ပရလောက(၄)

waigyeeJuly 16, 20111min888

အိပ်မက်

သိပ်မကြာသေးသော လများအတွင်းက ကျွန်တော့်ချစ်သူက သူ့ရဲ့အိပ်မက်ဆန်းမြင်မက်ကြောင်းကို ကျွန်တော့်အားပြောပြခဲ့ပါတယ်။

အိပ်မက်ထဲမှာ သူက မြစ်ကမ်းနားတစ်နေရာကို ရောက်နေခြင်းဖြစ်ပါတယ်။ ဒီလိုနဲ့သူလမ်းလျှောက်နေရင်းကနေ ရေအောက်က အသံကြားရတာပါ။

အသံကြားရာကိုကြည့်လိုက်တော့ ရေအောက်တစ်နေရာမှာ သင်္ဘောပျက်တစ်စီးကို တွေ့ရပါတယ်။ “ကယ်ပါဦး၊ ကယ်ပါဦး” ဆိုပြီး ပြောသံကြားလို့ ကျွန်တော့်ချစ်သူက “နင်က ဘယ်နေရာမှာလဲ”လို့မေးတော့ သူသင်္ဘောမှောက်နေတဲ့ကြားနဲ့ ကြမ်းပြင်ကြားထဲမှာပါလို့ပြန်ပြော ပါတယ်တဲ့။ ဒီလိုနဲ့ ကျွန်တော့်ချစ်သူက “ဟာ ၊ ဒါဆိုနင်က သေနေပြီပဲ”လို့ ပြောတော့ မဟုတ်ဘူး၊ သူမသေပါဘူး။ လာကယ်တဲ့သူတွေက သူ့ကိုမမြင်ဘူး။ ကျော်ကျော်သွားတာပါတဲ့။ ငါ့ကို နင်ကယ်မှ ရမယ်လို့လည်း ပြောပါတယ်။ ဒါနဲ့  ကျွန်တော့်ချစ်သူကလည်း “ကဲ၊ ဒါဆိုငါဘယ်လိုကယ်ရမှာလဲဆို တော့ ၊ သူက သင်္ဘောနဲ့ကြမ်းပြင်ကြားထဲကို လက်နှိုက်ကြည့်လိုက်လို့ပြောတယ်။ ကျွန်တော့်ချစ်သူ လည်း နင်ငါ့လက်ကိုမြင်ရင် လှမ်းဆွဲထားလိုက်လို့ ပြောပြီး ဆွဲထုတ်လိုက်တာ။ ငါးကြီးတစ်ကောင်ပါ လာတာပါ။ ကျွန်တော့်ချစ်သူလည်း နင်က လူမှမဟုတ်ဘဲ ငါးကြီးဆိုတော့ ၊ သူက ငါးကြီးကနေ မိန်းမမျက်နှာတစ်ခုပေါ်လာပါတယ်။ အဲဒီလိုပေါ်လာပြီး အိပ်မက်က နိုးသွားတာပါတဲ့။

နောက်နေ့မနက်လည်းကျရော၊ ကျွန်တော့်ကို အကျိုးအကြောင်းပြောပြပြီး

သူအဲဒီသူအတွက် လှူပေးမယ်ဆိုပြီး ကျွန်တော်တို့နှစ်ယောက် ဗိုလ်တစ်ထောင်ဘုရားမှာ ဘုရားပန်း၊ အလှူတော်ငွေကို (၇)ရက်သားသမီးနဲ့အိပ်မက်ပေးသူကို ရည်စူးပြီး လှူဒါန်းပေးခဲ့ဖြစ်ပါ တယ်။ တစ်ခုထူးဆန်းတာက ကျွန်တော့်ချစ်သူ ဘုရားပန်းကပ်ပြီး ဘုရားရှိခိုးနေတုန်းမှာ ကျွန်တော်ကလည်း ဘေးကထိုင်ပြီးစောင့်နေတုန်းမှာ ပထမ ဆီမီးရနံ့၊ အမွှေးတိုင်အနံ့တွေချည်းရ နေရာကနေ ငါးညှီနံ့ကြီး ကျွန်တော်တို့နားမှာ ရလိုက်တာပါ။ (၅)မိနစ်လောက်ကြာမယ်ထင်ပါတယ်။ နောက်ပြန်ပျောက်သွားတာပါ။ ဒါနဲ့ကျွန်တော်တို့နှစ်ယောက်လည်း ကမ်းနားဘက်သွားပြီး အလှူငွေ ထည့်ထားတဲ့ဖြတ်ပိုင်းကို ဖြဲပြီး ရေထဲကိုပစ်ချ အမျှဝေပေးလို်က်တာပါ။

ထီးလိုက်ဆောင်းခြင်း

ဒီအဖြစ်အပျက်ကလည်း မကြာသေးပါဘူး။

တစ်ရက်။။။။ ကျွန်တော့်ချစ်သူအလုပ်ဆင်းတော့ အိမ်ကိုပြန်လိုက်ပို့ပါတယ်။

အိမ်ရောက်ရောက်ချင်းပဲ

မိုးကသည်းသည်းမည်းမည်းကို ရွာချတာပါ။ ကျွန်တော်တို့လည်း မိုးစဲတဲ့အထိစောင့်တာ၊ မိုးကလည်း မတိတ်ဘူးဗျာ။ ဒါနဲ့ အချိန်ကလည်း (၈းဝ၀)နာရီထိုးနေပြီ။ ကဲ . . .မထူးဘူးဆိုပြီး ဟိုဘက်ရပ်ကွက်ကို သွားပြီး မဲဖိုးသွားပေးရဦးမှာမို့လို့ ကျွန်တော်တို့နှစ်ယောက်လည်း ထီးကိုယ်စီနဲ့ ထွက်လာခဲ့ကြပါတယ်။ ထီးက တစ်ချောင်းတည်းဆိုရင် မိုးမလုံလို့ နှစ်ချောင်းဆောင်းပြီးသွားကြတာပါ။ ဟိုဘက်ရပ်ကွက်ကို ကူးတဲ့ ကွန်ကရစ်လမ်းလေးရှိပါတယ်။ အဲဒီကွန်ကရစ်လမ်းနေရာမှာ လူနေအိမ်မရှိသလို ကွင်းပြင်ထဲမှာ ခြုံတွေ၊ ကညွတ်ပင်တွေပဲရှိတာပါ။ မဲဖိုးပေးရမယ့် အိမ်ကိုရောက်ပြီး စကားခဏပြောဖြစ်ပါတယ်။ အဲဒီအထိ မိုးကလည်း မတိတ်ဘူးဗျာ။ အချိန်ကလည်း ၈းဝဝနာရီခွဲကာနီးပြီဆိုတော့ ကျွန်တော်တို့လည်း ထပြန်လာကြပါတယ်။

မိုးကလည်း သည်းနေတော့ နှစ်ယောက်သား ထီးနှစ်ချောင်းကို ပူးယှက်ပြီးနှစ်ယောက်သား ဆောင်းလာကြတာ ခုန လမ်းဖြတ်နားလည်းရောက်ရော၊ ကျွန်တော်သိတော့သိသလိုမျိုး ခံစားရတယ်။ နောက်ကျောသိပ်မလုံချင်သလိုဖြစ်လာတာ။ နောက်ကိုလှည့်ကြည့်လှည့်ကြည့်နဲ့ စကားပြောပြီးအလာ ဒီဘက်ရပ်ကွက်လမ်းဖြတ်ထိပ်နားလည်းရောက်ရော၊ ကျွန်တော်ပထမ သတိမထားမိဘူး။ စကားပြောနေရင်းကနေ ကျွန်တော့်ချစ်သူက “ဟယ်”ဆိုပြီး ဘုရားစာတွေ ရွတ်လိုက်တော့ ။ ကျွန်တော်က ဘာလဲလို့မေးတော့ သူက လက်ကာပြတယ်။ ဒါနဲ့ ကျွန်တော်လည်း လမ်းဖြတ်ထိပ်နားက မီးတိုင်က မီးရောင်နဲ့ဆိုတော့ ကျွန်တော်တို့အရိပ်ထင်တယ်လေ။ အရိပ်အောက်ခြေကိုလည်းကြည့်လိုက်ရော၊ ခြေထောက်အရိပ်က (၄)ချောင်းပဲရှိရမှာကို (၆)ချောင်းဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ကျွန်တော့်ချစ်သူကလည်း ဘုရားစာတွေဆက်ရွတ်ပြီး သုတ်သုတ်သုတ်သုတ်နဲ့လျှောက်လာလိုက်တာ၊ ဓါတ်တိုင်(၁)တိုင်ကျော်စာလောက်လည်းရောက် မတွေ့ရတော့ဘူးဗျာ။ ကျွန်တော့်ချစ်သူလည်း ဘုရားစာရွတ်အပြီး “ကဲကိုယ့်လမ်းကိုယ်သွားပါ၊ အမျှဝေပေးပါတယ်လို့ပြောလိုက်တယ်။

ကျွန်တော့်ချစ်သူကိုမေးကြည့်တော့ ခုနသူက အရင်မြင်တာတဲ့။ အရိပ်အောက်ခြေကိုကြည့်လိုက် တော့ ခြေက အလယ်က (၂)ချောင်းပိုနေတာ။

ဧကန်န ကျွန်တော်တို့ ထီးကိုယှက်ဆောင်းလာတော့ အနောက်ကြားထဲကနေ လိုက်လာတာဖြစ်ပါ လိမ့်မယ်။  တကယ်ဗျာ။ အရိပ်ထဲမှာထင်ထင်ရှားရှားကို မြင်လိုက်ရတာပါ။

(ဆက်လက်ဖော်ပြပါဦးမည်)

8 comments

  • naynaykyaw

    July 16, 2011 at 6:01 pm

    စိတ်ဝင်စားတယ် နောက်ထပ်လဲထပ်တင်ပါဦး

  • ကိုကိုလူဆိုး

    July 16, 2011 at 6:15 pm

    ဟီးဟီး ကျွန်တော့်ချစ်သူ ကျွန်တော့်ချစ်သူနဲ့ ဘယ်ကိုသွားလည်းမသိဘူး.သရဲပဲခြောက်ခံနေရတယ်
    မှောင်တဲ့နေရာတွေ တွားရဘူးနော် တရဲကြီး က ကိုက်ချားလိမ့်မယ် 😀

  • shwe ni

    July 16, 2011 at 8:00 pm

    သူတိုလည်း မိုးစိုတယ်နဲ့တူတယ် ။ ဘလောဂ် ရေးတဲ့ ကိုအောင်(ပျုနိုင်ငံ)လဲ ပရလောက အကြောင်းရေးတယ် ။ ခုလဲ ဝတ်ထု ရေးလို့ရနေပြီ

  • waigyee

    July 16, 2011 at 9:20 pm

    ဟီး…………. ဘယ်မှတွားပါဘူးဂျ။ နောက်ကျွန်တော့်သူငယ်ချင်းတွေကြုံရတာ ကိုရေးပါဦးမယ်ဂျ။

  • ဆူး

    July 16, 2011 at 9:59 pm

    ဆက်ပါအုန်း စောင့်ဖတ်နေမယ်။

  • zawmyothu

    July 17, 2011 at 1:57 pm

    ပရလောက အကြောင်းလေးတွေ သိခွင်.ရတာ
    ကျေးဇူး တင်ပါတယ်။

Leave a Reply