တာဝန်ယူတတ်မှု

ထာ၀ရJuly 19, 20111min1076

ခုတလော တွေကြုံနေရတဲ. အပေါ် စာရေးချင်စိတ်ပေါ်လာလို.

အခုပိုစ်.လေးကိုတင်လိုက်တာပါ

ကျွန်တော်တို.ပတ်ဝန်းကျင်  ရုံးမှာ ၊ ဆိုင်မှာ  အလုပ်ရုံတွေမှာ

လူတွေဟာ ဝမ်းစာရေးအတွက် မဖြစ်မနေ လုပ်ငန်းခွင် ဝင်ကြတဲ.အခါ

လုပ်ငန်းနဲ.ပတ်သက်တဲ. ပြသနာတွေ အခက်အခဲတွေ အမှားတွေ

တွေ.လေ.ရှိကြတာ ထုံးစံပါဘဲ  ၊ အဲဒီမှာ ပြသနာတခုခု ဖြစ်ပြီဆိုရင်

အများဆုံးတွေ.ရတာက ခေါင်းရှောင်ကြတာပါဘဲ

တကယ်တာဝန်ရှိတဲ.လူကလဲ ကိုတာဝန်ယူထားတဲ.အပေါ် ကျေပွန်မှုမရှိတာကို

ဝန်မခံရဲကြဘူး တခြားအကြောင်းအရာတခုပေါ်လွဲချရတာနဲ.အောက်လက်ငယ်သားအပေါ်

ပုံချရတာနဲ.   ဒါတွေကိုတွေ.ရတဲ.အခါ  စိတ်ပျက်မိတာအမှန်ပါဘဲ

တချိုကလဲ အလုပ်ပြုတ်မှာကြောက်လို. တချို.ကလဲစိတ်ကြီးဝင်ပြီးငါသာတော်ငါသာတတ်နဲ.တကယ်ပြသနာလဲ

ဖြစ်ရော ဟိုလူကြောင်.ဒီလူကြောင်.နဲ.သူများကိုပုံချပြန်ရော ။

အခုခေတ်မှာ တာဝန်သိတတ်မှု ၊ တာဝန်ယူတတ်မှု  ကို အလေးထားတတ်တဲ.

ဝန်ထမ်း တွေ ခေါင်းဆောင်တွေ အရေးတကြီး လိုအပ်နေပြီလို. ထင်တယ်ဗျာ

နောင်လာမယ်.မျီုးဆက်တွေ အတွက် ကျွန်တော်တို.လဲ တာဝန်ယူတတ်ဘို. တာဝန်သိတတ်ဘို. လိုနေပြီထင်တယ်

ရွာသားတွေရော ဘယ်လိုသဘောရလဲ

 

 

 

 

6 comments

  • naywoonni

    July 19, 2011 at 7:17 pm

    ကျွန်တော်တို့ ငယ်ငယ် ကတည်းက အဲဒိတာဝန်ယူတတ်မှု ကို သင်ကြားပေးခြင်းမခံရတာ ဝမ်းနည်းစရာကောင်းပါတယ်..။ အဲဒိတော့ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကလေးတွေ လူငယ်လေးတွေ ကို သင်ယူလေ့ကျင့် ပေးခဲ့မယ်ဆိုရင် နောက်တော့ ကောင်းလာမှာပေါ့..။ ကျွန်တော်တို့ မျိုးဆက်အတွက်ကတော့ သိပ်နောက်ကျနေပါပြီ..။ ကျွန်တော်တို့ တောင် စာဖတ်ရင်းနဲ့ သိလာရတဲ့ အသိပါ..။ စာပေက သင်ဆရာပေါ့..။

    • pan pan

      July 20, 2011 at 2:04 pm

      ကလေးတွေကို ငယ်ငယ်လေးကတည်းက စာကိုသာမက စိတ်ကိုပါ သင်ရမှာနော်
      အဲလိုမဟုတ်ဘဲ ဒီလိုပဲဆက်သွားနေရင် မလွယ်တော့ပါဘူး
      ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်ဖို့ပဲ ရှိတော့မှာပဲ

  • etone

    July 20, 2011 at 1:44 pm

    ဟုတ်တယ် … တာဝန်ယူတတ်မှူ မရှိတာ ကြုံခဲ့ဖူးတယ် … … ။
    အဲ့ဒီလို လူမျိုးတွေနဲ့ အလုပ်အတူတူ လုပ်ရတဲ့အခါ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ … တစ်ထွာလောက်လေး လုပ်ပြီး .. တစ်ပုံတစ်ပင်ကြီးပြောတတ်သလို … ခိုင်းမှ လုပ်တတ်တဲ့ လူစားမျိုး .. ဝတ်ကျေတမ်းကျေသာ ခိုင်းလို့ လုပ်ရတယ် …. စေတနာနဲ့ တာဝန်ယူမှူမရှိတော့ …ကိုယ်လုပ်တဲ့အလုပ်အဆင်ပြေရဲ့လား ပြန်မစဉ်းစားဘူး … ခဏခဏပြသနာ တတ်တော့တာပေါ့ … ။ တစ်ခုခိုင်းမှ တစ်ခု ထလုပ်တတ်တဲ့ လူစားမျိုးလေ … အော်တို ဘာပြီးရင် ဘာလုပ်ရမလဲ မတွေးထားတတ်သလို အလုပ်မှာ စေတနာနဲ့ တာဝန်ယူတတ်မှူ မရှိတော့ … အမှားတွေ ထပ်ခါထပ်ခါဖြစ်နဲ့ လူကြီးဆူခံရရော … ဒီတော့ စိတ်ကောက်မယ် အလုပ်ထွက်မယ်တွေ ဖြစ်ကုန်ရော .. .နောက်တော့လည်း …လွမ်းရေးထက် ၊ ဝမ်းရေးက ခက်သမို့… ခပ်ပြောင်ပြောင်ပဲ … ဘယ်သူမှ မနိုးဆော်ပဲ အလုပ်ပြန်ဆင်းတာတွေရှိနေတုန်းပါပဲ … ။

  • MOEPWINTPHYU

    July 20, 2011 at 2:20 pm

    တာဝန်သိသူမှာတာဝန်ရှိတယ် အလုပ်ထဲမှာအဲဒါမျိုးတွေမရှိတဲ အလုပ်မရှိဘူးထင်ပါတယ် သိပ်စိတ်ပျက်ဖိုကောင်းတာပဲ

  • kosharshi

    July 20, 2011 at 3:04 pm

    တာဝန်ယူတတ်သူအတွက် တာဝန်တွေရှိနေပါတယ်..
    အိမ်မှာ၊ကျောင်းမှာ၊ရုံးမှာ၊မိမိကျင်လည်ရာပတ်ဝန်းကျင်မှာ၊
    လမ်းပေါ်မှာ..စသဖြင့်

  • forever

    July 20, 2011 at 5:44 pm

    တာဝန်သိမှုကို တချို.က ဖါးတာဘဲလို.ထင်တတ်ကြတယ်
    တကယ်တော.ကိုပိုင်ပိုင် မပိုင်ပိုင် ကိုတာဝန်ယူရတဲ. အပိုင်းမှာ
    ကျေပွန်အောင်လုပ်နိင်တာ အောင်မြင်အောင်လုပ်နိင်တာ
    ကို.ရဲအစွမ်းအစပါဘဲ ကို.ရဲ.တာဝန်သိတတ်မှုပါဘဲ
    တာဝန်ယူတတ်မှုကျတော. ဖြစ်လာတဲ.အဖြစ်အပျက်ပေါ်မှာ
    ခေါင်းမရှောင်ဘဲ တပည်. လက်အောက်ကလူတွေကို အပြစ်မကျစေဘဲ
    ပြသနာကိုပြေလည်အောင်ဖြေရှင်းနိင်စွမ်း ကို ပြရတာပါဘဲ
    ဒီလိုစိတ်ဓါတ်မျိုး ရှိတော.ရှိတယ် ခုခေတ်မှာ ရှားတော.နေပါပြီလေ….

Leave a Reply