ပြည့်တန်ဆာကို တိုက်ဖျက်မလား၊ တက်ခေတ် နတ်ဆိုးကို တိုက်ဖျက်မလား

kpJuly 17, 20111min20535

ယခုလ အတွက် ရင်ကို ထိမှန် စေသော သတင်း နှစ်ပုဒ် ရှိသည်။ တစ်ပုဒ်က နိုင်ငံခြား
သတင်း မီဒီယာသည် စထရိတ်တိုင်းမ်တွင် ဖော်ပြပါရှိခဲ့သော တရုတ် တိုင်ပေတွင် “နှစ်
ပေါင်း ၂ဝ ကျော်ကြာ အောင်ပိတ် ပင်ထား သော ပြည့်တန်ဆာ လုပ်ငန်း ပြန်လည်ဖွင့်
လှစ်တော့မည်” ဟူသောသတင်း။ နောက် တစ်ခုက ပြည်တွင်း မီဒီယာတို့တွင် ဖော်ပြ ထားသော
“အနှိပ်ခန်း၊ ကေတီဗွီတို့ကို ပြင်း ပြင်း ထန်ထန် အရေး ယူမည်”ဟူသောသ
တင်းအကြောင်းအရာကတူသည်။ အချိန် ကာလကလည်း သိပ်မကွာ။ မတူညီ သည် က
ပိတ်ခြင်းနှင့်ဖွင့်ခြင်း သဘောတရားနှစ်ခု က လားလားမျှမတူ။ ဖြောင့်ဖြောင့်ကြီး
ကို ဆန့်ကျင် နေသည်။

စထရိတ်တိုင်းမ်တွင် ပါဝင်သော သတင်း ကို သေသေချာချာဖတ်ရှုပြီးနောက် အချက်
သုံးချက်ကို တွေ့မြင် ခံစားရသည်။ ပထမ တစ်ချက်က အာဏာသုံး၍ ပိတ်ပင်ထား သော
နှစ်ပေါင်း ၂ဝ နောက် ကွယ် ကဆိုး ကျိုး။ ဒုတိယ တစ်ချက်က လူထုဆန္ဒ။ နောက် တစ်ချက်က
တိုင်းပြည်ဝင်ငွေ ဤသုံးချက် ကို လှစ်ခနဲ မြင်လိုက်ရသည်။ ဒုတိယ အချက်ဖြစ်သော
လူထုဆန္ဒကို အရင်ပြော လိုပါသည်။ နှစ်ပေါင်း ၂ဝ ကြာအောင် ပိတ်ပင်ထားသော
ကိစ္စရပ်တစ်ခုကို ဖွင့်ချင်၍ ပြန်လည်ဖွင့် လှစ်ပေးခြင်း မဟုတ်။ လူထုဆန္ဒ
အပေါ်အခြေခံပြီး အမျိုးသား ကျန်းမာရေး ရှုထောင့်မှ နေ၍ ပြန်လည်ဖွင့် လှစ်ပေး
ခဲ့ခြင်းဖြစ် သည်။ တရုတ်(တိုင်ပေ) တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာက လူထုစစ် တမ်း
တစ်ရပ် ကောက်ခံ သည်။ ပြည့်တန်ဆာ ကိစ္စဖွင့်ပေးသင့် မဖွင့်ပေး သင့်ကိုဖြစ်သည်။

ပြည့်တန်ဆာကိစ္စလုံးဝမရှိသင့်ဟု ဆန္ဒပြုသူ တရုတ်(တိုင်ပေ)ပြည်သူ ၁၅ ရာခိုင်နှုန်း
သာရှိသည်။ ရာခိုင်နှုန်း ၇ဝ ကျော်သော ပြည်သူတို့က သင့်လျော်သော စည်းမျဉ်း
စည်းကမ်းများချမှတ်၍ ခွင့်ပြုသင့် ကြောင်း အဆိုပြုကြသည်။ ကန့်သတ်နယ်မြေများ
စနစ်တကျသတ်မှတ်၍ ရှင်သန်ရပ်တည်   ခွင့်ပြုလိုကြသည်။

ပထမဖော်ပြခဲ့သော နှစ်ပေါင်း ၂ဝ ကြာအောင်ပိတ်ပင်ခဲ့ခြင်း၏ နောက်ကွယ် က
ဆိုးကျိုးကို ပြောရလျှင် တရားမဝင်ဖွံ့ဖြိုးမှုဟူ သောအချက်အလက်ပင်ဖြစ်သည်။ တရား
မဝင်ဖွံ့ဖြိုးမှု၏ နောက်ကွယ်တွင် အတင်း အကျပ် ထိန်းချုပ် စစ်ဆေး အရေးယူ မှုမှ
လွဲ၍ ကျန်တာဘာမှ မတတ်နိုင်။ အမှောင်ကမ္ဘာ တွင် ဆက်လက် ရှင်သန်နေမည်ဖြစ်တော့ ၏။

ကျန်းမာရေး စောင့်ရှောက်မှုမည်သို့မျှ ပြု၍ရတော့မည်မဟုတ်။ အရေအတွက် ကိုလည်း
မသိရ။ ကျန်းမာရေးကဏ္ဍမှ အသွေးအသားရောင်းချသူတို့အပေါ် ကြည့် ရှုစောင့်ရှောက
လိုသော်လည်း တရားဝင် မဟုတ်၍ လုပ်၍မရသောကိစ္စရပ်များစွာ ရှိလာသည်။
စာရင်းဇယားအရေအတွက် လည်း ပျောက်ကုန်သည်။ ကမ္ဘာသူ ကမ္ဘာ သားတို့အား လူမျိုး
တုံးပျောက် ကွယ်စေမည့် အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါဆိုး အပေါ်
အတင်းအကျပ်နှိပ်ကွပ်ပိတ်ပင်စေ ခြင်းက တားဆီးကာကွယ် နိုင်သောအ
ကြောင်းတရားအဖြေမှန်ဟုတ်ပါ၏လော။ မေးခွန်း ထုတ်စရာဖြစ်လာပါတော့သည်။
တရုတ်(တိုင်ပေ)အကြီးအကဲတို့ နှစ် ပေါင်း ၂ဝ ကြာမြင့်ခဲ့ပြီးနောက် ထိုအရေးကို
သိမြင်လာပုံ ရသည်ဟု ထင်မြင်မိ၏။ တရုတ် (တိုင်ပေ)ပြည်ထဲ ရေးဝန်ကြီးဌာနအကြီး အကဲ
လျူဝန်ရှဂ်က ယခုလိုဆိုပါသည်။ “အစိုးရက ဥပဒေပြဋ္ဌာန်းပေးမည်။

ပြဋ္ဌာန်းပြီးလျှင် ဥပဒေနှင့်အညီ လုပ်ငန်း လိုင်စင်ရယူပြီး တရားဝင် ရပ်တည်ရတော့
မည်။ တရားမဝင်ဖွံ့ဖြိုးနေခဲ့ခြင်း ဖြစ်၍ လက် ရှိလုပ်ကိုင်နေသော ပြည့်တန်
ဆာများ၊ ခေါင်း များအားလုံး ကျန်းမာရေးစစ်ဆေးရမည်။ ပုံမှန်ကျန်းမာရေးစစ်ဆေးပြီး
ကျန်းမာရေး စစ်ဆေးခ တစ်လ ၁ဝ ဒေါ်လာဝန်းကျင် ခန့်သာကုန်ကျမည် ဖြစ်ကြောင်းနှင့်
တရား မဝင်လုပ်ကိုင်သူပြည့်တန်ဆာတို့ကို ပြင်းပြင်း ထန်ထန်ထိရောက်စွာအရေးယူမည်”
ဆို သည့်အကြောင်းကို ပြောဆိုသွားခဲ့သည်။ နှစ်ပေါင်း ၂ဝ ကြာပိတ်ပင်ထား သော် လည်း
တရားမဝင်ဖွံ့ဖြိုးနေသည့် ပြည့်တန် ဆာလုပ်ငန်းတွင် လိုင်စင်မဲ့ တစ်သိန်း
ကျော်လုပ်ကိုင်နေသည်ဟူသော စာရင်းဇယားရှိနေသည်မှာ တရုတ် ်(တိုင်ပေ)၏
အားသာချက်ဖြစ်သည်။

ယင်းအပေါ်အ ခြေခံ၍ တရုတ်သုတေသီတို့က ခန့်မှန်းသုံး သပ်ထားသည်မှာ တရုတ်(တိုင်ပေ)
တွင် ပြည့်တန်ဆာလုပ်ငန်းနယ်ပယ်၏ နှစ်စဉ် ဝင်ငွေမှာ သန်း ၈,ဝ၀ဝ
ကျော်ပျမ်းမျှရှိနေ ကြောင်း ခန့်မှန်းသုံးသပ်ထားကြသည်။ ယခု
အဆိုပါလုပ်ငန်းနယ်ပယ်ကို စနစ်   တကျဥပဒေထုတ်ပြန်၊ ကျန်းမာရေးစစ်ဆေး မှု
ပုံမှန်ပြုလုပ်၍ အခွန်အတုပ် စနစ်တကျ ကောက်ခံကာ ၇ဝ ကျော်သော တရုတ်
(တိုင်ပေ)ပြည်သူတို့၏ဆန္ဒကို ဦးစားပေး တော့မည်ဖြစ်သည်။ အမျိုးသားကျန်းမာရေး
ရှုထောင့် အပေါ်အခြေခံကာ ပိတ်ထားသော တံခါးချပ်၏နောက်ကွယ်က အမှောင်တို့ကို
တံခါးဖွင့်၍ အလင်းဖြင့်ခွင်းစေတော့မည်။ ဤသည်ကား စထရိတ်တိုင်းမ်မီဒီယာ
တွင်ပါဝင်သော သတင်းအချက်အလက်အ ပေါ် အခြေခံ၍ရှုမြင်ခြင်းဖြစ်၏။

*****

အနှိပ်ခန်း၊ ကေတီဗွီတို့ကို ပြင်းပြင်း ထန်ထန် အရေးယူမည်ဟူသော ပြည်တွင်း သတင်း၏
နောက်ကွယ်က တကယ့်ဖြစ်ရပ်  တို့ကိုဆက်လက်လေ့လာစေ့ငုမိသည်။ ဟုတ် သည်။ ရန်ကုန်
တစ်မြို့လုံးလိုလိုကို တစ်ချိန် က ညလုံးပေါက်မီးလင်းနေသော အခန်းတို့
မှောင်အတိကျ သွားသည်။ လူကြီး၊ လူလတ် ပိုင်းတို့အကြား ရေပန်းစားသော နေရာတချို့
တွင်သာစုပြုံ၍ လူစည်ကား နေတော့သည်။

မြို့နယ်တိုင်း မြို့နယ်တိုင်းလိုလိုတွင် တစ်ချိန် က တိုးတိုးတိတ်တိတ်
ကျိတ်၍စည်ကားခဲ့ သော တိုက်ခန်းနေရာတို့ ဆိတ်ငြိမ်ကုန် တော့သည်။ အလွန့်အလွန်
ရှားပါးလှစွာ ဖြင့် အခန်းငယ် တချို့သာ မှိန်ပျပျအလင်း ရောင်အောက်တွင်
ဆက်လက်လုပ်ကိုင်နေ သည်ကို တွေ့ရသည်။ ဤတွင် တက္ကစီသမား၊ အငှားယာဉ် မောင်းတစ်ဦးက
ယခုလိုဆိုလာပါသည်။ “အစ်ကိုရယ် …ဒါတွေတင်းတင်း ကျပ်ကျပ်ပိတ်လိုက်တော့
ဘာတွေဖြစ်လာ သလဲသိလား။ ညနေစောင်းရင် အကုန်လုံး လမ်းပေါ်ထွက်လာကြရော။ မယုံရင် ၄
နာရီခွဲ၊ ၅ နာရီ လောက်…ကိုလာကြည့် ပါလား။ အယောက် ၂၀ဝ လောက်ရှိတယ်။

ထွက်လာကြတာများ…” ငယ်ထိပ်ကို မြွေပေါက်သကဲ့သို့ ခံစား လိုက်ရသည်။
ကျွန်ုပ်တို့၏ နည်းလမ်း မှန်ပါ ၏လော။ ဆက်လက်စဉ်းစားမိသည်ကမည်သည့်နည်း
ဖြင့်ထိန်းချုပ်သည်က ကောင်း သနည်း။ အရေအတွက်၊ စာရင်းဇယားကို မည်
သို့ကောက်ယူသိရှိနိုင်မည်နည်း။ အရေအတွက် ပမာဏမသိရှိရဘဲ မည် ကဲ့သို့
ကျန်းမာရေးစောင့်ရှောက်မှုပေးမည် နည်း။ အရေးကြီး သော သူတို့ကို ကျန်းမာ
ရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဆိုင်ရာ အသိပညာ မပို့ချနိုင်ပါက
လူမျိုးတုံးစေမည့် ကပ်ရောဂါဆိုးကြီးကို မည်သို့တွန်းလှန်ရပါ အံ့နည်း။

လက်ရှိတရုတ်(တိုင်ပေ)သည် နှစ်ပေါင်း ၂ဝ ကြာပိတ်ပင်ခဲ့ရာမှ ဤကိစ္စကို ယခု
တံခါးဖွင့် ပေးလိုက်သည်။ တရုတ်(တိုင်ပေ) ကဲ့သို့ပင် အခြားသောနိုင်ငံများစွာ
တို့သည် လည်း ပြည့်တန်ဆာကို စနစ်တကျလိုင်စင် ရယူလုပ်ကိုင်ခွင့်ပြုသည်။
စနစ်တကျကျန်း မာရေး စောင့်ရှောက်မှုကို ပေးသည်။ ထို့ နောက် ပြည့်တန်ဆာ
ကိုအမှီပြု၍ တိုင်းပြည် ၏ GDP တိုးစေသည်။ နိုင်ငံခြားဝင်ငွေ
များစွာရှာဖွေသောကဏ္ဍတစ်ရပ်ပင်ဖြစ်လာ သည်ကို တွေ့ရသည်။ “ပြည့်တန်ဆာဖြင့် တန်ဆာ
ဆင်ခြင်း”ဟုဆိုနိုင်ပါသည်။ အတွေး တို့ဆက်လက် ဆင့်ပွားမ ိပြန်သည်။ “ကျွန်ုပ်
တို့သည် ပြည့်တန်ဆာကို တိုက်ဖျက်မည် လား။ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ဟူ
သော တက်ခေတ်နတ်ဆိုးကို တိုက်ဖျက်မည် လား” ပညာရှင်တို့ ခေါင်းချင်း ဆိုင်ရပေ
တော့မည်။

ရိုးရာလေး – ပြည့်တန်ဆာကို တိုက်ဖျက်မလား၊ တက်ခေတ် နတ်ဆိုးကို
တိုက်ဖျက်မလား

*forward မေးမှပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။*

35 comments

  • nigimi77

    July 17, 2011 at 9:07 am

    တက်ခေတ် နတ်ဆိုးက ဘာလဲဗျ ?

    • kai

      July 17, 2011 at 1:38 pm

      (ဆရာ)သိန်းဖေမြင့်ကို.. တက်ဘုန်းကြီးသိန်းဖေခေါ်ကြတယ်..။
      အဲဒီ.. တက်ခေတ်နတ်ဆိုးကြောင့်ပဲ..။
      သူက.. ပြည့်တန်ဆာနဲ့ကာလသားရောဂါအကြောင်း ရေးတယ်လေ….။
      စာအုပ်နာမယ်က.. တက်ခေတ်နတ်ဆိုး…တဲ့..။

      ဆိုတော့..
      ကာလသားရောဂါပေါ့…။
      ဒီခေတ်ဆိုရင်တော့.. ဒီတက်ခေတ်ရဲ့ နတ်ဆိုးက..အေအိုင်ဒီအက်စ်ဖြစ်မယ်ထင်တယ်..။

  • ကြောင်ကြီး

    July 17, 2011 at 9:15 am

    (စစ်)တပ်ခေတ် နတ်ဆိုးလို့ အထာနဲ့ရေးထားတာပါကွယ်….

  • kokothandar

    July 17, 2011 at 9:50 am

    ကိလေသာတဏှာကိုဘယ်လိုမှတားဆီးလို့မရပါ စိတ်အလိုမပြည့်၇ရင်ဘယ်မှာပျော်နိုင်ပါ့မလဲနော်

  • ogre

    July 17, 2011 at 10:24 am

    ခေါင်းစဉ်အတိုင်းသာပြန်ပြောရရင်တော့
    လူနဲလူ့ပါတ်ဝန်းကျင်ရှိနေသမျှ
    ဒါတွေကရှိနေမှာပဲလေ…
    ဒါပေမယ့် ..စဉ်းစားရမှာက
    ပြည့်တန်ဆာရှိလို့ ဒီရောဂါတွေရှိနေတာလား..ဒီလိုလဲဟုတ်မယ်မထင်ဘူး
    ပြည့်တန်ဆာလုပ်ငန်းကနေကူးစက်မှုလွယ်ကူတတ်လို့သာ ..ဒီလိုအကြောင်းအရာတွေဖြစ်လာတာပဲဗျ..
    AIDS လို့ ပြောလိုက်တာနဲ့ ပြည်တန်ဆာတွေကိုလက်ညိုးထိုးလို့မဖြစ်တော့ဘူးလေ…
    အကောင်းဆုံးက..လူသားတိုင်း/ကာကွယ်..ထိမ်းသိမ်း..သတိနဲ့ဆင်ခြင်ကြဘို့ပဲ
    လိုအပ်တယ်လို့ထင်ပါတယ်ဗျား။။။။။။။။။။။။။။။။။

  • moethidasoe

    July 17, 2011 at 11:48 am

    ဒီလုပ်ငန်းက ခေတ်အဆက်ဆက် ရှိခဲ့ပါတယ် .. စည်းစနစ် တကျ ရှိတာ နဲ့ မရှိတာ ကွာနေတာပါ
    သတ္တဝါရယ်လို့ ဖြစ်လာရင် အိပ်စားကာမ ဆိုတာ ပါလာတယ် .. လူမှာက အသိတရားထိန်းချုပ်မှု ရှိတာပဲ ကွာတယ် .. လူတွေက လူမြင်ကွင်းမှာ ကာမအမှု မပြုကြဘူး ..တိရစာ္ဆန်မှသာလျှင် မြင်ကွင်းမရှောင် ဖြစ်ကြမှာ

    ဘုရားရှင်လက်ထက်မှာတောင်မှ ပြည့်တန်ဆာဆိုတာ ရှိခဲ့တယ် .. ဒါပေမယ့် စနစ်တကျပါ .. ကြိုတင်ချိန်းဆိုချက်တွေ ဘာတွေနဲ့ .. (အဲဒီကတည်းက လူကြီးတွေ ကဲကြလို့ ဇီဝက ဆိုတဲ့ သမားတော် မွေးဖွားလာတာလေ) .. နှုန်းထားနဲ့ .. အလှည့်ကျနဲ့ ..
    ဆောင်ကြာမြိုင်မှတ်တမ်း ဆိုတဲ့ စာအုပ်မှာ မင်းတုန်းမင်းလက်ထက် ဘယ်လို ရှိတယ် ဆိုတာ တစိတ်တပိုင်း ပါနေတယ် ..

    ဒီလို တရားဝင် လုပ်တော့ အဲဒီလူတွေက ကိုယ့်ကျန်းမာရေး မထိခိုက်အောင် စည်းစနစ်နဲ့ လုပ်ကိုင်ကြတယ်လို့ မြင်တယ် .. ရောဂါကိစ္စ .. ကိုယ်ဝန် ကိစ္စ .. အစရှိတာတွေကို ကိုယ့်ဖာသာ ထိန်းသွားကြတယ်

    အဓိက က ပုန်းလျှိုးကွယ်လျှိုး ဆိုရင် ရောဂါရလာတာတောင် လူမသိ သူ မသိ .. ကူးစက်မှုကလဲ လူမသိ သူမသိ .. ပျံ့နှံ့မှုကလဲ ထိန်းချုပ်မရ ..
    အားလုံးကိုတော့ အကျိုး အပြစ်တွေ တွက်ဆပြီးမှ ဆုံးဖြတ်သင့်ပါတယ်

  • Mee2

    July 17, 2011 at 11:50 am

    ပို ့စ်ကောင်းလေးပါ။ကျေးဇူးပါနော်။ ကျွန်မတို ့နိုင်ငံ မှာ legally prostitution ဖြစ်သင့်ပါပီ။သက်ဆိုင်ရာနယ်မြေ. ပိုင်စခန်း တို ့နယ်ထိန်း တို ့ကို လက်သိပ်ထိုး ငွေ ကမ်း လုပ်နေမယ့်အစား တရားဝင် လုပ်လိုက်တော့ အမျိ ုးသားကျန်းမားရေးအတွက် ပိုစဉ်းစားလို ့ရမှာပေါ့။ခုတော့ ဘယ်လောက်အရည်အတွက်ရှိလဲမသိရ။ဘယ်နှစ်ယောက်ရောဂါ ကူးစက်ခံထားရလဲ ဖုံကွယ်ထား ဆဲ။ဒါတွေက အနာဂါတ်အတွက် စိုးရိမ်ရေမှတ်ပါ။

  • parlayar46

    July 17, 2011 at 12:54 pm

    ဒီစာရေးသူနှင့်တကွ MG ရဲ့ စာရေးသူများကို အကြံလေး ပေးချင်ပါတယ်။
    ဒီဆိုက်မှာက စည်းကမ်းနံပါတ် (၄) မှာ ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ .. လို့ ဆိုထားပါတယ်။
    ဒီစာမူလို အတွေးအခေါ်ပါတဲ့ လက်ရှိကာလနဲ့လဲ ကိုက်ညီတဲ့ စာမျိုးကတော့ တစ်စုံတစ်ရာ အကျိုးရှိတာလဲ အမှန်ပါပဲ။
    ဒါကြောင့် ဒီလို အများအကျိုးရှိမယ့်စာမျိုးကို တပိုင်းစီ code လုပ်ပြီး စာရေးသူရဲ့ အမြင် အာဘော်လေးတွေပါ ထည့်ရေးပြရင်ဖြင့် –
    အကျိုးရှိတဲ့စာကို ဖေါ်ပြရာလဲရောက်၊ ဆိုက်ရဲ့စည်းကမ်းနဲ့လဲ ညီညွတ်ပြီး ၊ စာရေးသူနဲ့လဲ အပြန်အလှန်ဆွေးနွေးဖြစ်သွားမှာမို့ “သားရွှေအိုးထမ်းလာတာမြင်လိုပါတယ်” ဆိုတဲ့ဆုတောင်းလိုမျိုး အဖက်ဖက်ကပြည့်စုံသွားမှာပါ။

  • parlayar46

    July 17, 2011 at 12:57 pm

    မိမိတသက်လုံး ပြည့်တန်ဆာများနှင့် လုံးဝ ပျော်ပါးဘူးခြင်းမရှိသူအနေနဲ့ နဲနဲ ဝင်ပြောလိုပါတယ်။
    ပြည့်တန်ဆာဆိုတာ မိမိအိန္ဒြေကိုထိမ်းသိမ်းစောင့်ရှောက်တဲ့ မိန်းကလေးများလိုတော့ တန်ဘိုးရှိတဲ့မိန်းကလေး မဖြစ်နိုင်ဘူးပေါ့။
    ဒါပေမယ့်လို့ ပြည့်တန်ဆာဆိုတာ အလွန်အောက်တန်းကျပြီး လူထဲမဝင်ထိုက်တဲ့
    ယုတ်မာနိမ့်ကျသူမျိုးလို့တော့ ကျုပ်မယူဆပါဘူး။
    လွယ်လွယ်ပြောရရင် သူ့ရှိတာသူရောင်းစားတာပါပဲ။
    ရောင်းချင်တဲ့သူကရောင်း – ထိမ်းသိမ်းချင်တဲ့သူကထိမ်းသိမ်းပေါ့။
    အဲဒီအကျိုးဆက်ကိုတော့ ကိုယ့်ဘာသာခံပေါ့နော့။

    ဒါကြောင့် ကျုပ်အဖို့မှာတော့ ပြည့်တန်ဆာကို မနှိမ်ဘူး၊ ခေါ်ပြောဆက်ဆံဘို့ ဝန်မလေးဘူး။ ဒါပေမယ့် ကျုပ်သားနဲ့တော့ မပေးစားဘူး။ ကျုပ်သမီး ပြည့်တန်ဆာလုပ်မယ်ဆိုရင်လဲ လက်မခံဘူး။ (သတ်တောင်ပစ်ဦးမယ်)။

    ပြည့်တန်ဆာများနှင့် ပျော်ပါးဘူးခြင်းမရှိတာကတော့ ကျုပ်အယူအဆနဲ့ကျုပ် တမင်ရှောင်တာ။ အဲဒါကြောင့် ညံ့တဲ့ကောင် ငတ် ပေတော့ပေါ့လို့ (ကျုပ်သူငယ်ချင်းတွေပြောသလို) ပြောမယ့်လူရှိရင်လဲ –
    ဟုတ်ကဲ့ …. ကျေကျေနပ်နပ်ကြီး အငတ်ခံပါတယ်ဗျာ..။

    ဒါပေမယ့်လို့ ကျုပ်ဘာသာအငတ်ခံလို့ ပြည့်တန်ဆာများနဲ့ပျော်ပါးတာ မကောင်းဘူးလို့တော့ ကျုပ်ဘယ်တော့မှမယူဆဘူး။
    အိမ်ထောင်ရှိသူက ပျော်ပါးရင် သူ့အိမ်ထောင်ဘက်အပေါ်မှာ တရားမျှတမှု့မရှိဘူးလို့တော့ ယူဆပါတယ်။ (သူ့မိန်းမသာ ယောက်ျား ပြည့်တန်ဆာနဲ့ ပျော်ပါးတယ်ဆိုရင် ခွင့်လွှတ်နိုင်မယ့်သူလဲ မရှိနိုင်သလောက်ပါပဲ။)
    ပြည့်တန်ဆာလုပ်ငန်းကို တားလို့မရပါဘူး။
    မရမယ့်အတူတူ ချောင်ထဲမပို့ပဲ ၊ သင့်လျှော်ရာ နေရာ စည်းမျဉ်းတွေနဲ့ သတ်မှတ်ထိန်းကွပ်ပြီး မျက်စေ့အောက်မှာ ထားတာသာလျှင် အသင့်လျှော်ဆုံးပါပဲ။ အဲသလို တရားဝင်ခွင့်ပြုလိုက်လို့ မိန်းမလိုက်စားမယ့်လူ ပိုများလာမှာမဟုတ်ပါဘူး။

    စားမယ့်လူက ဘယ်နည်းနဲ့ဖြစ်ဖြစ် စားကိုစားမှာ …။
    အငတ်ခံမယ့်လူကလဲ သူ့စိတ်နဲ့သူ အငတ်ကိုခံမှာ …။
    လောကမှာ ပြည့်တန်ဆာထက်ကောင်းတာ အများကြီးရယ်…။

    • nigimi77

      July 17, 2011 at 1:10 pm

      ဟုတ်တယ် ဟုတ်တယ်။ ခင်ဗျားလို ဝယ်မစားပဲ အငတ်ခံတဲ့လူတွေက တောင်းစားတာ ဝါသနာကြီးတယ်လို ့

      ကြားဖူးတယ်။ ပြည့်တန်ဆာထက် ကောင်းတာတွေ အများကြီး ဆိုတော့….ဟဲဟဲဟဲ အကောင်းစားတွေပဲ

      တောင်းစား မနေနဲ ့လေ… 🙂

      • parlayar46

        July 17, 2011 at 2:13 pm

        တော်သေးရဲ့ ….။
        သူကြီးပြောဘူးတဲ့ ဘိုမရုပ် လို့ မပြောတာ …။
        🙂 🙂 🙂

  • zawmyothu

    July 17, 2011 at 1:44 pm

    ပြည်.တန်ဆာ လုပ်ငန်းတွေကို တိုက်ဖျက်ရင်တော.
    မုဒိမ်းမှုတွေ များလာမယ် ထင်တယ်နေားးးး

    • parlayar46

      July 17, 2011 at 2:21 pm

      ထောက်ခံတယ်။
      ကျုပ်လဲ အဲသလိုပဲထင်တယ်။
      မုဒိန်းကျင့်သူတွေထဲမှာ တချို့က တမင်မုဒိန်းကျင့်ချင်တာ ။
      တချို့ကတော့ မန်းမနဲ့ ဆက်ဆံချင်လို့ လွယ်တာလုပ်မိသွားတာ။ အဲသသည်လူမျိုးတွေအတွက်တော့ ပြည့်တန်ဆာ လွယ်လွယ် ပေါပေါ သန့်သန့် ရရင် မုဒိန်းဘယ်ကျင့်တော့မလဲ။

  • kai

    July 17, 2011 at 1:56 pm

    ဂေါတမဘုရားကတော့.. ပြည့်တန်ဆာကပ်တဲ့ဆွမ်းကို မင်းသားတွေထက်အရင်လက်ခံလိုက်ဖူးတယ်တဲ့..။
    အဲဒါ..မင်းသားတွေက..ပြည့်တန်ဆာဆီက.. ဆွမ်းဦးကပ်ခွင့်ပြန်တောင်းတာ.. ပြည်တန်ဆာက..မပေးလို့..ဆွမ်းတူတူကပ်ခွင့်ကိုတိုင်းပြည်တဝက်နဲ့တောင် လဲယူရတယ်ဆိုပဲ..။
    ဟုတ်သည်မဟုတ်သည် ထက်… ဗုဒ္ဓက… ပြည့်တန်ဆာကို ဘယ်လိုသဘောထားသလည်း ပေါ်လွင်စေချင်လို့ပါ..။

    နောက်ဇတ်လမ်းတခုက… ဥတ္တရာလို့ထင်တယ်..။
    ဗုဒ္ဓကို ဆွမ်းကပ်လုပ်ကြွေးချင်လို့.. ယောကျင်္ား(ဗုဒ္ဓဘာသာဝင်မဟုတ်သူ)ကို .. သီရိမာ(ပြည့်တန်ဆာမ)နဲ့ လွတ်ပေး(သူကိုယ်တိုင်ငှားပြီးခေါ်ပေး)ထားတယ်..။
    သူတို့က..အပေါ်ထပ်မှာကဲ.. အောက်ထပ်မှာ..ဗုဒ္ဓကတရားဟော..။
    အဲဒီလို…။

  • chityaaung

    July 17, 2011 at 5:44 pm

    ဘယ်အရာမှ သူ့အတိုင်းသား ဖြစ်လာတာ မဟုတ်လေတော့ အင်း ….။ တရားဝင်ပေးလိုက်ရင်လည်း အင်းးး… ပေးမယ်လည်း မထင်ပါဘူး..။ အရက်ဆိုင် လိုင်စင်ပေးထားတာတောင်မှ ဆိုင်စင်မဲ့ အရက်ဆိုင်တွေ အဖြူလိုင်စင်နဲ့ အနီ ရောင်းနေတာတွေ…။ ဆိုင်ကယ်တွေ လိုင်စင်ပေးနေပေမဲ့ ဘလက်တွေ အရောင်းအဝယ်ဖြစ်နေတာတွေ..။
    ခုတော့ မှတ်သားလောက်ပါတယ်…။ စည်းကမ်းမဲ့ဆိုင်ကယ် တွေကို ရိုက်တဲ့ ဒဏ်ကြေးတွေ တိုးမြှင့် သတ်မှတ်လိုက်ပါပြီ…။ အရင်က စည်းကမ်းတစ်ချက်မလိုက်နာရင် သူတို့ အခေါ်တစ်မှုကို 21500 ကျပ် ရိုက်နေရာက 14-7-2011 နေ့က စပြီး တစ်ခုအဲ တစ်မှုကို 105000 ကျပ်သို့ တိုးမြှင့်ဒဏ်ရိုက်နေပါပြီ…။ တိုးတက်လာတာပေါ့…။

  • windtalker

    July 17, 2011 at 8:56 pm

    ပြည့်တန်ဆာ ရှိသင့်မရှိသင့် ပြောရရင် ဒီထက် ပို ရှည်မယ် ထင်ပါတယ်
    နာမည်ကြီး အဆိုတော် ရုပ်ရှင်မင်းသမီး တွေ တောင် ဘာလိုလို ညာလိုလို အသံ ထွက်သေးတာပဲ နော
    အမိန် ့ရတာ နဲ ့မရတာနဲ ့ပဲ ကွာမယ် လို ့ထင်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 17, 2011 at 11:25 pm

    မင်္ဂလာအပေါင်းနဲ့ခညောင်းနိုင်ကြပါစေခင်ဗျ
    မိတ်ဆွေတို့ ပင်ပန်းနွမ်းနယ်နေကြပါသလား
    တစ်စုံတစ်ခုကို လိုအပ်နေကြပါသလား
    အပြုစု အယုယလေးတွေကို အလိုရှိကြပါသလား
    တစ်ယောက်တည်း ရေချိုးရမှာပျင်းနေပါသလား
    အသစ်ဖွင့်လှစ်လိုက်ပါပြီ
    ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု မှ မိတ်ဆွေများအကြိုက် ခပ်မိုက်မိုက်လေးများကို
    အပီပြင် ပြုပြင်စစ်ဆေးပြီး သန့်သန့်လေးများဖြစ်ကြောင်းအာမခံပါသည်
    ကြွခဲ့ပါ
    ပျင်းပျော်ပျက်ပြေး
    စိတ်တိုင်းကျ သန့်သန့်လေးဌာနကို ကြွခဲ့ကြပါ
    နောက်တစ်ခေါက်ထပ်ပြောပါမယ်
    ပျင်းပျော်ပျက်ပြေး

  • unclegyi1974

    July 17, 2011 at 11:38 pm

    ထိုင်ဝမ်မှာကအခုမှဖွင့်မှာ
    မြန်မာနဲ့အိမ်နီးချင်းကဒီလုပ်ငန်းနဲ့တိုင်းပြည်ဝင်ငွေရှာနေတာကြာလှပေါ့
    မြန်မာလည်းလုပ်ချင်ရင်လုပ်ပြီးတာကြာလှပေါ့
    ရေခံမြေခံဘာသာစသဖြင့်အကြောင်းများစွာ
    စဉ်းစားပါအုုံးမယ် နောက်အနှစ်၂ဝ လောက်ရှိရင်ဖြစ်ချင်ဖြစ်လာပါလိမ့်မယ်
    မျှော်..

  • pan pan

    July 18, 2011 at 9:51 am

    စည်းမျဉ်းစည်းကမ်းတွေနဲ့ တကယ်ကြပ်ကြပ်မတ်မတ်လုပ်နိုင်ရင်တော့ ကောင်းပါတယ်
    ခိုးလုပ်ရင် ပိုဆိုးတတ်တယ်လေ

  • Yan Shin

    July 18, 2011 at 9:55 am

    ကမ္ဘာရွာကြီးမှာ စည်းမခြားတော့ပါ။
    ရေစီကြောင်းကို တာလို့မရပါ။
    နားမျက်စိဖွင့်ပြီး ပွင့်ပြီး

    သိ တတ် နားလည် ကျွမ်းကျင်မှု ဖြင့်သာ
    ရေစီးကြောင်းနောက်လိုက်ပြီး
    သာယာမှုကိုရှာ……………..

  • etone

    July 18, 2011 at 10:28 am

    ပြည့်တဆာတွေ ခြံဝယ် ၊ ကားဝယ်နိုင်တေ့ာမဲ့ခေတ်ရောက်တော့မှာပါလား နော် 🙄

  • kai

    January 4, 2013 at 2:30 am

    အီးမေလ်းကရတာကို..ဖေါ်ပြပေးခြင်းဖြစ်ပါကြောင်း…

    ပြည်တန်ဆာတွေကိုုတရားဝင်မှတ်ပုုံတင်ခွင့်ပြုသင့်မပြုသင့်။ထွန်းအောင်ကျော်

    ကျွန်တော့်အနေနဲ့ ပြည်တန်ဆာပပျောက်ရေးတွေ လုုပ်စေချင်တာကတဖက် ပြည်တန်ဆာ တွေတရားဝင်မှတ်ပုုံတင်ရေးကိုုလုုပ်သင့်တာကတဖက်နှစ်ခုုလုုံးကိုုပြိုင်တူလုုပ်ချင်တယ်။ ပြည် တန်ဆာတွေ ပပျောက်အောင် ဘယ်လိုုလုုပ်ရမလဲဆိုုတာ မပြောခင် ပြည်တန်ဆာတွေ ဘာ ကြောင့်ပေါ်လာရသလဲဆိုုတာကစပြီးဇစ်မြစ် လိုုက်ကြည့်တတ်ဖိုု့လိုုတယ်။

    ပြည်တန်ဆာဘာ့ကြောင့်ဖြစ်လာရသလဲ?
    ပြည်တန်ဆာ ဘာကြောင့်ဖြစ်လာရသလဲဆိုုတာ၊ ပထမ ဖိုု၊ မ သဘာဝကိုုသိရှိ နားလည် ဖိုု့ လိုုတယ်။ ဖိုုရဲ့သဘာဝ နဲ့ မရဲ့သဘာဝဟာဗီဇစိတ်ချင်းမတူကြဘူး။ လူတွေဟာတိရိတ္ဆန်မျိုး စိတ်ထဲကအဆင့်အမြင့်ဆုုံး တိရိတ္ဆန်မျိုးစုုဖြစ်တယ်၊ ဒါကြောင့်ကျန်တဲ့တိရတ္ဆန်တွေ ကိုုသူတိုု့ ဉာဏ်စွမ်းနဲ့အုုပ်ချုပ်နိုုင်တာဖြစ်တယ်။ ဒါပေမဲ့ဘယ်လောက်ဉာဏ်စွမ်းကြီးကြီးလူတွေ ဟာလဲ သူတိုု့ရဲ့ဗီဇကိုုမငြင်းပယ်နိုုင်ခဲ့တဲ့အတွက် လူ့လောကမှာလဲ ပြည်တန်ဆာဆိုုတာပေါ် ပေါက် လာရတာဖြစ်တယ်။

    ဖိုုဗီဇ
    ဖိုုဗီဇဆိုုတာ သူတိုု့ကိုုသဘာဝကသူတိုု့မျိုးဆက်ကိုုတိုုးပွါးအောင်အဓိကတွန်းအားပေးတယ်။ လူတွေဟာအတွေးအခေါ်ရှိတယ်ဆိုုတော့အချစ်ကိုုဖန်တီးလာတယ်တယောက်နဲ့တယောက် ချစ်ကြတယ်ချစ်လိုု့ယူကြတယ်။ ကိုုယ်ချစ်တဲ့မိန်းခလေးနဲ့ချစ်တင်းနှောကြတယ်၊ ဒီနေရာမှာ ကိုုယ်မချစ်တဲ့မိန်းခလေးနဲ့ကော ကာမ မဆက်ဆံနိုုင်ဘူးလားလိုု့မေးရင်ဘယ်လိုုဖြေကြမလဲ?။
    ဖိုုဗီဇအရ အထီးဖြစ်သူဟာ သူ့မျိုးဆက်ပြန့်ပွါးရေးကိုု သူ့မှာ သဘာဝအရ အစွမ်းကုုန်လုုပ်ရမဲ့ တာဝန်ရှိနေတယ်ဆိုုတာ သူ့စိတ်ထဲကအသိ၊ အပြင် သူ့ မသိစိတ်နဲ့ သူ့ရုုပ်ခန္ဓာကိုုယ်ကြီးက တောင်း ဆိုုနေတာ ဖြစ်တယ်။ ဒါကြောင့်ချစ်တာမချစ်တာကနောက် မချစ်ဘဲနဲ့ကာမဆက် ဆံလိုု့ရတယ်။ သဘာဝတောင်းဆိုုမှု ခန္ဓာကိုုယ်ရဲ့သွေးသားတောင်းဆိုုမှုအရဆက်ဆံနိုုင် တယ်။

    ဒီနေရာမှာတိရိစ္ဆန်တွေဟာဟန်ဆောင်မှုမရှိ အတွေးအခေါ်မရှိတော့လူတွေလိုု ဟန်မဆောင် နိင်ဘူး၊ မထိမ်းချုပ် ထားနိုုင်ဘူးအရမ်းကိုုပွင့်လင်းတယ်။ နွားသိုုးတွေဟာနွားမတွေကိုု သဘော တူ မတူအတင်းမိတ်လိုုက် (တိရိတ္ဆန်လောကမှာမုုဒိန်းမှုမရှိဘူးလေ) ကြသလိုု၊ ခွေးထီးတွေက လဲ ခွေးမတွေကိုုတော်သလင်းလမှာ တစီစီ နဲ့ မိတ်လိုုက်ကြတာတွေ့ကြမှာဘဲ၊ တိရိတ္ဆန်တွေမှာ Ultra Male ဗိုုလ်ခေါင်းဆောင်တွေကအမတွေအားလုုံးကိုုမောင်ပိုုင်စီး ထား ကြတယ်၊ အုုပ်ထဲ ကဘယ်အထီးကိုုမှအထိမခံဘူး၊ ဘာကြောင့်လဲဆိုုတော့ သူတိုု့ရဲ့မျိုးကိုု သာပွါးစေ ချင် တဲ့ဗီဇ သဘာဝတာဝန်ပေးချက် (Natural genetic duty)အရလုုပ်ဆောင်နေကြတာဖြစ်တယ်။ ဒါ ကြောင့် သန် စွမ်း တဲ့မျိုးဆက်တွေသာသဘာဝကမျိုးပွါးစေခဲ့တယ်။ ဒီလိုုဘဲသမင်တွေ၊ ကြက်ဖကြီးတွေ၊ မြင်းတွေ၊ လားတွေ၊ ဆင်တွေအားလုုံး သူတိုု့မိတ်လိုုက် နိင်ရေး ကိုုသာ ဦးစား ပေးလုုပ်ကြတာဟာဘာကိုုပြသလဲဆိုုတော့ အထီးတွေဟာလိင်ဆက်ဆံ ရေးမှာအမတွေ ထက် များစွာတက်ကြွတယ်၊ ပြင်းထန်တယ်ဆိုုတာပါဘဲ။ဘာကြောင့်လဲဆိုုတော့ သူတိုု့မှာသဘာဝ တာဝန် ပေးချက်အရသူတုို့ရဲ့မျိုးစေ့ကိုုတတ်နိုုင်သလောက်ပွါးပေးရမဲ့အချက်ကြောင့်ဘဲ။
    ဒီနေရာမှာလူတွေကျတော့အသိဉာဏ်နဲ့ယှဉ်ပြီးယဉ်ကျေးမှုတိုု့တရားဥပဒေတိုု့နဲ့ဒီသဘာဝက ပေးထားတဲ့ တိရိတ္ဆန် စိတ် (Animal Instinct) ကိုုထိမ်းချုပ်ထားတယ်။ ဒါပေမဲ့ယနေ့အထိ အမျိုးသမီးတွေကိုု အင်အားသုုံးအနိုုင်ကျင့်ပြီး မုုဒိန်းမှုတွေဆက်လက် ကျူးလွန်နေကြတာဘာ ကြောင့်လဲလိုု့မေးရင်ဒီ Natural Genetic Duty ကြောင့်ဘဲလိုု့ဖြေရလိမ့်မယ်။ အချုပ်အား ဖြင့်တခါတလေ လူတွေသတ်မှတ်ထားတဲ့ ထိမ်းချုပ်မှုကိုု ဖေါက်ထွက်ပြီး သဘာဝတိရိစ္ဆန်စိတ် က ပြန်ပေါ်လာတတ်တာဘဲ။

    မဗီဇစိတ်
    မဗီဇစိတ်ကဖိုုနဲ့မတူဘူး၊ အမတွေက ခလေးမွေးရတော့ သူတိုု့ကသူ့ခလေးတွေအတွက်လုုံခြုံမှု ပေးနိုုင်မဲ့ Ultra Maleတွေ ကိုု အားကိုုးကြတယ်၊ မိသားစုုလုုံခြုံရေးကိုု အဓိကဗီဇစိတ်ကလှုံ ဆော်ပေးတယ်၊ ဒါကြောင့်အမတွေကအထီးတွေကိုုချဉ်းကပ်တာထက် အထီးတွေက သူတိုု့ကိုု ချဉ်းကပ်တာကိုု စောင့်ပြီးရွေးချယ်ကြတယ်။ ကာမဆက်ဆံမှုမှာအမတွေဟာအထီးတွေထက်ပိုု ပြီး passive ဖြစ်တယ် အထီးလောက်မတက်ကြွဘူး။ ဒါဟာအများစုုကိုုပြောတာ၊ ၁၀၀% လိုု့တော့မပြောလိုုဘူး၊ ထူးထူးခြားခြားတက်ကြွတဲ့အမတွေလဲ အနည်းအကျဉ်းတော့ရှိ နိုုင်ပါ တယ်။ ကိုုယ်ခန္ဓာဖွဲ့စည်းပုုံအရအမတွေဟာအထီးတွေလောက်ကြံခိုုင်တောင်းတင်းမှုမရှိဘူး။ ဒီအချက်ကလဲအမတွေကိုုသဘာဝအရအထီးတွေကလွှမ်းမိုုးထားနိုုင်ခဲ့တယ်။ လူတွေမှာလဲဘဲမိန်းမတွေဟာအခုုထိတန်းတူအခွင့်အရေးရရေးအတွက်တိုုက်ပွဲဝင်နေစဲဖြစ်တာတွေ့ရမှာပါ၊ အထူးသဖြင့်အာရှတိုုက်၊ အာဖရိကတိုုက် နဲ့ အာရပ်နိုုင်ငံတွေမှာမိန်းမတွေရဲ့အခွင့် အရေးဟာ တန်းတူညီမျှမရကြသေးပါဘူး၊ အဖိနှိပ်ခံအဆင့်မှာဘဲရှိပါသေးတယ်။

    လူ့ပတ်ဝန်းကျင်နဲ့ဈေးကွက်တောင်းဆိုုမှု (Human Society and Market Demand)

    အထက်ကဖေါ်ပြခဲ့သလိုု ဖိုုဗီဇအရ အထီးတွေဟာ သူတိုု့မျိုးပွါးဖိုု့သဘာဝလှုံဆော်မှု အရ ဆန့်ကျင်ဖက်လိင်ကိုု အရွယ်ရောက်လာတာနဲ့အမျှ တောင့်တလာတယ်၊ ချစ်ကြိုက်ဖိုု့၊ အိမ် ထောင် ပြုဖိုု့ထက် ကာမဆက်ဆံရေးကိုုတောင့်တလာတယ်။ ဒီလိုုတောင့်တတဲ့ဦးရေများ လာတဲ့အတွက်ဈေးကွက်ကသူ့အလိုုလိုုပေါ်လာတယ်။ အိမ်ထောင်မကျခင်လူလားမြောက်လာ တဲ့အခါကာမဆက်ဆံရေးကိုုလက်တဲ့စမ်းချင်ကြတယ်။ ချစ်သူနဲ့ဖြစ်ဖြစ်၊တယောက်ယောက်နဲ့ ဖြစ်ဖြစ်စမ်းကြည့်ချင်တယ်။ မိန်းခလေးကတော့မတော်တဆ ကိုုယ်ဝန်ရှိသွားမှာစိုုးတာတိုု့ ကြောင့်နဲ့မဗီဇကြောင့်ပါမိတ်ဖက်ကိုုလွယ်လွယ်နဲ့သဘောမတူနိုုင်တာလဲပါတယ်။ အဓိပ္ဗါယ်က ဝယ်လိုု အား (Demand) ရှိလာတဲ့အခါ ဈေးကွက် (Market) ကပေါ်လာတာပါဘဲ။ ဒါကြောင့် ယဉ်ကျေးတဲ့လူ့ပတ်ဝန်းကျင်မှာ ပြည်တန်ဆာဈေးကွက်ဆိုုတာပေါ်လာတာဖြစ် တယ်။ ဒါ ကိုုမပေါ်ရဘူးမရှိရဘူး၊ ရှက်ဖိုု့ကောင်းတယ်လိုု့ပြောနေတဲ့ယောက်ျားတွေ သူတိုု့တွေ ပြည်တန် ဆာနဲ့မဆက်ဆံဘူး လိုု့လားလိုု့မေးရင်ဘယ်လိုုဖြေကြမလဲ? ။ တရားအားထုုတ်နေ ပါတယ် ဆိုုပြီးနေတဲ့ဘုုန်းကြီးတွေဒကာမတွေနဲ့ရှုပ်နေတာတွေ၊ဘုုရားလူကြီးတွေဖါခန်းထဲမှာမိတာတွေ၊ ဟာလူတွေဟာ ဟန်ဆောင်နေကြတယ် သူတိုု့အတွင်းစိတ်ထဲမှာတိရိစ္ဆန်စိတ်တွေရှိနေတယ် ဆိုုတာ သက်သေပြချက်တွေပါဘဲ။ ဘုုရားရှင်လက်ထက်မတိုုင်မှီထဲကပြည့်တန်ဆာဆိုုတာ လူ တွေမကောင်းလိုု့ပေါ်လာတာမဟုုတ် ဘူး၊ လိုုအပ်လိုု့ပေါ်လာတာ၊ အမ္ဗပါလီ ဟာချောလွန်းလိုု့ လိုုချင်သူများတဲ့အတွက်အများဘုုံပိုုင်လုုပ်ပေးခဲ့ရတယ်။ ဖိုုဆိုုတဲ့ယောက်ျားတွေတောင်းဆိုုမှု များတဲ့ကာမဆက်ဆံမှုဟာဘယ်တော့မှလျော့နည်းသွားမှာမဟုုတ်သလိုု၊ အဲဒီတောင်းဆိုုနေတဲ့ ဈေးကွက်ကိုုဖြည့်ဆည်းပေးဖိုု့ကလဲ ပြည်တန်ဆာခေါ်ခေါ် ဖါခေါ်ခေါ်ဆိုုတာလဲရှိနေမှာဘဲ။ ဒါဟာအရှိတရား၊ အရှိကိုုအရှိအတိုုင်းလက်ခံပြီးဒါကိုုဘယ်လိုုအကောင်းဆုုံးဖြစ်အောင်လုုပ်ရ မလဲဆိုုတာကအမှန်ကန်ဆုုံးဖြေရှင်းချက်ဖြစ်တယ်။

    ပြည်တန်ဆာတရားဝင်မှတ်ပုုံတင်တာကိုုမလုုပ်သင့်ဘူးလိုု့ပြောနေတဲ့သူတွေကိုုတခုုမေးမယ်။
    ပြည်တန်ဆာမရှိတဲ့နိုုင်ငံရှိသလား?
    အင်မတန်တင်းကြပ်တဲ့အာဏာရှင်စံနစ်နဲ့အုုပ်ချုပ်နေတဲ့ကွန်မြူနစ်နိုုင်ငံတွေမှာတောင်ဖါဆိုုတာရှိတယ်၊ ဟော်လန်နိုုင်ငံမှာတရားဝင်မှတ်ပုုံတင်ပြီးဖါတန်းတွေရှိတယ်၊ ဆေးခြောက်တရားဝင် ကော်ဖီဆိုုင်တိုုင်းမှာဝယ်ပြီးရှူနိုုင်တယ်၊ ဘယ်သူတွေကမှဒီနိုုင်ငံကိုုဖါနိုုင်ငံကြီး၊ ဆေးခြောက်နိုုင် ငံကြီးလိုု့နှိမ့်ချမထားတဲ့အပြင်ဥရောပကလူတွေရက်အားရက်တွေမှာအလွန်သွားချင်ကြတယ်။ အဲဒီနိုုင်ငံဟာအခြားအိမ်နီးချင်းနိုုင်ငံတွေထက်ရာဇဝတ်မှုနည်းတယ်။ ဘာကြောင့်လဲဆိုုတော့ ဥပဒေနဲ့စံနစ်တကျအုုပ်ချုပ်ထားလိုု့ဖြစ်တယ်။ ဘူမိဗေဒကဆရာ____ကသူရုုရှားမှာပညာသွားသင်တုုံးကအတွေ့အကြုံကိုု၁၉၇၂ခုုနှစ်လောက်ပြောပြဘူးတာကိုုမှတ်မိနေသေးတယ်။ သူက ရုုရှားမှာသိပ်ငတ်တော့ အိုုက်စကရင်ကျွေးတာနဲ့ ရပ်ရှားမတွေကလိုုက်အိပ်ကြတယ်တဲ့သူတိုု့ကပညာသင်တွေဆိုုတော့အခန်းကောင်းကောင်း နွေးနွေးထွေးထွေးနေရတယ်၊ ရပ်ရှားမတွေကအိုုက်စကရင်လေးစားပြီးနွေးနွေးထွေးထွေးအိပ်ရ ရင်ပြီးတာဘဲတဲ့။ ဆင်းရဲတဲ့အခါငွေကြေးပေးတာယူပြီး လိုုက်အိပ်ကြတယ်၊ စားစရာ၊လက် ဆောင် ပေးတာယူပြီးလိုုက်အိပ်ကြတယ်၊ ပိုုက်ဆံယူရင်ဖါဖြစ်တယ်၊ လက်ဆောင်ယူရင် ကော ဘာထူးလဲ၊ Demand တောင်းဆိုုမှု ရှိရင် Market ဈေးကွက် ဆိုုတာပေါ် လာတာဘဲ မဟုုတ် လား။ ဆရာဟာပညာတတ်ဘဲသူဒီရပ်ရှားမတွေကိုုညညခေါ်အိပ်တာဟာဖိုုသဘာဝလိုုအပ် ချက်ကြောင့်ဘဲ၊ သူ့ကာမလိုုအပ်ချက်ကိုုမုုဒိမ်းမှုမကြူးလွန်ဘဲယဉ်ကျေးစွာဖြေရှင်းလိုုက်တာ ဘဲဖြစ်တယ်။ သဘာဝမျိုးပွါးဖိုု့လှုံဆော်မှုအရအချစ်မပါဘဲလုုပ်ခဲ့တာဘဲ။

    တရားဝင်လုုပ်လုုပ်၊ မလုုပ်လုုပ်၊ ဖါဆိုုတာရှိနေမှာဘဲဆိုုတာကိုုလက်ခံလိုုက်ပြီးရင် အဲဒီဖါတွေကိုု နှိမ်နင်းတဲ့ဥပဒေတွေထုုတ်ပြီးဖမ်းဆီးအရေးယူနေရင်ပျောက်ကွယ်သွားမှာလားလိုု့ နောက်တ ဆင့်ထပ်မေးရင် ဘယ်တော့မှမပျောက်ဘူးလိုု့ဖြေမယ်။ ဘယ်လိုုဘဲတင်းကြပ်တဲ့ဥပဒေတွေ ထုုတ်နေပါစေ၊ ဖါတွေကတော့ရှိနေမှာဘဲ။ ဒါပေမဲ့ဒီလိုုဥပဒေတွေကြောင့်တရားမဝင်လုုပ် ငန်း တွေဖြစ်လာပြီး အစိုုးရဝန်ထမ်းတွေဖြစ်တဲ့ရဲတွေ၊ တရားသူကြီးတွေ အနေနဲ့ အကျင့် ပျက် ချစားမှုတွေကိုု လုုပ်ဆောင်လာရန်အခွင့်အလန်းတွေပေးလာတယ်၊ တဖက်မှာလဲပြည်တန်ဆာ လုုပ်ငန်းတွေလုုပ် တဲ့ သူတွေကလဲ မိန်းခလေးတွေကိုုအတင်းအဓမ္မခိုုင်းစေမှုတွေကိုု အကျင့် ပျက်ရဲတွေနဲ့ပေါင်းပြီး ပြောင် ပြောင်တင်းတင်းလုုပ်နိုုင်ခွင့်ရသွားတယ်၊ ဖါဖြစ်နေတဲ့ မိန်းခလေး တွေဟာ၊ မတရားအလုုပ်ခံရလဲ မပြောရဲ ရောဂါဖြစ်လဲ မပြရဲ နဲ့ဘဝဆုုံးကြရ တယ်။

    မြန်မာနိုုင်ငံဟာအလွန်ဆင်းရဲမွဲတေနေတဲ့နိုုင်ငံဖြစ်တဲ့အတွက်အမျိုးကောင်းသမီးတွေဆင်းရဲ လာပြီးမိသားစုုအရေးအတွက်ဖါမဖြစ်ချင်ဘဲဖြစ်ကြရတယ်။ ဒါကြောင့် ဒီကိစ္စကိုု အကောင်းဆုုံး ဖြေရှင်းနည်းကအမျိုးသမီးတွေအတွက်အလုုပ်အကိုုင်တွေရှာဖွေပေးရေးနဲ့ပြည်တန်ဆာလုုပ် ငန်းကိုုတရားဝင်လက်ခံပြီးအမျိုးသမီးတွေကိုုမှတ်ပုုံတင်ပေးခြင်းတလတခါမဖြစ်မနေဆေးစစ် ပေးခြင်း၊ အမျိုးသမီးတွေကိုုအင်အားသုုံးချိမ်းခြောက်ပြီးအတင်းအကြပ်ဖါအဖြစ်သွပ်သွင်းသူ များကိုုပြင်းထန်စွာသေဒါဏ် သိုု့မဟုုတ်တသက်တကျွန်းအထိအပြစ်ပေးနိုုင်သည့်ဥပဒေများကိုု ပြဌာန်းခြင်းဖြင့် ပြည်တန်ဆာအရေးကိစ္စကိုု ထိန်းသိမ်းနိုုင်လျှှင်အကျိုးရှိနိုုင်ပါသည်။ ဘဝပေး အခြေအနေမကောင်းသဖြင့်ဖါဖြစ်သွားသောမိန်းခလေးများသည်သူတိုု့သဘောဆုုံး ဖြတ်ချက် ဖြင့်သာဖါဖြစ်စေရပါမည်။ ချိမ်းခြောက်ခံရ၍လုုပ်ရသည်ဟုုသိရှိပါကပြုလုုပ်သုူကိုုပြင်းထန်စွာ အပြစ်ပေးခြင်းဖြင့်အမျိုးသမီးများကိုုဖါမဖြစ်ရန်ကာကွယ်ရပါမည်။ တရားဥပဒေရှိနေသဖြင့်ရဲများမှအနိုုင်ကျင့်မှုများ၊ဖါခေါင်းများမှအနိုုင်ကျင့်ခေါင်းပုုံဖြတ်ခြင်းများကိုုကာကွယ်နိုုင်ပြီးသူတိုု့ဘဝကိုုထွက်ပေါက်ရလမ်းပေါ်လာလျှင်လွတ်မြောက်နိုုင်ခွင့်ရကြမည် ဖြစ်သည်။
    ဤဆောင်းပါးကိုုရေးသည်မှာကိုုယ်ချင်းစာစိတ်နှင့်ရေးသားခြင်းသာဖြစ်သည်။ အမေရိကန်နိုုင်ငံတွင်ဖါများကိုုတရားဝင်ခွင့်ပြုမထားပါ၊ သိုု့ရာတွင်ရှိနေပါသည်၊ တရားဝင် တနေရာ တော့ရှိပါသည်၊ လပ်ဗေးဂတ် နယ်စပ်တွင်ဖြစ်သည်။ အမေရိကန်တွင် Strip Club ကိုုယ်တုုံးလုုံးချွတ်ပြသောကလပ်များရှိပါသည်။ ထိုုသူတိုု့တွင်ဖါဖြစ်သွားသူများပါသလိုုမိမိကိုုယ်အလှကိုုပြပြီးပိုုက်ဆံရှာသည့်အမျိုးသမီးများလဲရှိပါသည်။ ထိုုမိန်းခလေးများကိုုအမေရိကန်ရောက်ရောက်ခြင်းအိမ်နီးချင်းများကခေါ်ဆောင် သွားသည့်အတွက်ရောက်သွားဘူးပါသည်၊ ချွတ်ကနေစဉ် တခါချွတ်တဒေါ်လာထည့် ပေးကြ သည်ကိုုတွေရသည့်အခါ ငါ့သမီး ငါ့မိန်းမချွတ်ပြဒေါ်လာ၁၀၀ဝ ပေးမယ်ဆိုုရင်တောင် ငါလက် ခံ နိုုင်ပါ့မလားဟုုတွေးမိပြီးကိုုယ်ချင်းစာမိပါသည်။ မရှိလိုု့အခြားအလုုပ်မလုုပ်တတ်လိုု့အခုုလိုုအ လုုပ်ကိုုခဏတဖြုတ်ဘဲလုုပ်လုုပ်၊ တသက်လုုံးဘဲလုုပ်လုုပ်သူတိုု့၏ရွေးချယ်မှုပင်ဖြစ်သည်။ တက္ကသိုုလ်ကျောင်းသူများလဲမိမိတိုု့ကျောင်းစားရိတ်ရဖိုု့ဝင်လုုပ်ကြတာလဲရှိပါတယ်၊ တချို့ကဆရာဝန်လိုုင်း၊ တချို့ကအင်ဂျင်နီယာလိုုင်း သင်ကြားရင်းကျောင်းနှင့်နီးရာ ကလပ် တွေမှာ ဝင်လုုပ်ကြသည်။ တောင်းဆိုုမှုရှိနေသမျှထိုုအလုုပ်ကိုုလုုပ်သူများရှိနေဦးမည်ဖြစ်သဖြင့် တရားဥပဒေအောက်တွင် မိမိခန္ဓာကိုုယ်ကိုုရင်းပြီးအလုုပ်လုုပ်ချင်သူကိုု စည်းစံနစ်တကျဘောင် အတွင်းမှချမှတ်ပေးခြင်း သည်သာလျှင်အကောင်းဆုုံးဖြေရှင်းချက်ဟုုမြင်ပါသည်။

    ထွန်းအောင်ကျော်

    • ဦး ကျောက်ခဲ

      January 4, 2013 at 10:56 am

      “ဘူမိဗေဒကဆရာ____ကသူရုုရှားမှာပညာသွားသင်တုုံးကအတွေ့အကြုံ…….”

      ဟမ်….. မောင်ကျောက်ရဲ့ ဆရာကြီး ငယ်ငယ်က အိုက်စကရင် ကြွေးတာ ကိုထွန်းအောင်ကျော်က ရေး၊ သူကြီးက ဖွ၊ ခုတော့ ဂဇတ်ရွာထဲ သတင်းရောက်လာပြီ……. ဟီ ဟိ

    • ဦးကြောင်ကြီး

      January 5, 2013 at 10:27 am

      တလောက ဂျာနယ်တခုမှာထင်တယ် မြန်မာပြည်တွင်း ပြည့်တန်ဆာ မှတ်ပုံတင်ခွင့်နဲ့ဆိုင်လို့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ မှတ်မထားမိလို့ ပြန်ကူးမပြနိုင်တော့ဘူး။ အဲဒီစာက မှတ်ပုံတင်ခွင့်ကို ဆန့်ကျင်ထားတာ။ တချက်စဉ်းစားဖို့က ပြည့်တန်ဆာကို မှတ်ပုံတင်ခွင့်ပေးလည်း အများစုသည် နေရာသတ်သတ် မှတ်မှတ် ထားလို့မရနိုင်ဘူးတဲ့။ ဖာဆိုတာ အသစ်ဖြစ်မှ ဈေးကောင်းရတယ်၊ တနေရာထဲမှာ အကြာကြီးနေရင် ဟောင်းသွားလို့ စားကျက် ခဏခဏ ပြောင်းပေးရတယ်။ ကြားဖူးကြမှာပေါ့ အသစ်လေး အသစ်လေးဆိုတာ တကယ်တော့ အများစုက စီနီယာတွေပါ။ ရန်ကုန်ကဟာတွေ ကော့သောင်းတို့ ဘာတို့ဖက်သွားရင် နယူးလေးတွေ ဖြစ်ကုန်တာပဲ။ အဲဒါကို ဘယ်လိုရှင်းကြမလဲ။ သဂျီးဂဒေါ်အလစ်မှာ သဂျီး ကြေးကြီးပေး ဆော်နေတဲ့ အယ်လ်အေ ပက်ကင်ဆိုတာ တကယ်တော့ နယူးယောက် အိုးလ်ဒ်ဆားဗစ်ကြီးဗျ.. သနားလို့ မပြောဘဲနေတာ.. အခုတော့ သောက်မြင်ကပ်လို့ ဖော်လိုက်ပြီ။ :harr:

  • kai

    January 4, 2013 at 6:55 am

    စီအန်အန်မှာ. မနေ့ကသတင်းကြည့်လိုက်ရလို့ပါ..
    ဘရာဇီးလ်သူက.. သူ့အပျိုရည်ကို.. ရောင်းပြန်ပြီတဲ့.. :kwi:
    =
    Rebecca Bernardo Latest Brazilian Woman To Auction Virginity Online (VIDEO)
    Huffington Post ‎- 1 day ago
    Rebecca Bernardo, 18, of Sapeacu, Brazil, is attemptingto sell her virginity to the highest bidder in hopes of raising enough money to cover …

    WBTV 3 News, Weather, Sports, and Traffic for Charlotte, NC

    • Foreign Resident

      January 5, 2013 at 4:11 am

      သနားစရာ ဆင်းရဲသူ ကလေးမလေးပါ ။
      လေဖြတ်နေတဲ့ အမေအိုကြီးကို တစ်ဦးတည်း လုပ်ကျွေးနေရရှာတာပါ ။
      အခုလဲ အဲဒီ အမေအိုကြီး အတွက် သူနာပြုဖိုး ဆေးဖိုးရှာတာပါ ။
      အခုထက်ထိ offer က ၃၅ ဝ၀ဝ ဒေါ်လာပဲ ရှိသေးတယ်တဲ့ ။

  • surmi

    January 4, 2013 at 10:32 am

    သစ်ပင်အောက်က ရောင်းကုန်မယ်လေးတွေအကြောင်းလဲ
    ရှိပါ ့ဗျာ ။ ဒီမှာက မိန်းမကိုပဲ အရေးယူပြီး ယောက်ကျားကလွတ်တယ်
    ဒီတော ့မမျှတတဲ ့ စီရင်မှုကြောင် ့ ပိုဆိုးကုန်ပါတယ်
    ကျနော် ပိုစ် ့တစ်ပုဒ်ရေးချင်ပါသေးတယ် ။ သူတို့ ဘဝ
    ူသူတို ့အကြောင်း ဆိုပြီးတော ့ပေါ ့ …..

    • မောင်ပေ

      January 4, 2013 at 8:12 pm

      မြန်မာနိုင်ငံ က အပျိုရည်ရောင်းမယ့် မိန်းမငယ်လေးတွေအတွက်လဲ ဈေးကွက်အတည်တစ်ကျ ဖြစ်စေချင်ပါတယ်
      ဘာလို ့လဲ ဆိုတော့
      မေးကြည့်မိသမျှ ၊ စုံစမ်းမိသမျှပေါ့နော်
      မြန်မာကျပ်ငွေ ၅သိန်းရတယ်ဆိုတာ တော်တော်များနေရှာပါပြီ
      ၅သိန်းဆိုတာ ဒေါ်လာ ၅၈၁ ဒေါ်လာကျော်ကျော်လောက် ရှိတာကလား

    • Foreign Resident

      January 5, 2013 at 4:20 am

      ” မြန်မာနိုင်ငံ က အပျိုရည်ရောင်းမယ့် မိန်းမငယ်လေးတွေအတွက်လဲ
      ဈေးကွက်အတည်တစ်ကျ ဖြစ်စေချင်ပါတယ် ”

      ကိုပေ ကို ထောက်ခံပါတယ် ။
      သူများ နိုင်ငံခြားသူ မိန်းကလေးတွေတောင် လုပ် နိုင် / လုပ် ရဲ ရင် ၊
      ဒို့ မြန်မာ မိန်းကလေးတွေလဲ ဘာလို့ မလုပ် နိုင် / မလုပ် ရဲ ရမှာတုံး ။
      မိန်းကလေးချင်း အတူတူ ၊ သူတို့က ဘာအပိုပါလို့လဲ ။

      ကိုပေ အဲဒီ အကြောင်းကို Post တစ်ပုဒ်တင်ပြီး ဆွေးနွေးရအောင်လေ ။
      ဟီ ဟိ ၊ အဆဲတော့ တော်တော် ခံရမယ် ။

  • ကထူးဆန်း

    January 5, 2013 at 8:29 am

    မဲပေးရလျှင် အမှန်ခြစ်ပါမည် ။

  • ဦးဦးပါလေရာ

    January 5, 2013 at 8:45 am

    အဲ့ လူကြီးများ…
    တစ်ခုတော့ ရှိပါသနော…..
    သူများနိုင်ငံမှာက ပြည့်တန်ဆာအလုပ်ကလဲကောင်းတယ်(ငွေရတယ်) အခြားကောင်းရောင်းကောင်းဝယ် အလုပ်တွေကလဲ ကောင်းတယ်- ဒီတော့ ကြိုက်တာရွေးလုပ်လို့ ရပါတယ်။

    ကျုပ်တို့နိုင်ငံမှာက ကောင်းရောင်းကောင်းဝယ်အလုပ်တွေက တစ်ခုမှ(လို့ပြောရမတတ်) မကောင်းပါဘူး။ ဝင်ငွေအရမ်းနည်းပါတယ်။ အဲဒီအခြေအနေမှာ ပြည့်တန်ဆာပရိုမိုးရှင်းလုပ်မိရင် တနိုင်ငံလုံးဖါဖြစ်သွားမှဖြင့်…

    အဲဒါကြောင့် ပြည့်တန်ဆာလုပ်ငန်းကို စံနစ်တကျ စည်းနဲ့ကမ်းနဲ့ဖြစ်စေလိုလို့ တရားဝင်လိုင်စင်ပေး နေရာသတ်မှတ် လုပ်ကိုင်စေသင့်တာကသပ်သပ်-
    ဖေါဖေါသီသီ ပြောင်ပြောင်တင်းတင်း ပရိုမိုးရှင်းလုပ်ခွင့်ပြုသင့်မပြုသင့်က သပ်သပ်ဖြစ်ပါတယ်။

    ကျုပ်သားကို ပေးစားစရာ မကျန်တော့မှာစိုးလို့ ဝင်သတိပေးရပါကြောင်း…..

    :harr:

    • နွေဦး

      January 5, 2013 at 12:58 pm

      ဒီလူတွေ ဒီလိုတွေးကြမယ်ဆိုတာကြိုသိလို့ ဗိုလ်ချုပ်က ဖါနိုင်ငံဖြစ်သွားမယ်လို့ ပြောခဲ့တာလားဗျာ..။

  • uncle gyi

    January 5, 2013 at 11:05 pm

    ပျောက်ဖို့ဆိုတာကလည်းမဖြစ်နိုင်
    တရားဝင်ထားဖို့ဆိုတာကဘုရားရှင်လက်ထက်ကတောင်ထားခဲ့တာဘာညာနဲ့
    တော်တော့ခက်တဲ့ဗြမ္မာဦးခေါင်းကြီးပါ

  • ကိုရင်စည်သူ

    January 6, 2013 at 5:14 pm

    တဖက်လှည့်တွေးကြည့်ရရင် ကေတီဘီ မာဆပ်တွေ ပေါ်တင်
    တရားဝင်ဖွင့်ပေးတော့.. အဲ့လို နေရာများ မိန်းမရှိတဲ့လူတွေ
    ပေါ်တင်ဝင်သွားရင် စောင့်ဖမ်းရလွယ်မှာပေါ့.. (အိမ်ထောင်ရှိသူများကို ဆိုလိုခြင်း)
    အဲ့တော့.. ပွင့်သင့်တဲ့နေရာ ပွင့်ပေါ့ဗျာ..
    အိုးပုန်း ခွက်ပုန်းလုပ်ရတဲ့နေရာလုပ်ဂျပေါ့ဗျာ..
    ခိုးစားရတဲ့ အသီးကို ပိုချိုတယ်ဆိုလားပဲ… :kwi:

  • Silver Twig

    January 6, 2013 at 10:18 pm

    (I hope we might get something from below shared news, this is how they accept)
    Charlie Sheen has been pictured locking lips with adult film actress Georgia Jones on New Year’s Eve.
    The 47-year-old Anger Management star was seen smooching the 24-year-old brunette at a party in Cabo San Lucas in Mexico.

    Read more: http://www.dailymail.co.uk/tvshowbiz/article-2257589/Charlie-Sheen-locks-lips-porn-star-Georgia-Jones-party-Mexico.html#ixzz2HD5i7xeE
    Follow us: @MailOnline on Twitter | DailyMail on Facebook

Leave a Reply