အမှတ်တရ…ဇူလိုင်(19)။။။

မနက်ခင်း….

လမ်းမကြီးထက်မှာ…….

လူတွေကလည်း ကိုသွားလိုရာနေရာအသီးသီးကို သွားနေကြတယ်

ကားတွေကလည်း ဦးတည်ရာအသီးသီးအတိုင်းမောင်းနှင်လို့

မိုးဖွဲလေးတွေ တစ်ဖြောက်ဖြောက် ကျဆင်းနေတယ် …….

ကချင် လွယ်အိတ်ထဲက ကျောင်းစာအုပ် တနင့်တစ်ပိုးကြီးလွယ်လို့

အရောင်ပျယ်နေတဲ့ ကျောင်းဝတ်စုံလေးဝတ်ထားတဲ့ ကလေးငယ်

လက်တစ်ဖက်က ကြက်ဆင်တံဆိပ် ဖဲထီးလေးကို ဆောင်းပြီး ကျောင်းရောက်အောင်

ခပ်သုတ်သုတ် သွားနေတဲ့အချိန်……………………………….

ဝေါ …….ဝေါ………စက်ရံကြီးရဲ ဥသြဆွဲသံ

ပွမ်း…….ပွမ်း………………………….တီ….တီ………ကားတွေရဲဟွန်းသံ

လမ်းမကြီးတစ်ဖက်က ချည်မျှင်နဲ့အထည် စက်ရုံကြီးက ဥသြ သံဟာ  နီးစပ်ရာပါတ်ဝန်းကျင်ကို
စတင် ဖြိုခွင်းလိုက်…ဥသြသံ နဲ့အတူ  လမ်းမထက်ကကားတွေရပ့်တန့်သွားတယ်….
သူတို့ရဲ ဟွန်းတွေကို အဆက်မပြတ် တီးကြတယ်…

ရေဒီယိုထဲမှာလဲ ဥသြ သံတွေ ထုတ်လွှင့်နေတယ်။။။။။။။

ဟို ခပ်လှမ်းလှမ်းက စက်ရုံကြီးတွေကလည်း ..အပြိုင် ဥသြ တွေ ဆွဲလို့ပေါ့။။။။။။။။

ရွှေ လျှားသွားလာနေတဲ့လူတွေက  ရောက်တဲနေရာမှာရပ်တန့်နေတယ်

သူတို့ရဲ့မျက်လွှာတွေကိုချလို့ ခေါင်းတွေက  ဦးညွတ်ထားကြတယ်

ဘာရယ်ကြောင့် မသိ ဒီဥသြ သံကြားရင် ၀မ်းနည်လာတယ်

ရင်ထဲမှာစို့လာတယ်….တစ်ခုခုကိုတမ်းတနေသလိုပဲ။။။။။။။။။။။။။။။။။။။။။။။

ကြက်ဆင်ဖဲထီးလေးဆောင်းထားတဲ့ ကျောင်းသားငယ်လေဟာ

လေးလံတဲ လွယ်အိတ်ကိုမြေပြင်ထက် ချကာ  လူအများနည်းတူ ထီးလေးဆောင်းရက်နဲ့

လမ်းမထက် ဦးညွတ် ရပ်တန့် ညိမ်သက်နေလိုက်တယ်

တစ်နှစ်မှာ တစ်ရက်တည်းပါ…

တစ်ရက်မှာ…တစ်မနက်တည်းပါ

တစ်မနက်မှာ…တစ်ခါတည်းပါ

တစ်ခါမှာ ..ငါးမိနစ်လောက်ပါပဲ…..။။။။။

မြန်မာပြည်သူတွေအားလုံ ..နှစ်စဉ်နှစ်တိုင်း ငါးမိနစ် အသိမဲ့စွာ

ကျောက်ရုပ်လို ရပ်တန့်  ဦးညွတ်ဖူးကြတယ် လေ။။။။။

လွန်ခဲ့တဲ့ နှစ်(၃၀) ကျော် ကပေါ့။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com