ခေါစာပစ်ခြင်း

moonpoemJuly 18, 20111min37625

ဘယ်သူမဆို နေမကောင်းဘူးလို ့ ကိုယ့်ကိုကိုယ် ခံစားမိတာနဲ ့ တော်ရုံသင့်ရုံလောက် ရောဂါဆိုရင် ဆေးဆိုင်မှာ
ဆေးပြေးပြီး ဝယ်သောက်မယ်။ နေမကောင်းတာထက် အဆင့်ကျော်ပြီး ဖျားလာပြီဆိုရင်တော့ ဆေးခန်းကိုသွားပြီး
ဆရာဝန်ပြကြတာ ထုံးစံပါပဲ။ ဒါပေမယ့် အခု မြို ့ကြီးတွေမှာသာ အဲလိုဆိုပေမယ့် နယ်ဘက်တွေမှာတော့ ကလေးတစ်ယောက်
နေမကောင်းဖြစ်ပြီ ဆိုရင် ဆေးဝယ်သောက်တာ ဆေးခန်း ပြတာကနောက်မှ လုပ်ပြီး ၊ဗေဒင်မေးပြီ း ခေါစာပစ်ကြတာအရင်
လုပ်ကြပါတယ်။ ကလေးကို လေချွန်နတ်သူငယ် ဒါမှမဟုတ် သရဲ တို ့ပြိတာ္တတို ့က အစားစားချင်လို ့ဖျားအောင်လုပ်တာဆိုတဲ့
အစွဲနဲ ့ နှီးနဲ ့ယက်ထားတဲ့ ခွက်ငယ်လေးမှာ ထမင်းလုံး၃ဆုပ်၊ မုန် ့ဖြူ မုန် ့နီတွေ ထည့်ပြီး ဘုရားပုထိုးတွေမှာ သွားပြီး
နေ ့နံအလိုက် သွားထားကြပါတယ်။ များသောအားဖြင့် ညောင်ပင်အောက်မှာ ထားကြတာပါ။ အဲဒီအချိန်မှာ ခွေးတို ့ကြောင်တို ့
လာစားပြီ ဆိုရင်တောင် သရဲ ကပူးပြီး စားတာ သိပ်မကြာခင် ကလေးနေမကောင်းတာ ပျောက်ပြီဆိုပြီး ယုံကြည်ကြပါတယ်။
ခေတ်နဲ ့အညီ နေတဲ့သူတွေတောင် ခေါစာပစ်ပြီး မှ ဆေးခန်းသွားပြီး ဆေးထိုးရင်ပိုထိရောက်တယ်လို ့လည်း ဆိုကြတယ်။
နေထိုင်တဲ့ နေရာ ၊ မြို ့အလိုက် ခေါစာပစ်ပုံတွေ ကွာခြားနိုင်ပါတယ်။ သူငယ်ချင်းတို ့လည်း သူငယ်ချင်းတို ့ရပ်ရွာက
ခေါစာပစ်တဲ့အကြောင်းအရာကို သိခဲ့ရင် မျှဝေပေးပါလား။

25 comments

  • windtalker

    July 18, 2011 at 12:14 pm

    ဒီလိုမျိုးတွေ က နယ်တွေ ဘက် မှာ ပဲ ရှိတော့မယ် လို ့ထင်ပါတယ် ။
    မြို ့ကြီး တွေ မှာ သိပ်မတွေ ့ရ သလောက်ပါပဲ ။

  • zawmyothu

    July 18, 2011 at 12:29 pm

    နယ်ဖက်တွေမှာတော. ညနေခင်း လောက်မှာ ရွာအပြင်ဖက်က အပင်အောက်(သူတို. ဒီအပင်နား ဖြတ်သွားလို. ဖျားတာ ဘာညာ) မှာသွားပြီး ထမင်း၊လက်ဖက် တို. ပစ်တာတွေတော. ရှိတယ်ဗျာ။

  • pan pan

    July 18, 2011 at 1:44 pm

    ကျမ္မာရေးအတွက်တင်မက တခြားအကြောင်းတွေအတွက်ပါ ခေါစာပစ်ကြတာရှိတယ်

  • MOEPWINTPHYU

    July 18, 2011 at 1:55 pm

    ဒါမျိုးတွေ မတွေဘူးပါ ငယ်ငယ်က ရွာမှာနေဘူးတယ်အဲဒါမျိုတွေမလုပ်ကြပါဘူး စစ်ကိုင်းတိုင် ထဲက ရွာလေးတစ်ရွာပါ

  • weRone

    July 18, 2011 at 1:56 pm

    မယုံလည်းခက် ယုံလည်းခက်ထဲမှာ ပါမယ်ထင်တယ်။ ကျွန်မ တူလေး ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ဖျားတာ ဆေးလည်း တိုက်တယ် ဆေးလည်းထိုးပေးတယ်။ သက်ပဲသက်သာပြီးအရှင်း ပျောက်မသွားဘူး။ ကလေး က တမှိန်မှိန် နဲ ။ အဲဒါ နဲ တခြားရွာက နတ်ဝင်သည် ( နတ်ကတော် မဟုတ်ပါ) ဆီမှာ သွားပြီးမေးကြည့်တော့ ရွာထိပ် တံတား က နေ ကလေးရဲ့ အဖေ နောက်ကလိုက်လာတာ စားချင်သောက်ချင်လို့ လို့ ပြောတယ်။ ညနေကြတော့ သူပြောတဲ့ အတိုင်း အစုံအလင်ထည့် ပြီးတော သွားပစ်လိုက်တယ်။ သွားပစ်တဲ့ သူက ပြန်မရောက်သေးဘူး ကလေး က လန်းလန်း ဆန်းဆန်း ဖြစ်ပြီး ရယ်လို့ မောလို့ ဆော့ လို့ နေပြီ။ ကဲ့ .. မယုံဘူးလို့ ပြောရ အောင်လည်း.. ခက်တယ်။ ယုံတယ် လို့ ပြောရအောင်လည်း ခတ်တယ်….

  • usnczn

    July 18, 2011 at 3:09 pm

    ကိုယ်တွေ့ကြုံမှ ယုံကြပါ။
    တို့ကတော့တွေ့ဖူးလုပ်ဖူးပါရဲ့ ။
    ဒါပေမဲ့ ခေတ်လူတွေက ပြောရင်ယုံချင်မှယုံတော့ ……..။

  • စုံ စုံ

    July 18, 2011 at 3:17 pm

    ကျမအဖေကသူ့ရိုးရာအတိုင်းနှစ်စဉ်နတ်ကတော့ရတယ်
    မနက်ပိုင်းထမင်းဖြူ၊မုန့်ဖြူ၊မုန့်နီ၊ငါးကြော်နဲ့နောက်လိုအပ်တာတွေထည့်ပြီးရင်
    အဖွားကရွတ်ဖတ်ပြီးနတ်ကန်တော့တာပေါ့
    ကန်တော့ပြီးရင်တော့ပစ္စည်းစုံပါတဲ့တစ်ပန်းကန်ကိုသပ်သပ်ဖယ်ထားတယ်
    ညမှောင်ပြီဆိုရင်အိမ်နားကသစ်ပင်ကြီးကြီးမှာအဖွားကအဲ့ဒိပန်းကန်ကိုသွားစွန့်တယ်
    ခေါစာပစ်တယ်လို့ပြောတာဘဲ
    ရီစရာအနေနဲ့ဆိုရင်တော့အဖေကအဖွားစွန့်ထားတဲ့ပန်းကန်ကိုသွားပြန်ယူတယ်
    ပြီးရင်ကျမတို့မောင်နှမတွေကမုန့်ဖြူမုန့်နီတွေကိုလုစားကြတယ်
    အဲ့ဒါတွေကကျမတို့ငယ်ငယ်ကအဖေလုပ်ခဲ့တာပေါ့
    အခုတော့အဖေလဲနတ်မတင်တာတော်တော်နှစ်ကြာနေပြီဆိုတော့
    ခေါစာလဲမပစ်တော့ဘူး
    ကျမတို့မောင်နှမတွေလဲလုမစားဖြစ်ကြတော့ဘူးပေါ့ 🙂

  • etone

    July 18, 2011 at 4:42 pm

    အရင်က အယူတွေပါ .. အခုထိလည်း တစ်ချို့တွေ ယုံနေတုန်းပါပဲ … ။ ဒဂုံမြို့သစ် စတည်တော့ အဲ့ဒီဘက်မှာ အလံဖြူလေးတွေနဲ့ ထမင်းတွေ ကျွေးထားတာ တွေ့တယ်… ဘာလုပ်လည်း မေးကြည့်တော့ ခြံစောင့်အောင် ခေါစာပစ်တာတဲ့ … ။

  • kai

    July 18, 2011 at 4:48 pm

    တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ.. ဘာသာရေးအယူသည်းပြီ..ဖြုန်းတီးပစ်တာမျိုးပဲ..။
    တပြည်လုံးအတိုင်းအတာနဲ့.. တနှစ်စာ ချိန်တွက်ရင်.. ခေါစာပစ်လို့ ..ကုန်သွားတဲ့.. အစားအစာဖိုးငွေတွေ.. သိန်းပေါင်းဘယ်လောက်ရှိမယ်ထင်သလည်း…။

    ချမ်းသာတဲ့ တိုင်းပြည်တွေမှာ..ပြသနာသိပ်မရှိပေမဲ့.. ဆင်းရဲတဲ့တိုင်းပြည်မှာဆို.. ဥပဒေထုတ်ပြီးကို ..ပိတ်ပစ်ဖို့ကောင်းတယ်..။

  • Shwe Tike Soe

    July 18, 2011 at 4:50 pm

    ခေါစာပြစ်တာလား တော့မသိဘူး ကျွန်တော် တို.ကတော့ ငယ်ငယ်တုန်းက .. အမျိုးတွေအိမ်မှာ ဟင်းပွဲတွေအစုံ ဘိလပ်ရည် ပုလင်း ၃ ပုလင်း အရက် တစ်ပုလင်း နဲ. ဖယောင်းတိုင်လေးတွေထွန်းပြီး ပြင်ထားတာ..
    အဲဒါပြီးရင်တော့ ဘိလပ်ရည်နဲ.အရက်ပုလင်းကို အဟောင်းအသစ်လဲ အဟောင်းကိုတော့ ကျွန်တော်သောက် ပြီးရင် လင်ပန်းလေးနဲ. ဟင်းတွေကို နဲနဲ စီ ထည့်ပြီး ရင် တော့ ကျန်တာ တွယ်ပြီးဗျာ……. ဟဟဟဟဟဟဟ
    ဘာပဲဖြစ်ဖြစ် အဲဒီနေ.က တော့ ပျော်တယ်

  • moethidasoe

    July 18, 2011 at 5:12 pm

    ရွှေတိုက်စိုးက တရုတ် စပ်လို့လား .. အဲဒီလောက် များများ လုပ်ရင် တရုတ်တွေ တစ္ဆေကြီးပွဲ ပေးတာနဲ့ တူနေလို့ ..
    တရုတ်တွေက ပိုလုပ်ပါတယ် .. ခေါစာတော့ မဟုတ်ဘူး .. တစ္ဆေကြီးပွဲ တဲ့ ပုံမှန်အားဖြင့် ဧပြီလဆန်းလောက်မှာ တွေ့ရတတ်တယ် ..
    ခေါစာကတော့ နှီးခွက် .. ဘန်း .. ပလုံး .. လေးတွေနဲ့ ထည့်ပြီး ကျွေးတာ ..
    ဗုဒ္ဓကတော့ ပြိတ္တာ .. ကို မပယ်ဘူး .. ပြိတ္တာ ဆိုတာ အကုသိုလ်ကံကြောင့် တွေ့နေမြင်နေပေမယ့် စားလို့ မရ .. ကျွေးတာတောင်မှ အမျှဝေပြီး ရည်မှန်းပြီး ကျွေးမှ ရတာဆိုတော့ .. ကျွေးအောင်လို့ တွယ်ကပ်တယ် ဆိုတာ ရှိတတ်တယ် .. ကိုယ်တွေ့ မကြုံဖူးပေမယ့် .. လူနာထဲမှာ အဲဒီလို တွယ်ကပ်နေတဲ့ လူတစ်ယောက်ကို ကုခဲ့ဖူးတယ် .. အဲဒီလူနာ တက်တာ ဘာဆေး ပေးပေး ခဏသာ သက်သာသွားတယ် .. နောက် ဝင်ပူးပြီး .. အမဲသား တောင်းလို့ သစ်ပင်မှာ ချိတ်ပေးလိုက်တော့ .. နောက်ပိုင်း မတက်တော့ဘူး ..
    တခုတော့ ရှိတာပေါ့ hysteria ဆိုရင်တော့ မပြောတတ်ဘူး .. ဒါပေမယ့် hysteria မှာ ဆေးထိုးရင် ကြောက်တယ် .. နာတတ်တာကိုး

  • windtalker

    July 18, 2011 at 7:51 pm

    hysteria ဆိုတာ ဘာများပါလိမ့် ။ သိချင်လိုက်တာနော်
    ကျုပ်တို ့က ဘွဲ ့မရ ပညာမတတ် ဆိုတော့ သိချင်လို ့ပါ

  • ကျွန်တော်ကတော့ နတ်ဆိုရင်မုန်းတယ်။ မြန်မာပြည်က သောက်နတ်တွေ သောက်ကျင့်မကောင်းလို့ တိုင်းပြည် မွဲနေတာပေါ့။ သူတို့သာ မ“ရင် မြန်မာပြည်ကြီး ဘယ်ဒီလိုနေမလဲ။ ပြောရဦးမယ်။ ကျွန်တော် တစ်မိသားစုလုံးနဲ့လမ်းခွဲလာတဲ့အကြောင်းရင်းက အိမ်က အိမ်တွင်းအုန်းသီးကို လွှင့်ပစ်လိုက်လို့ဗျ။ တစ်အိမ်လုံးနဲ့ကို ဖိုက်ပြီး အိမ်ပေါ်ကဆင်းလာတာ။ ဒီနေ့ဒီအချိန်ထိ ဒီပြဿနာ မပြီးသေးဘူး။ ပြိတ္ထာတွေ ဘာတွေ မရှိဘူးလို့ မယုံတာမဟုတ်ပါဘူး။ သူတို့ကို ပင့်ရမ“ရတဲ့အလုပ်ကို လုံးဝပဲဗျာ။

    • Foreign Resident

      July 19, 2011 at 1:27 am

      Agree, ရှုံးနိမ့်နေသူတစ်ဦး,

      I do believe နတ် & ပြိတ္တာ ( because I am Buddhist ),
      But I don’t care/afraid to them ( သူတို့ကို ပင့်ရ မရတဲ့အလုပ်ကို လုံးဝပဲဗျာ )
      When I was young & boring,
      I frequently go & swear ( ဆဲ​ ) to နတ် in front of all နတ်ကွန်း in Kyeik Htee Yoe & Poppa ( Eg, Byat Weak, Byat Tha, Shwe Phyin Nyi Naung, their mother & even Taung Paing Pho Pho Gyi ).
      So far, I don’t believe those နတ် are more powerful than me,
      Instead, I believe I am more powerful than that နတ်.
      ( For example, I can swear & kick their နတ်ကွန်း, but they cannot kick me back. So, in particular, I am more powerful than နတ် )

      But, day after day, I pity to them & I realized that they (နတ်) are weaker being & it’s unfair to bullying them repeatedly.
      It will not have positive outcome.

      So, now, I try not to do bullying to them again.

    • kai

      July 19, 2011 at 1:46 am

      စာရေးဆရာကြီးသော်တာဆွေလည်း.. သူများအိမ်က..အုန်းသီး..ဘောလုံးလုပ်ကန်ဖူးတယ်..။
      တနှစ်တနှစ်.. အုန်းသီးခေါစာနဲ့.. ဆုံးရှုံးသွားတဲ့.. အုန်းသီးငှက်ပျောသီးဘယ်လောက်များမလဲ..

      မြန်မာပြည်အိမ်ထောင်စု ၁ဝသန်းထား..။ အိမ်ထောင်စု ၃ပုံတပုံကလုပ်တယ်ထား..။
      အိမ်ထောင်စု… ၃သန်းအသာလေးရှိတယ်..။

      တနှစ်တနှစ်… အဲဒီနတ်တွေ “အုပ်”နေတာ..(အုံးသီးတမျိုးထဲတင်)ဒေါ်လာသန်းချီမယ်ထင်တယ်..။
      တိုင်းပြည်အနာဂါတ်တွေကို… ကြိမ်စာတိုက်ထားတာပဲ..။
      အစိုးရ( မင်းကောင်းမင်းမြတ်) တွေက… အဲဒါမျိုးကို.. မင်းမိန့်ထုတ်ပြီး ပိတ်သင့်တယ်..။

      • မင်းပြည့်ရှိန်

        July 19, 2011 at 7:55 am

        ပိုက်ဆံတွေ မီးရှို့တာလည်းပြောလိုက်ပါဦး.. သဂျီး…
        အမွှေးတိုင်တွေလေ……
        အပင်တွေလည်းကုန်… ပိုက်ဆံလည်းကုန်…. ရောဂါလည်းရ…
        သူလည်း အရေမရ.. အဖတ်မရထဲ ပါတယ်..
        အငွေ့ဖြစ်ပြီး ပျောက်သွားတာ…

        • kai

          July 19, 2011 at 8:52 am

          အမွေးတိုင်က… ရှုမိတဲ့သူတွေ အမွေးနံ ့လေးရတာပေါ့..။
          ကောင်းပါသေးတယ်..။
          အပင်တွေမပြုန်းတီးအောင်တော့.. ဂရုစိုက်ရမှာက တပိုင်းပါ။

          စီးပွားရေးသမားကတော့.. ဘာဂရုစိုက်မှာလည်း..
          အကုန်ခုတ်လှဲပြီး အမွေးတိုင်လုပ်မှာပါ..။
          အစိုးရက.. သစ်ပင်တွေရဲ့တန်ဖိုးနဲ့စက်ပြီး.. အထူးအခွန်ချသင့်တာပေါ့..။

      • ogre

        July 19, 2011 at 1:58 pm

        နတ်ကို လုံးဝမယုံဘူးဗျာ
        အဲဒီနတ်ထက် …နတ်ကတော်ကိုပိုမယုံဘူး
        ဘာလို့မယုံဘူးပြောလဲဆို …အသိနတ်ကတော်တစ်ယောက်ကို
        ခင်ဗျားတစ်ကယ်နတ်ဝင်တားလားမေးတော့ဆိုတော့သူက …
        ““ငါစီးပွားရေးလုပ်စားနေတာပါတဲ့””
        ရှင်းနေပါပြီ……..
        ဆရာသော်တာဆွေကတော..သူများအိမ်ကအုန်းသီး ကိုဘောလုံးလုပ်ကန်တာ
        ကျွန်တော်ကတော့ အိမ်တွင်းဆိုတဲ့ အိမ်အမှောင်ချောင်ထဲမှာနေတဲ့
        နတ်ကို အိမ်ကအဖေက အိမ်အပြင်ပထုတ်လိုက်တဲ့နေ့က .. တစ်ကယ်ဘောလုံးလုပ်ပြီး
        ကန်ခဲ့ကြတယ်။။။
        နတ်ကိုးကွယ်မှုကိုစတင်စွန့်ပစ်လိုက်တဲ့နေပေါ့။။။။
        နတ် ဆိုတာ ဘယ်လိုအမျိုးလဲဆိုတာသိအောင် ဥပမာလေးနဲပြောပါမယ်…
        နတ်ဆိုတာ..ကိုယ့်အိမ်ရှေလမ်းမမှာ သွားနေတဲ့ လူတစိမ်းနဲ့တူပါတယ်
        ကိုက ကိုယ့် ဘာသာ ဖာသိဖာသာမနေပဲ လမ်းပြင်ထွက် အတင်း အိမ်ပေါ်တက်ပါခေါ်ရင်
        တက်လာမှာပဲ….
        ထမင်းအတင်းကြွေးရင် စားသွားမှာပဲ
        ညကျရင်ကိုယ်မိန်းမနဲ့အတူတူသိပ်ရင် အိပ်သွားမှာပါ…
        ဒါကြောင့်သူ လဲသူ့လမ်းသူသွား ကိုယ်လဲ ကိုယ်အထာနဲ့ကိုယ်နေ…
        ..ဆပ်ဆော့ပြီးလက်ယပ်ခေါ်မိလို့ကတော့ ကိုယ်မိန်းမကိုပါလိပ်ပြာသိပ်သွားလိပ်မယ်
        အိမ်ရှုပ်…ခြင်ခို
        လက်ဖက်နဲ့ ပန်းဖိုး…အပိုကုန်ပြီး
        အိမ်မှာနေတဲ့ ဇနီးမယားနဲ့..သမီးသားကို
        အလကားနေရင်ဆွဲစားခံသွားရမယ်။။။
        မှတ်ကြ။။။
        ဘိုးတော် ဆိုတာတွေ ရှိသေးတယ်
        လမ်းလျှောက်ရင်မြေကြီးနဲ့ တစ်လက်မအကွာလောက်ပဲ ကြွ လျှောက်ပြပါ
        တစ်သက်လုံးကျွန်ခံလိုက်ပါ့မယ်လို့ ဘိုးတော်လုပ်စားတဲ့သူကို
        ဘဘုရားခေါ်သူများလဲ သတိထား ကိုယ်အမေနဲညားသွားမယ်။။။
        ပြောရင်းနဲ..အဲဒီဝါဒသမားတွေကိုစိတ်တိုတယ်။။။တော်ပြီ

  • 007James

    July 18, 2011 at 10:29 pm

    ကလေးတွေကိုတော့ခေါဇာပစ်တာတွေ့ဘူးတယ်။နေမကောင်းရင်မွေးနေ့မွေးသက်ကိုကြည့်ပြီး ပစ်ရတာ။စာအုပ်လဲရှိတယ်။မာတာယတြာ စာအုပ်လို့ခေါ်တယ်။

  • hmee

    July 18, 2011 at 11:59 pm

    နေမကောင်းလို့ ခေါစာပြစ်လို့ ပျောက်တယ် ပြောတာတော့ မယုံဘူး။ နောက်မှ ခေါစာ အပြစ်ကောင်းလို့ သေသွားတဲ့ ကလေးတယောက်အကြောင်း ပို့စ် တင်ဦးမယ်။

  • chitpyae

    July 19, 2011 at 8:20 am

    သူကြီးကတော့ အပြင်းအထန်ကို ကန့်ကွက်သလိုကြီးဖြစ်နေတယ်နော် ဟိးးးး 🙂
    မြန်မာပြည်မှာ တချို့အိမ်တွေက အဲဒီ့အယူအဆတွေ ကိုလက်ခံနေကြပါသေးတယ် ။ ဒါကိုတော့ အတင်းအကျပ်ကြီး ပြောလို့လည်း မရပါဘူး ။ သူတို့အယူအဆနဲ့ သူတို့ဆိုတော့လည်း …..

  • ကြောင်ကြီး

    July 19, 2011 at 9:34 am

    သေသွားတဲ့ ဆရာကြီးအီကြာကွေး အသက်ကြီးသည်အထိ နတ်တို့ဘာတို့ မယုံခဲ့ဘူးတဲ့၊ (နတ်ရူးတို့ ကြောင်နိုင်ပါပေ့ ဆိုလားမသိ သရော်စာအုပ်တောင်ရေးဖူးတယ်) ဒါပေမဲ့ သူ့အိမ်ရှေ့က ညောင်ပင်စောင့် ရုက္ခစိုးနတ်ကြောင့် နောက်ပိုင်းနတ်တွေကို ပေါက်ကရမပြောတော့ဘူးလို့ ဆိုက်တခုမှာ ဖတ်ဖူးတယ်။ ရွာထဲမှာ အရင်က အမြဲတင်ပေးထားတဲ့ သဂျီးဆီဆက်သွယ်လို့ရတဲ့ ပထမဆုံးပို့စ်မှာ အဲဒီအကြောင်းကို လင့်ခ်နဲ့အတူ မန်းဖူးတယ်။ ဟုတ်မဟုတ် သိသူများ ဖြေပေးကြပါအုံး…

    ကျနော်ခေါစာပစ်ပုံကတော့ သဂျီးတခုခု မတီးမတော်ရေးရင် မန်းပေးလိုက်တာပဲ 😀 တခါတလေလဲ ဘီလူးလို နာနာဘာဝတွေ့ရင် ဂမူကျွေးပြီး ထုထောင်းနှိပ်ကွပ်ပစ်လိုက်တယ်။ 😛

  • ဆူး

    July 19, 2011 at 10:29 pm

    ခေါစာ ပစ်တာတော့ တခါမှ မကြုံဖူးဖူး ကြားဖူးတယ်။ မုန့်ဖြူ မုန့်နီ ဆိုတာလည်း ပြောသံ ကြားဖူးတယ်။ တခါမှ မလုပ်ဘူးဘူး။ ဒါနဲ့ စကားမစပ် ကိုကြီးကျော် နဲ့ လက်ထပ်ထားတာ တို့ ဘာတို့.. နတ်နဲ့ ယူထားတာ ဆိုပြီး မင်္ဂလာဆောင် မုန့်တွေ အသိအမှတ်ပြု ဖို့ အရပ်ကို ခေါ်ကျွေးတဲ့ လူတောင် ရှိတယ်။ ယောကျားက ကြာတော့ စိတ်မရှည်ပဲ နောက်မိန်းမ ယူသွားတယ်။ ဘာတွေ မှန်းကို မသိပါဘူး နတ်ကိစ္စ တော်တော် ရှုပ်တယ်။

  • moethidasoe

    July 20, 2011 at 10:09 am

    အခု နတ် နတ် လို့ ပြောကြ ရေးကြတာတွေဟာ တကယ်တော့ ပြိတ္တာတွေပါ ..
    ခေါစာပစ်တယ်ဆိုတာလဲ ပြိတ္တာကို ကျွေးတာပါ ..
    နတ်ဝင်တယ် ဆိုတာ တကယ့် ကိစ္စတွေလဲ ရှိနိုင်ပေမယ့် အများစုက ………………….
    စဉ်းစားကြည့်ရင် သူလဲ ကန္နားပေးတယ် .. ကိုယ်လဲ ပေးတယ် တချိ်န်ထဲမှာ နေရာအနှံ့ ပေးနေကြတာ .. ဘယ်ကို သွားရမှန်းမသိ ခေါင်းမူးနေမှာပေါ့ ..
    ကိုယ့်ကို မဝင်ဖူးဆိုရင် နောက်တခါ ကိုယ့်ကို မခေါ်ကြမှာစိုးလို့ ဝင်ပူးဟန်ဆောင်ရတာ ..

    (စကားမစပ်)
    တခါက နတ်ကတော်တယောက်ကို ဆေးကုဖူးတယ် ..
    သူက တို့ရဲ့ အသိတယောက်ကို ကားပွဲစားလုပ်ပြီး ရောင်းလဲ ရောင်းပေးတယ် .. အဲဒီကားအတွက် နတ်ပွဲ ပေးရမယ် ဆိုပြီးတော့လဲ ဖန်လိုက်သေးတယ် .. အဲဒီနတ်ပွဲမှာ အရက်အသောက်လွန်သွားတော့ .. သွေးလဲ တိုးပြီး မူးလဲ သွားတော့ အပ်တချောင်း ထိုးပေးလိုက်တာ အော်လိုက်တာ ..
    နောက် သူ ရောင်းပေးတဲ့ ကားက လိုင်းပိတ်ခံရတဲ့ ကားဖြစ်နေလို့ ဝယ်တဲ့လူ ကော့သွားတာပဲ ..

  • etone

    July 20, 2011 at 11:59 am

    အဲ့ဒီကိစ္စတွေ လုံးဝအယုံကြည်မရှိဘူး … ဘိုးဘိုးတို့ ခေတ်ကတည်းက အိမ်မှာ အိမ်တွင်းအုန်းမထားဘူး ..ငယ်ငယ်က သူငယ်ချင်းတွေ ခြောက်လျှင်တော့ ကြောက်လိုက်တာပေါ့ … ။ နောက်တော့လည်း .. ဘာမှ မဟုတ်ပါဘူး .. ။
    တစ္ဆေကြီး ကန်တော့ပွဲတော့ လုပ်တယ်… ယုံလို့ မဟုတ်ဘူး … အဘိုးဘွားတွေ ကျွေးတယ်ပြောပြီး ကိုယ်ကောင်းကောင်းစားရလု့ ိ 😀 😀

Leave a Reply