မင်းတုန်းမင်း နဲ့မဟာလောက မာရဇိန်ဘွဲ့အမည်ခံ(ကျောက်တော်ကြီး)


ရတနာပူရ(ခ)ရတနာပုမ်(ခ)မန္တလေးမြိုကို တည်ထောင်ခဲ့သူ မင်းတုန်းမင်းတရားရဲ့ ပုံတူပန်းချီကားပါ။
ဒီဆင်းတုတော်ပုံအရင်ကတော့ တင်ဘူးတယ် မမြင်ဘူးသူများအတွက်ပြန်တင်ပေးပါမယ်။
ဒါကတော့ စေတီတော်ရဲ့ ပုံတော်ပါ။

ဒီပစ္စည်းလေးတွေက ဘယ်လောက်ကြာပြီဆိုတာမသိပေမယ့် ကျနော်အတွက်တော့ ရှေးဟောင်းအမွေအနှစ်လို့ ယူဆပါတယ်။
ဒီသပိတ်ကြီးကတော့ ဘုရားပွဲဆိုရင် ဆွမ်းထဲ့လောင်းခဲ့တဲ့ ကျောက်သပိတ်ဖြူဖြူကြီးပေါ့။

ဒီထဲက ဓါတ်ပုံလေးကတော့ ရှေးတုန်းက ဒီကျောက်သပိ်တ်ကို ထားခဲ့တဲ့နေရာလေးရဲ့ မှတ်တမ်းပုံပါ။
ရွှေကျင်ဘက်မှာတွေ့ရှိတဲ့ စကျင် ကျောက်တုံးကြိးတစ်တုံးထဲကနေထုထားတဲ့အတွက်ကျောက်တော်ကြိးဘုရားလို့အရပ်ကခေါ်ပါတယ်။
မန်းလေးတောင်ခြေရင်း တောင်ဘက်ခြမ်းမှာရှိပါတယ်။
ဒီဘုရားအနီးမှာတော့ မန္တလေးဘိုးဘိုးကြီးနန်း၊နဲ့ စန္ဒာမုနိဘုရားတို့ရှိပါတယ်။
အရှေ့ကျုံးလမ်းနဲ့တည့်တည့်မှာတည်ရှိတဲ့ ဘုရားဖြစ်ပါတယ်။

4 comments

  • shwe ni

    July 16, 2011 at 10:42 pm

    ကျောက်သပိတ်င်္ကြီး မမြင်ဖူးဘူး ။ ကိုပေါက် ပိုစ့်တွေ ကျေးဇူး နဲ့ မန္တလေး ဘုရားတွေ အနှံဖူး ရတယ်

  • ဆူး

    July 16, 2011 at 10:56 pm

    ကျောက်သပိတ်ထဲ ဝိုင်းထည့်ထားတဲ့ ဆွမ်းတွေ ဘုရားက စွန့်တော့ ဘာဆက်လုပ်လဲ အဲဒါလေး သိချင်တယ်။ ဆွမ်းဦးပုည ရှင်မှာလားမသိဘူး အဲလို သပိတ်ကြီး ရှိတယ် သူက လှေကားနဲ့ တက်ရတာ.. အဲလောက် သပိတ်နဲ့ အပြည့် ဖြစ်အောင် ဆွမ်းတွေ ကပ်တာတော့ ကောင်းပါတယ်.. စားမဲ့သူ မရှိရင် ရိက္ခာတွေ အလေအလွင့် ဖြစ်မလားပဲနော်..

  • hmee

    July 17, 2011 at 3:53 pm

    မန္တလေး အလည်ရောက်စဉ်က ဘာရယ်မဟုတ် ဗေဒင်မေးမိပါတယ် ဗေဒင်ဆရာက ကိုးမြို့ရှင်မှာ ပွဲတပွဲပေးပါပြောတာနဲ့ ပွဲပေးလို့ ဘာမှ မဖြစ်လာရင်တော်သေး မပေးလို့ တခုခု ဖြစ်ရင် မကောင်းဘူး စိတ်သန့်အောင် ပွဲပေးမယ်ပေါ့။ ဘယ်မှာရှိလဲ ကားမောင်းတဲ့ မောင်လေးကိုမေးတော့ မန္တလေးတောင်ခြေလိုက်ပို့တယ်။ ဒါနဲ့ပဲ ကားတွေ နတ်ပြတဲ့ နေရာ ပြောတာပဲ လေးပေါက်ရေ ရောက်ခဲ့သေးတယ်။ အခု ကျောက်တော်ကြီးဘုရားနဲ့ နီးတယ် ထင်တာပဲ။ မြို့ခံမဟုတ်တော့ ဝေဝေဝါးဝါးပဲ လေးပေါက်ရေ။

Leave a Reply