မဟာမြတ်မုနိရှပ်ရှင်တော်(ဘုရားကြီး)


ရခိုင်ပြည်ကနေပင့်ဆောင်လာတဲ့ မဟာမြတ်မုနိရုပ်ရှင်တော် (အရပ်အခေါ်ဘုရားကြီး)ရှိတဲ့ အာရုံခံစေတီတော်ပေါ့။
အင်မတန်မှသပ္ပါယ်တော်မူလှသော မန္တလေးမြို့ရဲ့ ရတနာ မဟာမုနိကိုယ်တော်ကြီး


ြြ ကြည်ညိုဘွယ်ရာ မဟာမုနိ

လူတွေတော့ ပါနေတယ် ဒါမှ သဘာဝကျတာလေ။
ကြည်ညိုသဒ္ဓါတရားအပြည့်နဲ့ရွှေသင်္ကန်းကပ်လှူနေပုံဖြစ်ပါတယ်။

25 comments

  • shwe ni

    July 16, 2011 at 10:27 pm

    ကြည်ညိုရတာ ကောင်းလိုက်တာ ။ ကိုပေါက်ရေ ကျေးဇူးပါ ။၂၀၀၂ ထဲက မန္တလေးမရောက်တာ ။ အဲတုန်းက ၃ လလောက်နေဘူးတာ ကို တပါတ်တခါတော့ ဘုရားကြီး ရောက်အောင်သွားဖြစ်တယ်

  • ဆူး

    July 16, 2011 at 10:52 pm

    ဘုရားကြီးကို မရောက်တာတောင် ကြာပေါ့..
    အခု ကြည့်ရတာ သွားချင်စိတ်တော့ ဖြစ်မိတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 17, 2011 at 12:47 pm

    သဒ္ဒါလွန်ကဲပညာနဲ
    ပညာလွန်ကောက်ကျစ်
    မှတ်ချက်။ ။ အောက်ပါအကြောင်းအရာတို့ကို ရွာသူကြီးအား ရှေ့မှ ကာဘာထားပြီးပြောသည်ဟူ၍မှတ်…..
    ဆရာတော်တစ်ပါး၏ အဆိုမိန့်ကို ကိုးကား၍ပြောရသော်
    …………………………..
    ……………………………
    မဟာ ဗုဒ္ဓဝင်တစ်ဖြစ်လည်း တောထွက်တော်မူခန်းတွင်
    အနော်မာမြစ်တစ်ဖက်ကမ်းကို ကူးလူးရောက်ရှိပြီးသည့်ခါတွင်
    ကိုယ်တွင်ဝတ်ဆင်လာသော လောကီချပ်ဝပ်တန်ဆာတို့ကို စွန့်၍
    ဖန်ရည်ဆိုးသော သင်္ကံန်းကိုဝတ်ရုံလေသတည်း။
    ( ဤတွင် အဆိုပါ ချပ်ဝတ်တန်ဆာတို့ကို မစွန့်မည်တွင်ပင်လျှင် ကြီးကျယ်ခမ်းနားပါသည်ဟုဆိုရသော
    လောကီစည်းစိမ်တွင် အလိုမရှိခြင်းဟူသော စိတ်အဆင်သည် ကိန်းအောင်းခဲ့ပြီးဖြစ်သည့်အလျှောက်
    သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်သောအခါ ထိုသော လောကီ တန်ဆာပလာတို့ကို အဘယ်မှာ
    အလိုရှိနိုင်ပါအံ့နည်း မိမိသည်လည်း မသုံးဆောင် တပည့်သာဝကကိုလည်း မသုံးဆောင်ရန်
    ပညက်တော်မူခဲ့၏ )
    ………………….
    ဆိုတော့ကာ
    မြတ်စွာဘုရားရှင်တော်၏ ရုပ်တုတော်ပါဟုလည်းဆိုသေး
    ခေါင်းစွတ်ကြီးနဲ့ ချပ်ဝတ်တွေနဲ့
    ဘယ်သူက ဘယ်လို လက်ဆော့ပြီး ထုလုပ်ခဲ့သည်မသိ မြတ်စွာဘုရားရှင်တို့၏ အမူကျင့်တော်မြတ်နှင့်လည်း
    လားလားမျှ မသက်ဆိုင်သော ……………….
    ဆက်ပြောရလျှင်တော့ နှလုံးသွင်းမကောင်းသူတွက် စိတ်ပင်ပန်းမှုကို မဖြစ်စေလိုပါသဖြင့်
    သာဓု..သာဓု..သာဓု ဟူမူ၍ သုံးကြိမ်ခေါ်လိုက်ပါသည်
    အကြောင်းမှာ
    လက်တော်တွင် သံလျှက်တော်ကို ထည့်သွင်းမထုလုပ်ထားခြင်းကြောင့်ပင်တည်း
    ( မည်သူ့ကိုမျှ တိုက်ခိုက်ခြင်းမဟုတ်ပါ ဝေဖန်ဆန်းစစ်နိုင်ကြကုန်စေသတည်း )

    • kai

      July 17, 2011 at 2:18 pm

      အမှတ်မမှားဘူးဆိုရင်တော့…
      မဟာမြတ်မုနိဆင်းတုသမိုင်းမှာ.. ဆင်းတုတော်ကို…. ဘုရားရှင်ကိုယ်တိုင်ရင်ငွေ့လှုံထားတယ်.. ဘုရားသမိုင်းမှာဆိုတယ်တဲ့..။
      ဗုဒ္ဓ ဘုရားရှင်လက်ထက်တော်ကတော့… သူ့ကိုယ်တော်တိုင်ကို လိုက်ကပ်ပြီး.. ကြည်ညိုဖူးမျှော်နေတဲ့ရဟန်းကိုတောင်..”အချည်းနှီးရဟန်း”ဆိုပြီး ဟောက်လွတ်လို့.. အဲဒီရဟန်း… စူဆိုက်လုပ်သတ်သေဖူးတယ်..။
      (ဒီအကြောင်း.. ဒီရွာထဲပဲ..ဆရာတော်တပါးနဲ့ပြောဖူးပါတယ်..)
      ဂေါတမဗုဒ္ဓကိုယ်တော်တိုင်အနေနဲ့က.. ရုပ်ကိုချည်းကြည်ညိုဖူးမျှော်နေသူတွေကို.. နှစ်သက်တော်မမူဘူးသိသာတယ်…။
      “တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်၏ ” လို့မိန့်တော်မူတယ်..။

      တကယ်တော့.. လူတွေရုပ်ထုထုတတ်ကိုးကွယ်တတ်တာ.. ဘုရားရှင်ပုရိနိဗ္ဗာန်ပြုပြီး နှစ်ရာချီကြာမှပါ..။
      အာသောကမင်းကြီးလက်ထက်မှာတောင်.. ဆင်းတုမထုလုပ်တတ်သေးဘူးမှတ်မိတယ်..။

      ဆိုတော့..
      မဟာမြတ်မုနိဆင်းတုတော်ကတော့..ရှေးဟောင်းဆင်းတုတော်ပါ..။
      အလှူများများခံ..(တတ်နိုင်ရင်) ဘုရားဖူးတိုးရစ်တွေ..တခါဖူးမျှော်ဒေါ်လာ ၁၀ဝ တောင်းပြီး.. ရတဲ့ငွေကို.. ဆင်းရဲနေသူတွေ..ဘဝမြှင့်တင်ပေးတဲ့နေရာမှာသုံးရင်.. ဘုရားချစ်မှာပဲ ထင်မိတာပါပဲ..။ 🙂

      ( သီဟိုဌ်က.. ဗုဒ္ဓခြေတော်ရာကို .. အဝတ်စနဲ့အုပ်ထားပြိး..တခါလှပ်.. ၁ဝဒေါ်လာကနေ..၁၀ဝဒေါ်လာအထိ.. တိုးရစ်ဘုရားဖူးတွေကို တောင်းနေပါတယ်..= စကားချပ်)
      ===
      ((အနေနီး၍ ဝေးနေသောသူ))

      ”အလိုကြီး၍ ညှဉ်းဆဲတတ်သော တဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန်လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာ ငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရား သို့ အစဉ်လိုက်နေသော် လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း ထိုမြတ်စွာဘုရားနှင့် အလွန့် အလွန်ဝေးသည်သာတည်း၊
      (ထိုအခြင်းအရာကို) ရှုပါလော့။

      ((အနေဝေး၍ နီးနေသောသူ))

      အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ် အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင် ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ ငြိမ်သက်၏။ တဏှာ ကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာ ကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေ ငြားသော် လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) အလွန့် အလွန် နီးသည်သာတည်း။
      (ထိုအခြင်းအရာကို) ရှုပါလော့” ဟု ဤဂါထာဖြင့် ဆိုအပ်၏။

      ဤအနက်သဘောကိုလည်း …
      မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။92

      ၃ – သင်္ဃာဋိကဏ္ဏသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။

  • ဒီဘုရားတွေကို စထုလုပ်စဉ်က ကိုအောင်ပုသာရှိခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူးနော်။
    မှီသေးတယ်
    မိုက်ကယ်ဂျော်နီအောင်ပုဘုရား ဆိုပြီး ကိုယ်တိုင်ဒီဇိုင်းဆွဲပြိး တစ်ဆူလောက်တည်လိုက်ပါလား။

  • nigimi77

    July 17, 2011 at 1:01 pm

    ဘယ်နေရာကို ကြည်ညိုရမှန်းကို မသိဘူး။

    မြတ်စွာဘုရားရဲ ့ ကြည်ညိုဖွယ်ရာ တွေက လူတွေရဲ ့ စိတ်ကူးတွေကြောင့် ပုံပျက် ပန်းပျက် ဖြစ်နေလို ့။

    မြတ်စွာဘုရားဟာ လူတွေပြုသမျှ နုရတော့တယ်…။

    အင်း…အင်း….ကုသိုလ်တွေ အလုအယက် ယူနေကြတာပဲ….။ ယူကြ ယူကြ။

    ထောင်မြင်လို ့ ရာစွန် ့လိုက်တာ….ငါးထောင်တန် အတုကြီး ဖြစ်နေဦးမယ်။

  • hmee

    July 17, 2011 at 3:39 pm

    လေးပေါက် မဟာမုနိပုံတင်ရင် ကြေးရုပ်တွေပါမှ ပိုပြည့်စုံမှာလေ။ ကြေးရုပ်ပုံတွေပါ တင်ပါဦးနော်။

  • ဆူး

    July 17, 2011 at 3:48 pm

    ဗုဒ္ဓ ဘုရားရှင်လက်ထက်တော်ကတော့… သူ့ကိုယ်တော်တိုင်ကို လိုက်ကပ်ပြီး.. ကြည်ညိုဖူးမျှော်နေတဲ့ရဟန်းကိုတောင်..”အချည်းနှီးရဟန်း”ဆိုပြီး ဟောက်လွတ်လို့.. အဲဒီရဟန်း… စူဆိုက်လုပ်သတ်သေဖူးတယ်..။

    သဂျီးရေ.. သတ်သေဖို့ ကြိုးစားတာ မှန်ပါတယ်။ ဒါပေမဲ့ သတ်သေဖို့ လင်းနို့ ဦးခေါင်းနဲ့ တူတဲ့ တောင်စွန်းလေးမှာ မတ်တပ်ရပ်ပြီး ခုတ်ချ အံ့ဆဲဆဲမှာတင် မြတ်စွာဘုရား တရားဟောလိုက်လို့ မခုန်ချပဲ တရားကို သဘောပေါက် နားလည် သွားတဲ့ ရဟန်းတပါးဖြစ်သွားပါတယ်။
    သေချာ သိချင်ရင် ပရိမိတ္တဇာလသုတ် ရဲ့ အနက်ကို လေ့လာကြည့်ပါ အဲဒီထဲမှာ ပါပါတယ်။

    ဘကြီးပု ပြောတဲ့ ဘုရားနဲ့ ချပ်ဝတ်တန်ဆာ မအပ်စပ်တာ အမှန်ပါပဲ။ လုံးဝကို မသက်ဆိုင်ပါဘူး။
    ဘုရင်တွေတောင် ဘုရားသွားဖူးမယ်ဆိုရင် ဘုရားကို လေးစားသော အားဖြင့် ချပ်ဝတ်တန်ဆာများ ဘုရားပရဝုန် မရောက်ခင်မှာ အမတ်တွေ မှူးကြီးမတ်ရာတွေ စိတ်ချရတဲ့ လူဆီမှာ အပ်ပြီး ဘုရားသွားဖူးကြပါတယ်။ ကောသလမင်း အာဏာလုခံရတာ ချပ်ဝတ်တန်ဆာ ထားပြီး ဘုရားသွားဖူးတုန်းမှာ သားလုပ်သူက ယူပြီး ဘုရင်လုပ်လို့ နန်းထဲ ပေးမဝင်လို့ နန်းအပြင်မှာ သွေးတက်ပြီး သေသွားတယ်ဆိုလား ကြားဖူးပါတယ်။ ဒီကိစ္စ ထားလိုက်ပါတော့..

    မြန်မာ လူမျိုးတွေ ဘုရားကို ချပ်ဝတ်တန်ဆာ နဲ့ ပူဇော်တယ် ဆိုတာ အကြောင်းရှိတယ်။ နာမည်တွေတော့ မမှတ်မိဘူး အဲဒီ ဘုရင်တပါးက မာန်တက်လွန်းလို့.. တရားပြချင်တဲ့ သဘောနဲ့ သူဝတ်တဲ့ ချပ်ဝတ်တန်ဆာ ထက်ပိုလွန်သာကဲတဲ့ ချပ်ဝတ်တန်ဆာနဲ့ မြတ်စွာဘုရားက တန်ခိုးနဲ့ ပြတဲ့ သဘောမျိုး ပါတယ်။ ထိုအကြောင်းအရာလေး တခုကို အစွဲပြုပြီး ဘုရားတွေမှာ ချပ်ဝတ်တန်ဆာ နဲ့ မင်းဝတ်တန်ဆာတွေ ဖြစ်လာတာလို့ မှတ်သားဖူးတယ်။ ပုဏားတွေက စလိုက်တဲ့ ဓါတ်ရိုက်ဓါတ်ဆင်လေး ဖြစ်ပါသည်။

    သိလို့တော့ မဟုတ်ပေမဲ့ ကြားဖူးနားဝ ပြန်ပြောပြတာ ဖြစ်ပါသည်။

  • manawphyulay

    July 17, 2011 at 3:49 pm

    မွေးနေ့အမှီ ဘုရားလာဖူးတာပါ။ အလွန်ကြည်ညိုဖွယ်ရာ ကောင်းလှပါတယ်။ မရောက်တာကြာပေမယ့် ခုလက်ရှိ ရောက်ရှိသွားသလို ခံစားမိပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

  • padonmar

    July 17, 2011 at 9:22 pm

    ဘုရားကို ရုပ်အဆင်းကြည့်ပြီး ကြည်ညိုလွန်တဲ့ ရဟန်းက အရှင်ဝက္ကလိ ပါ။
    မာန်မာနတက်လွန်းလို့ ချွတ်ရတဲ့ ဘုရင်ကတော့ ဇမ္ဗုပတိမင်းပါ။ဇမ္ဗုပတိချွတ်ခန်းဆိုတာ နာမည်ကြီးပါတယ်။
    ဒါပေမယ့် သုတ္တန်ကြောင်းတွေမှာမပါဘူးလို့တော့ မှတ်သားမိပါတယ်။
    မြတ်စွာဘုရားက အချို့အရပ်ဒေသတွေကို ကြွပြီး အဲဒီဒေသက လူတွေ ပါရမီဖြစ်စေရန်သာရည်ရွယ်၍(တရားကိုသဘောမပေါက်နိုင်သေးသောကြောင့်)တရားဟောပါတယ်။
    အဲဒီလို အခါမှာ ထိုအရပ်ကလူတွေရဲ့ ရုပ်ဆင်းသဏ္ဍာန်အတိုင်း သူတို့ရဲ့ မင်းအသွင်နဲ့ ဟောပါတယ်။
    တရားဟောပြီးလို့ ထွက်သွားတဲ့အခါမှာ မကြာခင် မင်းအစစ်ကြွလာတော့ လူတွေဟာ ခုနက မင်းတစ်ပါး အခုမင်းတစ်ပါးလို့ အံ့ဩကြပါတယ်တဲ့။
    ဆရာကြီးဦးသုခရဲ့ စိတ်ဆိုသောစိတ်နဲ့ ဝန္ဒနာဒီပနီ ထဲမှာဖတ်ရတာပါ။
    ဒါကြောင့် မင်းမြောက်တန်ဆာတွေဆိုတာ သာသနာမရောက်ရာ ဒေသတွေမှာ တရားဟောတဲ့အခါမှာ ဖြစ်နိုင်ပါတယ်။
    မြတ်စွာဘုရားကတော့ သင်္ကန်းကိုသာရုံထားတာပါ။လူတွေမျက်စိကသာ ကိုယ့်ရဲ့မင်းအသွင်နဲ့ မြင်ကြခြင်းဖြစ်ပါကြောင်း ။

  • တန်ခိုးကြီးတယ်ဘဲဆိုဆို တန်ခိုးမကြီးဘူးဘဲပြောပြော
    သဘာဝကျတယ်ဘဲပြောပြော သဘာဝမကျဘူးဘဲပြောပြော
    တစ်အချက် ရှေးနှစ်ပေါင်းများစွာကတည်းကရှိနေသောမြန်မာ့လက်ရာရှေးဟောင်းအမွေအနှစ်။

    ငယ်စဉ်တုံးကတော့ တက်ကြွတဲ့အတွေးများ ယုံကြည်ချက်များနဲ့
    ထွေထွေရာရာ အတွေးတွေစိတ်ထဲကိုရောက်ခဲ့ ကျင့်သုံးခဲ့ပေမယ့်
    တုံးတယ်ဘဲဆိုဆို အတယ်ဘဲပြောပြော ခေတ်မမှီဘူးဘဲဆိုဆို
    အတွေးအခေါ်မှားတယ်ဘဲပြောပြော ညံ့တယ်ဘဲဆိုဆို
    မဟာမိုနိရုပ်ရှင်တော်ရှေ့တော်မှောက်ရောက်ရင်
    ယောက်ယက်ခတ်နေတဲ့စိတ်တွေ အတန်ငယ်ငြိမ်သွားတာကတော့ အမှန်။
    အခြားသူအတွက်မှန်ချင်မှ မှန်ပေမယ့် ကျနော့်အတွက်တော့မှန်တယ်ဗျာ။
    လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်နေတယ်ဆိုတော့ ………………………….

  • unclegyi1974

    July 17, 2011 at 11:02 pm

    သူတပါးအသက်သတ်မှကုုသိုလ်ရတယ်ဆိုတဲ့ဘာသာတောင်
    ၂ဝရာစုမှာမော်ဒန်ဘာသာလုပ်ပြီး
    သူတပါးအသက်မသတ်ဖို့ပြောလာတာတွေရှိနေပါပြီ
    မြန်မာမှာလည်းဘုရားဟောကိုလက်တွေ့ကျင့်ကြံဖို့
    ဦးဖိုးကျားကဘုရားဖူးသွားခြင်းဆိုပြီးရေးခဲ့ပါပြီ
    ကျောင်းသုံးအဖြစ်လည်းပြဌါန်းဖူးပါပြီ
    ဒါပေမဲ့လိုက်နာလုပ်ဆောင်သူနည်းနေစဲရှိတယ်ဆိုတာ
    အများအမြင်ပါပဲ
    ပြုပြင်ယူနိုင်ကြရင်ပိုကောင်းမယ်လို့ထင်ပါတယ်

  • MaMa

    July 18, 2011 at 10:04 am

    “စိတ်ထားတတ် မြတ်”
    ဆိုသလိုပဲ ကြုံတွေ့လာရတဲ့ အာရုံတစ်ခုတည်းကိုပဲ ခံယူတဲ့စိတ်အခြေအနေပေါ်မူတည်ပြီး ကုသိုလ်၊ အကုသိုလ်တွေ ဖြစ်ရတာမို့ ကုသိုလ်စိတ်ကိုပဲ ဖြစ်စေရင် အကောင်းဆုံးပါ။

  • pan pan

    July 18, 2011 at 10:05 am

    မန်းလေးထပ်မရောက်ဖြစ်တာ ၁ဝနှစ်လောက်တောင်ရှိပြီ
    မန်းလေးက မြနန်းစံကျော်ထဲကိုလည်း ရောက်ဖူးချင်တယ်

  • researcher

    July 18, 2011 at 12:11 pm

    မြန်မာပြည်မှာ ဖူးမဝတဲ့ ဘုရားဆိုလို့ ရန်ကုန်မှာ ရွှေတိဂုံနဲ့ မန ္တလေးမှာ မဟာမြတ်မုနိ ပါပဲ။ ဘုရားဖူး မယ်လို့ စဉ်းစားလိုက်ရင် ဦးစားပေးဘုရား ကတော့ ရွှေတိဂုံပါပဲ။ ရွှေတိဂုံဘုရားဖူးလိုက်ရရင် ကျန်တဲ့ ဘုရား ဖူးစရာမလိုတော့ပဲ လုံလောက်တယ်လို့ ခံစားရတယ်။ ဒါပေမယ့် မန ္တလေးက မဟာမြတ်မုနိဘုရား ဖူးလိုက်ရတဲ့အခါမှာတော့ မြတ်စွာဘုရားရှင် ရှေ့တော်မှောက် ရောက်သွားသလို ခံစားရပါတယ်။ ရခိုင်က မဟာမုနိဖူးရတဲ့ အခါမှာလဲ ဘုရားသမိုင်းတွေ သိထားလို့လားမသိဘူး ဘုရားရှင် လက်ထက် ကို ပြန်မြင်
    ယောင်ပြီး စိတ်ထဲမှာ သက်တော်ထင်ရှား ဖူးရသလိုပါပဲ။

    ရခိုင်မြောက်ဦးမှာ မြတ်စွာဘုရားရဲ့ အံတော်ရှိတယ်ဆိုလို့ သွားဖူးပါသေးတယ်။ အံတော်ကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဆရာတော်ခရီးသွားနေလို့ မဖူးခဲ့ရပါဘူး။ အံတော် သမိုင်းပဲ ဖတ်ခဲ့ရ ပါတယ်။ ဒေသခံတွေကတော့ အံတော် အစစ်လို့ပြောကြပါတယ်။ တကယ်သာ မြတ်စွာဘုရားရဲ့အံတော် အစစ်ဆိုရင် တိမ်မြုပ်စွာ ကိန်းဝပ် စံပယ်မနေသင့်ဘူးလို့ ထင်ပါတယ်။ ရဟန်းရှင်လူ အားလုံးဖူးခွင့်ရစေ ချင်ပါတယ်။

  • good

    July 18, 2011 at 1:45 pm

    မြတ်စွာ ဘုရား ကိုယ် တိုင် ဟော ခဲ့ တာ တွေ တရားတွေ ထဲ က တခု ပေါ့။
    အတိ အကျ ပြော မပြ နိုင်လို့ ဇာတ်ကြောင် လေး ပဲ ပြော တာ ကို နားလည်ပေးပါ။
    သိသူ က အကျယ် ရေးပေးပါ။
    ဘုရားရှင် တပါး လက် ထက် ထို ဘုရားရှင် အား ကြည် ညို မှု ဖြင့် အ လွန် ကြီး မားသော ဘုရား ဆင်းထု တော် အား ထုလုပ် ပူဇော် ကြရာ ဂေါတမ ဘုရားရှင် လက်ထက် ရဟန္တာ တပါး ဖြစ်တော်မူ မည့် အ လောင်း တော် သည် ထို အ လွန် ကြီး မားသော ဘုရား ဆင်းထု တော် တည်ထား ကိုးကွယ် မှု ကို နောင် အစဉ် အဆက် ပြုပြင် ရန် ခက်ခဲ မည် စိုးရိမ် သော စေတနာ ဖြင့် ကန့်ကွက် မိရာ။ ဂေါတမ ဘုရားရှင် လက်ထက် တွင် အရပ်ပု သော ရဟန်း တပါး အဖြစ် သိခဲ့ ဖူး ပါ သည်။
    ဆိုတော့ ကာ ကိုးကွယ်သူ က ဘုရားရှင် အမှတ် ဖြင့် ကိုးကွယ် သည် ကို မည်သို သော အကြောင်း ကြောင့် ပင် ဖြစ်ဖြစ် အပစ်ပြော သူ၏ တာဝန်သာ ဖြစ်ပါကြောင်း။

    • kai

      July 18, 2011 at 3:19 pm

      .. ငရဲနဲ့ခြောက်.. ဝဋ်နဲ့တိုက် တဲ့ဒီလိုအတွေးအခေါ်တွေဟာ.. အမှန်တရားနဲ့..သူရဲ့ဖြစ်တည်မှုကို ဝေဖန်ဆန်းစစ်ခြင်းမရှိနိုင်အောင် ..ပြုစားတာတွေမို ့..
      ၁) ဗုဒ္ဓဘာသာရဲ့ အခြေခံသဘောကို ဆန့်ကျင်တယ်..။
      ၂) အာဏာရှင်စံနစ်ကို အသက်သွင်းစေတယ် ယူဆမိတာပဲ..။

      ဆိုတော့..
      မြတ်စွာဘုရားကိုယ်တော်တိုင်ဟောတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တာတွေပဲ..။

  • နွယ်ပင်

    July 18, 2011 at 3:32 pm

    မန်းလေးမရောက်ဖြစ်တာ တော်တော်ကြာနေပြီ …..
    မဟာမြတ်မုနိဘုရားကြီးကို မျက်နှာသစ်တော်အမှီ မနက်အစောကြီး
    သွားဖြစ်ခဲ့တဲ့ မန်းလေးမှာ နေဖူးခဲ့တဲ့ ရက်တွေကိုတောင် သတိရသွားတယ်

  • စုံ စုံ

    July 18, 2011 at 3:38 pm

    မန္တလေးကိုဟိုးငယ်ငယ်ကဘဲခနခနရောက်ဖူးတာ
    အခုမရောက်ဖြစ်တာတော်တော်ကြာပေါ့
    မန္တလေးရောက်တိုင်းလဲမဟာမြတ်မုနိဘုရားကို
    မနက်အစောကြီးသွားဖူးဖြစ်တယ်
    ဘုရားကိုမျက်နှာတော်သစ်ပေးတာအမှီပေါ့
    အရမ်းငယ်သေးတော့သိပ်တော့မမှတ်မိဘူး
    ဒါပေမယ့်အခုလေးပေါက်ပို့စ်တင်ပေးတော့လဲ
    ဘုရားကြီးကိုထပ်ဖူးရလို့ကျေးဇူးအထူးတင်ပါတယ်

  • piti

    July 18, 2011 at 3:58 pm

    ဘုရားကြီး (မဟာမုနိ)ရှေ့ရောက်ရင် တကယ်ပဲ အေးချမ်းသွားပါတယ်…
    ဒါပေမယ့် တစ်ခါတစ်လေ ဘုရားကြီးလာတဲ့အခါမှာ စိတ်မချမ်းသာစရာလေးတွေတော့ ရှိတယ်ဗျာ…
    ပန်းသည်တွေက အရမ်းကာရော စိတ်အနှောက်အယှက်ဖြစ်သည်အထိ ဇွတ်လုရောင်းတတ်တာလေးတွေ… လုံခြုံရေးဝန်ထမ်းတချို့က ဘုရားကြီးမျက်နှာသစ်ရေတော်နဲ့ သင်္ကန်းစလေးတွေကို မသိနားမလည်တဲ့သူတွေကို အလကားပေးသလိုလိုနဲ့ မတန်တဆ ရောင်းနေတာလေးတွေပေါ့….

    ဘုရားရှေ့ရောက်တော့လည်း အေးချမ်းသွားပါတယ်လေ

  • MOEPWINTPHYU

    July 18, 2011 at 4:21 pm

    ဘုရားလည်ဖူးရတယ် ဗဟုသုတလည်တိုးတယ် တအားကြည်ညိုစရာကောင်းတာပဲ တစ်နှစ်တစ်ခေါက်တောရောက်အောင်သွာပြီး ဖူးဖြစ်တယ်

  • etone

    July 18, 2011 at 4:43 pm

    မန္တလေးကို တစ်ခါမှ မရောက်သေးဘူး … ဒီနှစ်ရက်ရှည်ခွင့်ရလျှင်တော့ သွားဖြစ်မယ် စိတ်ကူးတာပဲ … ။

  • naywoonni

    July 18, 2011 at 10:26 pm

    အင်း အဲ ဟဟာကြောင့် ဆရာကြီး တစ်ယောက် (ဒေါက်တာသန်းထွန်း-လို့ ထင်တာပဲ..။ ) ပြောခဲ့တာပေါ့..။ ဘုရားသခင်က လူတွေ ဖန်ဆင်းခဲ့တာမဟုတ်ဘူး..။ လူတွေက သာ အကြောက်တရားနဲ့ ကိုးကွယ်ရာ ရှာပြီး ဖန်ဆင်းခဲ့တာလို့..။ ဘုရားမရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်..။ ဆင်းတုတော်တွေ ကိုးကွယ်တာကို ကြည့်ပြီ း ပြောသွားပုံရပါတယ်..။

Leave a Reply