အာရှတို့လဲ ကမ္ဘာ့ဖလား ရဖူးပြီ (သို့) နွမ်းလျနေသော ပြည်သူအတွက် အမြင့်ဆုံး ပျော်ရွှင်မှုကို တာဝန်ကျေကျေ ပေးစွမ်းသွားနိုင်ကြသော ဆာမူရိုင်းမလေးများ

we R oneJuly 18, 20111min1309

အာရှတို့လဲ ကမ္ဘာ့ဖလား ရဖူးပြီ (သို့) နွမ်းလျနေသော ပြည်သူအတွက် အမြင့်ဆုံး ပျော်ရွှင်မှုကို တာဝန်ကျေကျေ ပေးစွမ်းသွားနိုင်ကြသော ဆာမူရိုင်းမလေးများ

နွမ်းလျနေသော ပြည်သူအတွက် အမြင့်ဆုံး ပျော်ရွှင်မှုကို တာဝန်ကျေကျေ ပေးစွမ်းသွားနိုင်ကြသော ဆာမူရိုင်းမလေးများနွမ်းလျနေသော ပြည်သူအတွက် အမြင့်ဆုံး ပျော်ရွှင်မှုကို တာဝန်ကျေကျေ ပေးစွမ်းသွားနိုင်ကြသော ဆာမူရိုင်းမလေးများ

စတင် ယှဉ်ပြိုင်မှု ပြုလုပ်စဉ် ဂျပန် အသင်းသည် ၄-၄-၂ ပုံစံဖြင့် ပွဲထွက်လာခဲ့ပြီး အမေရိကန် အသင်းသည် ၄-၄-၁-၁ ပုံစံဖြင့် စတင် ပွဲထွက်လာခဲ့သည်။ ဂျပန်တို့ရဲ့ တိုက်စစ်သည် ပထမ တစ်ပိုင်းလုံး ပျောက်နေခဲ့ပြီး ခံစစ် အနေဖြင့်သာ ကစားခဲ့ရသည်။ တိုက်စစ်မြန်မြန်၊ တွန်းထိုးမှု အားကောင်းကောင်းဖြင့် အမေရိကန် အမျိုးသမီး အသင်းတို့ရဲ့ ထိုးဖောက်မှုသည် ပထမတစ်ပိုင်းလုံး ဂျပန် အမျိုးသမီး အသင်းဘက်သို့ တစ်ဒိုင်းဒိုင်း ပစ်သွင်းနေသကဲ့သို့ ရှိလှသည်။

ပွဲစစချင်း တစ်မိနစ် မပြည့်ခင် အတွင်းမှာပင် ဘယ်တောင်ပံမှ Lauren Cheney ရဲ့ အလိမ်အခေါက်ဖြင့် ဂိုးပေါက်ကို ကန်သွင်းရာ ဂျပန် ဂိုးသမားဖြင့် ထိပြီး ဒေါင့်ကန်ဘော ဖြစ်ခဲ့သည်။ ပထမပိုင်း ၈ မိနစ်မှာ အမေရိကန် အလယ်တန်း ကစားသမား ဖြစ်သူ Megan Rapinoe ရဲ့ဖြတ်တင်ပေးမှုအား တိုက်စစ်မှူး Lauren Cheney ကြားဖြတ်ပြီး ညာခြေဖြင့် ပိတ်သွင်းမှုသည် ဂိုးသမား မရှိသော ဂိုးတိုင်ရဲ့ နဘေးသို့ ပွတ်ကာသီကာ ကပ်ထွက်သွားခဲ့သည်။

ပထမပိုင်း တစ်ပိုင်းလုံး အမေရိကန်တို့ ဦးဆောင်ပြီး အသေအချာ တိုက်စစ် ဆင်နိုင်ခဲ့မှုကြောင့်  ဂိုးသွင်းခွင့် အကြိမ်ကြိမ် ရရှိခဲ့သည်။ ပွဲချိန် ၁ရ မိနစ်တွင် ဘယ်တောင်ပံမှ အလယ်တန်း ကစားသမား မီဂန် (Megan Rapinoe) ထိုးပေးခြင်း မရှိပဲ အလွတ်ကန်ထည့် မှုက ဘေးထွက်သွားခဲ့သည်။ ဂိုးသွင်းရဲ့ အသင့်စောင့်နေသော အမေရိကန် တိုက်စစ်မှူးတို့ အတွက် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်။ ၃၈ မိနစ် အရောက်တွင် ဒေါင့်ကန်မှ ရရှိလာသော ဘောလုံးကို ဂျပန် တိုက်စစ်မှူး ကာဝါဆုမီ (Nahomi Kawasumi) အပြင်းကန်ထည့်ရာ ဂိုးဘားပေါ် ကျော်ပြီး ဂိုးလွန်ဘော ဖြစ်ခဲ့သည်။ ဒုတိယပိုင်း ပြီးလုပြီးခါနီး အချိန်တွင် ဂျပန် တိုက်စစ်မှူး အွမ်နို (Shinobu Ohno)ရဲ့ ဖြတ်တင်ပေးမှုအား ကွင်းလယ် ကစားသမား အင်ဒို (Kozue Ando ) ခြေထောက်ဖြင့် ဝင်ပိတ်မှုသည် ထိသည်နှင့် ဂိုးဖြစ်သွားနိုင်ပေမယ့် မထိခဲ့ပဲ ချော်သွားခဲ့သည်။

ပထမပိုင်းအား အမေရိကန်တို့သည် ဂျပန် အသင်းအား အပြတ်အသတ် ဖိကစား နိုင်ခဲ့ပေမယ့် ဂိုးမရရှိခဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး ဒုတိယပိုင်း ပြန်လည် ကစားခဲ့ရာမှာ ဂျပန်တို့ အနေဖြင့် ယခင် ကစားခဲ့သည့် ပုံစံ အတိုင်း အေးအေးဆေးဆေးဖြင့် တန်ပြန် တိုက်စစ် ကောင်းကောင်း လုပ်နိုင်ခဲ့ကြသည်။ ဂျပန်တို့သည် ထိုးဖောက်မှုအား နည်းသော်လည်း ထိုးဖောက်သည့် အလုံးတိုင်းသည် တစ်ဘက် အသင်း အပြင်းအထန် ဖြတ်ထုတ် ခဲ့ရသည်။

ဒုတိယပိုင်း ဘောလုံး ပိုင်ဆိုင်မှုသည် ပထမပိုင်းကဲ့သို့ တစ်ဘက်သတ် မဆန်တော့ပဲ တစ်ဘက်နှင့် တစ်ဘက် အပြန် အလှန် ထိုးဖောက်ခဲ့ကြပြီး ဂျပန်နောက်တန်းတို့ အမှားများခဲ့ကြသည်။ ပွဲစဉ်သည် ပထမ တစ်ပိုင်းလုံး ကြည့်မကောင်း ခဲ့ပေမယ့် ဒုတိယပိုင်းတွင် ပိုမို မြိုင်ဆိုင်လာခဲ့ပြီး အဖွင့်ဂိုးအား အမေရိကန်တို့ စတင် ရရှိခဲ့ကြသည်။ ပွဲချိန် ၆၉ မိနစ်တွင် အုပ်စုလိုက် တိုက်စစ် တက်သွားသော ဂျပန်တို့သည် အမေရိကန် ဂိုးစည်း နားမှာ စုပြုံနေကြစဉ် ကျွံထွက်လာသော ဘောလုံးကို အမေရိကန် ကွင်းလယ် ကစားသမား Megan Rapinoe မှ အမှတ်မထင် ဖြတ်တင်ပေးမှုအား အမေရိကန် တိုက်စစ်မှူး ဖြစ်သူ အဲလက်စ် မော်ဂန် (Alex Morgan)မှ နောက်တန်း နှစ်ယောက် အကြား အပြင်းကန်သွင်းပြီး အဖွင့်ဂိုး ယူသွားခဲ့သည်။

ဦးဆောင်ဂိုး ပေးလိုက်ရသော်လဲ တည်ငြိမ်စွာ ဖြည်းဖြည်းချင်း အပေးအယူ မှန်မှန်ဖြင့် ဂျပန်တို့ တိုက်စစ် ဆင်လာမှုကြောင့် ပွဲချိန် ၈၁ မိနစ် အရောက်တွင် အမေရိကန် နောက်တန်းများ အမှားမှ တစ်ဆင့် မီရာမာ (Aya Miyama)မှ အပိုင်ပိတ်သွင်း ယူခဲ့ပြီး ဂျပန်တို့ အတွက် ခြေပဂိုး သွင်းပေးခဲ့သည်။ တစ်ဘက် တစ်ဂိုးစီဖြင့် မိနစ် ၉ဝ အပြီးတွင် အချိန်ပို ကစားဖို့အတွက် ဖြစ်စေခဲ့သည်။

အချိန်ပို ကစားသည့် အချိန်တွင် နှစ်ဘက် ကစားသမား များသည် မောပန်း နွမ်းနယ်မှုအား မပြကြပဲ ဗိုလ်လုပွဲ ဆိုသည့် အသိစိတ်က သူတို့အားလုံးအား လန်းဆန်းစေခဲ့သည်။ အဆိုပါ အချိန်ပို ကစားစဉ်တွင်လဲ ဦးဆောင် ဂိုးအား အမေရိကန် တို့ကပဲ ထပ်မံ ရရှိခဲ့ပြီး ၁၀၄ မိနစ်တွင် မောဂန်ရဲ့ ဖြတ်တင်ပေးမှုက တစ်ဆင့် နောက်တန်း တစ်ယောက်အား ကျော်ကျလာသော ဘောလုံးကို တိုက်စစ်မှူး ဝမ်းဘတ်ချ် (Abby Wambach )မှ အပိုင် ခေါင်းတိုက် သွင်းယူပြီး အမေရိကန်တို့ ဦးဆောင် ခဲ့ပြန်သည်။

စိတ်ဓာတ် မကျသော ဂျပန် ဆာမူရိုင်း မလေးများသည် ပုံမှန်အတိုင်း ဖြည်းဖြည်းချင်း အပေးအယူ အချိတ်အဆက် များဖြင့် ထိုးဖောက်ရင်း ပွဲချိန် ၁၁ရ မိနစ်အရောက်တွင် ဂျပန်တို့ရဲ့ အသင်းခေါင်းဆောင် ဆာဝါ ( Homare Sawa)မှ မီရာမာရဲ့ ဒေါင့်ကန်ဘောအား အဆုံးသတ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ မိနစ် ၁၂ဝ အရောက်တွင် ဂျပန် အမျိုးသမီးဘက်မှ နောက်တန်း ကစားသမား Azusa Iwashimizu တိုက်ရိုက် အနီဖြင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ပွဲချိန် ပြည့်လုပြည့်ခင် အချိန်တိုင်းမှ သရဖူ လုခံရနေရသော အမေရိကန်တို့သည် ပင်နယ်တီ အဆုံးအဖြတ် ကန်ရမည့် အချိန်သို့ မရောက်ချင် ရောက်ချင်ဖြင့် ရောက်ရှိခဲ့ကြသည်။

ပင်နယ်သီ အဆုံးအဖြတ် ကန်သွင်းရာမှာတော့ ယနေ့ ချန်ပီယံ ဖြစ်လာခဲ့သည့် ဂျပန် အသင်းသည် ၄ လုံးသာကန်သွင်းရပြီး ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်လာခဲ့သည်။ ပထမဆုံး ပင်နယ်သီ အဆုံးအဖြတ် ကန်သွင်းမှု အဖြစ် အမေရိကန် အမျိုးသမီး အသင်းမှ Shannon Boxx စတင် ကန်သွင်းရာ ဂျပန် ဂိုးသမား ခြေထောက်ဖြင့် ထိပြီး ဂိုးမဝင်ခဲ့ပေ။ ဂျပန်အသင်းမှ မီရာမာ ကန်သွင်းရာမှာတော့ နာမည်ကြီး အမေရိကန် ဂိုးသမား ဆိုလို လှုပ်ချိန်ပင် မရရှိခဲ့ပဲ ဂိုးဝင်သွားခဲ့သည်။

ဂျပန် ဂိုးသမား၊ ရွှေဖိနပ်ဆုရ အသင်းခေါင်းဆောင် ဆာဝါ၊ နည်းပြဖြစ်သူ တို့ဆုံဆုံညီညီ

ဒုတိယ ပင်နယ်သီအား အမေရိကန်မှ Carli Lloyd ကန်သွင်းရာ ဂိုးပေါ်ထောင်သွားခဲ့ပြီး ဂျပန်မှ Yuki Zagasato ကန်သွင်းမှုသည်လဲ အမေရိကန် ဂိုးသမားမိသွားခဲ့သည်။ တတိယဂိုးအား အမေရိကန်မှ Tobin Heath ကန်သွင်းရာ ဂျပန် ဂိုးသမား ပုတ်ထုတ် နိုင်ခဲ့ပြီး ဂျပန်အသင်းမှ Mizuho Sakaguchi ကန်သွင်းရာမှာ ဂိုးဝင်သွားခဲ့သည်။ စတုတ္ထ ဂိုးအဖြစ် အမေရိကန်မှ တိုက်စစ်မှူး ဝမ်းဘတ်ချ် ကန်သွင်းမှုသည် ဂိုးဝင် သွားခဲ့သည်။ ဂျပန်ကစားသမား  Saki Kumagai မှ အဆုံးအဖြတ် ဂိုးအား အမှားအယွင်း မရှိ ကန်သွင်းပြီးသွားခဲ့သော အချိန်တွင် ဂျပန်တို့ ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သည်။ အမေရိကန် အမျိုးသမီး အသင်းသည် နောက်ဆုံး ၅ လုံးမြောက် အထိ မကန်ရတော့ပဲ ဂျပန်အသင်းအား ချန်ပီယံ ဖြစ်ခွင့် ပေးခဲ့ရတော့သည်။

ရွှေလက်အိပ် ဆုရ အမေရိကန် ဂိုးသမား ဆိုလို

ပွဲပြီး ရလဒ် အားဖြင့် ဂျပန် ၅-၃ အမေရိကန် ဖြစ်ခဲ့ပြီး အာရှမှ ဂျပန်တို့သည် သမိုင်းသစ် ရေးထိုး နိုင်ခဲ့သည့် အပြင် အဆိုးရွားဆုံး သဘာဝ ဘေးဒဏ် ကြံ့ကြံ့ခံ ဂျပန် ပြည်သူတွေ အတွက် အားဆေးတစ်ခွက် အပြည့်အဝ တိုက်ကြွေး နိုင်ခဲ့ပြီး တာဝန်ကျေမွန်သော ဆာမူရိုင်းမလေးများ ဖြစ်လာခဲ့ပေတော့သည်။ အာရှရဲ့ သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့သော ၂၀၁၁ အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ ဂျပန် အသင်းသည် အာရှတစ်ခွင် မွှေးရနံ့တို့ဖြင့် သင်းပျံ့နေဦးမည် ဖြစ်ပြီး  နှစ်ပေါင်းများစွာတိုင် ဆာမူရိုင်း မလေးများရဲ့ သမိုင်းသည် ခိုင်မြဲစွာ တည်ရှိနေပေတော့မည်။

 

http://mutdfan.com/index.php/readmore/post/37514

9 comments

  • Shwe Tike Soe

    July 18, 2011 at 8:53 am

    ဝေးးးးးးးးးးး အာရှရဲ. ဂုဏ်ယူစရာသတင်းပါပဲဗျာ…. မိန်းကလေးတွေပေမယ့် တော်လိုက်ကြတာ …..
    အာရှအတွက် ဂျပန်မလေးများ….

  • zawmyothu

    July 18, 2011 at 9:10 am

    ဂျပန်အမျိုးသမီးအသင်းကတော. ကမ္ဘာ.ဖလားရသွားပြီ
    တို.မြန်မာ အမျိုးသမီး အသင်းကရော ဘယ်တော……………….

  • ကြောင်ကြီး

    July 18, 2011 at 9:19 am

    ဂျပန်နဲ့တရုတ်က ကမာ္ဘပေါ်မှာ ခေါက်ဆွဲအစားဆုံး လူမျိုးတွေပဲ။ အင်း……

  • Yan Shin

    July 18, 2011 at 9:36 am

    ဂုဏ်ယူစရာပါ
    အာရှအတွက် ဂုဏ်ယူတယ်။
    နောက်တော့ မြန်မာအတွက်လဲ ဂုဏ်ယူခြင်ပါသေးတယ်………………….

  • weRone

    July 18, 2011 at 10:13 am

    သူတို့တွေ တကယ့်ကို ဂုဏ်ပြုထိုက်ပါတယ်။ လူကောင်းချင်း ယှဉ်ကြိုက်လိုက်.. ။တခြားစီပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲထွားကြိုင်းတဲ့ ပြိုင်ဘက်ဖြစ်နေပါစေ.. စိတ်ဓါတ်ကောင်းကောင်းနဲ ယှဉ်ပြိုင်ရင်.. အနိုင်ရစမြဲပဲနော်.. ဒါတောင် တစ်ယောက် အထုတ် ခံလိုက်ရသေးတယ်…. ဂျပန်ပြည်သူအတွက် လည်း တကယ့်ကို အားဆေးတစ်ခွက်ပါပဲ…
    Ometetoo……

  • pan pan

    July 18, 2011 at 10:44 am

    အာရှအတွက်တော့ ဂုဏ်ယူရပါပြီ
    ဂျပန်နိုင်ငံကလူတွေကတော့ ပြောနေစရာတောင်မလိုတော့ဘူး
    တို့တွေလည်း အဲလိုဂုဏ်ယူချင်တယ် ဂုဏ်ယူခံချင်တယ်

  • windtalker

    July 18, 2011 at 1:15 pm

    များမကြာမှီ ကျုပ် တို ့မြန်မာအမျိုးသမီး ဘောလုံးအသင်း မြန်မာ အမျိုးသား အသင်းတို ့လည်း သူတို ့နည်းတူ ရယူနိုင်တော့မည် ( စိတ်ကူးယဉ်ကြည့်ခြင်း )

  • MOEPWINTPHYU

    July 18, 2011 at 1:27 pm

    ဂုဏ်ယူလိုက်ပါပြီ

  • shwe ni

    July 18, 2011 at 3:22 pm

    သူတို့ပျော်တာ ကြည်ူပြီး ကိုလဲ ပျော်လာတယ် ။

Leave a Reply