လွန်ခဲ့သည့် တစ်ပါတ်ခန့်က ငပလီကမ်းခြေ တွင်နေထိုင်သူ ဦးမောင်သန်းကြည်၏သား မောင်သန်းစိုးလင်း အသက်
(၇) နှစ်ခန့် ပထမတန်းကျောင်းသားလေး သည် ကမ်းခြေသို့သွားစဉ် ခွေးများဝိုင်းဝန်းကိုက်ခံရခြင်းဖြစ်ပါသည်၊
အကိုက်ခံရသည့် ကလေးငယ်မှာ  ဦးခေါင်း ၊ လည်ပင်း ၊ ကျောဘက် ၊ ပေါင် ၊လက်မောင်းတစ်ကိုယ်လုံးတွင်
မြင်မကောင်းအောင်ပြင်းထန်သောဒဏ်ရာများဖြင့် သံတွဲမြို့ ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပါသည်၊
ပြဿနာတစ်ခုမှာဆေးရုံတွင် ခွဲစိတ်ဆရာဝန်မရှိသဖြင့် အသက်အန္တာရယ် စိုးရိမ်နေရကြောင်း၊ အကိုက်ခံရသဖြင့်
လေပြွန်ပေါက်သွား၍ အောက်စီဂျင်ဗူးဖြင့်အသက်ရှုနေရကြောင်း စုံစမ်းသိရှိရပါသည်၊
ရန်ကုန်သို့ဆေးသွားကုရန်မှာ လည်း ဆင်းရဲနွမ်းပါးပါသဖြင့် ကုန်ကျစရိတ်မတတ်နိုင်ပါ၍ အသက်ပင်အဆုံးရှုံးခံရ
တော့မည့်အခြေအနေဖြစ်နေပါကြောင်းသိရပါသည်၊
ခွေးများး၏ပိုင်ရှင်မှာ ငပလီ တပ်ရင်း မှ တပ်ကြပ် တစ်ယောက်၏ ခွေးများဖြစ်ကြောင်းနှင့် ယ္ခုသော် ၎င်းတပ်ကြပ်
မှ ခွေးများမှာ သူ၏ခွေးများမဟုတ်ကြောင်းငြင်းဆိုခဲ့ကြောင်းသိရပါသည်၊ ၎င်းခွေးများကို ရွာသူရွာသားများက
ရှင်းရန် ပြုရာတွင် တပ်ကြပ်မှ ဒါးကြိမ်းကြိမ်းနေပါ၍ ခွေးဆိုးများကိုသုတ်သင်ရှင်းလင်းရန် အခက်အခဲဖြစ်နေရ
ကြောင်းသိရှိရပါသည်၊
ယ္ခုသော် ရွာသူရွာသားအပေါင်းတို့မှာ ၎င်းခွေးဆိုးများ ရန်ကိုကြောက်ရွံ့ကာ အထိတ်တလန့်ဖြစ်နေကြကြောင်း
သိရှိရပါသည်၊ အခင်းဖြစ်ပွားသည်မှာ တစ်ပါတ်နီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သက်ဆိုင်ရာမှ မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်းလည်းသိရှိရပါသည်၊  ခရိုင်အုပ်ချုပ်ရေးမှုး ၊ မြို့နယ်အုပ်ချုပ်ရေးမှုး
များမှာလည်း အရေးတစ်ယူဆောင်ရွက်မှုမျိုးမရှိပါကြောင်းလည်းသိရပါသည်၊
စည်ပင်မှလည်း အရေးတစ်ယူဆောင်ရွက်မှုမျိုးလည်းမတွေ့ရှိရသေးကြောင်း သိရပါသည် ၊

ရခိုင်ပြည်နယ် စည်ပင် ဝန်ကြီးခင်ဗျား …..

ပြည်သူလူထု အေးချမ်းသာယာရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် လွန်စွာနောက်ကျနေပီဖြစ်ပါကြောင်း
ဤနေရာမှ သတင်းပို့ပါသည် ခင်ဗျား…၊၊

About ဒုတ်ထိုး

has written 2 post in this Website..