Esoteric Art(သို့မဟုတ်)အန္တေဝါသိက ဂန္ဓာရီအကြောင်းတစေ့တစောင်း

ကျွန်တော် အရင်က ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးတစ်ပုဒ် ပြန်တွေ ့မိလို ့ တင်လိုက်တယ်။

မူရင်း ဆောင်းပါးရေးသူကို မမှတ်မိတော့ တဲ့အတွက် ခရက်ဒစ်မပေးနိုင်တော့ပါ။ အရင်က ကိုယ်စိတ်ဝင်စား

တာလေးတွေ လျှောက်ပြီး ဘာသာပြန်ထားတာ ဟိုတစ်စ ဒီတစ်စနဲ့ ဖြစ်နေတော့..မူရင်း ဆောင်းပါးကို

မတွေ ့မိတော့ပါပဲ။

=============================================================

အောက်ပါ ဆောင်းပါးသည် မှော်ပညာအကြောင်း၊အခြေခံနည်းနာများ၊အယူအဆများ၊ရိုးရာမှော်ပညာအယူအဆ

များနှင့်ခေတ်သစ်စိတ်ပညာနည်းနာများ၏ အခြေခံအကြမ်းဖျင်းအကြောင်းကိုလက်လှမ်းမှီသလောက်ဖော်ပြခြင်းသာဖြစ်

ပါသည်။ပထမဦးစွာ Esotericဆိုသည့်စကားလုံးကိုရှင်းပြရန်လိုပေသည်။ထိုစကားလုံးသည် ဂရိစကားလုံး Esoterikos

ဆိုသည့်စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ အဇ္ဈတ္တ ဟုဆိုသည်။နောက်စကားလုံး Occult သည်လည်း

လက်တင် စကား Occulere မှဆင်းသက်လာပြီး လျှိူ့ဝှက်ထားသော ဟု အဓိပ္ပါယ်ရသည်။ထိုစကားလုံးများသည်

လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများဖြစ်သည့် ဂန္ဓာရီ ၊ဂမီ္ဘရပညာများကို လေ့လာခြင်းကိုဖော်ပြပေသည်။

လျှိူ့ဝှက်မှုများသည် ထိုထိုသော ဂန္ဓာရီ ၊ဂမီ္ဘရ ကျောင်းတော်များ၊အဖွဲအစည်းများ၊မှော်အသင်းများ၏ အခြေခံပုံစံ

ပင်ဖြစ်သည်။ထိုအဖွဲ ့အစည်းများတွင် အထူးထူးသော ကျမ်းသစ္စာကျိန်ဆိုမှုများ၊စည်းမျဉ်းစည်းကမ်းများရှိပေသည်။

ထိုအချက်များကိုအသင်းသားများအနေနှင့် သေသည့်တိုင်အောင်လည်းကောင်း၊အဖွဲ ့အစည်းဖျက်သိမ်းသည့်တိုင်အောင်

လည်းကောင်းစောင့်ထိန်းလိုက်နာရပေသည်။အသင်းဝင်မဟုတ်သူများကိုလျှိူ့ဝှက်ချက်များပြောပြ၍ ဒဏ်ခတ်သည့်အလေ့

အထမှာ ရှေးပဝေသဏီမှ ယနေ ့တိုင်အောင်ရှိနေဆဲပင်ဖြစ်သည်။ဒဏ်ခတ်ခြင်းကို အဖွဲ ့အစည်းတွင်းရှိ တစ်စုံတစ်ယောက်

မှသော်လည်းကောင်း၊ကမ္မနိယာမ အရသော်လည်းကောင်း၊အပြစ်ကျူးလွန်သူကိုယ်တိုင်သော်လည်းကောင်းလုပ်ဆောင်စေ

သည်။လျှို့ဝှက်ချက်များကို မပေါက်ကြားအောင် ထိန်းသိမ်းရာတွင် အဆင့်အသီးသီးအလိုက် အမိန် ့အာဏာဖြင့်တင်းကြပ်စွာ

ထိန်းချုပ်ထားပေသည်။သို့မဟုတ် အခြားဖြစ်နိုင်ချေမှာ ဂိုဏ်းချုပ်တစ်ဦးတည်းမှသော်လည်းကောင်း၊ကောင်စီ၊ကော်မတီများ

မှသော်လည်းကောင်း၊စိတ်ချဖွယ် ရာထူးအဆင့်အတန်းရှိသော အသင်းဝင်တစ်ဦးမှသော်လည်းကောင်း လျှို့ဝှက်ချက်များကို

လိမ္မာသိုသိပ်စွာထိန်းသိမ်းထားနိုင်ပေသည်။ထိုသို့ထိန်းသိမ်းရခြင်းအတွက်အကြောင်းပြချက်များစွာရှိပေသည်။ထိုလျှို့ဝှက်

ချက်များ၊ပညာရပ်များသည် မယုံနိုင်လောက်အောင် စွမ်းအားထက်မြက်၍ မသမာသူလက်ထဲရောက်ရှိသွားပါက အလွန်

အန္တရာယ်ကြီးလှသည်။သို့မဟုတ် မသိနားမလည်သူများလက်ထဲရောက်ရှိသွားပါက အခြေအမြစ်မရှိသောအကြောင်း

အရာများအဖြစ် နှိမ်ချကာရယ်မောကြပေမည်။ထိုအချက်များသည်လက်ခံနိုင်ဖွယ်ရှိသည်။ထို့ထက်ပိုမိုလေးနက်သော

လျှို့ဝှက်ချက်များ၊ကျမ်းသစ္စာများ၊ကျင့်စဉ်များကို ထိန်းသိမ်းရသောအကြောင်းပြချက်များရှိကောင်းရှိပေမည်။

သို့ရာတွင် ထိုထိုသောလျှိူ့ဝှက်ချက်များကိုအလေးပေးထိန်းသိမ်းရခြင်းတွင်ကြောင့်ကြစိုက်နေရသဖြင့် စစ်မှန်သော

အသိပညာနှင့်ထိုးထွင်းသိမြင်နိုင်စွမ်းတို့တွင်အားနည်းသွားရပေသည်။ထိုပညာရပ်များ အမှန်တကယ်ရှိသော်လည်း

ဒဏ္ဍာရီသဖွယ်တိမ်ကောသွားရခြင်း၏အခြေခံအကြောင်းအရင်းတစ်ရပ်ပင်ဖြစ်သည်။သို့ရာတွင် ထိုသို့ဆိုရာ၌ ထိုအသင်း

ကြီးများသည် တင်းကျပ်စွာလျှို့ဝှက်သည့်၎င်းတို့၏ ပေါ်လစီကိုဉာဏ်နည်းစွာလုပ်ဆောင်မှုဟု အဓိပ္ပါယ်မသက်ရောက်ပါ။

(ဘလိုင်းကြီးလုပ်တယ်တော့ မဟုတ်ဘူးပေါ့။မူလဆောင်းပါးရှင်၏အာဘော်ကို
မိအောင် အထက်ကရေးသလို ကျမ်းဆန်ဆန်မရေးတော့ဘဲ စကားပြောနှင့်ရေးပါတော့မယ်။ စာရေးသူ)

ဘာပြောပြော ကျွန်တော့်စိတ်ထဲတော့ အဲဒီ ဂမ္ဘီရတွေ အန္တေဝါသိက ပညာရပ်တွေရဲ့လျှို့ဝှက်တာတွေကြောင့်မေး

ခွန်းတွေပေါ်လာတာတော့အသေအချာပါပဲ။ပညာရှင်တွေက အဲဒီအတတ်ပညာတွေကိုဖွက်ထားတယ်။ပြီးတော့ လျှို့ဝှက်ချက်

လို့ခေါ်သပေါ့လေ။အသိဉာဏ်ပညာတွေဆိုပြီးထိန်းသိမ်းထားတယ်။အဲ နောက်တစ်ခုက ဒီပညာရပ်တွေကိုရသွားပါစေဦး

အန္တရာယ်ကင်းကင်းမှန်မှန်ကန်ကန်သုံးတတ်ဖို့ဆိုတာမလွယ်ဘူးတဲ့။တစ်ကယ်အမှန်အကန်သုံးဖို့ဆို သင့်တော်တဲ့

ဉာဏ်အရည်အသွေး၊ထိုးထွင်းသိမြင်နိုင်မှု ပြီးတော့ နည်းလမ်းတွေအယူအဆတွေ အဲဒါတွေလိုအပ်သတဲ့။ Knowledge

ဆိုတာဘယ်ကမဆိုရနိုင်ပါတယ်။တစ်စုံတစ်ဦးထံမှ ဒါမှမဟုတ် အသင်းတွေ စာအုပ်တွေကလည်းရနိုင်တာပဲလေ။ဒါကိုသံသယ

မရှိနဲ့။ခုလို အင်တာနက်ခေတ်ကြီးမှာ ဘယ်ပညာရပ်မဆို အလွယ်တကူလေ့လာလို့ရနေတာ။အဲဒီ ဂမ္ဘီရတွေလည်းပါတာပေါ့ဗျာ။

အရင်တုန်းက တကယ့်ကိုလျှို့ဝှက်ထားတွေ ခု အကုန်လေ့လာနိုင်ပြီ။ဖွင့်ချလိုက်ပြီ။Search Engine သာကောင်းကောင်းသုံး

တတ်ဖို့ပဲ။
တခါတရံတော့လည်း ဒီလိုအင်တာနက်ပေါ်ဖွင့်ချတဲ့လူတွေကို ထိန်းချုပ်ရတာတော့ရှိတာပေါ့လေ။တချို့ဝဘ်ပေ့ချ်တွေက

ဖယ်ရှားခံရတယ်။တစ်ချို့ကတော့ဒီလို သူများတွေ(ဂိုဏ်းတွေ၊အသင်းတော်တွေ)ရဲ ့လျှို့ဝှက်ချက်တွေလူတကာသိအောင်လျှောက်

တင်တာမကောင်းဘူး၊ဘာညာပေါ့။သူတို့ပိုင်တဲ့ဟာ သူတို့ဘာသာဘာလုပ်လုပ်ပေါ့ဆိုပြီးပြောကြ ငြင်းကြတယ်။ဒီကိစ္စတွေကို

အချိန်ကုန်ခံလုံးပမ်းနေကြတာဘာအကျိုးရှိလို့လဲ။ဒီဝိဇ္ဇာပညာရပ်တွေကို နားလည်သဘောပေါက်ဖို ့ဘာတွေများအထောက်

အပံ့ပေးလဲ။သိချင်တာရယ်ပါ။ဆူဖီဆရာကြီးတွေကတော့ လုံးဝ open source ပဲ။စစ်မှန်တဲ့ ဂန္ဓာရီပညာရပ်တွေဟာ လျှို့ဝှက်

တယ်။ဖွင့်ပြောလို့မရဘူး။မပြောချင်တာမဟုတ်ဘူး။စကားလုံးတွေနဲ့ ဘောင်ခတ်သလိုမျိုးဖြစ်သွားမှာ။ပြီးတော့ အန္တေဝါသိက

ဆိုတာလည်း ဆရာနဲ ့တပည့် ရင်ဘတ်ချင်း ဂျက်ပင်ထိုးပြီးသင်ရတာ။(ဒီနေရာမှာHeart to heart လို့ဆောင်းပါးရှင်က

သုံးတယ်။ထိမိတဲ့စကားလုံး မစဉ်းစားတတ်တာနဲ ့မောင်ချောနွယ် ရဲ့စကားလုံးယူသုံးရတယ်။)ဒီတော့ကိုယ်တိုင်ကျင့်မှ

ကိုယ်တိုင်သိလာမှာ။ဗုဒ္ဓ ဘုရားရှင်တောင်မှ သူ့လမ်းစဉ်ကို လာလှည့် ကျင့်လှည့်လို့ဝေနေယျအားလုံးကိုဖိတ်ခေါ်တယ်။

ဘယ်လိုပဲဖွင့်ချပါစေ နားမလည်တဲ့သူတွေအတွက်တော့ မျောက်အုန်းသီးပေးသလိုပါပဲ။ဒါကြောင့်လျှို့ဝှက်တယ်ဆိုတယ်

ဆိုတာ ဘာအတွက်ပါလိမ့်။သူ့အနှစ်သာရကရော ဘာပါလိမ့်ဆိုပြီးကျွန်တော်တွေးမိတာပဲ။

စစ်မှန်တဲ့လျှို့ဝှက်ချက်ဆိုတာ တစ်စုံတစ်ဦးရဲ့ကိုယ်ရေးကိုယ်တာဘဲ။သဘာဝအရသူကိုယ်တိုင်ကြုံရတဲ့အတွေ့

အကြုံတွေ၊ထိုးထွင်းသိမြင်မှုတွေ၊နက်ရှိုင်းတဲ့စိတ်အလွှာကနေပွင့်ကျလာတဲ့ အသိဉာဏ်တွေ။မပြောချင်တာမဟုတ်ဘူး။

စကားလုံးမတင်နိုင်တာ။ဟမ်ဘာဂါ အရသာကိုပါးစပ်နဲ့ထိုင်ပြောနေတာထက် ချကျွေးလိုက်တာအကောင်းဆုံး

ဘဲ။ကောင်းလား။ကောင်းတယ်။ဘယ်လိုကောင်းတာလဲ။သူ့ခံစားမှုနဲ့ကိုယ့်ခံစားမှု အကြိုက်သဘာဝမတူနိုင်ဘူး။

သူပြောတဲ့အရသာမျိုး ကိုယ်စားကြည့်ရင် တူချင်မှတူမှာ။အဲဒါကို(ခံစားရမှုကို)မပြောနိုင်ဘူး။အဲဒါကလျှို့ဝှက်ချက်ပဲ။

ဂမီ္ဘရပညာရဲ့လျှို့ဝှက်မှုတွေဆိုတာ နက်ရှိုင်းတဲ့ အဇ္ဈတ္တထဲမှာရှိတာ။ရှေးက ဂရိပညာရှိတွေပြောခဲ့တဲ့ “ကိုယ့်ကိုယ်ကိုသိပါ”

ဆိုတဲ့ဆုံးမစကားဟာ ဒီနက်နဲတဲ့ပညာရပ်တွေကိုလေ့လာသင်ကြား သဘောပေါက်ဖို့အတွက် ပဓာနကျတဲ့အချက်ဖြစ်တယ်။

Self နဲ့ higher self အကြောင်းနည်းနည်းတော့သိဖို့လိုမယ်။အတ္တ လို့ယျေဘုယပြောကြတယ်။ဂန္ဓာရီပညာရပ်မှာ အဲဒီ self

ကို ၃ပိုင်းတောင်ခွဲထားတယ်။low ,middle နဲ့ higher self ပေါ့။အနိမ့်စားအတ္တ(သို့) အကြမ်းစားအတ္တ က စိတ်နဲ့ထိန်းသိမ်း

ဖို့မလိုတဲ့အလုပ်တွေ အစာခြေတာနှလုံးခုန်တာစသည်တွေကိုအလိုအလျောက်ဆောင်ရွက်ပေးတယ်။ရုပ်အပေါ်မှာ

ရယ်ပြီးတော့ emotion ခေါ်ခံစားမှုပိုင်းတွေပေါ်မှာပဲသက်ရောက်တယ်။အလတ်စားအတ္တကတော့ အာရုံပေါ်ထင်လာတဲ့

ခံစားမှုတွေကို ကျိုးကြောင်းဆင်ခြင်တယ်။ကောက်ချက်ချတယ်၊ဆင်ခြေတက်တယ်။နောက်ဆုံး အမြင့်စားအတ္တကတော့

ဘယ်တော့မှမကြေပျက်တဲ့အရာ။ဘဝသံသရာလည်ပတ်နေသမျှရှင်သန်နေတဲ့အရာ။မိမိကျင်လည်ခဲ့ရာဘဝပေါင်းများစွာရဲ့

အကြောင်းအချက်အလက်တွေကိုသိုမှီးထားတယ်လို့ဆိုတယ်။(ဒီနေရာမှာ ဗုဒ္ဓဘုရားရှင်ရဲ့အနတ္တဝါဒနဲ့များစွာကွာခြား

သွားပြီဆိုတာ သတိပြုစေလိုတယ်။သူတို့ဝါဒက သံသရာရှည်စေတဲ့ အယူဝါဒလေ။)အဲဒီ အမြင့်စားအတ္တမှာ ဘဝများစွာကျင်

လည်ဆည်းပူးခဲ့တာတွေ၊စရိုက်တွေ၊ဝါသနာတွေ၊ဥပဓိတွေ၊အထုံတွေအကုန်လုံးပါနေလို့ဘာမဆို အမြင့်စားအတ္တကနေ

သင်ကြားလို့ရတယ်။ပညာတွေကိုခေါင်းထဲမှတ်ဖို့လောက်ပဲ လေ့လာဆည်းပူးနေရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။

မှတ်ဖို့သားဖို့ ပြီးတော့လျှို့ဝှက်ဖို့လောက်သာအားထုတ်နေလို့ကတော့အချိန်ကုန်လူပန်းရုံပဲ။အဲဒီအချိန်တွေ စွမ်းအားတွေ

ကိုလမ်းကြောင်းပြောင်းပြီး ဘဝမှာအသက်ရှင်ရပ်တည်ဖို့၊ရည်မှန်းချက်တွေအကောင်အထည်ပေါ်ဖို့၊ပြီးတော့စိတ်အဆင့်

ဆင့်မြင့်တက်ဖို့ ဂန္ဓာရီခရီးထွက်တာတွေမှာသုံးတာပိုအကျိုးရှိလိမ့်မယ်။(ဂန္ဓာရီခရီး ဆိုရာမှာဟိုတောဒီတောင်သွားတာမျိုး

မဟုတ်ဘဲ မိမိရဲ့နက်ရှိုင်းတဲ့ အဇ္ဈတ္တအတွင်းထဲထိရောက်အောင်ရွက်လွှင့်ခြင်းမျိုးဖြစ်တယ်။)နောက်တစ်ချက်ကဒီလိုမျိုး

ကိုယ့်အမြင့်စားအတ္တကနေထုတ်ဖော်ရရှိလာတဲ့ အသိဉာဏ်တွေ လမ်းစဉ်တွေဟာ တခြားတစ်ဦးဦးအတွက် (နည်း

နည်းလေးတောင်)အရေးကြီးချင်မှကြီးမှာ။သူတို့အတွက်အရေးကြီးတာ သူတို့လမ်းစဉ်နဲ့သူတို့ပန်းတိုင်ကိုဘယ်လို

သွားမလဲဆိုတာပဲ။ပန်းတိုင်ကရှိပြီးသား။ဘယ်လိုပုံစံနဲ့ရောက်မယ်။ဘာတွေတွေ့ကြုံရမယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး

မတူနိုင်ဘူး။အဲဒါလျှို့ဝှက်ချက်။ပြောမပြတတ်တဲ့ပုဂ္ဂိုလ်ရေးလျှို့ဝှက်ချက်ပဲ။ဒီတော့အဲဒီရှုထောင့်ကကြည့်ရင်

(knowledge) ထိန်းချုပ်မှုစနစ်တွေ ပုံစံတွေပြိုလဲသွားတယ်။အဆင့်အလိုက်ပေးထားတဲ့ အာဏာပါဝါတွေ

လျောကျကုန်တယ်။သီးခြားစီ ပါဝါတွေရလာတယ်။ဒါဟာ စစ်မှန်တဲ့အသိပညာရဲ့ ပင်ကိုယ်လက္ခဏာဖြစ်လို့ပဲ။

အဲဒါကို တကယ်တမ်းကျထိန်းချုပ်လို့မရဘူး။ထိန်းချုပ်တယ်ဆိုတာ ရုပ်ကြမ်းလောကမှာပဲရမှာ။ဘယ်သူကတော့

ဘာလုပ်ပိုင်ခွင့်ရှိစေ။ဘယ်သူကတော့ဘာဖြစ်စေဆိုတာမျိုး။စစ်မှန်တဲ့အသိဉာဏ်တွေ ထိုးထွင်းသိမြင်မှုတွေ တ

ကယ်ရပြီဆိုရင် လျှို့ဝှက်ချက်အစစ်ဆိုတာတွေကို ပေါင်းစည်းလို့ရသွားမယ်။အားလုံးဟင်းလင်းပွင့်သွားမယ်။

ဒါကြောင့်စစ်မှန်တဲ့လျှို့ဝှက်ချက်တွေကိုဉာဏ်နဲ့သာမြင်နိုင်တာဖြစ်တယ်။အဲဒီအခါမှာခုရုပ်လောကကိုထင်ထင်

ရှားရှားမြင်ရသလိုမျိုးကိုမြင်လာမှာ။အဲဒီလိုမျိုးရသွားပြီဆိုရင် မြင်သွားပြီဆိုရင် ဘယ်သူတစ်ဦးတစ်ယောက်ရဲ ့

လျှို့ဝှက်Knowledge တွေမလိုတော့ဘူး။တခြားသူတွေရဲ့လျှို့ဝှက်ချက်တွေမလိုတော့ဘူး။အသိပညာရဲ့

ရင်းမြစ်ကြီးနဲ့ကောင်းကောင်းဆက်သွယ်လို့ရသွားလို့ဖြစ်တယ်။လျှို့ဝှက်ချက်တွေအားလုံးရဲ့အမှန်တရားကို

လွယ်လွယ်ကူကူနဲ့ဖော်ပြပေးနေတယ်။လွယ်လွယ်ကူကူနဲ ့လေ့လာလို့ရနေတယ်။အတွင်းရော အပြင်ရော။

တချို့လူတွေက အမှန်တရားတို့ လျှို့ဝှက်ချက်တို့ စည်းမျဉ်းနိယာမတို့ဆိုတာတွေကောင်းကောင်းသိတယ်။

သိတယ်ဆိုတာ ကိုယ်တိုင်လေ့ကျင့်ပြီးနားလည်သဘောပေါက်ပြီး သိနေတာမဟုတ်ဘူး။အပေါ်ယံလောက်ပဲ။

သူတို့က အဲဒီလျှို့ဝှက်ချက်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ကြိုးပမ်းကြတယ်။တကယ်လို့ ဒီစည်းမျဉ်းတွေဟာ

အားလုံးနဲ့ဆိုင်တဲ့ သစ္စာတရားတွေ၊နိယာမတွေ(universal principles) ဆိုရင် ဒီလိုထိန်းချုပ်ဖို့ လျှို့ဝှက်ဖို့

လုပ်တာ အဓိပ္ပါယ်မဲ့လွန်းတယ်။အချိန်တွေ စွမ်းအားတွေ ဖြုန်းတီးရာကျတယ်။ဘာကြောင့်ဆို လျှို့ဝှက်ချက်

အစစ်ဆိုတာအထက်ကပြောခဲ့သလို တသီးပုဂ္ဂလ သဘာဝဖြစ်လို့ပဲ။သူဆည်းပူးခဲ့တဲ့သူ့ပါရမီ သူ့အထုံနဲ ့

သူ့ရည်ရွယ်ချက်အတိုင်းလျှောက်လှမ်းရမည့်လမ်းစဉ်နဲ့ဂန္ဓာရီခရီးမှာ တွေ့ရကြုံရတာတွေကတခြားတစ်ဦး

တစ်ယောက်အတွက် အကျိုးမရှိဘူး။သိလို့လဲ အသုံးဝင်မယ်မဟုတ်ဘူး။အဲ..ဒါပေမယ့် ဒီလိုပြောလို့ ဘာမဆိုမ

လျှို့ဝှက်ဘဲ သောင်းပြောင်းထွေလာ တွေ့ကရာအကုန်လျှောက်ပြောနေလို့တော့မဖြစ်ဘူး။ပတ်ဝန်းကျင်

မှာ လူကြောင်တစ်ယောက်အဖြစ် အရီခံရမယ်။ဂါထာပေး တေးဖြစ်သွားတယ်လို့ဆိုတယ် မဟုတ်လား။

ကိုယ့်အလုပ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲလုပ်။ဝိဇ္ဇာလမ်းစဉ်မှာ သင်ကဘာမှ အထူးတလည် ပြုပြင်ထိန်းသိမ်း

စရာမလိုဘူးဆိုရင်ဘာမှ အားထုတ်နေစရာမလိုဘူး။အတွင်းအဇ္ဈတ္တကညွှန်ကြားတဲ့အတိုင်းအေးဆေးသွားရုံပဲ။

ထိန်းသိမ်းစရာရှိရင် လမ်းစဉ်ကပဲသူ့အလိုလို ထိန်းသွားလိမ့်မယ်။ပြုပြင်သွားလိမ့်မယ်။အဲဒါကို ရုန်းကန်

ရတယ်လို့မထင်နဲ့။နည်းနည်းကွဲတယ်။ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေထဲမှာ လုံ့လဝီရိယထုတ်ပြီး လုပ်ရတဲ့

သင်ခန်းစာမျိုးတွေမပါခဲ့ဘူးဆိုရင်တော့ သင် သင်ကြားဖို့လိုနေတာအဲဒီ ရုန်းကန်မှု အကြိတ်အနယ်အားထုတ်

မှုတွေပဲဖြစ်လိမ့်မယ်။

One comment

  • True Answer

    July 19, 2011 at 9:06 am

    အရင်ကတော့ ကျွန်တော်အရမ်းစိတ်ဝင်စားတယ်ဗျ။ ဂမ္ဘီရဂျာနယ်တို့ နက္ခတ္တရောင်ခြည်တို့ တအားကြိုက်တာ။ အခုတော့….

Leave a Reply