ပဉ္စဝဂ္ဂီ အသွင်အပြင်

padonmarJuly 17, 20111min18614

<
ဒီစာလေးကို မသိသေးတဲ့ လူငယ်တွေအတွက်ရည်ရွယ်ပါတယ်။သိနားလည်ပြီးလူကြီးများကတော့ အမှားပါရင် ပြင်ပေးကြပါရန်။

အရင်က  ဓမ္မစကြာတရားတော်ဟောကြားပုံနဲ့ ပတ်သက်လို့ ပဉ္စဝဂ္ဂီဆိုရင် ရဟန်းအသွင်နဲ့ ထုလုပ်ထားတဲ့ပုံတွေဘဲ မြင်လေ့ရှိတာရော၊ ကိုယ်တိုင်ဗဟုသုတနည်းတာပါ ပေါင်းပြီး ဝါဆိုလပြည့် မြတ်စွာဘုရားရဲ့ ဓမ္မစကြာတရားနာလိုက်တာနဲ့ ပဉ္စဝဂ္ဂီ ငါးပါးလုံးရဟန္တာဖြစ်သွားတယ်လို့ထင်ခဲ့မိပါတယ်။

မကြာသေးမီနှစ်များမှာမှ ဓမ္မစကြာ သင်တန်းတွေတက်မိတော့မှဘဲ ဒီအထင်မှားမှန်းသိခဲ့ပါတယ်။

တကယ်တော့ ပဉ္စ=၅   ဝဂ္ဂီ=အစု ၊ဒီငါးပါးအစုလေးမှာ ပါရမီချင်း ဉာဏ်ရည်ချင်းမတူကြပါဘူး၊

အရှင် ကောဏ္ဍည(ကွန်ဒင်ညလို့ အသံထွက်ပါတယ်) တစ်ပါးသာ ဓမ္မစကြာဒေသနာအဆုံးမှာ သောတာပန် ဘဝ နဲ့ ဧဟိဘိက္ခု အခေါ်ခံရပြီး ရဟန်းဘဝရောက်ပါတယ်။

အရှင် ဝပ္ပ က ဝါဆိုလပြည့်ကျော် ၁ရက်နေ့ ၊အရှင် ဘဒ္ဒိယက ၂ရက်နေ့ ၊အရှင် မဟာနာမ် က ၃ ရက်နေ့ ၊အရှင် အဿဇိ ( အတ်သဇိ လို့ အသံထွက်ပါတယ်) က ၄ရက်နေ့ အသီးသီး သောတာပန် နဲ့ ဧဟိဘိက္ခု ဖြစ်ကြပါတယ်။

နောက်လေးပါးဟာ တရားနာရုံနဲ့ တရားမရ၊ အားထုတ်ကျင့်ကြံပြီးမှ သောတာပန် အဖြစ် တရားသိသွားခြင်းဖြစ်ပါတယ်။

ဝါဆိုလပြည့်ကျော် ၅ရက် မှာ မြတ်စွာဘုရားက အနတ္တလက္ခဏာသုတ် ဟောတော်မူတဲ့အခါမှသာ ငါးပါးလုံး ကိလေသာ အမြစ်ပြတ်၍ ရဟန္တာ အဖြစ်ရောက်ရှိပါတယ်။

ဒါကြောင့် ပုံတော်တွေထုလုပ်ရာမှာ ပဉ္စဝဂ္ဂီ တွေရဲ့ သဏ္ဍာန်ဟာ ရဟန်းအသွင်ထုလုပ်ထားရင် ဝါဆိုလပြည့် ဓမ္မစကြာ တရားဟောပုံ မဟုတ်ဘဲ အနတ္တလက္ခဏာ တရားဟောပုံဘဲ ဖြစ်ပါမယ်။

ဝါဆိုလပြည့်ရဲ့ပုံ ဟာ အခု ပုံထဲကလို ဆံမုတ်ဆိတ်တွေနဲ့ ဖြစ်ဖို့များမယ်လို့ မှန်းဆမိပါတယ်။

အခု ဝါဆိုလပြည့် လွန် လာလို့ မကြာခင် ဝါဆိုလပြည့်ကျော်၅ရက် ရောက်ပါတော့မယ်။ အနတ္တလက္ခဏာ သုတ်တော် ဟောကြားလို့ ပထမဆုံး ရဟန္တာ သံဃာတော် ပေါ်ပေါက်ခဲ့တာကို မှန်းဆကြည်ညိုနိုင်ကြစေရန် ကျွန်မသိသမျှလေးကြိုးစားဖြန့်ဝေလိုက်ပါတယ်။ဝါဆိုလပြည့်နေ့ တရားဦးဟောနေပုံ

14 comments

  • padonmar

    July 17, 2011 at 10:53 pm

    သဂျီး ကယ်ပါ
    ပဉ္စဝဂ္ဂီပုံတင်တာ ကောင်မလေးပုံပေါ်နေတယ်။
    ဘာဖြစ်နေလည်းမသိ။
    မပြင်တတ်တော့ဘူး

  • တညင်သား

    July 17, 2011 at 11:27 pm

    ပုံကိုညွှန်းပြီး စာဖတ်ရမှာ ပုံကိုလဲမတွေ့ရ … ကျွန်တော်အထင်တော့ လပြည့်ကျော်(၅)ရက်နေ့မှ စာမျက်နှာပေါ် ကြွလာမယ်ထင်တယ် အန်တီပဒုမ္မာရယ်……….:) 🙂

  • ဆူး

    July 17, 2011 at 11:30 pm

    ပုံကိုတော့ မတွေ့ဘူး..
    မုတ်ဆိတ်မွေး နဲ့ သင်္ကန်း မဟုတ်တဲ့ အရာ တခုခု ဝတ်ထားမယ် ထင်တယ်။
    အသက်အားဖြင့်လည်း မတူညီပဲ ကွာခြားကြမယ်။
    နေအဝင် လ အထွက် အချိန် တရားဦး စတင်တဲ့ အချိန်..

  • padonmar

    July 17, 2011 at 11:45 pm

    ပုံပေါ်အောင်မနည်းကြိုးစားလိုက်ရတယ်။
    ချွေးဒီးဒီးကျရော။
    မမပြောသလို ကွန်ပျူတာ ဝလုံးတန်းတွေဆိုတော့ သည်းခံပါကွယ်။
    ဝါဆိုလပြည့်ကျော်၅ရက်ထိမစောင့်ရပါဘူးတညင်သားရယ်။အပ်ချလောင်းလို့လုပ်လိုက်ပါပြီ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 17, 2011 at 11:45 pm

    တစ်ခါတစ်လေကြတော့လည်း သိပ်ပြီးတော့ ယူရခက်တာတွေကို
    အတင်းအဓမ္မ မကြံစည်ကြတာလည်းကောင်းမယ်ထင်တာပါဘဲ ( အထင်ပါ )
    ဘာရယ်လို့တော့မဆိုလိုပါ
    ကြုံလို့ပြောရရင် ပါဠိ အသံတွေတောင် အသံနေအသံထားတွေ
    မပီရင်ဘာဖြစ်မယ်တို့ ညာဖြစ်မယ်တို့ အဆိုရှိကြပါတယ်
    နေရာနိုင်ငံလူမျိုးအလိုက် ဘယ်သူမှ အသံမတူပါဘူး
    မတူတဲ့သူတွေအားလုံးကလဲ အသံကိုသတိထားရမယ်လို့ပြောသလားတော့မသိပါ
    မြန်မာပြည်မှာတော့ ပြောကြပါတယ်
    ဥပမာ သရဏဂုံပါ
    ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ အစရှိသည်ပါ
    တစ်နိုင်ငံနဲ့တစ်နိုင်ငံ အသံထွက် ကွက်တိ လုံးမတူပါ
    ပုံတွေကိုပြောရမယ်ဆိုရင်တော့
    သက်ဆိုင်ရာနိုင်ငံတွေကတော့
    မြတ်စွာဘုရားရဲ့ ရုပ်ပုံတော်ကို ရေးဆွဲကြတဲ့အခါ
    ကိုယ့်အမျိုးနဲ့တူအောင်ရေးဆွဲကြတာပါဘဲ
    ( မှတ်ချက်။ ။ မည်သည့်ကျမ်းမျှ မကိုးထားကြောင်း
    ကိုကြောင်ကြီးအား အသိပေးအပ်ပါသှ် )

  • padonmar

    July 17, 2011 at 11:54 pm

    မပီတာတော့ ဘာဖြစ်မယ် ညာဖြစ်မယ်မဟုတ်ပါဘူး၊ဒါပေမယ့် sparrow ကို စပယ်ယိုး လို့ခေါ်ရင်ကြားမကောင်းသလိုပေါ့နော်။ တတ်နိုင်သလောက်တော့ မှန်အောင်ကြိုးစားကြည့်တာပေါ့။
    သီဟိုပါဠိသံမှ အမှန်လို့တော့ ယူလို့မရပေမယ့် ကိုယ့်မြန်မာချင်းတော့ အမှန်တူသင့်တယ်လို့ယူဆပါတယ်။

  • kai

    July 18, 2011 at 12:03 am

    ဂေါတမဗုဒ္ဓကရော..မုတ်ဆိတ်ကျင်စွယ်နဲ့လို့.. မတွေးမိကြဘူးမဟုတ်လား…။
    အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး.. မြန်မာပြည်ရဲ့ အထင်ကရဆရာတော်ကြီး၂ပါး. နောင်ဂျိန်ချဖူးတယ်..။

  • တညင်သား

    July 18, 2011 at 12:40 am

    ကျွန်တော် ငယ်ငယ်က ကိုရင်မဝတ်ခင် ဘုန်းကြီးကျောင်းမှာ တပတ်လောက် သင်္ကန်းတောင်းကျက်ရတယ် သရဏဂုံကို ပါဠိ လိုဆိုရတာပေါ့…. မလေးရှားမှာရှိတုန်း သီဟိုဠ် မှာသတင်းသုံးနေတဲ့ မြန်မာ ဘုန်းကြီး (မွန်လူမျိုး) တပါး ကြွလာလို့ တရားနာသွားခဲ့တယ် .. တရားနာသူတွေကတော့ တရုပ်လူမျိုးတွေပါပဲ မြန်မာ ၅ယောက်လောက်ပဲရှိပါတယ်.. သီလ ပေးတာ ပါဠိ လိုပေးတာပါ တရုပ်တွေလဲ ပါဠိလို ဆိုရပါတယ် .. နေရာဒေသ မတူလို့ အသံထွက် ဝဲ တာကလွဲရင် အားလုံးနားလည်နေကြတယ် ဆိုလဲ ဆိုတက်ကြတယ်.. ဒီပို့စ် နဲ့ မဆိုင်ပေမဲ့ ဗုဒ္ဓ ဘာသာ တိုင်း သီလယူ သရဏဂုံ ဆောက်တည်တာလောက်တော့ ပါဠိလို အသံနေအသံထား မှန်မှန် တက်ထားသင့်တယ်လို့ထင်ပါတယ်…..

    • kai

      July 18, 2011 at 2:55 am

      ဗုဒ္ဓမြတ်စွာဘုရားက.. အိနိ္ဒယတိုက်ငယ်မြောက်ပိုင်း(အခုနီပေါ)နေရာမှာဖွားမြင်ပြီး.. အခုအိနိ္ဒယနိုင်ငံမြောက်ပိုင်း မိုင် ၅ဝ ဝန်းကျင်နေရာလောက်မှာ ရာစုနှစ်ဝက်လောက်လှည့်တရားဟောခဲ့တာ…။

      ဘယ်ဘာသာစကားနဲ့..ဟောသလည်းဆိုတာ.. ဘယ်သူမှတိတိကျကျမသိဘူး..။
      အဲဒီတုံးက.. စာပေအက္ခရာ… အရေးအသားလည်း မရှိသေးဘူး..။

      ဆိုတော့…
      ဘယ်ဟာကအသံထွက်အမှန်လို့.. ဘယ်လိုသိမလည်းဟင်င်င်င်….။
      ထုံးစံအတိုင်း…မြန်မာတွေကအသိဆုံးမို့..မြန်မာထေရဝါဒဗုဒ္ဓဘာသာကပြောတဲ့ ပါဌိအသံထွက်ကမှ… အမှန်လို့ယူရမှာလား..။ 🙂

      Ref:
      သက္ကတဘသာဟူသည် ပညာရေးကိုအချိန်ယူစောက်ချသင်ယူ၍ ပညာဖြင့်အသက်မွေးကြသည့် ပုဏ္ဏား တို့က သဒ္ဒါနည်းစနစ် တိကျတင်းကျပ်စွာ မူသေသတ်မှတ်ပြောဆို ရေးသားသည့် ဘာသာစကားမျိုးဖြစ်ပေ သည်။

      ပြာကတဘာသာ စကားမျိုးဆိုတာကတော့ သာမာန်လူတန်းစားများပြောဆိုသုံးစွဲကြ၍ ကာလ ၊ ဒေသ၊ ပုဂ္ဂလအရ တစ်ဖြည်းဖြည်း အနည်းငယ် ပြောင်းလွဲကွဲပြားသွားသည့် ဘာသာစကား အမျိုး မျိုးကို မျိုးနွယ်တစ်ခုအဖြစ် စုပေါင်းခေါ်ဝေါ်အမည်ပေးထားသော အမည်ပညတ်တစ်ခုဖြစ်ပေသည်။ ထိုဘာသာနှစ်မျိုး တွင်ပြာကတ ဘာသာမျိုးသည် သုံးစွဲသည့် ဒေသအမျိုး ကိုလိုက်၍ ပါဠိနှင့်တကွ ၊ မာဂဓီ၊ အဒ္ဓမာဂဓီ စသည် အားဖြင့် ဘာသာစကား များစွာကို ကိုယ်စားပြုထားပေသည်။

  • MaMa

    July 18, 2011 at 7:01 am

    သိထားသလောက်နဲ့ မတ်စွာဘုရားကို မုတ်ဆိတ်၊ ကျင်စွယ်နဲ့လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တောထွက်တဲ့အချိန်မှာ မြတ်စွာဘုရား ဆံပယ်တော်မူခန်းမှာ ဆံပင်က လက်ယာရစ်ခွေ စံနေတော်မူတယ်ပြီး အဲဒီ ဆံပင်ဟာ နောက်ထပ် ရှည်လည်းမရှည်တော့ဘူးလို့လည်း ကြားဖူးလို့ပါ။

  • ကြောင်ကြီး

    July 18, 2011 at 9:12 am

    ရှင်ကောဏ္ဍည မထေရ်မြတ်က မဟာသာဝက ရဟနာ္တတပါးဖြစ်တဲ့အပြင် ဝါအကြီးဆုံး ရဟန်းဖြစ်ပါတယ်။ မြတ်စွာဘုရားမှာ လက်ယာရံနဲ့ လက်ဝဲရံ နှစ်ပါးရရှိပြီးနောက်မှာ ဘုရားထံခွင့်ပန်ပြီး ဟိမဝနာ္တတောင်တနေရာမှာ ဆင်အပေါင်းရဲ့ အလုပ်အကျွေးခံယူပြီး ပျံလွန်တော်မူခါနီးအထိ တပါးတည်း သီတင်းသုံးပါတယ်။ ပါဠိတော်အရကတော့ သူ့ထက်ပိုဂုဏ်ကြီးတဲ့ အဂ္ဂမဟာသာဝကနှစ်ပါးရဲ့ ရှိခိုးအရိုအသေပေးမှုကို မခံယူသင့် ဒါမှမဟုတ် ပုထုဇဉ်များ အထင်လွဲမှာဆိုးလို့ ဖြစ်ပါတယ်။ သူ့က ဝါအကြီးဆုံးမိုလို့ ဘုရားကလွဲရင် ကျန်သူများအားလုံးက ဝါအရ ဦးချရပါမယ်။ (သဂျီးပြောနေတာနဲ့တော့ ကွာပါ။ သတိထာဦးခိုင်ရေ… အခုတလော မြေကြီးကသိပ်မခိုင်ဘူး၊ ခပ်လှုပ်လှုပ်ရယ်၊ ငလျင်ဆိုလားဘာလား)
    ပျံလွန်တော်မူကာနီးမှာ အဘိညာဉ်တန်ခိုးနဲ့ မြတ်စွာဘုရားထံသွားပြီး ပရိနိဗ္ဗာန်ပြုတော့မဲ့အကြောင်း လျောက်ထားပါတယ်။ သူဝင်လာတော့ ရဟန်းရှင်လူပရိသတ် အများက ဘယ်သူမှန်း မသိပါဘူး။ မြတ်စွာဘုရားက ချစ်သားကာဏ္ဍညလို့ခေါ်ပြီး မြွက်ဟချီးကျူး စကားဆိုပါတယ်။ အကြောင်းစုံကိုလျောက်ထားပြီးနောက် မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ကို အောက်မေ့ဆင်ခြင်ပြီး ခြေဖဝါးတော်ကို ပါးစပ်နဲ့စုပ်သပ်ပူဇော်ပါတယ်။ ခြေဖဝါးတော်ကို ပါးစပ်နဲ့စုပ်သပ်ပူဇော်ခွင့်ရတာ ပါဠိတော်မှာ နှစ်ဦးသုံးဦးလားပဲရှိပါတယ်။ အဲသလိုမျိုး အဖြစ်အပျက်ကို ဖတ်လိုက်ရတိုင်းလည်း ရင်မှာ အတိုင်းမသိ ကြည်နူးပီတိဖြစ်ရ၊ အားကျကြည်ညိုစိတ်ဖြစ်ရပါတယ်…

  • weiwei

    July 18, 2011 at 9:33 am

    ဗုဒ္ဓဂါယာသွားတုန်းက နိုင်ငံပေါင်းစုံက ဘုရားရှိခိုးအသံထွက်ပေါင်းစုံကို ကြားခဲ့ရဖူးတယ် …. အသံထွက်တွေ ခပ်ဆင်ဆင်ပါပဲ …
    အသံထွက်ပြီး ရွတ်ဖတ်ပူဇော်တယ်တဲ့အခါ ရွတ်ဖတ်သူအနေနဲ့ အဓိပါယ်ကို ဆင်ခြင်ပြီးရွတ်ဖတ်တာမို့လို့ အသံထွက်က အရမ်းအဓိကကျတယ်လို့တော့ မထင်မိဘူး … ဒါပေမယ့် နတ်မြတ်နတ်ကောင်းတွေကိုလဲ နာကြားနိုင်အောင်ရွည်ရွယ်တာမို့ အသံထွက်မှန်မှန်ရွတ်တာတော့ ကောင်းပါတယ် … တခုတွေးမိတာက နတ်ဆိုတာလဲ သူတို့နေတဲ့ဒေသက အသံထွက်ကို နားလည်လိမ့်မယ်လို့ ထင်တာပဲ … မြန်မာပြည်မှာနေရင် မြန်မာပြည်က သတ်မှတ်ထားတဲ့ အသံထွက်ကို တပြေးညီထွက်နိုင်ရင် နားလည်ကြမှာပါ …

  • pan pan

    July 18, 2011 at 10:31 am

    မြတ်စွာဘုရားနှင့် ပဉ္စဝဂ္ဂီငါးပါးရုပ်တုကိုဖူးရတိုင်း (နေရာတိုင်းမှာ) မြတ်စွာဘုရားရုပ်တုက ကြီးနေပါတယ်
    ပဉ္စဝဂ္ဂီငါးပါးကတော့ သေးနေပါတယ်
    ဘာလို့လဲ၊ လူတွေက သက်သက်လုပ်ထားတာလား (ဘုရားရုပ်တုကို ပိုမိုဦးစားပေး၍)
    ပြီးတော့ ဘုရားဆင်းတုတွေတိုင်းမှာ ဘုရားက နားရွက်ရှည်နေပါတယ်
    အဲဒါဘာလို့လဲလို့ ဘုရားနားရွက်က တကယ်အဲလိုရှည်တာလားလို့ ငယ်ငယ်တုန်းကတော့ ဆရာမကိုမေးဖူးတယ်
    ဆရာမက “ဘုရားရုပ်တုထုလုပ်တဲ့အခါ လည်ပင်းနေရာက သေးတဲ့အတွက် ဦးခေါင်းအလေးချိန်ကို မခံနိုင်မှာစိုးလို့ ကျိုးကျမှာစိုးလို့ နားရွက်ကို ရှည်ရှည်လုပ်ပြီး ပုခုံးနဲ့ ထောက်ထားတာ၊ တကယ်နားရွက်ရှည်လို့မဟုတ်ဘူး”တဲ့။ ဒီလိုဟာဆိုရင် ရုပ်တုတွေကတော့ထားပါတော့…
    ပုံတော်တွေမှာလည်း အဲဒီလို ဘုရားကို နားရွက်ရှည်ရှည်ထားပြီး ရေးဆွဲထားတာတွေ့ရတယ်
    သိသောလူကြီးသူမများရှိပါက ဖြေပေးကြပါ
    ကျွန်မအဲဒါကို ငယ်ငယ်လေးကတည်းက သိချင်နေတာ
    ကျေနပ်လောက်တဲ့အဖြေလည်းမရခဲ့ဘူး

  • padonmar

    July 18, 2011 at 9:15 pm

    ပန်ပန်သိချင်တာကို မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာဂုဏ်ရည်မှာ ရှာပေးလိုက်ပါတယ်။
    (၁)ဘုရားအရပ်တော်ဟာ ၁၂/၁၆/၁၈တောင်ရှိတယ်လို့ ယူဆတာ ဝါဝင်းသောကိုယ်ရောင်တော်ကိုပါထည့်တွက်တယ်။ပကတိလူတွေထက်အများကြီးပိုပြီး ထူးထူးခြားခြားအရပ်မမြင့်လို့ယူဆပါတယ်တဲ့။ရှင်းလင်းချက်ကတော့ စာအုပ်ထဲမှာဖတ်ပါနော်၊
    (၂)နားတော်=လက္ခဏာတော်ငယ်၈ဝမှ ၄ရ ခုမြောက် ရှည်သော တင့်တယ်သော နားရွက်တော်ရှိခြင်း
    အချို့ဆင်းတုတော်များ၌ ထုသကဲ့သို့ ပခုံးတော်ထောက်အောင်ရှည်သည်မဟုတ်ပါ၊ကျိုး၍မသွားအောင် ရုပ်ထုတော်ပြုလုပ်သော ဆရာတို့က ထောက်ထားဟန်တူပါသည်။
    (ပန်ပန်ဆရာမ ပြောပြသလိုပါဘဲ)

Leave a Reply