ပထမတန်းကျောင်းသား ကလေးငယ်တစ်ဦး ခွေး(၇)ကောင်ခန့် ဝိုင်းကိုက်ခံရသဖြင့်ဒဏ်ရာပြင်းထန်စွာရရှိ

ဒုတ္ထိုးJuly 17, 20111min14020

လွန်ခဲ့သည့် တစ်ပါတ်ခန့်က ငပလီကမ်းခြေ တွင်နေထိုင်သူ ဦးမောင်သန်းကြည်၏သား မောင်သန်းစိုးလင်း အသက်
(၇) နှစ်ခန့် ပထမတန်းကျောင်းသားလေး သည် ကမ်းခြေသို့သွားစဉ် ခွေးများဝိုင်းဝန်းကိုက်ခံရခြင်းဖြစ်ပါသည်၊
အကိုက်ခံရသည့် ကလေးငယ်မှာ  ဦးခေါင်း ၊ လည်ပင်း ၊ ကျောဘက် ၊ ပေါင် ၊လက်မောင်းတစ်ကိုယ်လုံးတွင်
မြင်မကောင်းအောင်ပြင်းထန်သောဒဏ်ရာများဖြင့် သံတွဲမြို့ ခရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပါသည်၊
ပြဿနာတစ်ခုမှ ာဆေးရုံတွင် ခွဲစိတ်ဆရာဝန်မရှိသဖြင့် အသက်အန ္တာရယ် စိုးရိမ်နေရကြောင်း၊ အကိုက်ခံရသဖြင့်
လေပြွန်ပေါက်သွား၍ အောက်စီဂျင်ဗူးဖြင့်အသက်ရှုနေရကြောင်း စုံစမ်းသိရှိရပါသည်၊
ရန်ကုန်သို့ဆေးသွားကုရန်မှာ လည်း ဆင်းရဲနွမ်းပါးပါသဖြင့် ကုန်ကျစရိတ်မတတ်နိုင်ပါ၍ အသက်ပင်အဆုံးရှုံးခံရ
တော့မည့်အခြေအနေဖြစ်နေပါကြောင်းသိရပါသည်၊
ခွေးများး၏ပိုင်ရှင်မှာ ငပလီ တပ်ရင်း မှ တပ်ကြပ် တစ်ယောက်၏ ခွေးများဖြစ်ကြောင်းနှင့် ယ္ခုသော် ၎င်းတပ်ကြပ်
မှ ခွေးများမှာ သူ၏ခွေးများမဟုတ်ကြောင်းငြင်းဆိုခဲ့ကြောင်းသိရပါသည်၊ ၎င်းခွေးများကို ရွာသူရွာသားများက
ရှင်းရန် ပြုရာတွင် တပ်ကြပ်မှ ဒါးကြိမ်းကြိမ်းနေပါ၍ ခွေးဆိုးများကိုသုတ်သင်ရှင်းလင်းရန် အခက်အခဲဖြစ်နေရ
ကြောင်းသိရှိရပါသည်၊
ယ္ခုသော် ရွာသူရွာသားအပေါင်းတို့မှာ ၎င်းခွေးဆိုးများ ရန်ကိုကြောက်ရွံ့ကာ အထိတ်တလန့်ဖြစ်နေကြကြောင်း
သိရှိရပါသည်၊ အခင်းဖြစ်ပွားသည်မှာ တစ်ပါတ်နီးပါးခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သက်ဆိုင်ရာမှ မည်သို့မျှ
အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်းလည်းသိရှိရပါသည်၊  ခရိုင်အုပ်ချုပ်ရေးမှုး ၊ မြို့နယ်အုပ်ချုုပ်ရေးမှုး
များမှာလည်း အရေးတစ်ယူဆောင်ရွက်မှုမျိုးမရှိပါကြောင်းလည်းသိရပါသည်၊
စည်ပင်မှလည်း အရေးတစ်ယူဆောင်ရွက်မှုမျိုးလည်းမတွေ့ရှိရသေးကြောင်း သိရပါသည် ၊

ရခိုင်ပြည်နယ် စည်ပင် ဝန်ကြီးခင်ဗျား …..

ပြည်သူလူထု အေးချမ်းသာယာရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် လွန်စွာနောက်ကျနေပီဖြစ်ပါကြောင်း
ဤနေရာမှ သတင်းပို့ပါသည် ခင်ဗျား…၊၊

20 comments

  • redbull

    July 17, 2011 at 5:07 pm

    တစ်ကယ်ကြေကွဲစရာ အဖြစ်လေးပါ…
    ကြားပီး နောက်တစ်ရက် ဆေးရုံသွားကြည့် မိပါတယ် ဗျာ…. သနားစရာလေးပါ ..
    မိဘတွေ ဘာလုပ်နေလဲမေးကြည့်မိတော့…ကလေးအဖေက နောက်မိန်းမ ယူပီးထွက်သွားပီတဲ့…
    အမေကတော့ အလုပ်သွားလုပ်တယ် ပြောတယ်၊ ကလေးခမျာ အဒေါ်နဲ့နေရရှာတယ်ပြောပါတယ်၊
    ကူညီပါရစေ အဖွဲ့ကတော့ တစ်ယောက်မှ မတွေ့မိဘူးခင်ဗျ ၊
    ခွေးတွေက ဝိုင်းကိုက်ပီး ကမ်းခြေ နားက ခြုံတွေထဲကို ကိုက်ချိီပီးယူသွား တဲ့အဆင့်ထိဖြစ်သွားကြောင်း
    စိတ်မကောင်းစရာ သိခဲ့ရပါတယ်ဗျာ….၊
    အုပ်ချုပ်ရေးအဖွဲ့တွေကတော့ ပိုက်ပိုက်မရလို့ လာကြဘူး၊ စည်ပင်ကလဲ အခွန်အကောက်မရလို့နဲ့တူ
    ပါတယ်။ ပြည်သူလူထုတွေအတွက် ခွေးဆိုးရန်က အစ မလုံမခြုံဖြစ်နေကြရပြီကောဗျာ…။

  • zawmyothu

    July 17, 2011 at 5:22 pm

    သနားစရာဗျာ အခုဆို အားလုံးကိုကြောက်နေ ရပြီ

  • weRone

    July 17, 2011 at 5:56 pm

    ဟယ် ကလေး သနားပါတယ်….

  • ဆူး

    July 17, 2011 at 9:10 pm

    ၁ပတ်ကြာတဲ့ အထိ ကလေးက အသက်ရှင်လျက် ကုသမှု ခံယူရန် စောင့်ဆိုင်းနေတယ် ဆိုလိုတဲ့ သဘောများလား…

  • zippo

    July 18, 2011 at 12:47 am

    လောလောဆယ်တော့.ဆေးရုံ က ဆရာဝန်တွေက ဒဏ်ရာတွေကိုချုုပ်ပေးထားပါတယ်ခင်ဂျ ..
    ဒဏ်ရာလေးတွေကိုဆေးထည့်ပီး အခြေအနေကိုုစောင့်ကြည့်နေတယ်ထင်ပါတယ်.
    သတင်းသမားအစစ်အမှန်မဟုတ်လေတော့. နေ့စွဲ မှားသွားပါတယ် ဂျ…
    မဆူးပြောမှ တစ်ခေါက်ပြန်သွားရပါတယ်..၁၅.၇.၂၀၁၁ နေ့လည် ၁၁ နာရီ ခန့်ကပါ…

  • ogre

    July 18, 2011 at 7:37 am

    ပစ်ချင်ရင်..တစ်ချက်တည်းနဲ့ ချက်ကောင်းကို မှန်အောင်ပစ်
    အကြိမ်ကြိမ်ပစ်နေရရင် ..တစ်ဖက်ကပြင်ဆင်ချိန်ရသွားတတ်တယ်
    အဲဒါဆို ကိုယ်ဆီကို counter act ပြန်လာတတ်တယ်။။

  • pan pan

    July 18, 2011 at 9:08 am

    ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရ..အဲလေ…ခွေးလည်းကြောက်ရ ခွေးချေးလည်းကြောက်ရ…
    🙁

  • etone

    July 18, 2011 at 10:54 am

    ခွေးတကောင်ကိုက်လျှင်တော် မသက်မသာဖြစ်တာ … ခုနှစ်ကောင်ဆိုတော့ …တွေးလို့တောင် မရဘူး… ။
    ကလေးက မျက်စိနောက်အောင် ဘာများ သွားလုပ်မိပါ့လိမ့်နော် … ။

  • winkyawaung

    July 18, 2011 at 10:54 am

    မြန်မာပြည်မှာ ပြည်သူတွေအတွက် ခွေးအန္တရယ်တောင် မကာကွယ်နိုင်ကြတော့ဘူးလားကွယ်..။ ခွေးကိုတောင် မနိုင်တဲ့ ပြည်နယ်အစိုးရ ဖြစ်နေပြီးနော်..။ ကြည့်လည်း လုပ်ပေးကြပါအုံး..။

  • good

    July 18, 2011 at 11:21 am

    ခလေး သဘာဝ ဆော့ ကစား တာ ခွေး ရော လူ ရော ဘယ်လို ဘဲ ကြည့် မရ ဖြစ် ပါ စေ ခလေး မှာ အပြစ် မရှိပါဘူး။
    ခွေးပိုင်ရှင် ခြံ ထဲ ကလေး က ဝင် ဆော့ ကစား တာ မဟုတ် သလို အများ ပြည် သူ သွားလို့ ရတဲ့ နေရာ မှာ ဒီဖြစ် စဉ် ဖြစ် တာ ကို ခွေးပိုင် ရှင် အနေ နဲ့လျစ်လျူ ရှု တာ ကတော့…
    ခွေးနဲ့ ခွေးပိုင်ရှင် တသားတည်း လို့ ပြောရမလား။
    လူတော် တော် များများ ခံပြင်း လာ ရင် ခဏခဏ ပြော တတ် တဲ့
    ခွေးထက် ယုတ်တဲ့ အကောင်။
    ခွေးထက် မိုက်တဲ့ အကောင်။
    ခွေးလောက် တောင် အသိဉာဏ် မရှိတဲ့ အကောင်၊ လို့ ဘဲ ပြောရမလားဘဲ။

  • နွယ်ပင်

    July 18, 2011 at 11:33 am

    ခွေးက (7) ကောင်တောင်ကိုက်ခံရတာ ဆိုတော့ ကလေးလေး သနားပါတယ်
    ခွေးပိုင်ရှင်ကလည်း ဘာမှ မလုပ်ပေးဘူးလား အကြင်နာတရားမရှိတဲ့ လူပဲ
    လူမှ ဟုတ်ရဲပလားမသိဘူး ……

  • aungnng87

    July 18, 2011 at 12:15 pm

    စည်ပင်သမားများရေ…၊။ပိုက်ဆံကောက်တာဘဲစည်ပင်အလုပ်မဟုတ်ဘူးနော်။ ခွေးဖမ်းတာ၊ခွေးတွေရှင်းလင်း
    ရေးလုပ်တာလဲ စည်ပင်အလုပ်ဘဲနော်။မသိချင်ယောင်ဆောင်မနေကြနဲ.။

  • MOEPWINTPHYU

    July 18, 2011 at 2:11 pm

    သနားစရာနော် ဘာတွေလုပ်ပေးလိုရလဲ အာမခံချက်မရှိတဲ လောကကြီးပါလား

  • Big Defender

    July 18, 2011 at 7:30 pm

    ကိုက်တာက ဘာခွေးလဲ

  • Mee2

    July 19, 2011 at 9:46 pm

    အင်း ကိုယ့်ကလေးဆို အဲလို ပစ်ထားပေါ့မလား အဲစစ်သားကိုပြန်မေးရမယ်။ကိုယ်မွေးထားတဲ့ တိရစ္ဆာန် တာဝန်ယူရမှာပေါ့။အင်းလေ ဒီလောက်ဉာဏ်မရှိလို ့လဲစစ်သား ဖြစ်နေပေတာကိုး 🙁

  • zippo

    July 19, 2011 at 11:23 pm

    ရွာသူရွာသားတို့ခင်ဂျ…..
    မင်္ဂလာ သတင်းပါ……..
    ခွေးကိုက်ခံရတဲ့ကလေး ရန်ကုန်သို့ဆေးကုသခြင်းခံယူရန် ရောက်ရှိသွားပြီ ဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ်ဂျ….၊

    ပြည်နယ်စည်ပင်ဝန်ကြီး ရဲ့ ညွှန်ကြားမှုနဲ့ အလှုငွေများကောက်ခံ၍ အဆင်ပြေသွားကြောင်း သတင်းရရှိ
    ကြောင်းပါ…။

  • icecube

    July 20, 2011 at 12:01 am

    zippo ကျေးဇူး အများကျေးဇူးပေါ့………..ကလေးလေး မြန်မြန် ကျန်းမာလာနိုင်ပါစေ…………..

  • pyinlepyaw

    July 20, 2011 at 12:40 am

    ကြားရတာ နားဝ မှာ ပီတိ ဖြစ်ရပါတယ်ဗျာ…..။

  • Gipsy

    July 20, 2011 at 1:04 am

    ကျောင်းသားလေး အသက်အန ္တရာယ် ကင်းဝေးပါစေ…။

  • chitpyae

    July 20, 2011 at 9:32 am

    အဲဒီ့ စိတ်ပုတ်တဲ ့ လူကြီးက ဘာလို့ခွေးတွေကို အပြင်မှာ လွှတ်ထားတာလဲ ။
    သူ့အိ်မ်ထဲမှာ သူ့ဘာ့သာ မွေးပေါ့ ။ လမ်းသွားလမ်းလာ တွေ အနှောင့်အယှက်ဖြစ်တယ်။
    တော် တော် အကျင့်မကောင်းတဲ့ သူပဲ။

Leave a Reply