ဖြတ်သန်းမှုကာလ

manawphyulayJuly 16, 20111min7315

ထောင့်ကိုးရာမျိုး
ခုနစ်ဆယ့်ရှစ်၊ တည်ရှိမိုးနှောင်း
လမြတ်ဝါဆို၊ လပြည့်ကျော်တွင်
လဆန်းတစ်ရက်
နေ့ဝယ်ကြာသပတေး၊ တစ်မနက်တွင်
သံသရာတစ်ကြော
လောကကြီးတွင်း
ဖြစ်တည်လာခဲ့
အကျွန်ုပ်သည်
လူ့ဘုံခန်းဝါ
သုခဒုက္ခ အဖုံဖုံကြား
လူမှန်းသိစ
အရွယ်ကပင်၊ မာနဝင်ကာ
တငါငါနှင့် စားကာသောက်ကာ
ပျော်ပါးကာလျှင်၊ သာယာချိုမြ
ကိုယ့်ဘဝကို ပြည့်ဝစုံလင်
အဟုတ်ထင်ခဲ့…
အရွယ်ရောက်လတ်
ဘဝရုန်းကန်
လူ့လောကထဲဝင်ကာမျှ
ကျဆင်းစိတ်ဓာတ်
အဖန်ဖန်တင်းရင်း
ဘဝအမောတွေ ပြေခဲ့ရ
နှစ် လ ရာသီ
အလီလီပြောင်းရင်း
မသေသေးသရွေ့
ဆက်လက်ဆောင်ရွက်
လမ်းမှန်ကိုလျှောက်
အောင်မြင်မှုကို ရှေးရှုနေရင်း
တက်လှမ်းလာမည့်
အနာဂတ်ခရီး
မျှော်မှန်းရင်း
အကျွန်ုပ်သည်
အောင်မြင်မှု ပန်းတိုင်ဆီသို့……

15 comments

  • KoNyeinChan

    July 16, 2011 at 7:11 pm

    တွေးခေါ်မှုပိုင်း၊ ရည်မှန်းချက်ပိုင်း ကောင်းပါတယ်
    ဖတ်ရတဲ့ တချို ့နေရာတွေမှာ ၄-၃ သံပေါက်ကာရံကို ကြိုကြားတွေ ့ရတယ်
    တစ်ပုဒ်လုံးကို ၄-၃ ကာရံအတိုင်း စပ်လိုက်ရင် ပိုဖတ်လို ့ကောင်းလာလိမ့်မယ်ထင်ပါတယ်

  • weiwei

    July 16, 2011 at 7:30 pm

    မွေးနေ့မှာ ပျော်ရွှင်ပါစေ …..

  • KoNyeinChan

    July 16, 2011 at 7:38 pm

    Happy Birthday ပါ

  • antimoe

    July 16, 2011 at 9:08 pm

    မနောရေ
    မိဘမောင်နှမတွေနဲ့…ပျော်ရွှင်တဲ့…မွေးနေ့
    လှပတဲံ့ ပတ်ဝန်းကျင်မှာ….ဂုဏ်သတင်းမွှေးတဲ့…မွှေးနေ့
    ဖြစ်ပါစေ။

  • ဆူး

    July 16, 2011 at 10:47 pm

    ပျော်ရွင်စရာ မွေးနေ့လေးဖြစ်ပါစေ။
    ကောင်းသော လိုအင် ဆန္ဒတွေ ပြည့်စုံပါစေ။

    • manawphyulay

      July 17, 2011 at 3:40 pm

      ညီမလေးတို့ မမတို့ ဦးလေးတွေရဲ့ အစ်ကိုတွေ မောင်လေးတွေရဲ့ ပို့သချက်ကြောင့် ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းနိုင်မယ်လို့ မနောလည်း မျှော်လင့်နေမိပါတယ်။

  • ကြောင်ကြီး

    July 17, 2011 at 1:26 am

    လာစမ်း လာဟဲ့
    လာပလေ့စေ
    စောင့်ကာနေမည်
    ငါသည်သင်၏
    ရှင်သေမင်း… 😎

    • manawphyulay

      July 17, 2011 at 4:56 pm

      နေ့ကို ရက်စား၊ ရက်အား လမျို
      လကို နှစ်စွဲ၊ အမြဲပျက်ပျို
      ခနာဆွေးမြေ့၊ တရွေ့ရွေ့အို
      သေရခြင်း၊ မကင်း
      ငါ၏ကိုယ်
      (ဦးကြောင်ကြီးကို မြင်မိ၍ သံဝေဂရမိခြင်း) 😛

  • kai

    July 17, 2011 at 5:37 am

    သေမင်းရှင်မည်
    ခေါ်မည့်သူကို
    မထင်တွေးမျှ
    ဂရုမစိုက်
    နေစမ်း နေခဲ့
    နေပလေ့စေ
    ငါသာ ငါ၏
    သခင်မင်း..။ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 17, 2011 at 12:27 pm

    အပေါ်က ကြီးနှစ်ကြီး သေရင်သေ မသေရင်ပေါ်တာထဲထည့်
    အပျိုကြီးတွေ မသေဘို့ အရေးကြီးတယ်

  • windtalker

    July 17, 2011 at 2:26 pm

    ယနေ ့မှ စ နှစ်တစ်ရာတိုင် အမြဲတမ်း ပျော်ရွှင်ချမ်းမြေ ့ပါစေ

  • manawphyulay

    July 17, 2011 at 3:32 pm

    အသက်အရွယ် မရွေးပေါ့လေ… တားဆီးလို့မရနိုင်တာတွေ အများကြီး ရှိနေတာကို သိထားမိပါတယ်။

    သေမင်း ဆောင်ယူသည်ကို
    မည်သူမျှ မတားဆီးနိုင်………..
    ကောင်းကင်ဘုံက ချီးမြင့်သည်ကို
    မည်သူမျှ အပြစ်မပေးနိုင်………
    အချစ်၏ ပေါင်းစည်းခြင်းကို
    မည်သူမျှ မခွဲနိုင်…….
    သံသရာ၏ အစီအမံကို
    မည်သူ တစ်ဦးတစ်ယောက်မျှ
    မပြောင်းလဲနိုင်ပါ……..

  • pan pan

    July 18, 2011 at 11:23 am

    ကျွန်မအစ်ကိုဝမ်းကွဲနဲ့ တစ်နှစ်တည်းမွေးတာပဲ
    ဘဝတစ်လျှောက် ဒီထက်ပျော်ရွှင်မှုတွေနဲ့ ဆုံတွေ့ရပါစေ

  • MOEPWINTPHYU

    July 18, 2011 at 1:34 pm

    ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ

Leave a Reply