လာအိုနိုင်ငံတွင် ကျင်းပလျက်ရှိသော အရှေ့တောင်အာရှ U-16 2011 ဘောလုံးပြိုင်ပွဲကြီးတွင် ရှုံးပွဲမရှိ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုပထမရရှိကာ ဆီမီး ဖိုင်နယ်တက်ရောက်သွားသော မြန်မာလက်ရွေးစင် လူငယ်အသင်းသည်  လာအိုလူငယ်အသင်းနှင့်  ဇူလိုင် 18 ရက် (ယနေ့) တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လာအိုလူငယ်အသင်းမှာအုပ်စုပွဲစဉ် တစ်လျှောက် နှစ်ပွဲသရေ နှစ်ပွဲနိုင် ရလာဒ်ဖြင့် ဆီမီးဖိုင်နယ်ကိုထိုင်း အသင်းနဲ့အတူ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ လာအိုလူငယ်အသင်း ဖြတ်ကျော်လာခဲ့သော ပွဲစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

လာအို 2-0 တီမော

လာအို 2-0 အင်ဒိုနီးရှား

လာအို 1-1 မလေးရှား

လာအို 1-1 ထိုင်း              တို့ဖြစ်ကြပါသည်။

 

မြန်မာအသင်းနည်းပြ မာကို ကမူ  မြန်မာအသင်းကို အခြားအသင်းများက အထင်သေးကြကြောင်း ၊ ဒါပေမဲ့ ယခုအချိန်မှာ မြန်မာအသင်းအနေနဲ့ ဘယ်လောက်အစွမ်းရှိတယ်ဆိုတာ ပြနိုင်တော့မှာဖြစ်ကြောင်း ၊ ဗီယက်နမ် အသင်းကို အနိုင်ရရှိပြီးဖြစ်တဲ့ မြန်မာအသင်းမှာ လာအိုနဲ့ပွဲမှာ ပိုမိုတောင့်တင်းပြီး ကစားပုံပိုကောင်းလာမည်ကို မြင်တွေ့ရမှာဖြစ်တဲ့အကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

မြန်မာအသင်းအနေနှင့် လာအိုအသင်းကို အနိုင်ရရှိပါက ဗိုလ်လုပွဲကြီးကို တက်လှမ်းနိုင်မှာဖြစ်ပြီး ကျွန်တော်အနေနဲ့ မြန်မာလူငယ်အသင်း ကစားသမားများအနေနဲ့ Pressure မထားပဲ အားကုန် ထုတ်ကန်လာကြဖို့ ၊ ရှုံးလဲ ဘာမှမဖြစ်တဲ့အကြောင်း ၊ ပြောလိုက်ပါရစေ။

မြန်မာပရိတ်သတ်များကတော့ https://www.facebook.com/group.php?gid=214086027086 အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ Page မှာ ၀င်ရောက်အောင်ပွဲခံနေကြပါတယ်။

ပွဲအပြီးမှာ အဲဒိပေ့ခ်ျကလဲ သတင်းတင်ပေးမှာဖြစ်ပါတယ် Live Score ကြည့်ချင်တယ်ဆိုရင်တော့ http://www.futbol24.com/international/AFC/AFF-U16-Championship/2011/ မှာ ကြည့်နိုင်ပါတယ် ခင်ဗျာ။

 

 

About Burma

သားပု has written 46 post in this Website..