြိးမြေးထင်နေတာ..ဘယ့်နှယ့်ဥိးကြိးတို ့များခွေးဆိုခွေးလို ့မပြောဘဲဘယ့်နှယ့်မောင်ဒေးဗစ်.

.နောက်ထပ်ပြောလိုက်ပါသေးတယ်..ညည်းတူ..ဒါဆို.ငါပါခွေးဖြစ်…

.အဲ…ပြသနာပဲဥိးလေးရေ..ကျမကဘွတ်ကင်ယူထားတာလူဆေးကုတဲ ့အထူးကုဆရာဝန်တွေလေ.

ခွေးအထူးကု ကိုမယူထားဘူး…”

ရိလည်းရိချင်စိတ်လည်းရှုတ်စွာနဲ ့တိရိစာ¬န်ဆရာဝန်ကိုထပ်စုံစမ်းရပြန်ပါတယ်။

ဒိလို နဲ ့ဆေးခန်းမှာတော့ဆရာဝန် ကချက်ခြင်းခွဲ စိတ်ပေးပြိးပေမဲ ့၅ရက်ခန် ့ဆေးရုံတက်ရမည်ဖြစ်ကြောင်း

ခွဲစိတ်ခက တစ်သိန်ရှစ်နှစ်သောင်း..အဲ သူ ကလည်းအခန်းခ ကတနေ ့တစ်သောင်းခွဲ နဲ ့၅ရက်စာ၊

သန် ့ရှင်းရေးနဲ ့ပြုစုဘို ့ဆရာမပေါင်းလိုက်တော့..ဒေးဗစ်ဆေးကုခငွေက..”အမလေး.” လို ကျမရေရွတ်အံ့ဩမိပါတယ်။။။…..

.

ဒေးဗစ်အတွက်ကျသင့်ငွေရှင်းပြိးအိမ်အပြန်မှာတော့…ခွေးချင်းတူတာတောင်…

ဒေးဗစ်ကအိမ်အတွက် ဘာအကျိုးရှိသလဲ ?

သခင်အပေါ်ကိုရော..?

အိမ်ကိုရောဘယ်လောက်စောင့်ရှောင်နိုင်သလဲ…?။

ကျမရဲ ့လမ်းဘေးခွေး…မဲလုံး ဟာ စားစရာသူ ့ဘာသာရှာတယ်

အိပ်စရာသူ ့ဘာသာရှာအိပ်တယ်…။

ဒါပေမဲ ့တခါတရံ ကျမကြွေးတဲ ့အကျန်လေးတွေ မုန် ့(တန်ဘိုးမများပါ)တွေ နဲ ့ကျမ..အိမ်၊ ကား..ဒါတွေ ကို

သူ ကစောင့်ရှောက်ပေးတယ်..။

ဒေးဗစ်လိုခွေးမျိုးတွေ ကသခင်(ချမ်းသာသူရှိမှ) အိပ်ဖို ့စားဖို ့နေမကောင်းရင်ပြုစုဘို ့

သူတို ့ဘဝဟာ သခင် မရှိရင် မဖြစ်ဘူး။ မရပ်တည်နိုင်ဘူး…။

ခွေးပေါ်ကုန်ကျငွေတွေ က….ဥိးကြိးရဲ ့သားကအရွယ်ရောက်နေပြီးကိုယ်ပိုင်စီးပွားရေးလုပ်ချင်လို ့

ငွေအရင်းအနှိး ၅သိန်းတောင်းတာမထုတ်ပေးတဲ ့အတွက်ဥိးကြိးနဲ ့သူ ့သားကျော်ကျော်

အဆင်တာတွေ ကြားရသိရတော့..ကျမဥိးကြိးအပေါ်နားမလည်နိုင်တော့ပါဘူး…။

* တလွဲ အတွေးတွေနဲ ့ပညာတတ်လှပါတယ်ဆိုတဲ ့ဥိးကြီးက..ဒါကိုတွေးကောတွေးမိရဲ ့လား

* သူ ့ရဲ ့သားဟာ..ဒေးဗစ်လောက်အသုံးမဝင်နေလို ့လား…

* ဒါမှမဟုတ်ကိုယ့်ဝမ်းစာကိုယ့်ရှာစားရတြ ့လမ်းဘေးခွေးဘဝကို ကိုယ်ကိုတိုင်ဝင်စေချင်တာလား…….

အတွေးပေါင်းများစွာ က…..

ဦးကြီးရဲ ့အဇိတ တိမ်သလွာလေးခွာကြည့်ရင်မြင်မိမှာပါ……..

ချစ်ခင်လေးစားသော

ရွှေအိမ်စည်

.ဤဆောင်းပါးကိုကြိုက်နှစ်သက်လျှင် စာရေးသူအမည်ထိ ကူးပြီးမှဝေဌနိုင်ပါသည်။

3 comments

  • PaukPhaw

    July 16, 2011 at 2:13 pm

    ဘရိုကြီးတုန်း.
    ဦးကြီးဆိုလဲ ဦးကြီးပေါ့..ဘယ့်နှယ် ဥကြီး..အဲ..”ဥိးကြီး”တဲ့

    တစ်သိန်းနှစ်သောင်းဆိုလဲ တစ်သိန်း နှစ်သောင်းပေါ့…..ဘာတုန်း “တစ်သိန်ရှစ်နှစ်သောင်း”

    ဝေငှ ဆိုလဲ ဝေငှ ပေါ့.. သူ ့ကြမှ “ဝေဋ္ဌ” သတဲ့

    😀

    ခွေးစကား မတတ်ပေမဲ့ ဒင်း မျက်လုံးကိုကြည့်ပြီး စာဖတ်နိုင်တာတော့ ဆရာကျပါတယ်.လေးစားပါတယ်

    နောက်တာနော်…အမကြီး…. Yellow Girl (အလွတ်တန်း ရဲမေကြီး)
    ဟီး..ဟီး.

    တူလေး ဒေးဗစ်ကိုလဲ ဂရုစိုက်ဦး..
    မဲလုံးလေး ကိုလဲ ပစ်မထားနဲ ့..အားကိုးရဒယ်
    ကြားလား…

  • windtalker

    July 17, 2011 at 9:19 pm

    စာလုံးပေါင်းတွေ မှားနေတာ က တော့ ထားပါတော့ ဗျာ ။ စကားပြော နေရာ တွေ ရေးတဲ့ နေရာ ကို တော့ publish မလုပ် ခင် သေချာလေး စစ်ဆေးပြီး မှ publish လုပ်သင့်တယ် လို ့အကြံလေး ပေးပါရစေ ဗျာ ။
    ` ငွေအရင်းအနှိး ၅သိန်းတောင်းတာမထုတ်ပေးတဲ ့အတွက်ဥိးကြိးနဲ ့သူ ့သားကျော်ကျော်
    အဆင်တာတွေ ကြားရသိရတော့..ကျမဥိးကြိးအပေါ်နားမလည်နိုင်တော့ပါဘူး…။ ´ အဆင်တာ တွေ ဆိုလို ့ ဘာများ ပါလိမ့် လို ့မပြေ ဆိုတာ လေး ထည့်ဖတ် သွားပါကြောင်း ။

  • pan pan

    July 18, 2011 at 11:14 am

    လူအမျိုးမျိုး စိတ်အထွေထွေပါပဲ
    တစ်ဖက်က လက်ဝါး
    တစ်ဖက်က လက်ဖမိုး
    သူ့ဘက်နဲ့သူတော့ ဟုတ်နေတာပဲ
    ဘယ်သူ့မှ ထိခိုက်ခြင်းတော့မဟုတ်…. သူတော်ကောင်းဆိုပြီး မျက်နှာဖုံးကွာမှ ဘီလူးမှန်းသိရတာ တပုံကြီး (အဲဒါ ဒီပိုစ့်နဲ့တော့ ဘာမှမဆိုင်ပါ)

Leave a Reply