ပြီးခဲ့တဲ့ တပတ်ကျော်က ပလာဇာကိုရောက်ခဲ့ပါတယ်… ဈေးပတ်ပြီး မောတာရယ် …ခြေထောက်ညောင်းနေတာရယ်နဲ့ … ဂျေဒိုးနပ်ထဲဝင်ပြီး ကော်ဖီသောက် ၊ မုန့်စားနေတုန်း … ကျွန်မမျက်စိထဲဝင်လာတာ မြင်ကွင်းတစ်ခုကြောင့် အံ့သြသွားခဲ့ပါတယ်…။

ဆယ့်ကိုးနှစ် … နှစ်ဆယ်နှစ်ကောင်လေးတယောက်…. အသားကတော့ ….. မည်းတဲ့ အမျိုးစားပါ… အကျီ င်္ဘောင်းဘီ အပွ ၊ အဖြူရောင်ကြီး ၀တ်ထားပါတယ်….. ။ ကတုံးဆံပင်ပေါက် ခေါင်းမှာ ကောင်းဘွိုင်ဦးထုပ်ကြီးနဲ့ပေါ့ … မျက်မှန် မည်းမည်းကြီးကလည်း တပ်ထားပါသေးတယ်… ။ ဒီလို အပြင်ဆင်က ယခုခေတ်မှာ အထူးဆန်းမဟုတ်တော့ပေမဲ့ …. သူ့နောက်မှာ လွယ်ထားတဲ့ ဓါးရှည်ကြီးကတော့ အထူးဆန်းပါပဲ … ။

တရုတ်ကားထဲက သိုင်းသမားတွေ ဓါးလွယ်ထားသလိုပါပဲ …. ကျွန်မမျက်စိရှေ့တည့်တည့်မို့ ဓါတ်ပုံရိုက်ချင်ပေမဲ့ … ပြသနာ တတ်မှာစိုးတာမို့ လက်လျှော့လိုက်ရပါတယ်… ။ ကျွန်မစိတ်ထဲတော့ ဒီကောင်လေး ဓါးကြီးထမ်းသွားတာ ဘယ်သူမှ မဖမ်းဘူးလားပေါ့.. ဒါလက်နက်ကိုင်ဆောင်မှူ မမြောက်ဖူးလား … ။ တွေးရင်းတွေးရင်း နားမလည်ပဲ အူလည်လည်နဲ့ …. ။

မနေ့က တနင်္ဂနွေနေ့ … ရုပ်ရှင် မကြည့်ဖြစ်တာ ကြာပြီဆိုတာနဲ့ … ရုပ်ရှင်သွားကြည့်ဖြစ်တယ်… ချွေးနံ့ပေါင်း သောင်းခြောက်ထောင်ကြားမှာ အလွန် စိတ်ပျက်နေတုန်း … ဓါးကြီးနဲ့ တစ်ယောက် ရောက်လာတယ်… ဓါးလွယ်လျှက် အနေထားနဲ့ လူအုပ်ထဲဝင်လာတော့ … ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နဲ့ …. နောက်တောင် ယိုင်သွားတယ်… ။ ကျွန်မ မယိုင်ခင်( မမြင်ခင်) ကတည်းက သူ့လူအုပ်ထဲဝင်တာနဲ့ … လူတွေ လမ်းဖယ်ပေးကြတယ်… ။ ကျွန်မယိုင်သွားတာ မြင်တဲ့လူတွေလည်း ထို့အတူ ဘာမှန်းမသိ လိုက်ယိုင်သွားတယ်… ။ တစ်ချို့တွေကလည်း ပြုံးစိစိနဲ့ ကျွန်မအဖြစ်ကို ရယ်ကျဲကျဲလုပ်ကြတယ်… ။ ကျွန်မနောက်ယိုင်သွားတာ ရယ်စရာများကောင်းလို့လား …. ဓါးကြီးသာ ဆွဲထုတ်ပြီး တွယ်လိုက်လျှင် အဲ့ဒီနေရာမှာ နှစ်ပိုင်းပြတ်လောက်တယ်လေ… ။ ဒီတော့ လန့်သွားတာ မဆန်းပါဘူးလို့ပဲ တွေးမိပါတယ် :P

ပလာဇာမှာ ဓါတ်ပုံမရိုက်လိုက်ရလို့… ဒီတခါ လူအုပ်ထဲမှာ အမိရလှမ်းရိုက်လိုက်ပါတယ် … ။

အိမ်ရောက်လို့ …. အစ်မတွေကို ပြောပြတော့မှ …. အဲ့ဒါ ထီး ပါတဲ့လေ… ဓါးပုံဒီဇိုင်းထုတ်ထားတာပါတဲ့ …  :oops: :oops: :D :P

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!