သခင်အောင်ဆန်း၏ အနိုင်မခံ ကဗျာ

လူဗိုလ်ဟူသည် ……

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး ။
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ။ ညွတ်ကား မညွတ် ။

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း ။ ။

သခင်အောင်ဆန်း

(အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု)

3 comments

  • ”အနိုင်မခံ” ကဗျာက ဘာသာပြန်ဆိုသူ အိုးဝေဦးညိုမြ မဟုတ်ဘူးလား။
    အဲဒီမဂ္ဂဇင်းသေချာလား။ မူရင်းကဗျာ ထည့်ပေးလိုက်ပါသည်။

    Invictus
    Out of the night that covers me,
    Black as the pit from pole to pole,
    I thank whatever gods may be
    For my unconquerable soul.

    In the fel(စာလုံးမထင်ရှား) clutch of circumstance
    I have not winced nor cried aloud.
    Under the bludgeonings of chance
    My head is bloody but unbowed

    Beyond this place of wrath and tears
    Looms but the horror of the years
    Finds, and shall find, me unafraid.

    It matters not how strait the gate,
    How charged with punishment the scroll,
    I am the master of my fate;
    I am the captain of my soul.
    by William Ernest Henley (1849-1903)

  • ရွှေဘိုသား

    July 18, 2011 at 8:08 pm

    အင်းဗိုလ်ချုပ်က မစားပဲစွန်.သွားတာကို
    နောက်လူတွေ မစွန်.ပဲစားနေကြတာနော် (အောင်သင်း)

  • 007James

    July 18, 2011 at 9:58 pm

    ဗိုလ်ချုပ်ရဲ့ ငါ ကသူ့အတွက် ငါ မဟုတ်ပဲတိုင်းပြည်အတွက် ငါနော်

Leave a Reply