အမှတ်သညာမရှိတဲ့… ပါးစပ်

naywoon niJuly 17, 20111min1149

*ဟော့ဒိပါးစပ်ကြီးပေါ့
မှန်တယ်လို့
စိတ်ကယုံမှတ်လိုက်ယုံနဲ့
စက်သေနတ်နဲ့ပစ်လိုက်သလို
အဆက်မပြတ်ပြောဆိုတတ်တာ
နှစ်ပေါင်းလေးဆယ်တိုင်ခဲ့ပေါ့…။
* ကြားရသူရဲ့နား
တရားသာမရှိခဲ့ရင်
ပိဿလေးနဲ့ နံဘေးပစ်ခံရသလို
ထိဝေဒနာအသေအချာပဲပေါ့
အင့်ကနဲဒက်ထိမှန်စကားလုံးကျည်ဆံတွေနဲ့
ဆင်ကဲရောက်လာတော့မယ်
အညှာတာလုံးဝမထား…။
* ဟောဒိပါးစပ်ကြီးကြောင့်
လူမုန်းခံရတာလဲများပ…။
* မိတ်ဆွေကနေရန်သူတွေလည်းဖြစ်ရတာပ…။
*ကဲရဲ့ရှုတ်ချမှုတွေလည်းျမားတာပ…။
*ချီးမွမ်းထောပဏာကတော့နဲပ…။
ဒါနဲ့လည်းမအမှတ်သညာမရှိ
မှန်တယ်ထင်ရင်
နောက်မဆုတ်တမ်း
ဆက်ကာဆက်ကာ ပြောနေတုန်းပ…။
* နှုတ်ချိုတော့သျှိုတစ်ပါးတဲ့
ရှေးလူကြီးတွေစကားပယ်ရှား
မှန်ရာသာပြော
မုသားမပါတော့

အလိမ်အညာမရှိ
အပြစ်မရှိပါဘူးလို့
ယုံမှားထားပြီး
ဆက်ကာဆက်ကာ
ပြောနေဦးမည်….။
* သံသရာ
ရှည်ကြာနေဦးမည်…။
နေဝန်းနီ

9 comments

  • ကြောင်ကြီး

    July 18, 2011 at 2:54 am

    ဆိုးတဲ့ပါးစပ်
    နာနာနှက်မှ
    တော်ကာကြမယ်
    လာစမ်းဟဲ့
    ဂျော်နီအောင်ပု
    အဲလေယောင်လို့
    ဂျော်နီဝေါ့ကား
    အနက်တပုလင်း
    အကုန်ဗျင်းမယ်
    နောက်တနေ့တိုင်
    ဖင်ထောင်အောင်မူး…

  • chitpyae

    July 18, 2011 at 7:12 am

    ှုဦးကြောင် က သူ့ပါးစပ်ကို သူ့ဘာ့သာ ဒဏ်ပေးလိုက်ပါတယ် …. ဂျော်နီဝေါ့ကား နဲ့ 😛

    • MaMa

      July 19, 2011 at 11:50 am

      တော်တော် ပြင်းပြင်းထန်ထန် ဒါဏ်ပေးလိုက်တာပဲ နော် မှတ်သားလောက်ပါပေတယ်။
      🙂

  • pan pan

    July 18, 2011 at 10:34 am

    ပညာရှိများပြောစကားအရ
    ရန်သူမွေးထုတ်
    ရောပါမျိုချတဲ့ ဒီပါးစပ်
    တစ်ပေါက်တည်းရှိလို့တော်တော့တယ်
    ပြီးတော့စရိတ်ကလည်း ကြီးသေးတယ်

  • forever

    July 18, 2011 at 8:51 pm

    မပြောဘဲ နေပြန်တော.လဲ
    အ တယ်လိုထင်ကြပြန်ရော

  • naywoonni

    July 18, 2011 at 10:06 pm

    မှန်တယ်လို့ ယုံကြည့်စိတ်ကလေး ဝင်ရင် မပြောဖြစ်ရင်တောင်…။ တစ်ကယ်လို့ ပြောမရရင်တောင်…။ ဆရာဖြစ်နေလို့ အထက်လူကြီးဖြစ်နေလို့ ဆိုရင်တောင် …….. ပြန်မပြောနားမထောင် ကန့်လန့် ပြန်တိုက်ရမှကျုပ်က ကျေနပ်တာ…။ ဒီတော့ အမေကပြောတယ်..။ အဲဒိလိုဆို လူထဲ ဘယ်လိုနေမလဲ? တဲ့……..။ သွားလေးဖြီးပြီး သူ့စကားလဲ ပြန်မဖြေပဲနေလိုက်တယ်..။

  • နီလေး

    July 19, 2011 at 9:44 am

    တော်တော်မလွယ်တဲ့ပါးစပ်ပါလားနော်

  • manawphyulay

    July 19, 2011 at 10:52 am

    သံသရာက ရှည်ကြာပြီး လည်ပတ်နေဦးမှာပါ။ ဒီလိုပဲ လူ့လောကကြီးထဲမှာလည်း နားလည်မှုတွေ လွဲချော်နေတာတွေ တည့်မှတ်ပြီး အမှား အမှန်ဝေဖန်ချင့်ချိန် အရာရာသည်းခံပေးတဲ့ ဒီရွာလေးထဲမှာ ပျော်မွေ့နေလျက်ပါ…….

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 19, 2011 at 2:57 pm

    မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် – ၅ – စူဠယမကဝဂ် – ၁ – သာလေယျကသုတ်
    ၄၄၀။ ကိုယ်ဖြင့် မတရားမှု မမျှတမှုကို ပြုလုပ်ခြင်းသည် သုံးမျိုး ရှိ၏။
    နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုးရှိ၏၊
    စိတ်ဖြင့် မတရားမှု မမျှတမှုကို ကြံစည်ခြင်းသည် သုံးမျိုးရှိ၏။
    ………………………………
    ( ပို့စ်၏ မူရင်းအကြောင်းဖြစ်သော နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းလေးမျိုးကို ထုပ်နှုတ်ပြရသည်ရှိသော် )
    ………………………………
    ( ၁ ) ဤလောက၌ အချို့သူသည် မုသား ပြောဆိုလေ့ ရှိ၏၊
    သဘင်၌ တည်သည် ဖြစ်စေ၊ ပရိသတ်၌ တည်သည် ဖြစ်စေ၊ ဆွေမျိုး အလယ်၌ တည်သည် ဖြစ်စေ၊
    အသင်းအပင်း အလယ်၌ တည်သည် ဖြစ်စေ၊ မင်းမျိုး အလယ်၌ တည်သည် ဖြစ်စေ ခေါ်ဆောင်၍
    ( အချင်း ယောကျာ်း သိသော အကြောင်းကို ပြောဆိုလော့ ) ဟု သက်သေ ပြုလျက် မေးမြန်း လတ်သော်
    ထိုယောကျာ်းသည် မသိသည်ကို ( ငါသိ၏ ) ဟူ၍ သော်လည်းကောင်း၊ သိသည်ကို ( ငါမသိ ) ဟူ၍ သော်လည်းကောင်း၊
    မမြင်သည်ကို ( ငါမြင်၏ ) ဟူ၍ သော်လည်းကောင်း မြင်သည်ကို ( ငါမမြင် ) ဟူ၍ သော်လည်းကောင်း ပြောဆို၏။
    ဤသို့ မိမိ အကြောင်းကြောင့် ဖြစ်စေ၊ သူတစ်ပါး အကြောင်းကြောင့် ဖြစ်စေ၊
    အနည်းငယ် မျှသော လာဘ် အာမိသ ဟူသော အကြောင်းကြောင့် ဖြစ်စေ သိလျက် သာလျှင် မုသား ပြောဆို၏။
    ( ၂ ) ကုန်းစကား ပြောဆို၏၊
    ဤသူတို့ထံမှ နားထောင်၍ ဤသူတို့၏ ထိုသူတို့နှင့် ကွဲပြားခြင်းငှါ ထိုသူတို့ ထံ၌ ပြောကြား တတ်၏၊
    ထိုသူတို့ ထံမှ နားထောင်၍ ထိုသူတို့၏ ဤသူတို့နှင့် ကွဲပြားခြင်းငှါ ဤသူတို့ ထံ၌ ပြောကြား တတ်၏။
    ဤသို့ ညီညွတ်သူတို့ကို ကွ ဲပြားအောင် ပြုတတ်၏၊ ကွဲပြား သူတို့ကိုလည်း အားပေး တတ်၏၊
    ကွဲပြားခြင်း၌ မွေ့လျော်၏၊ ကွဲပြားခြင်း၌ ပျော်ပိုက်၏၊ ကွဲပြားခြင်းကို နှစ်သက်၏၊
    ကွဲပြားခြင်းကို ပြုတတ်သော စကားကို ပြောဆိုတတ်၏။
    ( ၃ ) ကြမ်းတမ်းသော စကား ရှိ၏၊
    ဆူးသဖွယ် အဖုအထစ် ရှိ၍ ကြမ်းတမ်းသော
    သူတစ်ပါး နားကို စပ်ခါးစေတတ် သူတစ်ပါးအား ထိခိုက် တတ်သော
    အမျက်ထွက်ခြင်းနှင့် နီးစပ်လျက် တည်တံ့ခြင်းကို မဖြစ် စေတတ်သည့် သဘော ရှိသော စကားကို ပြောဆိုတတ်၏။
    ( ၄ ) ပြိန်ဖျင်းသော စကားကို ပြောဆို တတ်၏၊
    မသင့်သော အခါ ဆိုလေ့ရှိ၏၊ မဟုတ်သည်ကို ဆိုလေ့ ရှိ၏၊ အကျိုးနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊
    တရားနှင့် မစပ်သည်ကို ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် မစပ် သည်ကို ဆိုလေ့ ရှိ၏၊
    မသင့်သော အခါ၌ အကြောင်း မရှိသော အပိုင်းအခြား မရှိသော အစီးအပွားနှင့် မစပ်သော
    နှလုံး၌ မသိုမှီး သင့်သည့် စကားကို ပြောဆိုတတ်၏။
    ဤသို့လျှင် နှုတ်ဖြင့် မတရားမှု မမျှတမှုကို ပြောဆိုခြင်းသည် လေးမျိုး ရှိ၏။
    ………………….
    ချိန်ကြပေါ့ဗျာ
    စာထည်းမှာတော့ ဒီလိုလာတာဘဲ
    ဒီနေရာမှာတော့ စိတ်၏ကြံစည်ခြင်းက အဓိကကျမယ်လို့တော်ထင်တာဘဲ ( အထင်ပါ )
    စိတ်က ဖြစ်တာကို မသိမှု့၊ မသိမှုကြောင့် မဆင်ခြင်နိုင်မှု့ ၊ မဆင်ခြင်နိုင်မှု့တို့ကြောင့်
    ဆဲမယ်၊ ဆိုမယ်၊ လိမ်မယ်၊ ညာမယ်၊ ကိုယ်ထိလက်ရောက်ပြုကြမယ်
    ဘာညာ သာရကာတွေပေါ့ဗျာ

Leave a Reply