အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ(၂)

နွယ်ပင်July 18, 20112min22331

အောက်တိုဘာလမှာ ရုံတင်ပြသတော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ဟောလိဝုဒ် နာမည်ကျော် မင်းသမီး Michelle Yeoh ပါဝင်သရုပ်ဆောင်ထားတဲ့ THE LADY ရုပ်ရှင်ကားမှာ ဇာတ်ဝင်ခန်းမြင်ကွင်းတွေပါ..။ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်…။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်…။

31 comments

  • aungnng87

    July 18, 2011 at 2:32 pm

    မစ်ရှဲယိုးကမျက်နှာရဲ့အောက်ပိုင်းကိုဘဲကြည့်ရင်တကယ်ဘဲဒေါ်အောင်ဆန်းစုကြည်နဲ.တူတယ်။မျက်နှာက
    တော့ကြီးတယ်။မျက်နှာကြီးမျိုးပေါ့လေ….။

  • moethidasoe

    July 18, 2011 at 2:51 pm

    တော်တော် ဆင်တယ် .. သွယ်ဖို့ပဲ လိုတယ် ..

  • ahthi

    July 18, 2011 at 2:52 pm

    ဒီဇာတ်ကားကိုမျှော်နေတာ တော်တော်ကြပါပြီ… ခုလိုရုံတင်တော့မယ်ဆိုတာကြားတော့ တော်တော်ဝမ်းသာသွားတယ်ဗျာ… ဆယ်ခါ ဆယ့်ငါးခါလောက်ကြည့်လိုက်ဦးမယ်…။

  • pan pan

    July 18, 2011 at 2:58 pm

    ကမ္ဘာတစ်ဝှမ်းပြမှာဆိုတော့ မြန်မာနိုင်ငံမှာရော ပြမှာလား

    • Yin Nyine Nway

      July 19, 2011 at 4:08 pm

      ဟုတ်တယ်… မြန်မာကောပြမှာလားဟင်… ကြည့်ချင်လိုက်တာ အရမ်းပဲ

  • စုံ စုံ

    July 18, 2011 at 3:05 pm

    မြန်မာနိုင်ငံမှာသာရုံတင်ရင်
    လက်မှတ်ရောင်းမလောက်ဖြစ်သွားနိုင်တယ်

  • ရွှေဘိုသား

    July 18, 2011 at 3:06 pm

    ရုံတင်ခွင်. ပေးမယ်တော. မထင်ပါဘူးဗျာ
    ဟိုတလောကပဲ အဲဒီ မင်းသမီးကို ပြည်ဝင်ခွင်.မပေးတာဗျာ
    အခုဒီက ရုပ်ရှင်တွေက သူတို.ကြိုက်သလိုလုပ်လို.ရနေတာ
    မမနွယ်ပင်ကတော. သွက်တယ်နော် မနက်ကမှ ဒီမိုဝေယံ ထဲမှာဖတ်လိုက်ရတာ
    နေ.လည်ကျတော. ရွာထဲရောက်လာပြီ

    • နွယ်ပင်

      July 18, 2011 at 3:18 pm

      မြန်မာနိုင်မှာတော့ ဘယ်ပြခွင့်ရမလဲ ပန်ပန်ရယ်
      နွယ်ပင်က မသွက်ပါဘူး ရွာထဲက မကြည့်ရသေးတဲ့ သူတွေအတွက် တင်ပေးတာပါ ရွှေဘိုသားက မနက်ကတည်းက ကြည့်ပြီးသားဆိုတော့
      ပိုပြီးတော့တောင် သွက်နေပါလား … 🙂

  • yanaye

    July 18, 2011 at 3:20 pm

    ကောင်းလိုက်မယ့်ဇာတ်ကားဗျာ။ ကျွန်တော်လည်း ကြည့်ခွင့်ရရင် လေးငါးကြိမ်းလောက်တော့ ထပ်ကြည့်လိုက်ချင်မိတယ်။ Beyaond Rangoon ကိုတောင် လေးငါးခေါက်ရှိပြီ။
    ဒီဇာတ်ဝင်ခန်းတွေထဲမှာ အကြိုက်ဆုံးကတော့ လက်နက်နဲ့သာလုပ်စားတတ်တဲ့ လူတွေရဲ့သတ္တိကိုဖော်ကျူးထားတဲ့ဇာတ်ဝင် ခန်းဘဲဗျ။
    မိန်းမ၊နှမနဲ့သမီးအခန်းထဲ တရုတ်ကိုခေါ်ထည့်ပေးထားပြီး သေနတ်နဲ့ ပညာချွန်တဲ့သားအရင်းကိုချိန်ထားပြီး မကောင်းကြောင်းအမြဲပြောတဲ့ နွားတွေရဲ့လုပ်ရပ်။

  • good

    July 18, 2011 at 4:36 pm

    ပြည်ပ MG ရွာ သားတွေ က အဲဒီ movie HD data ကို ပြည်တွင်း MG ရွာသားတွေ ရောက် အောင် ပို့ ပေးရင် တနိုင်ငံ လုံး ဖြန့် ပေးဖို့ က လွယ်လွယ် လေး ဖြစ်သွားမှာပါ။

  • kai

    July 18, 2011 at 4:44 pm

    ကဲ..
    မတူတဲ့အတွေးနဲ့..ရေးပြမယ်…။
    ဟောလိဝုဒ်ရဲ့ မူပိုင်ခွင့်နဲ့ခံစားခွင့်တွေအရ… ဒေါ်အောင်ဆန်းစုကြည်က.. အဲဒီဇတ်ကားအတွက်.. အကျိုးခံစားခွင့် မီလီယံချီရမယ်..။

    ဆိုတော့..
    နိုဗယ်ဆုကရတဲ့.. မီလီယံချီငွေတွေလိုပဲ.. သူကိုယ်ကျိုးအတွက်မသုံးပဲ.. တိုင်းပြည်အတွက်ပြန်သုံး…မတည်ပစ်လိမ့်မယ်..။
    ပညာရေးမှာ အဓိကထားသုံးမယ်လို့..မျှော်လင့်မိတာပါပဲ..။ 🙂

  • R Ga

    July 18, 2011 at 5:03 pm

    ကိုယ်ဘက်ကိုယက်ပြောတာတော့ မဟုတ်ဘူး ဒေါ်စုက ပိုပြီး လှပိုပြီး ကျတ်သရေရှိတယ် လို့ထင်တယ်ဗျ..။

  • MOEPWINTPHYU

    July 18, 2011 at 5:10 pm

    ကောင်းလိုက်တာ သရုပ်ဆောင်က မြန်မာတစ်ယောက်ဖြစ်ရင်ပိုခံစားမိနိုင်တယ်

  • good

    July 18, 2011 at 5:22 pm

    ဒီပို့ ရဲ့ ကွန်းမန့် တွေ က ဘာ လို့ နီနေတာ များနေပါလိမ့်။

  • Big Defender

    July 18, 2011 at 5:59 pm

    အန်တီစုရဲ့အကြောင်းကို တခြားနိုင်ငံကခုလိုရိုက် ပြတော့
    ဒီကဒါရိုက်တာတွေ မရှက်ဘူးလားမသိဘူး။
    ဂုဏ်ယူစရာ ရိုက်ရမှာကိုမရိုက်ဘူးဖူးထင်ပါ့။

  • researcher

    July 18, 2011 at 6:05 pm

    ဟိုတလောက မြန်မာပြည်က ဂျာနယ်တစ်စောင်ထဲမှာ ကြည့်လိုက်ရတဲ့ပုံက ပိုပြီးတောင် တူသေး…
    မျက်နှာဘေးတစောင်းလေး..မေးရိုးကျတာရယ်၊ ဆံပင်ဖီးထားပုံရယ်က သိပ်တူတာပဲ၊

  • lovely parrots

    July 18, 2011 at 9:15 pm

    ဒီဇာတ်ကားကို ကြည့်ချင်နေတာကြာပါပီ ဘာပဲပြောပြော ကိုယ်နိုင်ငံရဲ့ ဇာတ်ကြောင်းဆိုတော့ ဘယ်လို ရိုက်ကူးပီး ပရိသတ်ကို ချပြသလဲဆိုတာ အားပေးနေမယ်။

  • Niko

    July 19, 2011 at 12:16 am

    She looked liked “Michelle Yeoh”

  • chitpyae

    July 19, 2011 at 7:36 am

    မြန်မာပြည်က ဒါရိုက်တာတွေ အခုအချိန်မှာ ဘယ်လိုတွေ စဉ်းစားနေကြမလဲ ?
    ငါတို့ကိုများရိုက်ခွင့်ပေးလိုက်ရင်တော့ဖြင့် …..

  • ကြောင်ကြီး

    July 19, 2011 at 9:41 am

    သဂျီးထက် မတူတဲ့အတွေးနဲ့ ရေးချပြမယ်ဗျာ.. အဲဒီဇာတ်ကားလည်းထွက်ရော ဒေါ်စုဒေါ်လာမီလျံနဲချီပြီး ရမရတော့ မသိဘူး။ ပြည်တွင်းက ခိုးကူးသမားတွေ အလုပ်ဖြစ်အုံးမှာ သေချာတယ်။ (အရမ်းကာရော လိုက်မဖမ်းရင်ပေါ့လေ…)

  • နီလေး

    July 19, 2011 at 10:05 am

    မြန်မာပြည်မှာရုံတင်ရင်တော့ ကြည့်ဖြစ်အောင်ကြည့်မယ် မင်းသမီးက ဒေါ်စုနဲ့တော်တော်လေးကိုတူတယ်နော်

  • windtalker

    July 19, 2011 at 2:07 pm

    ကိုကြောင်ကြီး ပြောသလို ခိုးကူးသမားတွေ လက်မလည်အောင် အလုပ်ဖြစ်မှာ ၁၀၀% ပါပဲ ။ ဘာလို ့လဲ ဆိုတော့ ဒီလို ဇါတ်ကားခွေ မျိုး ကို ခိုးကူးသမားတွေထံ မှာ ပဲ ဝယ်လို ့ ရနိုင်မှာမို ့ပါ ။ အပြင် က ဘယ်တရားဝင် ခွေဆိုင် က မှ လည်း ရောင်းရဲ မှာ မဟုတ်လို ့ပါ ။

  • MaMa

    July 19, 2011 at 2:19 pm

    ဘယ်လောက်ထိရိုက်ပြနိုင်လဲ သိချင်တယ်။ ကြည့်ချင်တယ်။

  • ဆူး

    July 19, 2011 at 9:50 pm

    ပုံကို ကြည့်ပြီး မတူတဲ့ အတွေးနဲ့ ပြောလိုက်အုန်းမယ်။
    ထမိန်သေချာ မဝတ်တတ်သေးဘူး။
    အထုတ်ဆွဲပြီး လမ်းတည့်တည့်လျှောက်လာတဲ့ အကွက်မှာ ထမိန်ဝတ်ထားတာ အချိုးမကျဘူး။ ထမိန်က အသစ်ဆိုတော့ ကော် နဲ့ တောင့်နေသလို ဖြစ်နေတယ်။
    ဒါတောင် သေချာ သပ်ယပ်အောင် စီစဉ်ထားတာ..နော်..
    လူကတော့ ပိန်ပိန်ပါးပါး ဆိုတော့ အချိုးအစားက ခပ်ဆင်ဆင်ပါ။

  • nature

    July 20, 2011 at 1:08 am

    မြန်မာပြည်က ကမာ္ဘကျော်တဲ့သူ ၂ယောက်ရှိပြီ။
    ၁။ ကုလသမဂ အတွင်းရေးမှုးချုပ် ဦးသန့်။
    ၂။ အောင်ဆန်းစုကြည်။

    • kai

      July 20, 2011 at 6:28 am

      ဗိုလ်ချုပ်မှုးကြိးသန်းရွှေ လည်းမြန်မာပြည်ကနေ ကမာ္ဘကျော်တာပါပဲ…။ 🙂
      အမှတ်မမှားဘူးဆိုရင်.. ၁ကနေ ၁ဝထဲ.. ၅နှစ်မကဆက်တိုက်ရတယ်ထင်တယ်..။
      http://www.parade.com/dictators/index.html

  • etone

    July 20, 2011 at 9:01 am

    တကယ်တူတယ် ..မျက်နှာနည်းနည်း ပိုကျလျှင် ပိုတူသွားဦးမယ် … ။ အံ့ဩစရာကောင်းအောင်ပဲ ဝတ်ထားတာက ဂျိတ်ထမိန် ၊ ပတ်ထမိန်တွေမဟုတ်ပဲ … ထမိန်ကွင်းလိုက်ကို အဆင်ပြေအောင် ဝတ်သွားနိုင်တာပါပဲ ။

  • saimyat

    July 25, 2011 at 10:28 pm

    မြန်မာလိုဝတ်တတ်တာချီးကျူးစရာပဲ ဒီမှာပြရင်ကောင်းမယ်

  • blackprince72

    August 2, 2011 at 11:58 pm

    မြန်မာမှာ ရုံတင်ရင် သွားကြည်တဲ့သူတော့ ကားပြာလေးကိုစီး ကာရယ် ဖြစ်သွားမယ်။

  • saidra

    August 23, 2011 at 3:59 pm

    ဘာပဲ ဖြစ်ဖြစ်ဗျာ ကြည့်ချင်တယ်
    ကြည့် ခွင့်ရ ရ မရ ရ သားတို ့ကတော့ကြည့်မှာ ပဲ
    သူ ကြီး ရေ စီစဉ်ပေး နော် …. နော်လို ့…..

  • saidra

    August 23, 2011 at 4:08 pm

    တော် တော်ကြီးကို တူအောင် လုပ်ထားတာပဲ
    မြန်မာပြည် က မင်းသမီးထဲ က ဆိုရင်
    ဘယ်သူ နဲ ့ ရိုက်ရင် ကောင်း မလဲ?

Leave a Reply