တော်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့…

panpanJuly 18, 20111min19921

ဆရာကြီးအောင်သင်း မြောက်ဥက္ကလာပ စာပေဟောပြောပွဲမှာ ပြောသွားတာလေးပါ

ပုံပြင်လေးတစ်ပုဒ်ပေ့ါ

ရွာတစ်ရွာမှာ အရူးမတစ်ယောက်ရှိသတဲ့

အဲဒီရွာက သူကြီးကအရူးမကိုဘာလုပ်လိုက်တယ်မသိ၊ အရူးမ ဗိုက်ကြီးပါလေရော..

ဒါနဲ့ သူကြီးတပည့်တွေက အရူးမကိုမေးသပေ့ါ၊ ဘယ်သူနဲ့ ရတာလဲလို့

အရူးမက သူကြီးနဲ့ရတာပါလို့ ဖြေတယ်၊ အရူးမကို ဝိုင်းရိုက်ကြတယ်တဲ့

နောက်တခေါက် ထပ်မေးပြန်ရောတဲ့၊ ဘယ်သူနဲ့ရတာလဲဆိုတော့

အရူးမက မဖြေဘူးတော်တဲ့၊ ဘာလို့မဖြေတာလဲ ပြန်မေးတော့…. တော်တို့ရွာက မှန်တာပြောရင် ရိုက်တယ်တော့ တဲ့…။

ကောင်းရော….။

ဘယ်သူတွေမှန်တာပြောပြီး ဘယ်သူတွေအရိုက်ခံထားရလဲမသိဘူး…။ 🙁

တခြားမှာမှန်တာပြောရင် အရိုက်ခံရမှာစိုးလို့ ကျွန်မကတော့ ဒီရွာ(MGရွာ)မှာပဲ ကိုယ်ပြောချင်တဲ့ မှန်တာလေးတွေပြောနေတာ…..။

ဘယ်ရွာက ဘာဖြစ်ဖြစ် ဒီရွာက မှန်တာပြောရင် မရိုက်ဘူး..။ သူကြီးကလည်း သဘောကောင်းတယ် (ဖားတာ) 😀 …။ ရွာကလူတွေကလည်း စိတ်ရင်းကောင်းတယ်…. (မြှောက်တာ) 😀 ။ ဘာပဲပြောပြော ဒီရွာလေးကိုတော့ချစ်တယ်..။ ရင်းနှီးတယ်…။ နွေးထွေးတယ်..။ (ဒါက ကြော်ငြာ)  😀

 

21 comments

  • etone

    July 18, 2011 at 4:46 pm

    ဒီရွာက မှန်တာပြောလျှင် မရိုက်တတ်ဘူး .. သေနတ်နဲ့ပဲ ပစ်တတ်တာ ပန်ပန်ရဲ့ … ။
    (လေသေနတ်နဲ့လေ ဟီးဟီး 😛 )

    • pan pan

      July 18, 2011 at 5:00 pm

      အဲဒီလေသေနတ်ကြီးက ပိုကြောက်ရတယ် ဟီးဟီး 😛

      • နွယ်ပင်

        July 20, 2011 at 2:32 pm

        လေသနတ် ဒဏ်က သိပ်မဆိုးပါဘူး ပန်ပန်ရဲ့ တစ်ခါပစ် တစ်လံလောက်လေး ပါ
        ပန်ပန်ရော လေသနတ်နဲ့ အပစ်ခံရဘူးလား အပစ်မခံဘူးရင် စမ်းကြည့်ပါလားဟင် 😛

        • pan pan

          July 20, 2011 at 2:53 pm

          မစမ်းပါရစေနဲ့ မနွယ်ပင်ရယ်
          မစမ်းသင့်တာ မစမ်းတာပဲကောင်းပါတယ်
          လေဒဏ်က တော်တော်ပြင်းတာကလား 😀 😛
          ကမ္ဘာပျက်ရင်တောင် မီးကြောင့် ရေကြောင့်ဆို ဗြဟ္မာဘုံအကုန်မပျက်ဘူး
          လေဖျက်ရင် ကုန်ရောပဲ

  • naywoonni

    July 18, 2011 at 4:48 pm

    အဲဒိအရူးမက ဘယ်သူပါလိ်မ့် …။ သူကြီးက ဘာလုပ်လိုက်သည့်မသိ ဆိုတော့ တော်တော် စဉ်းစားနေရသည်…..။ သူကြီးရေ…. ဘယ်သူ့ ဘာလုပ်လိုက်သလဲ ရှင်းရှင်း ဝန်ခံပါ…။ ဝီကီလိခ် ထဲ ပါသွားမယ်နော်………….. 😛 😛 😛

    • pan pan

      July 18, 2011 at 5:04 pm

      ဦးလေးနေဝန်းနီရယ်..ကျွန်မတို့သူကြီးက အဲလိုသူကြီးမျိုးမဟုတ်လောက်ပါဘူး
      အဲဒါတခြားရွာက သူကြီးရယ်ပါ 😀

  • aung lay

    July 18, 2011 at 4:49 pm

    ဟုတ်ကဲ့ ။ မပန်ပန် ပြောတဲ့ဟာလေး ကျွန်တော်လဲနားထောင်ဖူးပါတယ် တော်တော်ကောင်းတဲ့ စကားတွေပါ။
    မသိတဲ့ရွာသားများကို နားထောင်လို့ရအောင် ဒီနေရာကနေပဲ ပြန်လည် မျှဝေလိုက်ပါတယ်ဗျာ။
    https://skydrive.live.com/?cid=4f525f1c338a8df7&sc=documents&id=4F525F1C338A8DF7!469
    ဒီမှာဒေါင်းလို့ရပါတယ်ဗျာ ။ myanmaritman ကတွေတာပါ။ မူးရင်းကတော့ ကိုသိန်းဝင်းပါတဲ့။
    နောက်စာပေဟောပြောပွဲတွေကတော့ https://skydrive.live.com/?cid=4f525f1c338a8df7&sc=documents&id=4F525F1C338A8DF7!353
    ဒီမှာဒေါင်းလို့ရပါတယ်။

  • moethidasoe

    July 18, 2011 at 4:52 pm

    တရားဝင် နှုတ်ဆက်သွားသူတွေကတော့ ဘာဖြစ်လို့လဲ မသိ .. ထင်ထားတာကတော့ .. ဝိုင်းရိုက်ကြလို့ မဟုတ်ဘူးလို့ …
    ဒါတောင် မနောဖြူလေးက နှုတ်ဆက် ကဗျာ ရေးလိုက်လို့ အတည်ထင်ပြီး ဝိုင်း ဝမ်းနည်းနေကြတယ်

    • manawphyulay

      July 18, 2011 at 5:20 pm

      အင်းပါ နောက်ကို ရေးတော့ဝူးနော်။ အဲလိုခွဲခွာရမယ်ဆိုရင် မနောလည်း နေနိုင်မှာမဟုတ်ဘူးလေ။ စိတ်ထားလေးတွေ နွေးထွေးစွာ ကြိုဆိုပြီး မှားမှားမှန်မှန် နားလည်မှုတွေပေးတယ်လို့လည်း ယူဆမိနေလို့လေ… ပြီးတော့မောင်နှမတွေကိုလည်း ခင်မင်မပျက်ပါပဲ။

      ဒီရွာက မရိုက်တတ်ပါဘူး။ သတိတော့ထား ကျည်မရှိတဲ့ပြောင်းရှည်တော့ရှိတယ် အဟိ။

  • MOEPWINTPHYU

    July 18, 2011 at 5:04 pm

    ပန်ပန် ရေအရမ်းကောင်းတာပဲ အခုသူများရေတဲစာတွေဖက်တဲ အဆင်ပဲရှိသေးတယ် ရေးတဲအဆင့်မရောက်သေးဘူး

  • ရွှေဘိုသား

    July 18, 2011 at 5:12 pm

    သူကြီးတပည်. ကိုပုလည်း ပါမယ်ထင်တယ်
    ကိုပု ထွက်ခဲ.စမ်း ဝန်ခံလိုက်စမ်းပါ

    အရူးမက ကိုပုနံမည်မေ.နေလို.တဲ.
    သူကြီးကတော. သေချာတယ်တဲ.

  • cobra

    July 18, 2011 at 7:47 pm

    ဒီရွာမှာတော့မှန်တာပြောရင်အရိုက်မခံရဘူး။
    အရိုက်မခံရလို့လဲမှန်တာတွေပြောကြပါတယ်။
    မှန်တာတွေပြောကြလွန်းလို့လဲရွာသားများတွေ ့ဆုံပွဲကနေလူချောင်းပွဲဖြစ်သွားပါတယ်။

  • nature

    July 18, 2011 at 11:01 pm

    ဟဲ့ ဟဲ့ ဒီရွာမှာတော့ အရူးမ မရှိလောက်ပါဘူး။ ရွာထဲ အရူးမ ဝင်လာရင်တော့ သတိထားပေတော့ သူကြီးရေ။ 🙂 🙂

  • naywoonni

    July 18, 2011 at 11:06 pm

    ဆရာကြီးအောင်သင်း မြောက်ဥက္ကလာပ စာပေဟောပြောပွဲမှာ ပြောသွားတာလေးပါ)==ဆို့လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒိ စာပေဟောပြောပွဲ mp3 လေးရလို့ အခုနားထောင်နေတယ်..။ ဆရာချစ်ဦးညိုရယ်..။ အကြည်တော်ရယ် ပါတယ် မဟုတ်လား…..?

    • pan pan

      July 19, 2011 at 3:32 pm

      ဟုတ်ကဲ့
      ဆရာချစ်ဦးညိုရယ်၊ အကြည်တော်ရယ် ပါပါတယ်
      ဆရာချစ်ဦးညိုလည်း တော်တော်ဟောပြောသွားပါတယ်
      အရမ်းကောင်းပါတယ်
      နိုင်ငံတိုးတက်ဖို့ ဦးစားပေးဟောပြောသွားတယ်လို့ ထင်ပါတယ်

  • ကြောင်ကြီး

    July 19, 2011 at 8:55 am

    သဂျီးပြောတာတော့ သူဘာမှမလုပ်ဘူး၊ အရူးမက လုပ်သွားတာတဲ့။ ဘာလုပ်တာလဲဆိုတော့ မင်းကလည်းကွာဆိုပြီး မျက်ထောင့်နီကြီးနဲ့ကြည့်လို့ သူ့နှစ်လုံးပြူးကြီးမထုတ်ခင် ထွက်ပြေးလာရတယ်..။

  • ရွှေဘိုသား

    July 19, 2011 at 11:11 am

    မကြောက်နဲ. ကိုကြောင်ကြီး သူ.နှလုံးပြူး
    ညကမှ သူကြီးကတော် ဂျီးဆေးပြီး သိမ်းထားတာ
    လွယ်လွယ်နဲ. ရှာမတွေ.ဘူးရယ်

  • moethidasoe

    July 20, 2011 at 10:11 am

    ဒီကနေ့ ရွာထဲ ဝင်ကြည့်မိပါတယ် .. တို့ comment တွေ နီထားလိုက်တာ လွန်ပါရောလား .. ရေးထားတဲ့ အကြောင်းကလဲ ဘယ်သူ့ကိုမှ မထိခိုက်ဖူးထင်တယ် ..
    (မှားနေရင် ခွင့်လွှတ်ပါ)

    • pan pan

      July 20, 2011 at 10:30 am

      ဟုတ်တယ်ရှင့်
      ကျွန်မcommentတွေမှာ နီမနေပေမယ့် တခြားလူတွေ comment တွေမှာ နီနေတာတွေတွေ့ရတယ် (ဒေါက်တာတစ်ယောက်တည်းမဟုတ်ဘူး)
      ဖတ်ကြည့်တော့လည်း ဘာမှထိခိုက်တာမပါဘဲနဲ့

    • weiwei

      July 20, 2011 at 10:39 am

      အနီတရားခံဘယ်သူလဲမသိပေမယ့် ရှိနေတာတော့ သေချာတယ် …
      လက်သီးပုန်းပေါ့ … ပေါ်တင်ကွန်မန့်မရေးရဲလို့ လိုက်နီနေတာမို့လို့ စိတ်ထဲမှာ မထားပါနဲ့ဒေါက်တာ …

      • redbull

        July 20, 2011 at 1:55 pm

        မနေနိုင်လွန်းလို့..အားအားယားယား လက်ဆော့တာနေမှာ…
        ဟိုက်…မှားပီ…
        အနီကတ်ပေးမဲ့သူ ရောက်နေပီ….

Leave a Reply