စေတနာ၊ လုပ်အား၊ ပညာကို အခြေခံထားတဲ့ “ပစိ္ဆမာရုံ” ကွန်ပျူတာပညာဒါန သင်တန်းကျောင်း

 

ပစ္ဆိမာရုံ ကွန်ပျူတာပညာဒါန သင်တန်းကျောင်းသည် မြန်မာနိုင်ငံတွင်းရှိ လူငယ်များ၏ စုပေါင်းအားဖြင့် ဖွဲ့စည်းထူထောင်ထားသည့် တစ်ခုတည်းသော ကွန်ပျူတာပညာဒါန သင်တန်းကျောင်း ဖြစ်သည်။  ၂၁ ရာစု နည်းပညာဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍတွင် တိုးတက်ပြောင်းလဲမှု အမြင့်မားဆုံးဖြစ်သော ကွန်ပျူတာပညာရပ်ကို အခြေခံကာ စီးပွားရေး၊လူမှုရေး၊ပညာရေးလုပ် ငန်းများတွင် ပိုမိုအသုံးပြုလာကြသည်။ ထို့ကြောင့် ကွန်ပျူတာပညာရပ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခြင်းအားဖြင့် ဘဝအသက်မွေးဝမ်းကျောင်းမှုအတွက် များစွာ အထောက်အကူ ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ကွန်ပျူတာနည်းပညာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အလျောက် ခေတ်လူငယ်များ အပါအဝင် လူတန်းစား မျိုးစုံတို့သည် ကွန်ပျူတာဘာသာရပ်ကို စိတ်ဝင်စားလာကြသည်။

အသက်မွေးဝမ်းကြောင်း ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသော လူငယ်များအတွက် ရည်ရွယ်ကာ မိမိတို့ တတ်ကျွမ်းထားသည့် ပညာရပ်ကို လက်ဆင့်ကမ်း ဝေမျှပေးလာခြင်းကြောင့် “ စေတနာ၊ လုပ်အား၊ပညာ” ကို အခြေခံကာ လူငယ်သုံးဦးက ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် “ပစ္ဆိမာရုံကွန်ပျူတာပညာ ဒါနသင်တန်းကျောင်း” ကို စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။ငွေကြေးချို့တဲ့မှုကြောင့် ဖြစ်စေ၊ အခြားသော အခက်အခဲများကြောင့်ဖြစ်စေ သင်ကြားလေ့လာခွင့် မရရှိသည့်လူငယ်များအတွက် အယုတ်အလတ် အမြတ်မရွေး တန်းတူအခွင့်အရေး သင်ကြားခွင့် ရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့တာပါဟု ပစိ္ဆမာရုံ ကွန်ပျူတာပညာဒါန သင်တန်းကျောင်းမှ CEO ကိုချမ်းငြိမ်းအောင်က ပြောသည်။

လူမျိုးဘာသာမရွေး ပစိ္ဆမာရုံတွင် ကွန်ပျူတာပညာဒါန သင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသော ကွန်ပျူတာ သင်တန်းကျောင်းများမှ Office Course, Advanced Office Course,Desktop Publ ishing Course (DTP),Graphic Design Course,Web-Design Course, Web-Essential Course, Programming Course (C#.net & C++), Practical Hardware Course, Networking Course, Computerized Accoun-ting Special Excel Course,Internet and E-mail Course,Layout Design Course, Video Editing Course, Special Excel Course, Practical Accounting Course တို့ ဖြစ်သည်။ ကွန်ပျူတာသင်တန်းတွင် လူမျိုးဘာသာမရွေး သင်ကြားနိုင်ရုံသာမက မသန်စွမ်းသူများကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးသည့်အနေဖြင့် သင်ကြားပေးသည်။

ရုံးဝန်ထမ်းများအတွက် သင်ကြားရန် အချိန်အခက်အခဲရှိလျှင် Customize Training ကို ဖွင့်လှစ်သင်ကြားသည်။ သင်တန်းသားများအတွက် နိုင်ငံခြားပညာသင်ကြားခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံများ သိရှိစေရန် ဟောပြောပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံကျော် စာရေးဆရာ၊ ဆရာမများဖြစ်သည့် ဂျူး၊ အောင်သင်း၊ အတ္တကျော်၊ ဟိန်းလတ်တို့က လာရောက် ဟောပြောပေးခြင်း အစီအစဉ်များကို အပတ်စဉ် ပြုလုပ်ပေးသည်ဟု သိရှိရသည်။နွေရာသီသင်တန်း ကလေးများအတွက် နွေရာသီ ကွန်ပျူတာသင်တန်းများအပြင် ပန်းချီသင်တန်း၊ စက္ကူအရုပ်ချိုး သင်တန်း၊ Life Skillသင်တန်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ နှင့် ဟောပြောပွဲများကို နွေရာသီကျောင်းပိတ်ရက်တိုင်း ပြုလုပ်ပေးသည်။ သင်တန်းကျောင်းရှိ သင်တန်းနည်းပြများ၏ ကွန်ပျူတာစွမ်းရည်သာမက အခြား Capacity Building Training သင်တန်းများ ဖြစ်သည့် Leader Ship, Report Writing, Gender Training သင်တန်းများကို အခါအားလျော်စွာ သင်ကြားပေးသည်။ လိုအပ်လျှင် အခြားသော Capacity Building Centre များသု့ိစေလွှတ်ကာ သင်ကြားသည်။

တစ်လပြတ်သင်တန်း သင်ခန်းစာများကို လွယ်ကူလျင်မြန်စွာဖြင့် သိရှိနားလည်စေရန်နှင့် သင်ကြားမှုစနစ် ထိရောက်စေရန် နည်းပြဆရာများအပြင် စေတနာ့ဝန်ထမ်း လုပ်အားပေး လက်ထောက်နည်းပြများကို ထည့်သွင်း စီစဉ်ပေးထားသည်။ သင်တန်းတက်ရောက်ချိန်တွင် ကျောင်းတက် လက်မှတ်ထိုး မှတ်တမ်းတင် ထားရှိခြင်း၊ သင်တန်းသားများ၏ ဝေဖန်သုံးသပ်ချက်၊ အကြံဉာဏ်များ လက်ခံယူ၍ ပြုပြင်ပြောင်းလဲခြင်း၊ ကျောင်းသားအစည်းအဝေးများ ပြုလုပ်၍ သင်တန်းသားများ၏ ပူးပေါင်းပါဝင် အကြံပေးမှုများ ရရှိစေခြင်း၊ ရုံးဝန်ထမ်းများအတွက် စနေ၊ တနင်္ဂနွေ တက်ရောက်ရသည့် သုံးလပုံမှန်သင်တန်း ဖွင့်လှစ်ပေးခြင်း၊ ကွန်ပျူတာ Course များကို မြန်ဆန်ထိတွေ့ သင်ကြားတတ် မြောက်လိုသည့် သင်တန်းသား များအတွက် တစ်လပြတ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းတို့ကို ပြုလုပ်ပေးသည်။ ပစ္ဆိမာရုံကွန်ပျူတာ ပညာဒါနသင်တန်းကျောင်း၏ လိပ်စာမှာ အမှတ် ၂၅ဝ၊ အေးသာယာလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ ဖုန်း – ၄ဝဝ၁၆၃ သို့ ဆက်သွယ်နိုင်ပါသည်။

5 comments

  • ကိုကိုလူဆိုး

    July 16, 2011 at 6:06 pm

    တော်တော်လေးကောင်းပါတယ် ရွာသားတွေလည်း သွားတက်ကြနော် ..လူဆိုးလည်းတက်ခဲ့ဘူးတယ် း)

  • Yin Nyine Nway

    July 16, 2011 at 8:24 pm

    သင်တန်းကြေးက ဘယ်လိုလဲဟင် သိရင်ပြောပြပါလား

    • ကိုကိုလူဆိုး

      July 17, 2011 at 7:31 pm

      အမှတ် ၂၅ဝ၊ အေးသာယာလမ်း၊ မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်း။ ဖုန်း – ၄ဝဝ၁၆၃ သို့ ဆက်သွယ်နိုင်ပါသည်။
      ဖုန်းဆက်လိုက်ပါ …

  • PaukPhaw

    July 17, 2011 at 5:39 pm

    ပညာကို ဒါနပြုတယ်ဆိုတော့ အလကားနေမပေါ့

    ဒီပညာရပ်တွေနဲ ့လုပ်မစားရင်တောင် တတ်ထားသင့်တယ်..

    နီးနီးနားနားဆိုရင်တော့ တတ်ပြီးသားပဲ

    • pan pan

      July 18, 2011 at 10:49 am

      အလကားတော့မဟုတ်ဘူး
      စာရွက်စာတမ်းကြေးလောက်တော့ ပေးရလိမ့်မယ်
      တခြားမှာထက်စာရင် ပညာဒါနသင်တန်းကျောင်းမှာပေးရတဲ့ငွေက အရမ်းသက်သာတယ်
      ဒါကလည်း သင်တန်းရပ်တည်ရေးအတွက် ရန်ပုံငွေဖြစ်သွားမယ်ထင်တာပဲ

Leave a Reply