နံပါတ်တွေ …။။

နံပါတ်တွေ …။။

နံပါတ်တွေ လူတွေဟာ နံပါတ်တွေနဲကျင်လည်ရင်း..နံပါတ်တွေကြားထဲမှာပျော်မွေနေခဲ့ကြတာ
ထောင်စုနှစ်တစ်ခုမကတော့ဘူးလို့ထင်တာပဲ…
ဒီလောက်နှစ်တွေအများကြီး ..နံပါတ်တွေကို ယုံစားလာကြတယ်….
နံပါတ်တွေရဲ့လွမ်းမိုးမှုကိုခံစားခဲကြရတယ်..နံပါတ်တွေကပဲ လူ့လောကကိုသိမ်းပိုက်ထားကြတယ်
လူတွေဟာနံပါတ်တွေနောက်ကိုကောက်ကောက်ပါအောင်လိုက်ကြတယ်…
နံပါတ်တွေကပဲလူ့ဘဝကိုမြင့်မားစေသလို…နံပါတ်တွေကပဲလူ့ဘဝကိုစုတ်ပြတ်သတ်သွားစေတယ်
ငယ်စဉ်ကထဲက အရာဝတ္ထု တစ်ခုကို ““ တစ်”” လို့ရေတွက်တတ်ဘို့ စတင်သင်ကြားခဲကြရတယ်
အတန်းထဲမှာအဆင့်““တစ်”” ရဘို့ အကြိမ်နားချခြင်းခံခဲ့ကြရတယ်။။။။။။။
နည်းနည်းကြီးပြင်းလာတော့
တစ်ပေမှာ 12” လက်မ ရှိတာတို့
တစ်မိုင်မှာ 5280 ပေ ရှိတာတို့
နံပါတ် “7” မှာကံကောင်းစေတာတို့
13 ဂဏန်းဟာကံမကောင်းတတ်တာတို့ပေါ့။။။။။
။။။။။။။။။။။။။။။သင်အနီးနားပါတ်ဝန်းကျင်ကိုကြည့်လိုက်ပါအုံး။။။။။။။။။။။။။။။။
ယာဉ်တွေကားတွေ အားလုံနံပါတ်တွေနဲ့
ပြက္ခဒိန်တွေ ရက်စွဲတွေ သူတိုလည်းနံပါတ်တွေနဲ့
အိမ်တွေ အဆောက်အဦးတွေ သူတို့လည်းနံပါတ်တွေနဲပဲလေ
စက်တွေ ကရိယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့
ဗေဒင်တွေ နက္ခတ်တာယာတွေ သူတို့မှာလဲနံပါတ်တွေနဲ့
ဥပဒေတွေပုဒ်မတွေ သူတိုလည်းနံပါတ်တွေနဲ့
အကျဉ်းသားတွေ လူနာတွေ သူတို့မှာလဲနံပါတ်တပ်ထားတယ်
စတော့ရှယ်ယာတွေ ထီဂဏန်းတွေ သူတိုလဲနံပါတ် တွေပါတယ်
လေယာဉ် ခရီးစဉ်တွေ ရထားခရီးစဉ်တွေ သူတိုလဲ မလွတ်ဘူးဗျ
သင်တို့သုံနေတဲ့ ။။။
ကွန်ပြူတာတွေ စကင်နာတွေ ပရင်တာတွေ…..သွားရှာမနေနဲ့နံပါတ်တွေရေးထားတာသေချာတယ်။။။
ဆာဗာတွေ ဂိတ်ဝေးတွေ အိုင်ပီတွေ….ဟင်းဟင်း  နံပါတ်တွေနဲနော်….
လမ်းဘေးက ဓါတ်တိုင်တွေ ဟိုင်းဝေးလမ်းမက မှတ်တိုင်တွေ ..သူတို့မှာလဲနံပါတ်လေးတွေနဲ့
……………………………………………………………………………………………………………..
လူတွေဟာ အကြောင်းအရာကိစ္စတိုင်းကို နံပါတ်တွေနဲ့မှတ်သားလာခဲ့ကြတယ်
နံပါတ်ကိုတီထွင်သူတွေကို ကျေးဇူးတင်ရမယ်ဗျ အဲဒီနံပါတ်တွေသာမရှိခဲ့ရင်  ကျွန်တော်တို့
လူဆိုတဲလူတွေဟာ ဟို ကမ္ဘာဦး ကျောက်ခေတ်ကိုပြန်ရောက်သွားမလား…
ဒါမှမဟုတ် အားလုံးရူးသွပ်သွားနိုင်လား….စဉ်းစားစရာပါ။။။။။
ဒါဆိုရင်ဒီနံပါတ်တွေကရော အမြဲတမ်းမှန်ကန်မှုရှိရဲ့လားဆန်းစစ်သင့်တယ်
ဒါပေမယ်ယခုအချိန်ထိ ကျွန်တော်တို့နံပါတ်တွေကိုဆုပ်ကိုင်ထားကြတုံးပဲ…နံပါတ်တွေကိုဆန်ကျင်လိုက်ရင် ဘာဖြစ်သွားမလဲ
ဒါပေမယ်…မဖြစ်နိုင်သေးသမျှတော့ ..နံပါတ်တွေကိုလက်ခံထားကြရအုံးမှာပါ..
ဒီတော့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မိတ်ဆွေ …သင်လည်း နံပါတ် တစ်ခုတော့ရှိမှဖြစ်မယ် ။။ကျွန်တော့မှာလည်းနံပါတ် ရှိတယ်လေ
ကျွန်တော့ ပါတ်ပိုစ်ပေါ်က နံပါတ်လေးတွေနဲ့   ကျွန်တော့အိုင်ဒီကဒ်လေးပေါ်က နံပါတ်တွေဟာ
လောကကြီးထဲက ဘယ်နှစ်ယောက်မြောက်လူသားဆိုတာကို မှတ်သားထားကြတာပဲဗျ။။။။။
ကဲ..နံပါတ်တွေကိုမဆန်ကျင်နိုင်သမျှ လက်ခံလိုက်ကြပါတော့။။။။။။။။။။။။။။
မိတ်ဆွေသင်ရော  နံပါတ်တွေကို ယုံကြည်ရဲလား /ဒါမှမဟုတ်ဘယ်လိုမြင်လဲ..စဉ်းစားဘို့ကောင်းပြီ။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

5 comments

  • FLoW

    July 17, 2011 at 4:04 pm

    နံပတ်တွေကို ဆန်ကျင်လိုက်ရင် ဘာမှဖြစ်သွားမှာ မပာုတ်ပါဘူး။ နံပတ်ဆိုတာက နာမည်တွေထက် ပိုပြီး သုံးလို့ရတဲ့ အရေအတွက်များတယ်၊ အဆင်ပြေတယ်၊ ပိုပြီး လုံခြုံတယ် အဲဒါကြောင့် သုံးနေကြတာပါ။ နံပတ်တွေမရှိတော့ရင် နံပတ်နေရာကို အစားထိုးမယ့် အခြားပာာ တစ်ခုခု ကိုသုံးကြမှာပါ ဥပမာ Bar Code လိုပာာတွေပေါ့နော်။ အဲလိုယူဆတာပါဘဲ။~~

  • chityaaung

    July 17, 2011 at 6:03 pm

    နံပါတ် ဆိုလို့ ဘာများလဲလို့ …။ သိပါဘူး မနေ့က 16 ရက်မို့ 3လုံးနံပါတ်များလားလို့……………

  • pan pan

    July 18, 2011 at 9:19 am

    အသက်ဘယ်လောက်ရှိပြီလဲ
    ဒါလည်းနံပါတ်ပဲ

  • Yan Shin

    July 18, 2011 at 9:26 am

    ဘီလူးရေ
    ဒီမနက် ကိုယ်ဖတ်ဖြစ်တဲ့ နံပါတ်နှစ် ပိုစ့်ပါပဲ။

    ခင်ဗျား ချစ်သူက ခင်ဗျားရဲ့ နံပါတ်ဘယ်လောက်မြောက်ဖြစ်ပြီး
    ခင်ဗျားချစ်သူရဲ့ နံပါတ်ဘယ်လောက်မြောက်ချစ်သူက ခင်ဗျားပါလဲခင်ဗျာ………..

  • kosharshi

    July 18, 2011 at 10:54 am

    နံပါတ်ဆိုလို့ …. Phone နံပါတ်မှာ အတူဂဏန်း နှစ်လုံး၊ သုံးလုံး၊ လေးလုံး၊ ငါးလုံး၊ စသဖြင့် အတူများလေ ဈေးကောင်းလေပါ..

Leave a Reply