တစ်ပါတ်စာ…အမောပြေဟာသ

တစ်ပါတ်စာ…အမောပြေဟာသ။။။

မေးလ် ထဲမှာစုထားသမျှလေးတွေပါ။။။

(၁) ပွဲစား
(၂) အနှောက်အယှက်
(၃) ခင်ဗျားတို့ကိုး
(၄) ရှေ့နေ
(၅) အလုပ်ပြောင်းလာတာ
(၆) ဘာကြောင့်လဲဟင် မေမေ
(၇) မှတ်ပြီလား Made in Japan
(၈) ထုတ်လုပ်ပုံ
(၉) Password
(၁၀) ရောဂါဟောင်း

************************************************************************************
ပွဲစား

မြင်းပိန်မကြီး ရောင်းရန် သွားသောလယ်သမားကြီးပြန်လာရာ
မြင်းပိန်မကြီးပြန်ပါလာသည်ကိုတွေ့သဖြင့်………..
ဇနီး။။။မြင်းရောင်းဖို့သွားတာမြင်းပိန်ကြီးမို့လို့ မရောင်းခဲ့ရဘူးလား။။။
လယ်သမား။။။။ရောင်းဖို့သွားတာပဲ  ဈေးရောက်တော့ ဒေါ်လာ(၆၀)နဲ့ရောင်းဖို့
ပွဲစားလက်အပ်လိုက်တာ ပွဲစားက ငါမသိသေးတဲ့မြင်းပိန်မရဲ့ ကောင်းကွက်နဲ့
အရည်အခြင်းတွေ ထုတ်ဖော်ပြီး ဝယ်သူကိုခေါ်တော့တာပဲဟေ့…
ငါလည်းပွဲစားပြောတာတွေနားထောင်ပြီး မြင်းပိန်မကိုရောင်းဖို့ နှမျော လာတာနဲ့
မရောင်းတော့ဘဲပြန်ယူလာခဲ့တာပဲကွာဟု။။။ပြောလိုက်လေသည်။။

***********************************************************************************

အနှောက်အယှက်

စာတိုက်မှုးထံဖုန်းဆက်တိုင်ကြားသည်။။။
အိမ်ရှင်။။။  အရင်စာပို့သမားက ကျမခွေးနဲ့ အဆင်ပြေတယ် ပြသနာမရှိဘူး
အခုစာလာပို့တဲ့ စာပို့သမားအသစ်နဲ့ ကျွန်မခွေးနဲ့အဆင်မပြေတော့
ခွေးက စိတ်အနှောက်အယှက်ဖြစ်ပြီး ယောက်ယက်ခတ်နေတယ်။။။
စာတိုက်မှုး။။။ အဲဒီကိစ္စကိုကျွန်တော်ရှင်းပေးပါမယ်။။ခွေးကအခုလောလောဆယ်ဘယ်မှာပါလဲ..ဟု
မေးလိုက်သည်။။။
အိမ်ရှင်။။ခြံထဲက သရက်ပင်အောက်မှာ
စာတိုက်မှုး။။။စာပို့သမားကကော
အိမ်ရှင်။။။စာပို့သမားလား။  အခုသစ်ပင်ပေါ်ကနေ ခွေးကိုစိတ်အနှောက်အယှက်ဖြစ်အောင်
လုပ်နေတယ်လေ။။။။

*************************************************************************************
ခင်ဗျားတို့ကိုး
ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။
မိန်းမက တက်စီသမားအား”ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.
ကျွန်မတို့နှစ်ယောက် မနေ့ကအမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။”

တက်စီသမား။ ။”ဪ….ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး”

**************************************************************************************
ရှေ့နေ

အသုဘ တစ်ခုသို့ လိုက်ပါပိုဆောင်သူများသည် တိတ်တဆိတ် ဆုတောင်းကြပြီးနောက်
အခေါင်းအား မြေကျင်း အတွင်းသို့ချလိုက်ကြကာ ဝိုင်းဝန်းမြေဖို့ပေးနေစဉ်….
အခေါင်းတွင်းမှ။။။
“““ကျွန်တော် မသေသေးပါဘူးခင်ဗျာ..ကယ်ကြပါ”””
ဟုဆိုသောအသံအားကြားလိုက်ရ၏။။။လူအများခဏမျှ ညိမ်သက်သွားပြီး ခေါင်းအတွင်းမှထွက်ပေါ်
လာသောအသံအားနားစွင့်နေကြစဉ်……….
လူအုပ်ထဲမှ လူတစ်ယောက်၏ အသံအားကြားလိုက်ပြီးနောက်
မြေဖို့ခြင်းအား အပြီးသတ်ဆောင်ရွက်လိုက်ကြလေသည်။။
ထိုသူပြောတာကတော့။။။
“““ အဲဒီကောင်ကရှေ့နေ သူပြောတာကိုမယုံနဲ ဟုတ်ချင်မှဟုတ်မှာ ဆက်ပြီးသာမြေဖို့ကြ ”””တဲ့။။။။။။။

****************************************************************************************
အလုပ်ပြောင်းလာတာ

ကိုဘမောင် တက္ကစီ တစ်စင်အား သွားလိုရာသို့ပြောပြီးငှားစီးလာသည်
အတန်ကြာ တိတ်ဆိတ်စွာစီးလာပြီးနောက်
တက္ကစီ ယာဉ်မောင်းအား ရပ်ပေးရမည်နေရာပြောရန် ပုခုံးပုတ်လိုက်ရာ
ကားမှာ ဘယ်ညာယိမ်းထိုသွားကာ လမ်းသွားလမ်းလာများအားမတိုက်မိအောင်ရှောင်ရင်း
လမ်းမတစ်ဖက်စွန်းပလက်ဖောင်းပေါ်သို့တက်၍ရပ်တန့်သွားလေသည် ။။။
ကိုဘမောင်လည်းအံဩတကြီးကားသမားအားကြည့်ပြီး
။။ခင်ဗျာဘယ်လိုဖြစ်သွားတာလဲဗျ
ကားသမားမှာမျက်လုံး အပြူးသား ချွေးသီးချွေးပေါက်များဖြင် ပြောလိုက်တာကတော့
။။။အသံလေးဘာလေးပေးပါဗျ အနောက်ကနေရုတ်တရက်ပုခုံးပုတ်လိုက်တော့လန့်သွားတာပေါ့
။။။ပုခုံးပုတ်ရုံနဲ့လန့်စရာလားဗျ
။။။ဟာ ကျွန်တော်က  မနေ့ကမှ အသုဘကားမောင်းတဲ့နေရာကအလုပ်ထွက်လိုက်တာဗျ။။။

*************************************************************************************************

ဘာကြောင့်လဲဟင် မေမေ

ကောင်လေးက သိချင်သော ကိစ္စတစ်ခုကို သူ့အမေကို မေးနေ၏။

“အမေ၊ အစ်ကို့ကို ဘာလို့ နှင်းမုန်တိုင်းလို့ နာမည်ပေးထားတာလဲဟင်”

“သူ့ကို ကိုယ်ဝန်ရတော့ နှင်းမုန်တိုင်းတွေ တိုက်နေတဲ့ ရာသီမို့လို့ သားရဲ့”

“အစ်မကို ကျတော့ရော ဘာလို့ လရောင်လို့ နာမည်ပေးတာလဲဟင်”

“သူ့ကိုယ်ဝန် ရတဲ့ အချိန်က လအရမ်းသာနေလို့ပေါ့ သားရဲ့”

“ဒါဆိုရင် သားနာမည်ကျတော့ အဲလို လှလှလေး မဖြစ်ဘဲ ဘာလို့ ရော်ဘာပြဲ ဖြစ်နေရတာလဲဟင်”

**************************************************************************************************
မှတ်ပြီလား Made in Japan

အမေရိကန်သို့ ခပ်ကြွားကြွား ဂျပန်တစ်ယောက် အလည်အပတ် ရောက်ရှိ နေ၏။ ပြန်မည့်နေ့တွင်
လေဆိပ်ဆင်းရန် တက္ကစီတစ်စင်း ငှား၏။
တက္ကစီဖြင့် လေဆိပ်ကို လာစဉ် လမ်း၌ အရှိန်ပြင်းပြင်း မောင်းလာသော ဟွန်ဒါကားတစ်စင်းက ၎င်းတို့တက္ကစီကို
ကျော်တက်သွားရာ ဂျပန်က ကားအပြင် ခေါင်းထွက်၍ လက်သီးလက်မောင်း တန်းကာ ဟစ်ကြွေး လိုက်သည်။
“ဟွန်ဒါကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ”
တိုယိုတာ တစ်စီးက ကျော်တက်သွားပြန်ရာ ကိုရွှေဂျပန်က အထက်ပါအတိုင်း
“တိုယိုတာကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထအော်ပြန်ရာ ကားသမား အမေရိကန် အမြင်ကပ်စ ပြုလာသည်။
မစ်ဆူဘီရှီ ကားတစ်စင်း ကျော်တက်သွားပြန်သော အခါတွင်လည်း
“မစ်ဆူဘီရှီကားကွ။ အရမ်းမြန်တယ်။ Made in Japan ကွ” ဟု ထကြွားပြန်ရာ ကားသမား အမေရိကန်
သူ့ကို အတော်လေး ပေါက်နေပြီ ဖြစ်သည်။ သို့သော် စိတ်ကို ထိန်း၍ ဘာမှတော့ မပြော။

လေဆိပ်သို့ ရောက်သော အခါ ကားခ အမေရိကန်ဒေါ်လာ ၃၀ဝ ကျသင့်ကြောင်း
ဒရိုင်ဘာက တောင်းလေရာ ဂျပန် မျက်လုံး ပြူးသွား၏။
“ဝါး…. ဈေးကြီးလှချည်လား”

“မီတာဗျ။ အရမ်းမြန်တယ်။ Made in Japan လေ”
**********************************************************************************************
ထုတ်လုပ်ပုံ

စင်္ကာပူ ဝန်ကြီး ။ ။ လိမ္မော်သီး အခွံတွေကို ဘာလုပ်ပစ်လဲ။
ထိုင်းဘုရင် ။ ။ ဘာမှ လုပ်လို့ မရဘူး။ ဒီမှာ လွှတ်ပစ်လိုက်တယ်။

စကာင်္ပူ ဝန်ကြီး ။ ။ ဟာ.. ကျွန်တော်တို့ ဆီမှာဆို၊ စက်ရုံတွေကို ပို့ ပြစ်ပြီး လိမ္မော်သီး ယို လုပ်တယ်ဗျ။
ဒါနဲ့ စကာင်္ပူ ဝန်ကြီးလဲ ပီကယ်မှာလိုက်ပါတယ်.စားပြီးသွားတော့ ပန်းကန် ပေါ် ပြန်တင်လိုက်ပြီး မေးခွန်း ဆက်မေးပါတယ်။
စင်္ကာပူ ဝန်ကြီး ။ ။ ပီကယ် ကိုရော ဘုရင် တို့ ထိုုင်းနိုင်ငံမှာ ဘာလုပ်သလဲဗျ။
ထိုင်းဘုရင် ။ ။ ဟာ.. ပီကယ် စား ပြီးသားကို လွှတ်ပဲ ပြစ်တယ်။

စင်္ကာပူ ဝန်ကြီး ။ ။ ကျွန်တော်တို့စီမှာဆို စားပြီးသား ပီကယ်ကို စက်ရုံတွေပို့ပြီး Condom လုပ်တယ်၊ ပြီးတော့ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချတယ်။
ဆက်ပြီးတော့ ဘုရင်ကို ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်လိုက်ပါတယ်။ ပြန်ခါနီးကြမှ ဘုရင် က မေးခွန်းတစ်ခု ထမေးပါတယ်။

ထိုင်းဘုရင် ။ ။ မင်းတို့ Condom သုံးပြီးသွားရင်ရော ဘာလုပ်ပြစ်သလဲ။
စင်္ကာပူ ဝန်ကြီး ။ ။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး လွှတ်ပြစ်တယ်။
ထိုငိးဘုရင် ။ ။ အေး၊ ငါတို့ စီမှာတော့ Condom သုံးပြီးရင် စက်ရုံတွေကို ပို့ပြီး စင်္ကာပူကို တင်သွင်း ရောင်းချဘို့ ပီကယ်ပြန်လုပ်တယ်ကွ။

********************************************************************************************
Password

အမျိုးသမီး ကွန်ပျူတာ ပညာရှင်တစ်ယောက်သည် ကွန်ပျူတာ မကျွမ်းကျင်သော ဘရုတ်သုက္ခ ယောက်ျားတစ်ယောက်၏
ကွန်ပျူတာကို ဝန်ဆောင်မှု ပေးနေရသည်။ Log in ဝင်ရန် Password အဖြစ် မည်သည့် စကားလုံးကို
ထားလိုကြောင်း သူမက ကိုနှာဘူးကို မေးလိုက်သည်။
ထိုသူက အမျိုးသမီးကို ရှက်သွားစေလိုသော ရည်ရွယ်ချက်ဖြင့် PENIS (အမျိုးသားတန်ဆာ)
ဟူသော စကားလုံးကို ထည့်ခိုင်း၏။
သူမကလည်း မျက်နှာကို တင်းတင်းထားရင်း ခပ်တည်တည်ဖြင့် သူပြောသည့် အတိုင်း
Password ထည့်ပေးလိုက်၏။
ထိုအခါ ပေါ်လာသော ဆော့ဖ်ဝဲ၏ ပြန်ကြားချက်ကို ဖတ်ကာ ထိုလူ့ မျက်နှာ ရှုံ့မဲ့သွားသဖြင့်
သူမ အူလှိုက်သည်းလှိုက် မရယ်မိအောင် အတင်းကို ထိန်းထားလိုက်ရလေတော့၏။ ပေါ်လာသော စာကြောင်းမှာ
*** PASSWORD REJECTED. NOT LONG ENOUGH ****
(Password ကို လက်မခံပါ။ လုံလောက်အောင် မရှည်သောကြောင့် ဖြစ်သည် ဟူ၏)

********************************************************************************************
ရောဂါဟောင်း

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်…
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်

ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ။။။။။။။။။။

**********************************************************************************************

14 comments

  • etone

    July 18, 2011 at 9:53 am

    ဘီလူးကြီးကို ငါးပွိုင့်ပေးပြီး လာရယ်သွားတယ်နော် … 🙂

    • ogre

      July 18, 2011 at 8:10 pm

      ငါးပွိုင်သာပြောတာ
      မနက်ကထဲ အတိုင်းပဲ
      တိုးလည်းမလာဘူး..ဒီတိုင်ကြီးပဲဗျ
      မပေးတော့ဘူးထင်တယ်။။။။။။။

  • zawmyothu

    July 18, 2011 at 10:25 am

    အမောပြေဟာသလေးတွေ ဖတ်ပြီး
    အမောပြေသွားပြီ ဟီးးးးးးးးးးးးးးး

  • usnczn

    July 18, 2011 at 11:09 am

    အေးဗျာ မောနေတုန်း ဒါလေးတွေ
    ဖတ်လိုက်ရတော့ အမောပြေသွားတယ်။
    ကျေးဇူးတင်ပါတယ်။

  • windtalker

    July 18, 2011 at 12:23 pm

    ကျုပ် အရင် တစ်ခါ မန် ့ထားပြီးသား ကို သူကြီး ဖျက်သွားလို ့အခု တစ်ခါ ထပ်ဖတ်ပြီး ထပ် ရီ သွားပါကြောင်း ။

  • moethidasoe

    July 18, 2011 at 12:41 pm

    ဟား ဟား ဟား .. ရယ်စရာ ဆိုတာကြောင့် .. ဘယ် အမောပြေမှာလဲ ..
    ရယ်ရလို့ မောနေတယ် ..
    (ဘာဖြစ်ဖြစ် ဘဝ အမောတွေ ခဏ မေ့သွားတယ်)

  • pan pan

    July 18, 2011 at 4:11 pm

    ရယ်လိုက်ရလို့ ဒီတစ်ပါတ်စာတော့ အမောပြေသွားပြီ
    နောက်တစ်ပါတ်စာလေးလည်း ရရင်တင်ပေးပါဦး

  • aung lay

    July 18, 2011 at 4:53 pm

    ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • Big Defender

    July 18, 2011 at 7:05 pm

    ရယ်ရတယ်ဗျာ :haha

  • chitpyae

    July 19, 2011 at 7:13 am

    မသိသေးတဲ့ ဟာသလေတွေလည်း ပါတဲ့အတွက် ရယ်ရပါတယ် …. 🙂

  • ရွှေဘိုသား

    July 19, 2011 at 11:22 am

    ရယ်လို. ရှုးရှုး တောင်ထွက်တယ်
    လုပ်ပါအုံး ကိုဘီလူးကြီးရယ်

  • MaMa

    July 19, 2011 at 12:23 pm

    တစ်ပတ်စာရီသွားလိုက်တယ် နော်။ နောက်တစ်ပတ်စာ ထပ်ရီချင်ပါသေးတယ်။

  • fighternk

    July 19, 2011 at 4:10 pm

    ရယ်သောသူအသက်ရှည်၏။ ကျွန်တော်ကတော့ facebook ပေါ်မှာ “ဟာသ စုစည်းမှု” ဆိုပြီး group လေးဖွဲ့ချင်ဗျ၊ ဒါမှ လူတွေကို စိတ်အမောပြေစေမှာ။

  • နီလေး

    July 19, 2011 at 4:50 pm

    ရီသောသူသည်အသက်ရှည်၏။ ကွိကွိခီးခီး

Leave a Reply