မြန်မာဘောလုံးအသင်းရဲ့ အနာဂတ် ရွှေရောင် မျိုးဆက်သစ်များ လာပြီလော?

BurmaJuly 16, 20113min24628

အားလုံးသိကြတဲ့အတိုင်း မြန်မာဘောလုံးဟာ နှစ်ပေါင်းအတော်အကြာ အောင်မြင်မှုမရတာ ကြာနေပါပြီ။ ဒါပေမဲ့ အခုတလောလေးမှာ မွန်ဂိုလီးယားကို အနိုင်ရတာဟာ မြန်မာဘောလုံးအသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွေ့အကြုံတစ်လျှောက် ပထမအဦးဆုံး အောင်မြင်မှု ဖြစ်လာတာနဲ့ အတူ မြန်မာတွေရဲ့ ဇာတိမာန် ဟာလည်း ပြန်လည်တက်ကြွလို့ လာပါတယ်။

မကြာသေးခင်မှာပဲ လာအိုမှာ စတင်ကျင်းပခဲ့တဲ့ 2011 AFF U-16 လူငယ် ဘောလုံးပြိုင်ပွဲ မှာ မြန်မာဘောလုံးအသင်းကလည်း ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ မြန်မာ  U-16 အသင်းကို ဘရာဇီးလ်နည်းပြက အုပ်ချုပ်ပြီး လူငယ်အများစုကို ဘောလုံးအကယ်ဒမီက ရွေးချယ်ထားတာဖြစ်ပါတယ်။ ပြိုင်ပွဲမဝင်ခင်မှာ နည်းပြကတော့ မြန်မာတွေက ဘောလုံးအခြေခံရှိပြီး လေ့ကျင့်မှုသာ လိုတယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီပွဲအတွက် Ready ဖြစ်နေပြီလို့လဲ ပြောပါသေးတယ်။ ပရိတ်သတ်တွေက မျှော်လင့်ချက်လေးတွေ ရှိခဲ့ပေမဲ့ သိပ်တော့ မယုံကြည်ရဲခဲ့ပါဘူး။

ခုချိန်မှာ မြန်မာအသင်းဟာ ပြိုင်ပွဲကြီးအတွ့င် လာအိုရောက်နေပြီး အောင်မြင်မှုတွေရယူနေပြီဖြစ်ပါတယ်။ လေးပွဲကစားရမှာ 3 ပွဲ နိုင် ၁ ပွဲသရေနဲ့ 10 မှတ် ရရှိပြီး အုပ်စု B မှာ ပထမနေရာကရှိနေပြီဖြစ်ပါတယ်။ ထို့အပြင် လက်ရွေးစင်အသင်းကြီး မရှုမလှရှုံးခဲ့ရတဲ့ ဗီယက်နမ်ကိုတောင် 3-1 နဲ့တောင် အနိုင်ယူပြီး Semi Final ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ထို့အတူ မြန်မာအသင်းဟာ Semifinal မှာ တော့ လာအိုအသင်းနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဘောလုံးလူငယ်အသင်းဟာ Final တက်ဖို့ အတွက် အခွင့်အရေးတွေများနေပြီး လက်ရွေးစင် အသင်းကြီးအတွက်ပါ ရွှေရောင်အနာဂတ်တွေ တွေ့မြင်နေရပြီဖြစ်ပါတယ်၊ မြန်မာပရိတ်သတ်များမှာ ဘယ်လောက်ပျော်ရွှင်ခဲ့ကြသလဲဆိုရင် အာဆီယံဘောလုံးအဖွဲ့ချုပ် AFF ရဲ့ Facebook Page မှာ ဝင်ရောက်အောင်ပွဲခံနေကြတာတွေ့မြင်ကြရပါတယ်။

ကျွန်တော်အနေနဲ့ တိုက်တွန်းချင်တာကတော့ မြန်မာအသင်းကို  လာမဲ့ အိုမန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားမယ်ဆိုလည်း အနီရောင်အကျီင်္တွေနဲ့ မြန်မာ နိုင်ငံတော်သီချင်းကို သံပြိုင်ဆိုကြကာ ၊ မြန်မာအသင်းကို လာရောက်အားပေးကြပါလို့ တောင်းဆိုပါတယ်။

မြန်မာအသင်း ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာ 1-1 ကမ္ဘောဒီးယား

မြန်မာ 2-1 ဖိလစ်ပိုင်

မြန်မာ 2-1 စကာင်္ပူ

မြန်မာ 3-1 ဗီယက်နမ်

 

မြန်မာအသင်းရဲ့ အုပ်စုအဆင့်ရပ်တည်မှုကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Ref : wikipedia

Group B

Team Pld W D L GF GA GD Pts
 Myanmar 4 3 1 0 8 4 +4 10
 Singapore 4 3 0 1 15 2 +13 9
 Vietnam 4 2 0 2 15 9 +6 6
 Cambodia 4 1 1 2 4 10 −6 4
 Philippines 4 0 0 4 2 19 −17 0

28 comments

  • bigbird

    July 16, 2011 at 9:30 pm

    ဝမ်းသာစရာကောင်းလှတဲ့ သတင်းကောင်းတစ်ခုပါပဲဗျာ…..
    ဆက်လက်ပြီး အောင်မြင်မှုနဲ့အတူ ဖလားယူပြီးပြန်လာနိုင်ပါစေ……

  • unclegyi1974

    July 16, 2011 at 10:09 pm

    ဒါပဲလေ သူတို့မှဘောလုံးကန်တတ်တယ်ထင်နေကြသူတွေ
    ကွင်းကြောင့် မိုးရွာလို့ ခရီးပမ်းလို့ လို့လို့စသဖြင့်ဆင်ခြေမြင်းခြေတွေ
    အမြဲပေးပြီးကိုယ့်ကတော်ရဲ့သားနဲ့အခြေအနေမပေးလို့ဆိုသူတွေ
    ရှက်တတ်မယ်ဆိုရင်…..

  • naywoonni

    July 16, 2011 at 10:17 pm

    အင်း…။ သိပ်တော့ မယုံရဲသေးဘူး..။ စိတ်ထဲကတော့ ဖြစ်ချင်တာတွေပေါ့..။ ဒါပေမဲ့ အဲဒိလိုပွဲတိုင်း မျှောင့်လင့်ခဲ့ပေမဲ့ မဖြစ်ခဲ့တာတွေများနေပြီ..။

  • nature

    July 16, 2011 at 10:58 pm

    …မြန်မာဘောလုံးအသင်းရဲ့ အနာဂတ် ရွှေရောင် မျိုးဆက်သစ်များ လာပြီလော…
    မလာနိုင်သေးပါ။ တပွဲထိုး လောက်တော့ ဖြစ်နိုင်ပါသည်။

  • shwe ni

    July 16, 2011 at 11:41 pm

    ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းသာစရာကြီး .။ ဘောလုံးပွဲ ကို သိတ်မကြည့်တတ်ပေမဲ့ နိုင်တော့နိုင်စေချင်တာ ။ နိုင်ပါစေ ။

  • ကြောင်ကြီး

    July 16, 2011 at 11:54 pm

    လောနိုင်ငံမှာ လော..လော..လော..လောနဲ့ လောဘတကြီး မလောမိဖို့လိုမယ်။ Lawကိုမျက်ကွယ်ပြုပြီး လောပန်တွေက လောခိုင်းရင်လည်း မလောကြပါနဲ့… 😆

  • Foreign Resident

    July 17, 2011 at 2:56 am

    I would like to ask only one thing.
    Those U-16 are really under 16 years ???

    • Burma

      July 17, 2011 at 7:25 am

      ♦ လက်ရှိ ယူ-၁၆ လက်ရွေးစင် အသင်းမှာ ဘောလုံး အကယ်ဒမီက ကစားသမား ၉၀% ပါဝင်နေ တာဖြစ်ပါတယ်။
      သေချာတာကတော့
      အရက်ဖောဖောနေတဲ့ကောင်တွေ.. အသက်လိမ်တယ်လို့ပြောရလောက်တ​ဲ့ မျက်ခွက်မျိုးတွေမပါ ပါဘူး။

      • Foreign Resident

        July 18, 2011 at 3:08 am

        Thanks, I also think too.

  • shwe ni

    July 17, 2011 at 3:12 am

    ကလေးတွေရုပ်ကလေးတွေက နုပါသေးတယ် Foreign Resident ရဲ့ . under 16 years ဖြစ်ဖို့များပါတယ် ။ မှတ်မိသလောက် အထက်တန်းကျောင်းလို ဖွင်းပေးတားတဲ့ကျောင်းရှိပါတယ် အားကစားနဲ့ စာနဲ့ တွဲ သင် တာပါ ။ သေသေချာချာ ရှင်းပြနိင်သောရွာသားများ ရှင်းပြပေးကြပါ ။

    • Burma

      July 17, 2011 at 7:29 am

      ♦ ဟုတ်ပါတယ်။ ဒီ ဆရာလေးတွေက အသေအချာကို Skill ကျကျ လေ့ကျင့်ပေးထားတဲ့ အနာဂတ်မှာ လင်းလက်လာမဲ့ လူငယ်တွေဖြစ်ပါတယ်။ ဘောလုံးအဖွဲ့ချုပ် လက်အောက်က သက်တမ်းအလိုက် အသင်းတွေ အားလုံးထဲကမှ အသက် အမှန်ကန်ဆုံး အသင်း ဖြစ်ရုံသာမက သူတို့တတွေထက် အသက်ကြီးတဲ့ (သက်တမ်းမြင့်တဲ့) ပြိုင်ဘက် အသင်းတွေနဲ့ ခြေစမ်းပွဲတွေမှာ မာမာထန်ထန်နဲ့ အံတုရင်ဆိုင် ခဲ့ကြပါသေတယ်။

    • Foreign Resident

      July 18, 2011 at 3:11 am

      Thanks, Agree, I also think like that.

  • တညင်သား

    July 17, 2011 at 11:23 am

    ဘယ်လိုပဲဖြစ်ဖြစ် အားပေနေတယ်………
    ထူးခြားရင် တင်ပေးပါအုံး .. အကိုရဲ့ အတွေးအထင်လေးတွေ ကြားတဲ့သတင်းလေးတွေပါ ထည့်ရေးပါနော်

  • Mee2

    July 17, 2011 at 11:57 am

    ကိုယ့်နိုင်ငံအသင်းကိုတော့ အမြဲအားပေးဖြစ်ပါတယ်——နိုင်စေချင်ပါတယ်. ဒါပေမယ့် တကယ် အားကစားကို စိတ်ဝင်စားပြီး အရည်အချင်ရှိသူ ကို အသားအရောင် လူမျိ ုးခြားစိတ်မရှိဘဲ. ရွေးချယ်ဖို ့တိုက်တွန်း လိုပါတယ်။အဲလို မဟုတ်ဘဲ နဂိုတိုင်းဆက်သွားနေမယ်ဆိုရင်တော့ နားထား ကိုယ့်လူရေ လို ့ဘဲပြောရမှာပေါ့

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 17, 2011 at 12:07 pm

    ဘာဘဲဖြစ်ဖြစ်
    ဒီလိုမှန်မှန်ကန်ကန် လုပ်ပြီး
    အတိုင်းတာတစ်ခုထိရောက်အောင် ကြိုးစားကြတဲ့လူငယ်လေးတွေကို
    ချီးကျူးတယ် ဂုဏ်ယူတယ်
    ကျုပ်တို့တတ်နိုင်တဲ့ဖက်ကနေ အားပေးသင့်တယ်
    လူငယ်လေးတွေ
    သူတို့ကို ငွေကြေးနဲ့ကစားတာကိုမခံရအောင် ကျုပ်တို့ကာကွယ်ရမယ်
    ထိုက်ထိုက်တန်တန် အခွင့်ရေးတွေပေးရမယ်
    အထူးသဖြင့် အကြောင်းကြောင်းကြောင့် ကျုပ်တို့ကို အထင်သေးတဲ့
    ထိုင်းလိုအသင်းကို အပြတ်ဖိုက်ပြစ်ရမယ်
    တကယ်ဆို ကျုပ်လဲဘောသမားဘဲဗျ
    ကျုပ်ရဲ့ဘောနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကို
    တစ်နေ့ ခင်ဗျားတို့သိအောင် ကျမ်းစာတစ်စောင်ပြုစုတင်ပြပေးပါမယ်
    ဥပမာ
    ရွာမှာ ဘောလုံးကန်နေရင်း ဘောလုံးပေါက်သွားလို့
    ဘောလုံးကို ပြန်ဖာဘို့ အခက်အခဲဖြစ်တဲ့အခါ
    ကျွဲကော သီးကို ဘောလုံးလုပ်ပြီးကန်ခဲ့ရတာတွေ
    အတွင်းခံဘောင်းဘီမရှိလို့ ပုဆိုးကို ခါးတောင်းကြိုက်
    ပြီးရင် အပြင်က ဘောင်းဘီတိုထပ်ဝတ်ပြီး ကန်ခဲ့ရပုံတွေကို
    ဝေဝေဆာဆာတင်ပြမှာပါ
    တစ်ခါတုန်းကဆို ကျုပ်ဘောကန်နေတုန်း
    ရတနာသိုက်တူးရင်း ငွေယားတွေ ကိုင်မိတဲ့လူနဲ့ကြုံလို့
    ကျုပ်အလုပ်ရှုပ်ခဲ့ပုံတွေကို ပို့စ်တစ်ပုဒ်အဖြစ်တင်ပြဘူးသေးတယ်
    ရှာဖွေ မှတ်သား လေ့လာကြလေလော့

  • nakyaw

    July 17, 2011 at 12:43 pm

    ဒီသတင်းကြားရတာ ဝမ်းသာပါတယ်။ ဆက်လက်ပြီးတော့အောင်မြင်ပါစေ။အဖျားမရှုးသွားပါစေနဲ့။

  • windtalker

    July 17, 2011 at 1:11 pm

    ကောင်းဗျာ ။ မြန်မာ့ အသံ က လွှင့်မယ် လို ့ထင်ပါတယ်နော် ။ အဲဒီကနေ အားပေးမယ်ဗျာ

    • Burma

      July 17, 2011 at 2:20 pm

      Live Stream ပဲကြည့်လို့ရမယ်ခင်ဗျ…
      မြန်မာအသံကလဲ မလွှင့်ဖူးခင်ဗျ…

  • ogre

    July 17, 2011 at 2:07 pm

    အကုသိုလ်တွေ…မယူခြင်တော့ဘူး
    ကိုယ်တိုင်မကန်တတ်ပေမယ်..သူတို့ရှုံးလာရင်
    မုဒိတာမပွားနိုင်လို့ ..မကြည့်တော့ဘူး..:P

    • zawinaing

      July 17, 2011 at 3:49 pm

      အနိုင် အရှုံး က အဓိက မဟုတ် ယှဉ်ပြိုင် ခြင်း သည် အဓိက ………
      ဒါပေမဲ့ ပြိုင်ပါတယ်ဆို မှ နိုင်တာဘဲလိုချင်တာပေါ့ ……… ရှုံးလာရင် လည်း ရှုံးတယ်လို့ဘဲ မှတ်လိုက်တော့ ……
      😛

  • shwe ni

    July 17, 2011 at 3:35 pm

    AFF U16: MYANMAR WIN GROUP B TO TAKE ON HOSTS LAOS IN SEMIS

    JULY 16, 2011
    VIENTIANE (16 July 2011) – Myanmar won Group B of the AFF Under-16 Youth Championship when they played a patient game to beat Vietnam 3-1 in the final group tie that was played this afternoon here at the National Stadium.

    With the three points, Myanmar emerged as group winners ahead of Singapore, who beat Cambodia 4-0 in the other final group tie to finish the preliminary group stage as runners-up.

    “Everything went according to plan. The players stuck to the tactical discipline and that is the result that we got today,” said Marko Koscina, the chief coach of Myanmar.

    “I know people do not believe in this team but I know what they are capable of and making the semi-finals is proof of this team’s ability.”

    Following from their comprehensive beating of the Philippines in their previous match, Vietnam pulled no punches just as soon as Thai referee Mongkolchai Pechsri blew for the start of the game.

    They were looking for holes in the Myanmar defence with Do Duy Manh and Nguyen Quang Hai making foraging runs to no avail.

    But in their haste to look for the early goal, a quick counter-attack saw Myanmar grabbing the lead in the 11th minute through Wai Hin Tun after team-mate Hlaing Bo Bo had drawn Vietnam keeper Duong Quang Tuan out.

    Four minutes later, Myanmar made it 2-0 when Aung Thu fooled the entire Vietnam defence with a chip that beat Quang Tuan for the second time in the afternoon.

    In the 16th minute, Vietnam got a chance to pull a goal back but the free kick from Y Thuyn Mlo went wide off the upright.

    But after some quick passes together, Vietnam finally got the goal they were looking for when off a free kick from Dang Van Hung, the waiting Trieu Viet Hung headed the ball in.

    The score at the half was 2-1 to the advantage of Myanmar at the half.

    Vietnam pushed harder into the second half and just like it was in the first half, it was Myanmar who went in front again in the 65th minute when Aung Myat Soe made good off a cross from Thant Zin Win.

    In the 80th minute, Viet Hung broke through for Vietnam but his shot went straight to Myanmar keeper Zin Myo, increasing the pressure on the team to overcome the deficit.

    And in their frustration in the closing stages of the game, Vietnam’s Nguyen Duy Dien was red carded for pulling back on Khant Ko Ko Soe for what would have been a goal scoring opportunity.

    VIETNAM: Duong Quang Tuan (GK), A San, Nguyen Duy Dien, Le Xuan Hoa, Y Thuyn Mlo, Do Duy Manh, Trieu Viet Hung, Dang Van Hung, Huynh Hoang Khanh, Nguyen Chi Bao, Nguyen Quang Hai.

    Coach: Nguyen Hai Bien

    Goalscorers: Trieu Viet Hung (25th)

    Yellow: Nguyen Chi Bao (63rd)

    Red: Nguyen Duy Dien (90th)

    MYANMAR: Thant Zin Nyo (GK), Zin Ko Tun, Phoe La Pyae, Kyaw Min Oo, Myo Thura Oo (Cpt), Hlaing Bo Bo, Wai Hin Tun, Aung Myat Soe, Aung Thu, Win Latt Aung, Thant Zin Win

    Coach: Marko Koscina

    Goalscorers: Wai Hin Tun (11th), Aung Thu (15th), AungMyat Soe (65th)

    Yellow: Hlaing Bo Bo (40th), Aung Myat Soe (23rd), Thant Zin Win (44th)
    at http://www.aseanfootball.org/?p=5514

  • zawinaing

    July 17, 2011 at 3:46 pm

    သတင်းကောင်းတစ်ပုဒ်ပါ …. ငယ်နိုင် ထိုင်းအသင်းကို နိုင်ရင် အရှေ့တောင် အာရှ မှာ ဗိုလ်ဖြစ်ပြီ ….
    ပြီးရင် အာရှအဆင့် … နောက် ကမာ္ဘ အဆင့်ကို တက်လှမ်း နိုင်ပါစေ ……………….

  • intro

    July 17, 2011 at 4:43 pm

    ဘာပဲပြောပြော ရှုံးပွဲမရှိတာကိုက ပြည်သူတွေ အတွက် ဝမ်းသာစရာ… အားပေးပါတယ်ဗျာ… အမြဲတမ်း အောင်မြင်မှုတွေ ရယူနိုင်ပါစေ…

  • cobra

    July 17, 2011 at 4:56 pm

    သိပ်ကောင်းတဲ့သတင်းတစ်ပုဒ်ပါ…။
    ဖြစ်သင့်နေတာလည်းကြာပါပီလေ….။

  • zawmyothu

    July 17, 2011 at 5:40 pm

    အောင်မြင်မှုတွေ ရယူပြီး ပြည်သူ. ကိုယ်စားပြု အသင်းဖြစ်ပါစေ…………..

  • Burma

    July 17, 2011 at 7:32 pm

    ♦ အသက်အရွယ်ရ ရော အတွေ့အကြုံအရပါ နုနယ်သဖြင့် စာအရေးအသားများမှာ မသေသပ်ဖြစ်နေပါသဖြင့် သည်းခံပေးကြပါ။

  • Shwe Tike Soe

    July 18, 2011 at 10:07 am

    အရမ်းဝမ်းသာစရာ သတင်းပေါ့ဗျာ…..
    အားပေးနေပါတယ်.. ကောင်းကောင်းမကောင်းကောင်း အမြဲအားပေးတာပေါ့.. ဒါပေမယ့် အခုလို အားရစရာ ရလဒ်တွေနဲ.ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့…
    အခုဆို မြန်မာ ပွဲကြည့်ပြီး စိတ်ဓာတ်ကျ ရမဲ့ အချိန်တွေ ကုန်လွန်သွားပြီးနေမှာပါဗျာ….

  • pan pan

    July 18, 2011 at 10:15 am

    မြန်မာနိုင်ပြီ….တို့မြန်မာနိုင်ပြီ…..
    သီချင်းလေး ပြန်ဆိုနိုင်ပါစေ….

Leave a Reply