မိုးထိအောင်လှေခါးထောင်မဲ့…debt ceiling

maungmoenyoJuly 19, 20111min14213

ခုအချိန် အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ညံနေအောင်ကြားနေရပြီးဖြစ်တဲ့  Debt ceiling မြှင့်တင်ရေး(တနည်း – အစိုးရက အကြွေးကိုတို့းမြင့်ရယူရေး) ကိစ္စဟာ လူထုကြားထဲကိုဂယက်ရိုက်စပြုနေပါပြီ။ အလုပ်မှာဘဲကြည့်မလား၊ မိတ်ဆုံပါတီတွေမှာဘဲကြည့်မလား၊ နားလည်ကြသူတွေက နားလည်သလို ဆွဲပြောကြ ငြင်းကြခုန်ကြနဲ့ တချို့ဆိုအချင်းချင်းမခေါ်နိုင်မပြောနိုင်ဘဝကိုရောက်နေကြပါပြီ။

နိုင်ငံတိုင်းမှာ အစိုးရဟာ လူထုကပေးတဲ့ အခွန်အခပေါ်မှာနိုင်ငံတည်ဆောက်ရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးကအစ လုပ်ပေးဘို့ကအစိုးရရဲ့ကြီးလေးလှတဲ့တာဝန်ပါ။ ဒီလိုစိမံခန့်ခွဲရေးကိစ္စလုပ်ရာမှာ နိုင်ငံဘဏ္ဍာကို ခွဲဝေသုံးစွဲရာမှာ သက်ဆိုင်ရာ လွှတ်တော်ရဲ့ သဘောတူညီချက်ဘောင်ထဲကသုံးကြရပါတယ်။ မလောက်ရင်အစိုးရရဲ့ ထုခွဲမရတဲ့ ပိုင်ဆိုင်မှု (တနည်း bond) တွေကို တန်ဘိုးပြပြီးထုခွဲရပါတယ်။ ဒီလိုထုခွဲရင်း တန်ဘိုးအလွန်ခိုင်မာတဲ့ bond တန်ဘိုးဟာ ကျဆင်းလေ့ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့ bond တွေဟာ နိုင်ငံတကာမှာဒီကနေ့အထိ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေသေးတာအမှန်ပါ။ မျက်စောင်းထိုးကြသူတွေ ဒုနဲ့ဒေးပါ။ ဒါသမိုင်းနဲ့ချီပြီးရှိတဲ့ အမေရိကန်အစိုးရရဲ့ ပိုင်ဆိုင်မှုတွေပါ။ ဒါကိုငွေစက္ကူအဖြစ်ပြောင်းလဲပြီး (ဒီမှာတော့ cash value) နဲ့ ပြောင်းပြီးတန်ဘိုးပြကြလေ့ရှိပါတယ်။ အဲ့ဒီငွေက တန်ဘိုးခိုင်မာတယ်လို့ဘယ်လိုဘဲပြောပြော၊ အသုံးများရင် တန်ဘိုးကျပါတယ်။ ဒီbond ကိုကြည့်ပြီး ကျန်ဘဏ်နဲ့တကွ၊ ငွေကြေးဆိုင်ရာအဖဲ့အစည်းအသီးသီးက သူတို့ရဲ့အတိုးနှုန်းတွေကိုအလျှော့အတင်းလုပ်လေ့ရှိကြပါတယ်။ ဆိုလိုတာက စံနှုန်းထိုးကြတာပါ။

အမေရိကန်နိုင်ငံမှာ ဒီလို debt ceiling မြှင့်တာ ခုမှမဟုတ်ပါဘူး။ ၁၉၂ဝ ဝန်းကျင်ကတည်းကပါ။ တက်သမျှအစိုးရအသီးသီးဟာလဲ ရွေးကောက်ပွဲကာလမှာအသုံးစရိတ်ဘယ်လိုလျှော့မယ်ဘဲပြောပြော တကယ်လက်တွေ့ကျတော့ လျှောလို့မရတဲ့အခြေအနေတွေ အမြဲကြုံရလေ့ရှိပါတယ်။ ဘယ်ဌာနဘတ်ဂျက်ကမှ၊ သူတို့ ဘတ်ဂျက်ကိုအထိမခံချင်ကြပါဘူး။ သမ္မတလုပ်တဲ့သူဟာဒီနေရာမှာ ကြားဝင်ပြီး မျက်စေ့မှိတ်လုပ်ရတာတွေရှိသလို၊ တချို့ကိစ္စတွေမှာ နှာစေးရတာတွေရှိပါတယ်။ (အမြဲပါ) တဘက်ကလဲ အခွန်အခကိုတိုးကောက်ဖို့ အော်ကြသူတွေလဲရှိပါတယ်။

ဒီနေရာမှာ လက်ရှိအတိုက်အခံပါတီတွေရပ်တည်ချက်ကိုကြည့်ရအောင်။ ရီပတ်ဘလစ်ကန်ပါတီဟာ အခွန်တိုးကောက်ရေးကိုတစိုက်မတ်မတ် ကန့်ကွက်ခဲ့သူဖြစ်သလို၊ ခုချိန်မှာလဲ ဒီရပ်တည်ချက်ကိုမပြောင်းလဲပါဘူး။ ဘာ့ကြောင့်လဲ။ ရှင်းပါတယ်။ သူကိုကျောထောက်နောက်ခံလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ပိုက်ဆံအိပ်ကိုမထိခိုက်စေချင်လို့ပါ။ ဒီမိုကရက်ကကော။ သူတို့ကတော့ လက်ရှိလူထုအများစုကခံစားနေရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု။ ပညာရေး၊ ရဲ့ခံစားခွင့်တွေကိုကျားကန်ပေးထားတဲ့ အစိုးရရဲ့ အစီအစဉ်တွေကို မလျှော့ချ မပယ်ဖျက်စေချင်ပါဘူး။

စီးပွားရေးလုပ်ငန်းရှင်များရဲ့အကျိုးစီးပွားကိုအထိခိုက်မခံနိုင်တဲ့ ရီပါတ်ဘလစ်ကန် နဲ့ ဆင်းရဲသားလူများစုရဲ့အကျိုးစီးပွားကို အပွန်းမခံနိုင်တဲ့ ဒီမိုကရက်တစ်အားလွန်ဆွဲကြတဲ့ပွဲပေါ့။ Debt ceiling မြှင့်ရတဲ့ အကြောင်းကဘတ်ဂျက်လိုငွေပြရာကမြစ်ဖျားခံပါတယ်။ လက်ရှိသမ္မတ အိုဘားမားဟာ သူ့သက်တမ်း စတဲ့နေ့ကစပြီး ဘတ်ဂျက်လိုငွေပြမှုကနေစရပါတယ်။ ဒါကိုလဲသူ့ကြောင့်ငါကြောင့်လို့လက်ညှိုးထိုးကြသလို၊ ဒိပြဿနာကိုမဖြေရှင်းနိုင်လို့၊ လက်ရှိအစိုးရကိုဝေဖန်မှုတွေတရစပ်ရှိလာပါတယ်။

ဘတ်ဂျက်လိုငွေပြမှုရဲ့မြစ်ဖျားခံရာကိုကြည့်ရအောင် –

–       သမ္မတဟောင်းဘုရှ်လက်ထက် ၂၀၀၁ မှ ၂၀၀၃ အထိ အခွန်ဖြတ်တောက်မှု ကြောင့် အစိုးရဘတ်ဂျက်လိုငွေ = ၁ ဒဿမ ၃ ထရီလီယံ

–       အဲ့ဒီအတွက် ချေးငှားခအတိုး တန်ဘိုး -=  ၁ ဒဿမ ၄ ထရီလံယံ

–       အီရတ် နဲ့ အာဖဂန်စစ်ပွဲ အသုံးစရိတ် = ၁ ဒဿမ ၃ ထရီလီယံ

–       သမ္မတ အိုဘားမား ရဲံ စီးပွားရေး နလံထစေရေး ပံ့ပိုးမှုအစီအစဉ် အသုံးစရိတ် = ဘီလီယံ ၈၀၀

–       အိုဘားမားအစိုးရ နဲ့ ရီပါတ်ဘလစ်ကန်တွေကြားသဘောတူညီချက်အရ အခွန်လျှောချရေးသက်တမ်းတိုးမြှင့်ခြင်း၊ အလုပ်လက်မဲ့ ထောက်ပံ့ရေးအစီအစဉ် = ဘီလီယံ ၄၀၀

–       ပင်စင်စားသက်ကြီးများအတွက် Medicare ဆေးပါးအသုံးစရိတ် ထောက်ပံ့ကူညီရေး = ဘီလီယံ ၃၀၀

–       ငွေကြေး နှင့် ဘဏ်များအတွက်ငွေကြေးသွတ်သွင်းကျားကန်ပေးရေးအစီအစဉ် – ဘီလီယံ ၂၀၀

–       ဒီဇင်ဘာ ၂၀၀ရ နောက်ပိုင်း စီးပွားရေးပျက်ိကပ်ကြောင့် အခွန်လျောနဲရခြင်း

စသည်တို့ဟာ ဘတ်ဂျက်လိုေှုါပြမှုရဲ့ အကြောင်းရင်းခံတွေပါဘဲ။ အထက်ဖေါ်ပြပါ စာရင်းကိုလေ့လာကြည့်မယ်ဆိုရင် စီးပွားရေးပျက်ကပ်ကြောင့်ယခင်သမ္မတ ဟောင်းဘွရှ် လက်ထက်မှာသုံးခဲ့တဲ့ ငွေကြေးရင်းနှီးမှု ဟာ လက်ရှိသမ္မတ ထက်တောင်ပိုနေတာကိုအထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။

ထိုနည်းတူစွာဘဲ ဒီအသုံးစရိတ်တွေဟာ အမေရိကန်လူထုအတွက်မဖြစ်မနေ သုံးနေရတဲ့ အသုံးစရိတ်တွေဆိုတာ မြင်သာကြမယ်လို့ယူဆပါတယ်။

လက်ရှိ လိပ်ခဲတင်းလင်းဖြစ်နေတဲ့ အစိုးရနဲ့ လွှတ်တော်ကြားသဘောထားကွဲလွဲမှုတွေ ကိုလူထုကလည်းသည်းမခံနိုင်တော့ပါဘူး။ အမတ်များဆီက မယ်မယ်ရရမရှိလှတဲ့ စီးပွားရေးနလံထူရေးအစီအစဉ်တွေ ကိုသာမြင်ကြရလို့၊ အများကလည်း မကြေနပ်နိုင်ဖြစ်နေကြရပါပြီ။ သမ္မတ ရဲ့ စီမံကိုင်တွယ်မှု နဲ့ ဦးဆောင်နိုင်မှု ဟာဒီနေရာမှာ အခရာကျလာပါတယ်။ နှစ်ဖက်သဘောကွဲလွဲမှုတွေကို ရင်ကြားစေ့ပေးနိုင်ဘို့ နေ့ရက်တွေကိုတော့ ကျွန်တော်တို့ မြန်မာတွေ အပါအဝင် ပြည်သူတွေအားလုံးကတော့ စောင့်ကြည့်ကြရမှာပါ။

13 comments

  • kai

    July 19, 2011 at 3:00 pm

    ဩဂုတ်လ ၂ရက်နေ့ရောက်တဲ့အထိ… ယူအက်စ်ကွန်ဂရက်က… အကြွေးချေးနိုင်တဲ့ ငွေပမာဏ debt ceiling မမြှင့်ပေးနိုင်ခဲ့ရင်.. အမေရိကားက.. Default ထဲဝင်သွားမယ်ပြောကြတယ်..။
    သဘောက.. ဖယ်ဒရယ်အစိုးရပေးရန်ရှိတာတွေ..အတိုးတွေ..မပေးနိုင်ပဲဖြစ်သွားမယ်လို့ နားလည်တာပဲ..။

    ဆိုတော့ တရုတ်ကြီးအပါအဝင်.. ယူအက်စ်ဘွန်းတွေဝယ်ထားတဲ့ တိုင်းပြည်တွေ..လူတွေ.. နောက်ဘယ်ဝယ်တေ့ာပါ့မလဲနော..။ယူအက်စ်တိုင်းပြည်ကို ဘယ်အယုံအကြည်ရှိပါတော့မလည်း..။ နောက်ဝယ်ရင်လည်း… အတိုးများများရမှသာ ဝယ်ပေးတော့မပေါ့..။

    ယူအက်စ်ကွန်ဂရက်က.. ဒီလိုတော့ အဖြစ်ခံမယ်မထင်ပါဘူး..။ နောင်ဂျိန်ချနေတဲ့.. ရီပါ့ဗလစ်ကင်န်နဲ့..ဒီမိုကရက် အမတ်တွေ.ဩဂုတ်လ ၂ရက်မတိုင်ခင်.. လွှတ်တော်ထဲညှိလို့ရသွားမယ်ထင်ပါတယ်..။

    ဒီလိုအဖြစ်မျိုးတွေကို မြန်မာပြည်တွင်းက လွှတ်တော်ကိုယ်စားလှယ်တွေ သေသေချာချာလေ့လာသင့်တာပေါ့..။
    လွှတ်တော်ကနေ .. အမတ်တွေဟာ..အစိုးရကို အကြီးအကျယ်… ထိန်းကြောင်းမောင်းနှင်နိုင်တယ်ဆိုတာ…ထင်သာ မြင်သာတာမို့ပါ..။

  • MaMa

    July 19, 2011 at 6:25 pm

    ဗဟုသုတတွေ အများကြီး ရစေပါတယ်။ ဒီလို ကဏ္ဍတွေ စုံလို့လည်း ရွာထဲမှာ လည်နေရတာ။

  • ကြောင်ကြီး

    July 20, 2011 at 8:44 am

    default risk များနေပေမဲ့ ယူအက်စ်အစိုးရဘွန်းတွေဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေဆဲပဲလို့ ဆိုပါတယ်။ ကမာ္ဘတလွှားစီးပွားကျမှုနဲ့အတူ သေချာရေရာမှုမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကြောင့် U.S. treasury bond သည် လက်ရှိအနေအထားမှာ မက်လောက်စရာ ဆက်ဖြစ်နေမယ်ထင်ပါတယ်။
    http://finance.yahoo.com/news/US-debt-still-attractive-to-apf-3258869561.html?cmtnav=/mwphucmtgetnojspage/headcontent/main/3258869561/date/asc/1/0

  • maungmoenyo

    July 20, 2011 at 8:56 am

    အရေးကြီးတာက balance-budget ပြင်ဆင်မှုဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြင်ဆင်ချက် ဟာ နောင်အနာဂါတ်အစိုးရများရဲ့ ဘတ်ဂျက်လုပ်ပိုင်ခွင့်ကိုချဲ့ထွင်တော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်လွတ်စပါယ်လုပ်လို့မရအောင်ပြဌာချက်တွေက ထိန်းကြောင်းပေးမှာပါ။
    ခုထိဝင်လာတဲ့ စက်ရပ်သတင်းအရတော့ ရီပါတ်ဘလစ်ကန် ကတင်မဲ့ အသုံးစရိတ် ဖြတ်တောက်ရေး ကို သမ္မတက အနဲငယ်လိုက်လျော ဘို့ရှိပါတယ်။ အဲ့ဒီအထဲမှာ ကာကွယ်ရေး၊ စစ်ပြန်များခံစားခွင့်၊ social security ခံစားခွင့် နဲ့ Medicare တို့ကိုတော့ ကင်းလွတ်ခွင့်ရကြမယ်လို့ကြားလို့ ဝမ်းမြောက်မိကြောင်းပါ။ အောက်လွှတ်တော် ကွန်ဂရက်ကတင်မဲ့ ဖြတ်တောက်ရေးမူကြမ်းကို အထက်ဆီနိတ်က ပယ်မဲ့ပုံပေါ်ပါတယ်။ အကြွေးမြီ တင်မှုကိုရပ်တန့်အောင်စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ အပြင် ရေရှည် အကြိုးစီးပွားကို မဖေါ်ဆောင်နိုင်တဲ့ အဲ့ဒီမူကြမ်းဟာ၊ သမ္မတ စားပွဲရှေ့မှာတင်နေ့မြင်ညပျောက်ဖြစ်မဲ့ပုံပါဘဲ။ သမ္မတကလည်းဗီတိုအာဏာသုံးဘို့ ရာဇသံပစ်ထားပြီကိုး။
    မေး – တရုတ်အပါအဝင် နိုင်ငံကြီး တွေ ကအတိုးနှုန်းတွေမြှင့်ခြင်းအားဖြင့် အမေရိကန်bond တန်ဘိုးကျမလား။
    ဖြေ – ကျလဲခနပါဘဲ။ တကဲ့ကိုခနဘဲဖြစ်မှာပါ။ ခဏပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့၊ ငွေကြေးစနစ်တခုကို peg လုပ်ခဲ့တဲ့ စနစ်ဟာ စာအုပ်ပေါ်မှာမရှိခဲ့ပေမဲ့ ကမ္ဘာ့ငွေကြေးစနစ်မှာ လက်ကိုင်ပြုနေရတဲ့ တောင်ဝှေးတုခုဖြစ်နေပါတယ်။ အမေရိကန်ဒေါ်လာဟာ နိုင်ငံတကာ ငွေကြေးစနစ်အားလုံးရဲ့ တခုတည်းသော peg လုပ်ခြင်းခံရတဲ့ ငွေကြေးစနစ်ပါ။ အဲ့ဒီစနစ်ဟာ ရာစု တခုနီးပါးရှိပါပြီ။ အမေရိကန်အစိုးရက bond တန်ဘိုးကျမှာကိုကြောက်တာထက်၊ နိုင်ငံတကာက ပိုကြောက်ပါတယ်။
    debt ceiling မြှင့်သော ရာဇဝင် –
    သမ္မတ ရီဂင် လက်ထက် – (၁၇) ကြိမ်
    စီနီယာ ဘွရှ် လက်ထက် – (၈) ကြိမ်
    ကလင်တန် လက်ထက် – (၄) ကြိမ်
    ဂျူနီယာ ဘွရှ် လက်ထက် – (၇) ကြိမ်
    လက်ရှိအိုဘားမားလက်ထက် – (၃) ကြိမ်
    (၁၉၈၀) နောက်ပိုး ဒီလိုလုပ်တာ (၃၉) ကြိမ်ရှိနေပြီဖြစ်ကြောင်းပါ….။

  • kai

    July 27, 2011 at 3:52 am

    အထောက်အကူလေးရအောင် အတွက်ပါ..။ မြီရှင်စာရင်းခေါ်ရမယ်ထင်တယ်..။ 🙂

    http://globalpublicsquare.blogs.cnn.com/2011/07/21/who-owns-america-hint-its-not-china/
    Here’s a quick and fascinating breakdown by total amount held and percentage of total U.S. debt, according to Business Insider:

    Hong Kong: $121.9 billion (0.9 percent)
    Caribbean banking centers: $148.3 (1 percent)
    Taiwan: $153.4 billion (1.1 percent)
    Brazil: $211.4 billion (1.5 percent)
    Oil exporting countries: $229.8 billion (1.6 percent)
    Mutual funds: $300.5 billion (2 percent)
    Commercial banks: $301.8 billion (2.1 percent)
    State, local and federal retirement funds: $320.9 billion (2.2 percent)
    Money market mutual funds: $337.7 billion (2.4 percent)
    United Kingdom: $346.5 billion (2.4 percent)
    Private pension funds: $504.7 billion (3.5 percent)
    State and local governments: $506.1 billion (3.5 percent)
    Japan: $912.4 billion (6.4 percent)
    U.S. households: $959.4 billion (6.6 percent)
    China: $1.16 trillion (8 percent)
    The U.S. Treasury: $1.63 trillion (11.3 percent)
    Social Security trust fund: $2.67 trillion (19 percent)

    So America owes foreigners about $4.5 trillion in debt. But America owes America $9.8 trillion.

  • maungmoenyo

    July 27, 2011 at 7:52 am

    ကိုခိုင်ရဲ့ မြီရှင်စာရင်းကိုတွေ့တော့ အမေရိကားရောက်မြန်မာများ နှာနှပ်ရမဲ့အဖြစ်မျိုးရောက်နေပါပြီ။ အဖြစ်ကဒီလိုပါ။ အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ တရုတ်ကြီးအ်ပါအဝင် middle-east, Europe တို့ ကကြွေးရှင်များဟာ အကြောင်းမဲ့ အကြွေးတင်ခံပြီး ရောင်းတာမဟုတ်ပါဘူး။ နိုင်ငံတကာစံနှုန်းအရ ငွေမာ (pegged-rate foreign currency) အဖြစ်ဒေါ်လာကို ဒီနေ့အထိ (ဩဂုတ်လ(၂)ရက်နေ့အထိ အသိအမှတ်ပြုထားပါတယ်။ လက်မှတ်ထိုးပြီးသဘောတူထားတဲ့ အသိအမှတ်ပြုမှုမျိုးမဟုတ်ပါဘူး။ လိုလိုချင်ချင်နဲ့ သဘောတူထားတဲ့ hard currency ပါ။ (အထက်မှာလဲနဲနဲရှင်းပြထားပါတယ်။) လူဘိန်းအတွေးတွေးရင် ရွှေဟာ တန်ဘိုးအရှိဆုံး ဖလှယ်ပစ္စည်းအဖြစ် မြန်မာပြည် ဇနပုဒ်က ငွေတိုးချေးစားကြတဲ့ “အ”သုံးလုံးတောင်မကြေတဲ့ ဂျီးဒေါ်ကြီး ကစပြီး IMF/World Bank နဲ့ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြိး Tim Geithner မငြင်းနိုင်ပါဘူး။ ရွှေ ပြီးရင် (အထူးသဖြင့် နိုင်ငံတကာ ငွေကြေး နဲ့ စီးပွားရေးလုပ်ငန်းရှင်များ) မျက်စောင်းထိုးကြတာက “ဒေါ်လာ”ပါ။ ဒါကလဲ အမေရိကန်ကိုချစ်လွန်းအားကြီးလို အထင်ကြီးလွန်းအားကြီးလို့မဟုတ်ပါဘူး။ ခိုင်မာတဲ့ စနစ်တခုအောက်မှာရှိတဲ့ ငွေကြေးလည်ပါတ်မှုစနစ် ဖြစ်နေလို့ဆိုတာကိုမမေ့ကြဘို့လိုပါတယ်။ ဒီလိုအမေရိကန်က နိုင်ငံတကာပေါ်အကြွေးတွေ ပါတ်လည်ဝိုင်းနေတာကို င်္ဒီမြီရှင်တွေက ကြေနပ်သဘောတူပြီး ဒီပွားဘက်ဖြစ်နေတာ နှစ်ရာစုနဲ့တောင်ချီနေပါတယ်။
    အမေရိကန်အစိုးရရဲ့လက်ရှိ debt ceiling stalemate ကိုကြည်ရအောင်။ နိုင်ငံတကာက မျက်ခုံးလှုပ်မယ်ဆိုလှုပ်စရာပါဘဲ။ Uncle Sam ကမကြိုက်သလို၊ နိုင်ငံတကာကလဲ ဝမ်းသာလုံးဆို့မယ်လို့တော့မထင်လိုက်ကြပါနဲ့။ ကြိုက်တဲ့ သူဘယ်သူမှမရှိပါဘူး။ မနေ့ ကသမ္မတ နဲ့ Republican က ဂျွန်ဘာနာ တို့ မိန့်ခွန်းတွေကိုသေသေခြာခြာလေ့လာကြည့်ရင်၊ သမ္မတဘက်က လိုက်လျောမှု ကိုတတ်နိုင်သမျှလုပ်ပေးထားပါပြီ။ သမ္မတကပြောပါတယ် လက်ရှိ လူများစု လူလတ်တန်းစားနဲ့ ဆင်းရဲသားတွေ ရဲ့ ကျန်းမာရေးပညာရေး၊လုံခြုံရေး၊ အလုပ်အကိုင်၊ ဆိုရှင်စကြူရတီ တွေကို အရမ်းဖြတ်တောက်လို့မရပါဘူး။ ဒီအစီအမံတွေက နှစ်ရာစုတဝက်လောက်အခြေခြထားတဲ့ လူများစုကိုအထောက်အပံ့ပြုတဲ့ အစီအစဉ်တွေပါ။ ရီပတ်ဘလစ်ကန် ဘက်ကတော့ အမတ်တဦးချင်းရဲ့နောက်ကွယ်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် giants ကြီးတွေရဲ့ မျက်နှာပျက်စေမဲ့ လက်ရှိ tax deferral ကို ဆက်ထားချင်ကြပါတယ်။ ရွေးကောက်ပွဲကလဲနီးလာသလို၊ ပါတီတွင်းမှာကိုဘဲ ဒီဘတ်ဂျက်ကိစ္စအတွက်မူကွဲတွေရှိနေပါတယ်။ အမေရိကန်သမိုင်းတလျှောက်မှာ debt ceiling မြှင့်တာ (၃၉)ကြိမ်ရှိပြီးမို့ ခုတခါမြှင့်တာကရောဘာဆန်းလဲလို့မေးစရာရှိပါတယ်။ အရေးကြီးပါတယ်။ ဒီမိုကရက်တစ်အစိုးရနောက်ရွေးကောက်ပွဲမှာမအောင်နိုင်ဘို့ လုပ်တဲ့ ဗျူဟာထဲမှာ ဒီလက်နက်က ရီပါတ်ဘလစ်ကန်အတွက် အတော့်ထိရောက်နေပုံရပါတယ်။ ဂွှန်ဘာနာ ရဲ့ မိန့်ခွန်းထဲမှာ ဒီပြသနာလိပ်ခဲတင်းလင်းကို ကြော်လွှားနိုင်မဲ့ အဖြေ ရေရေရာရာ ပါမလာတာကိုဝမ်းနဲဘွယ်တွေ့ရပါတယ်။ လက်ရှိ Healthcare, social security နဲ့ ဆင်နွှဲနေတဲ့ စစ်ပွဲတွေကို တိကနဲ ဖြတ်လို့မရပါဘူး။ စရိတ်တွေလျှော့ချရမယ်ဆိုတာအမှန်ပါ။ ကိုယ့်မှာရှိတဲ့ credit limit ထက်ကျော်ပြီးသုံရင် ကိုယ်ခံရမဲ့သဘောပါ။ ဒီလိုပါဘဲ ကိုယ်မှာမရှိတဲ့ ငွေကိုပိုသုံးရင် ကိုယ်ကခံရမှာဘဲ။ ကိုယ်ဆိုတာ အမေရိကန်နိုင်ငံသားတင်မက နိုင်ငံတကာပါပါတယ်။ မလျှော့လို့မရပါဘူး။ သမ္မတက ပြောပါတယ်။ (၂.ရ တရီလီယံ) လျော့ပါမယ်။ ဒါကိုရိပါတ်ဘလစ်ကန် က (၃ ထရီလီယံ) တောင်းပါတယ်။ dollar to dollar လို့တောင်းပါတယ်။ သမ္မတကပြောပါတယ် dollar to dollar လျှော့ ဘို့အတွက် လက်ရှိ ထောက်ပံ့ရေးအစီအစဉ်တွေကို overhaul/comprehensive reform လုပ်ရပါမယ်။ အခု လုပ်ထားတဲ့ Healthcare Reform ဟာ comprehensive မဟုတ်သေးပါဘူး။ ဒီလိုပြောင်းနိုင်ဘို့ သမ္မတ အိုဘားမားရဲ့မူလအဆိုပြုချက်မှန်သမျှကို ရီပါတ်ဘလစ်ကန်က ပါယ်ချခဲ့ပါတယ်။ ဝမ်းနဲစရာပါ။ ဒီကနေ့ ဆေးရုံဆေးခန်း ကျန်းမာရေးအတွက်သွားရသူတိုင်း တနည်းမဟုတ်တနည်း စိတ်သောကရောက်ကြရတာကိုကြည့်ကြပါ။ ခု dollar to cent ဘဏ္ဍာဖြတ်တောက်မှုက လက်တွေ့ကျတဲ့ ကိစ္စပါ။ ဒါကိုမျက်စေ့စုံမှိတ်ပြီး ကန်ုကွက်ယုံနဲ့အဖြေထွက်မလာနိုင်ပါဘူး။ ပညာရေးကျန်းမာရေးဆိုတာ စီးပွားဖြစ်လုပ်ရမဲ့ ကဏ္ဍတွေမဟုတ်ပါဘူး။
    ကြည်ရသလောက် လာမဲ့ဩဂုတ်(၂)ရက်နေ့မှာမှ သဘောတူညီချက်မရရင် အစိုးရအဖွဲ့အနေနဲ့ ရက်တိုးဆွေးနွေးရမဲ့သဘောရှိပါတယ်။ လက်တွေ့ကျတဲ့ ဖြတ်တောက်မှုတွေကို အိုဘားမားအစိုးရက စားပွဲပေါ်ချပြပြီးပါပြီ။ လူထုကနားမယောင်ကြဘို့လိုပါတယ်။

  • kai

    August 3, 2011 at 5:24 am

    ဒီနေ့..ဩဂုတ်လ ၂ရက်နေ့ပဲ… မနေ့က..ဟောက်စ်က အတည်ပြုလိုက်တဲ့…ဘီလ်ကို…ဆီနိတ်ကအသည်းအသန်ကို .. မဲခွဲ..အတည်ပြုလုပ်ပေးလိုက်ရပြီး. သမ္မတက..လက်မှတ်ချက်ချင်းထိုး..ဥပဒေအဖြစ်လုပ်ပေးလိုက်ပါတယ်..။
    နိုင်ငံတကာက.. ဒေါ်လာရှင်တွေ.. အလုံးကြီးကျသွားပြီပေါ့နော…။ တော်တော်လည်း.. ဒေါကန်မှာပဲ..။ ယူအက်စ်အစိုးရခရက်ဒစ်တော့..ထိသွားလောက်တယ်..။

    ဒီအတိုင်းဆို.. ရီပါ့ဗလစ်ကင်ပါတီထဲက.. တီးပါတီအုပ်စုခေါ်တဲ့.. ညာဖက်စွန်းဆရာသမားတွေ..အနိုင်ရပုံပေါ်ပါတယ်..။
    တီးပါတီဆိုတာက.. ကြားလယ်ရွေးကောက်ပွဲမှာ.. ဒီမိုကရက်တွေ…ဆွဲချတက်လာတာဆိုတော့.. သူတို့အလုပ်သူတို့.. ပြင်းပြင်းထန်ထန်ကို.. လုပ်လိုက်တဲ့သဘောရှိတယ်..။

    ဒါပေမဲ့..
    ၂၀၁၂ရွေးကောက်ပွဲမှာတော့.. တီးပါတီသမားတွေ..(အခုလောက်) မြင်ရတော့မယ်.. မထင်ပါ…။
    ဒါက.. ဗေဒင်..ဗေဒင်… ဟောတာဖြစ်ပါကြောင်း..။ 🙂

  • maungmoenyo

    August 4, 2011 at 10:10 am

    မောင်မိုးညို ကလက်ရှိဖြစ်ပျက်နေတဲ့ သမ္မတအစိုးရအဖွဲ့နဲ့လွှတ်တော်ကြားအားပြိုင်မှုကို ကြည့်ပြီး၊ မြန်မာနိုင်ငံမှမျက်မှောက်ကာလတက်သမျှအစိုးရအဆက်ဆက်က အကြွင်းမဲ့ ဘတ်ဂျက်ကို ထင်ရာစိုင်းဆွဲခွင့်ရတာတွေကိုသွားမြင်ပါတယ်။ တစ်ဩဇာစနစ်ကကောင်းတာရှိသလိုမကောင်းတာလဲရှိပါတယ်။ စင်္ကံာပူနိုင်ငံရဲ့နိုင်ငံအုပ်ချုပ်ရေးရေစီးကြောင်းမှာ ဝန်ကြီးချုပ်လုပ်သူအဆက်ဆက်ရဲ့အမျှော်အမြင်ကြီးမားမှုတွေ ဟာ အာဏာရှင်စနစ်ကို ပဲ့ထိန်းပေးနိုင်တဲ့အတွက် ကမ္ဘာမှာ စံနမူပြုစရာ စီးပွားရေးငွေကြေးစနစ်အဖြစ် ဒီနေ့အထိရပ်တည်နိုင်တာကိုကြည့်ပါ။
    ကဲ…မောင်မိုးညိုလေ့လာမိတာလေးတွေ ……
    မေး – သမ္မတရေးထိုးလိုက်တဲ့ Budget Control Act 2011 ဟာ ရီပါတ်ဘလစ်ကန်(သို့) ဒီမိုကရက်ပါတီ ရဲ့ ဆန္ဒကိုဖြည့်စွမ်းပေးနိုင်လား။
    ဖြေ – မပေးနိုင်ပါဘူး။ ရီပါတ်ဘလစ်ကင်က အသုံးစရိတ်ကိုလုံးဝဖြတ်ဘို့ တောင်းဆိုပါတယ်။ defense နဲ့ non-defense (government contracts)ကိစ္စတေါသာဖြတ်ခံရဘို့ရှိပါတယ်။ ဒီမိုကရက်က ဝင်ငွေ နှစ်သိန်းခွဲအထက်သမားတွေကို အခွန်ပြန်မြှင့်ကောက်ဘို့ လိုလားပါတယ်။ သမ္မတကလျှော့ပေးရပြီး ဒီကိစ္စကိုလုံးဝမထိလိုက်ရပါဘူး။
    မေး – ဒါဆိုရင်ပြဿနာကပြေလည်ပြီလား။
    ဖြေ – လောလောဆယ် ၆လလောက်အတွက် ဘီလီယံ၄၀ဝ လတ်တလောချေးခွင့်ရမယ်။ ပြီရင်ဘီလီယံ ၅၀ဝ ကအတားအဆီးမရှိခဲ့ရင် OK မှာပေါ့နော်။ ဒါပေမဲ့ လွှတ်တော်အမတ်(၆)ဦး (တဖက် ၃ဦးစီ) ပါတဲ့ကော်မီတီက ခုနှစ်ခရစ်စမတ်မတိုင်မှီ လာမဲ့ဆယ်စုနှစ်အတွင်း ထရီလီယံ ၂ ဒဿမ၄ ဖြတ်တောက်ရေးကိစ္စ အကြံပြုရပါမယ်။
    မေး – အစိုးရကဘယ်ကချေးတာလဲ။
    ဖြေ – reserve မှာရှိတဲ့ ကိုယ့် security ကနေချေးတာပါ။ အရပ်ထဲကပြောသလို တရုတ်ကလဲမဟုတ်ပါ။ ဥရောပကလဲမဟုတ်ပါ။ ဒါပေမဲ့ သူတို့ထုတ်ကုန် နဲ့services တွေဝယ်တဲ့အတွက် သူတို့ကိုကြွေးမြီတင်ပါတယ်။ ဒါကိုသူတို့တတွေက လိုလိုလားလားရှိကြတယ်ဆိုတာ ကိုနားလည်ပါ။
    မေး – အဲ့ဒီ security က အရေးပါတဲ့ ကဏ္ဍရောက်လာတာပေါ့?
    ဖြေ – ဟုတ်ပါတယ်။ US ရဲ့ ဒေါ်လာ security ဟာ all time AAA ရှိခဲ့ တာကသက်သေပါ။ ဒီတန်ဘိုးမကျတဲ့အတွက်လဲ နိုင်ငံတကာက US နဲ့ ကုန်သွယ်ဘက် ဖြစ်ဘို့ ဟန်မဆောင်နိုင်အောင်ရှိကြပါတယ်။ ဒါပေမဲ့ အစိုးရက ငွေပေးချေစရာရှိတာတွေ မပေးနိုင်ရင် အဲ့ဒီ security တွေ ဈေးကျပါမယ်။ Downgrade ဖြစ်တယ်လို့ဆိုပါတယ်။ ခုထိတော့ Moody လို့ခေါ်တဲ့ စံနှုန်းပြုအဖွဲ့ကြီးက ဒီအတိုင်းဘဲ AAA rating ပေးထားပေမဲ့ ဈေးကွက်မှာ အားနဲမဲ့အကြောင်းယောကိန်းထုတ်ထားပါတယ်။
    မေး – ဒီလောက်အရေးကြီးတာ ဘာဖြစ်လို့ချက်ချင်းအရေးတယူမလုပ်ဘဲ အမတ်တွေ စကားများနေကြတာလဲ။
    ဖြေ – အထက်မှာပြော်ခဲ့သလိုပါဘဲ။ တခါတခါ မြန်မာအစိုးရရဲ့တချက်လွှတ် အမိန့်တွေက ဒီလိုကိစ္စတွေမှာတယ်အသုံးဝင်မှာလို့…။ နိုင်ငံရေးလွန်ဆွဲပွဲပါ။ ရိပါတ်ဘလစ်ကန် လက်ရှိသမ္မတလောင်းစာရင်းဟာ လောက်လောက်လားလားဖြစ်မလာသေးတဲ့အပြင်၊ ပါတီတွင်းခွာပြဲမှု နဲ့ Tea Party အမည်ခံ လက်ယာစွန်းယောက်ဝါဒိတွေရဲ့ ဂယက်တွေထဲကမရုန်းနိုင်သေးပါဘူး။ ဒီမိုကရက်တစ်ပါတီ ကို နှေင့်နှေးအောင်လုပ်ရေး အစီအမံဟာ ဒီကိစ္စက သော့ချက်တခုဖြစ်နေပါတယ်။ ဒီသဘောတူညီချက် နဲ့ အလျှော့အတင်းကိစ္စတွေက လ ပေါင်းများစွကတည်းကရှိပြီးသားပါ။ တမင်အချိန်ဆွဲထားပြီး လုပ်တဲ့ နိုင်ငံရေးက,ကြိုးတမျိုးဆိုတာ မြင်အောင်ကြည့်တတ်သူတိုင်းမြင်မှာပါ။
    မေး – ဥပဒေရဲ့ အကြိ်ုးသက်ရောက်မှုရလာဒ် ကရော။
    ဖြေ – (၁) တိုင်းပြည်မှာကြွေးမြီများစွာတင်နေချိန်မှာ အစိုးရအသုံးစရိတ်တွေလျှော့ချဖြတ်တောက်ရမယ်ဆိုတာမှန်ပေမဲ့ အစိုးရက လက်ရှိအစီအစဉ်တွေကိုဖြတ်ချင်တိုင်းဖြတ်လို့မရဘူးလို့ဆိုပါတယ်။ ဒါကို Congressional Budget Office လို့ခေါ်တဲ့ ဘက်မလိုက် ဌာနကြီးကသဘောတူထားပါတယ်။ ဒါပေမဲ့ ရိပါဘလစ်ကန်က အသုံးစရိတ်ဖြတ်ရမယ်လို့မျက်စေ့စုံမှီတ်အော်ပါတယ်။ ဒီလိုဖြတ်မှ လူထုကမကြေမနပ်ဖြစ်မှ၊ လက်ရှိအစိုးရကိုမလိုမုန်းထားဖြစ်မယ်ဆိုတာကိုတွက်ချက်ထားလို့ပါ။ လက်ရှိဖြတ်တဲ့ စရိတ်တွေက စစ်တပ်နဲ့ သူနဲ့ဆက်နွယ်နေတဲ့ အရပ်ဘက် ကန်ထရိုက်တွေရဲ့အသုံစရိတ်တွေဖြစ်ပါတယ်။ ဒီအတွက် အလုပ်အကိုင်မဲ့ရာနှုန်းတိုးလာနိုင်စရာရှိပါတယ်။ (စကားကြုံလို့ပြောရရင် ရီပါတ်ဘလစ်ကန် တွေလိုလားတဲ့ dollar to dollar deep spending cut ဆိုတာက လက်ရှိအစီအစဉ်တွေပေါ်မှာလုပ်လို့မရပါဘူး။ overhaul comprehensive reform လုပ်မှရပါမယ်။ ဥပမာ – အခွန်ကိစ္စ မှာ tax code တွေအားလုံးပြန်ပြင်ဆွဲရပါမယ်။ အပေါ်ယံရှပ်ပြီးဆေးနည်းတိုနည်းနဲ့ပြင်လို့မရပါဘူး။ ရီပါတ်ဘလစ်ကန်တွေက ကောင်းကောင်းသိပါတယ်။ မဖြစ်မှန်းသိလို့ တမင်ချောက်ကျအောင်အကွက်ဆင်တာပါ။)
    (၂) လူလတ်တန်းစားနဲ့ လူဆင်းရဲလူတန်းစား ထောက်ပံ့ကူညီမှုအစီအစဉ်တွေ (မြန်မာတွေအပါအဝင်) ကိုထိခိုက်မှုမရှိပေမဲ့၊ မသိမသာအပြောင်းအလဲလေးတွေရှိလာပါမယ်။ ဥပမာ သက်ကြီူရွယ်အိုများအတွက်ဆေးဝါးစရိတ်ပံ့ပိုးမှ (donut-hole closure program) ကိစ္စတွေနှောင့်နှေးစရာရှိပါတယ်။
    (၃) ဒီလို လိုငွေပြတဲ့ကိစ္စမှာတနိုင်ငံလုံးရှိလူလတ်နဲ့ လူဆင်းရဲတန်းစားတွေရဲ့အခွင့်ရေးပေါင်းများစွာတို့ ဖြတ်တောက်ခံရပေမဲ့၊ လူချမ်းသာလက်တဆုတ်စာ ရဲ့အခွန်တိုးမြှင့်ကောက်ခံရေးကိစ္စမအောင်မြင်တဲ့အတွက်၊ ချမ်းသာသူလူနည်းစုကတောါအခွန် တိုးမြှင့်ကောက်ခံခြင်းခံရခြင်းကကင်းလွတ်ခွင့်ရသလို၊ နိုင်ငံဘဏ္ဍာအခက်အခဲမှာခြူးတပြားတောင်ထဲ့စရာမလိုတဲ့ အခွင့်ထူးကြီးတွေရသွားကြပါတယ်။ Thank you ရီပါတ်ဘလစ်ကင်အမတ်မင်းများ။
    မေး – တဦးချင်းပေါ်မှာဘယ်လိုအကျိုးသက်ရောက်မလဲ။
    ဖြေ – အမှန်ပြောရရင်၊ မောင်မိုးညိုတို့လိုသာမာန်လူတန်းစားတွေအပေါ် သိသာတဲ့အကျိုးအာနိသင်ပြောင်းလဲစရာမရှိသလောက်ပါဘဲ။ အဲ..တခုတော့ရှိပါတယ် အလုပ်မပြုတ်ပါစေနဲ့။ အလုပ်အကိုင်အခွင့်အလန်းတွေနဲသွားသလို job market contract ဖြစ်သွားပါလိမ့်မယ်။ တကယ်ကျျွမ်းကျင်တဲ့ စီးပွားရေးပညာရှင်တွေ က ဒီ law နဲ့ ပါတ်သက်ပြီး တခြားကိုစိတ်မပူပါဘူး။ အလုပ်အကိုင်အခွင့်အလန်းလျော့ပါးပြီး အလုပ်လက်မဲ့ နှုန်းတက်လာမှာကို တွက်ချက်မိကြလို့ပါဘဲ။
    မေး – social security, 401k တို့အပေါ်မှာဘယ်လိုအကျိုးသက်ရောက်မလဲ။ stock market ရော။
    ဖြေ – social security ဟာ trust fund ပါ။ ဘတ်ဂျက်ပေါ်မှာအခြေခံတဲ့ ဘဏ္ဍာမဟုတ်ပါဘူး။ ဒီအတွက် ကောလာဟလတွေဖြစ်နေသလို ငါတို့တို့ အနားယူရင် ထောက်ပံ့ကြေးလျောရချည်ရဲ့ ဆိုတဲ့ အပူအပင်မျိုးရှိစရာအကြောင့်မရှိပါဘူး။ ဒါပေမဲ့ stock ပေါ်မှီနေတဲ့ 401k သာလျင် စတင်ထုတ်ယူသုံးစွဲတဲ့အချိန်ကာလ ပေါ်မူတည်ပြီးမှသာလျင်၊ အနဲအများကွာနိုင်ပါတယ်။ ခြုံပြောရရင် 401k အတွက်ပူစရာလို့မထင်။ stock market ဟာ စီးပွားရေး အတက်အကျ bull နဲ့ bear markets သံသရာ cycle ပေါ်တည်မှီနေတယ်ဆိုတာသတိချပ်ကြပါ။
    မေး – တရုတ်ကြီးက အမေရိကန်ကိုအကြွေး နဲ့သိမ်းမယ်ဆိုတဲ့ကိစ္စ ကတကယ်ဘဲလား။
    ဖြေ – လူဘိန်းအရပ်ပြောကိစ္စကောလာဟလ တွေလိုဘဲ ပျက်ရာပျက်ကြောင်းကိစ္စတွေက သတင်းပြန့်ရာမှာတယ် ပြီးခရီးရောက်မြန်မပါတယ်။ တောမီးလောင်သလိုပါဘဲ။ ဖြစ်နိုင်ခြေကိန်းဂဏန်းနဲ့ပြောရအောင် ( သုည ဒဿမ သုည သုည ကိုး) ရာနှုန်းဘဲ ရှိပါတယ်လို့ဆိုပါရစေ။ မဖြစ်ရေးချမဖြစ်နိုင်ပါခင်ဗျား (ရှင်းပြရမှာကျယ်ပြန့်လို့ နောက်မှသပ်သပ်ရှင်းပါ့မယ်)။
    (မှတ်ချက်။ ။ ဒိမှာတင်ပြထားချက်အားလုံးဟာ မောင်မိုးညိုရဲ့ သုတေသနပြုလေ့လာချက်ပေါ်မှာသာလုံးဝမှိတည်ပါတယ်။ ဘာသာပြန်တာ။ ကူးချတာအလျင်းမရှိကြောင်းပါ။)
    ကဲ…ကွန်မင့်ကြပါခင်ဗျား………..

  • ကြောင်ကြီး

    August 4, 2011 at 11:19 am

    အင်း.. သမတ ရွေးကောက်ပွဲကလည်း နှောင်နှစ်ဆိုတော့ ဘတ်ဂျတ်ပြသနာ ရှည်ကြာအုံးမဲ့သဘော ရှိပါတယ်။ ဘယ်သူတွေကို ဘယ်လောက်ရိုက်ခတ်မလဲ ဘယ်လိုဝှက်ဖဲများရှိကြလဲဆိုတာကွန်ဂရက်နဲ့အစိုးရ၊ ဒီမိုကရက်ပါတီနဲ့ ရီပတ်ပလင်ကန်ပါတီတို့ နောက်တချီ ရွေးကောက်ပွဲနားနီးတဲ့အခါ ပိုထင်ရှားစွာ မြင်ရမယ်ထင်ပါတယ်။ ဒီတချီကတော့ မသေမရှင်သဘောမျိုး နှစ်ဖက်အပေးအယူ ရေတိုကာလတခုအတွက် ညှိနှိုင်းစေ့စပ်မယ်ဆိုတာ သဘောပေါက်ပြီးသားပါ။ အမေရိကန်စီးပွားရေးအခြေအနေကတော့ နောင်ရွေးကောက်ပွဲအထိ ပိုဆိုးလာ၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပြန်တက်မလာမဲ့ အနေအထားမှာရှိပါတယ်။ သတင်းထဲမှာ အစိုးရဘတ်ဂျတ် လျော့ချမှုမှာ အထိခိုက်ဆုံးက ပင်တဂွန်စစ်ဌာနချုပ်ဖြစ်တယ်လို့ဆိုပါတယ်။ စစ်ရေး၊ ကာကွယ်ရေး အသုံးစရိတ်များ ဖြတ်တောက်ခံရလို့ပါ။ နာဆာ အာကာသ လွန်းပျံယာဉ်စီမံကိန်းလည်း နထ္ထိတံသွားပါပြီ။ အီရတ်နဲ့အာဖဂန်က တပ်ဖွဲ့ဝင်တွေ ပြန်ခေါ်၊ စစ်တပ်ကို ပြန်လျော့ချရလို့ အလုပ်လက်မဲ့ပြသနာ ပိုကြီးထွားကိန်းရှိပါတယ်။ တဆက်ထဲမှာ အမေရိကန် ပြည်တွင်းပြသနာများကို အမြတ်ထုတ်ပြီး ဘာသာရေးအစွန်းရောက်၊ အကြမ်းဖက်သမားများ ခေါင်းထောင်လာတဲ့အခါ စစ်ပွဲတွေထပ်ဖြစ်နိုင်လို့ ရေနံဈေးလှုပ်အုံးမှာ ကြောက်ရပါတယ်။ ကျွမ်းကျင်သူများပြောတာ နောက်တခါ စီးပွားရေးကျဆင်းမှုဖြစ်ရင် စတော့ရှယ်ယာများ ၄၀%အထိ ပြုတ်ကျဖို့ ရှိပါသတဲ့။ ယူအက်စ်ငွေချေးစာချုပ်ကို အဆင့်နိမ့်ချခံရဖို့ကို မြီရှင်၊ မြီစား နှစ်ဖက်စလုံးက ဟက်ဟက်ပက်ပက်မရှိ၊ ဒါမှမဟုတ်လည်း ထိတ်ထိတ်ပြာပြာမရှိတာကြောင့် (အနည်းဆုံးတော့ အခုချိန်အထိ) သိပ်စိုးရိမ်ဖွယ်ရာ မရှိသေးပါဘူး။ နို့ထွက်နေသေးတဲ့နွားမကြီးကို အစာရေစာစားပါးနေချိန်မျိုးမှာ ဆက်ပြီးမွေးထားကျွေးထားအုံးမှာပါ။ ရွှေဈေးတက်လွန်းတာ ကမာ္ဘ့စီးပွားရေးကို ထိခိုက်စေပါတယ်။ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှု အားနည်းနေတဲ့သဘောပါ။ ဒါတောင် ဘဏ်တိုးနှုန်းများကို သိသိသာသာလျော့ချထားလို့ပါ။ တဖက်ကကြည့်ရင်လည်း ငွေဆိုတာလည်ပတ်နေရမှာမို့ ရင်းနှီးမြှုပ်နှံသူများ ထိုင်နေလို့မရ၊ ငွေချေးစာချုပ်နဲ့ ရွှေလိုတန်ဖိုးရှိသတ္ထုများ တချိန်လုံးဝယ်စုနေလို့ မရပါဘူး။ ဒီလိုနဲ့ပဲ အချိန်တချိန် မရောက်ခင်အထိ ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ စတော့၊ ငွေချေးစာချုပ် ဈေးကွက်များ ရှင်သန်ဖွယ်ရှိပါတယ်။ ခံရမှာတော့ အိမ်မြေဈေးကွက်တွေပါ။ စီးပွားရေးမကောင်း၊ မတည်ငြိမ်သ၍ ဈေးကျနေပါအုံးမယ်။ ဆောက်လုပ်ရေးလုပ်ငန်းများ မကောင်းတော့ အလုပ်အကိုင်ရှား၊ ဘဏ်တွေငွေမချေးရ၊ ဒါနဲ့ စီးပွားရေကျတဲ့ သံသရာရှည်ကြာနေမှာ စိုးပါတယ်။

  • Mee2

    August 4, 2011 at 1:24 pm

    သမ္မတ ရဲ့ စီမံကိုင်တွယ်မှု နဲ့ ဦးဆောင်နိုင်မှု ဟာ debt ceiling ကိုဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နေရာမှာ အခရာကျလာပါတယ်။ နှစ်ဖက်သဘောကွဲလွဲမှုတွေကို ရင်ကြားစေ့ပေးနိုင်ဘို့ နေ့ရက်တွေကိုတော့ ကျွန်တော်တို့ မြန်မာတွေ အပါအဝင် ပြည်သူတွေအားလုံးကတော့ စောင့်ကြည့်ကြရမှာပါ။ဒီလို မျိ ုးကိုင်တွယ်နိုင်စွမ်း လက်ရှိသမ္မတ ဦးသိန်းစိန်မှာရှိပေါ့မလား။ကျွန်မအမြင်မှာတော့ ဦးသိန်းစိန်လဲ အိမ်ကကြိ ုရေးလာတဲ့စာရွက်ကြည့်ဖတ်တဲ ့အဆင့်ထက်နည်းနည်းတော့ပိုတယ်ထင်ပါတယ်။နည်းနည်းဘဲနော်

  • maungmoenyo

    August 5, 2011 at 10:10 am

    debt ceiling ကိစ္စကိုပြေလည်အောင်ဆောင်ရွက်ပေးနိုင်ခြင်းဟာ အစိုးရအသုံးစရိတ်ကို ဘယ်လိုဆက်ဆောင်ရွက်မယ်ဆိုတာကိုသဘောတူခြင်းသက်သက်ဖြစ်တယ်ဆိုတာမြင်တတ်ကြဘို့လိုပါတယ်။ ရလာဒ်အနေနဲ့ အလုပ်လက်မဲ့နှုန်းကိုကြီးထွားလာနိုင်စရာရှိပါတယ်။ မောင်မိုးညိုတို့လိုသာမာန်လူတန်းစားတွေအတွက်တိုက်ရိုက် သက်ရောက်နိုင်တဲ့ အခြေအနေရှိပါတယ်။ တခြားအကျိုးသက်ရောက်မှုသိသိသာသာရှိမှာမဟုတ်ပါဘူး။
    Mee2 ရဲ့ အမြင်ကိုသဘောကျမိပါတယ်။ လောလောဆယ်မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ငွေကြေးနဲ့ ကုန်သွယ်စီးပွားဖြစ်တည်မှုမှာ financial language နားမလည်တဲ့အတွက် ကမ္ဘာ့ပြင်ပရောက်စီးပွားရေးအုပ်စုထဲ အလိုအလျောက်ရောက်နေပါတယ်။ အဲ့ဒီအတွက် စီးပွားရေး နဲ့ ငွေကြေး ပြဿနာအတိုင်းအတာကိုတိုင်းတာတဲ့ ညွှန်ပြကိန်းမရှိပါဘူး။ ဆိုလိုတာကဆင်းရဲတာနဲ့ ချမ်းသာတာကို ဘောင်ခတ်တဲ့ အမြင်ဟာအစိုးရမှာမရှိသလို အစိုးရကလည်းပြည်သူသန်း(၆၀) အတွက်ဒီဟာကအရေးပါတယ်လို့မထင်ပါဘူး။ ထင်ရကောင်းမှန်းလဲမသိပါဘူး။ သူ့အလုပ်မဟုတ်ဘူးလို့ ယူဆထားပါတယ်။ ကောင်းတဲ့ လက္ဘဏာမဟုတ်ပမဲ့ လူထုကလဲ အစိုးရရဲ့ကျောခိုင်းခြင်းကို ရင်ပါးမှန်းမသိရင်ပါးနေပြီလို့ သုံးသပ်မိပါတယ်။

  • kai

    August 5, 2011 at 2:17 pm

    Debt crisis: stock markets panic – live blog

    • Almost £50bn wiped off leading FTSE shares on Thursday
    • Huge sell-off on Wall Street hits Dow Jones
    • Turmoil sweeps through Asian stock exchanges
    The Dow Jones Industrial Average fell more than 500 points on Thursday, the biggest drop since 2008.
    ======
    ဒီနေ့တက်လာတဲ့ သတင်းအရ.. တကမ္ဘာလုံးက စတော့တွေ..ထိုးကျကုန်ပါတယ်..။
    အိုဘားမား အသက်၅ဝမွေးနေ့ကြီးမှာနော…။ 🙂
    ကြည့်ရတာ.. လွတ်တော်အမတ်တွေက… အစိုးရကို ဘက်ဂျက်ဖြတ်တောက်လိုက်တာတွေဟာ.. ရီစက်ရှက်ကနေ..ဆန့်ငင်ဆန့်ငင် ရုံးထွက်လာတဲ့.. အမေရိကားစီးပွားရေးလည်ပါတ်မှု ထိခိုက်ပုံရတယ်..။

    ဂျပန်စီးပွားရေးသမားတွေပြောသလို..ပြောရရင်..” ပြေးနေတဲ့မြင်းကို ..မျက်လုံးဆွဲထုတ်လိုက်သလို.”.. လို့ပြောရမယ်..။
    ဘယ်လိုပြန်ကယ်မလည်း.. သမ္မတအရည်အချင်းပေါ်တည်တယ်ပြောရမှာပဲ..။
    ပြန်မကယ်နိုင်ရင်… ၂၀၁၂ ရွေးကောက်ပွဲ. အခြေအနေမကောင်းဘူးပေါ့…။

  • maungmoenyo

    August 8, 2011 at 10:55 am

    နိုင်ငံတကာ ငွေကြေးစနစ်ကို လေ့လာနေတဲ့ rating institutions ကြီး (၃) ခုရှိပါတယ်။ Moody, Fitch နဲ့ အခု AA rating ကိုအဆင့်ချလိုက်တဲ့ Standard & Poor တို့ရှိပါတယ်။ (၃) ခုစလုံးက ဒီလိုဆန်းစစ်တဲ့နေရာမှာအခြေခံအကြောင်းတရားအများကြီးရှိပါတယ်။ အဓိက က နိုင်ငံရေးအခြေအနေ၊ စီးပွားကုန်သွယ်မှု၊ ငွေကြေးဖလှယ်တဲ့နှုန်းထား၊ ဘဏ်တွေရဲ့ ငွေကြေးလည်ပါတ်မှုစနစ် တို့အပေါ်မှာအခြေခ့ကျပါတယ်။ နားလည်ကြဘို့က နိုင်ငံရေးဖြစ်တည်မှုကအဓိကပါ။ ဒါကိုလည်းအဲ့ဒိအဖွဲ့တွေက အတိအလင်းကြေညာထားတာပါ။ နောက်ဖေးပေါက်ကနေ ထားတဲ့သဘောတူညီမှုမဟုတ်ပါဘူး ဗြောင်ကြေညာထားတဲ့ သဘောထားပါ။
    ဒိလို downgrade လုပ်မယ်ဆိုတာအားလုံးကမျှော်လင်ထားပြီးသားပါ။ ဒါပေမဲ့ဆိုးတာက (၁၉၁၇) နောက်ပိုင်း ဒါပထမအဦးဆုံးမို့ပါ။ အစိုးရရဲ့ ခိုင်မာမှုကိုထိနိုင်သလား ဆိုရင်အတော်ထိခိုက်ပါတယ်။ ငွေကြေးခိုင်မာမှု နဲ့ အထူးသဖြင့် နိုင်ငံတကာက အမေရိကန်ဒေါ်လာပေါ်ယုံကြည်မှုကိုထိခိုက်မလားလို့မေးရင် မထိခိုက်နိုင်ပါဘူးလို့ ပြောပါရစေ။ (ဒေါ်လာဈေးကျတာနဲ့ ဒေါ်လာအပေါ်ယုံကြည်မှုရှိတာ နှစ်ခုက လုံးဝမတူတာကိုသတိချပ်ပါ။)
    (မှတ်ချက် – ဒီ rating companies ကြီးတွေ က credit bureau တွေ ဖြစ်တဲ့ Transunion, Experian နဲ့ Equifax တို့နဲ့ လုံးဝမတူဘူး ဆိုတာနားလည်ကြပါ။)

Leave a Reply