ကိုင်း facebook အသုံးပြုပြီး အင်တာနက်လည်းသုံး ဝင်ငွေလည်းရ မလုပ်ချင်ကြဘူးလား

ShwemannmayMay 6, 20101min19312

Time to Time journal မှာဖေါ်ပြထားတာပါ။

Facebook အသုံးပြုသူများအနေဖြင့် တစ်လ တစ်သိန်း ရရှိနိုင်သော အခွင့်အရေး ABC Computer Center သည် Facebookု အသုံးပြုသူများ အတွက် တစ်လတစ်သိန်း ရရှိနိုင် သော အစီအစဉ်တစ်ရပ်ကို စမ်း သပ်စတင်နေကြောင်း သိရသည်။ အဆိုပါ အစီအစဉ်တွင် ပါ ဝင်လိုသူများအတွက် Facebook ၌ Friend အရေအတွက် ၁၅၀ဝ ရှိနေရန်လိုအပ်ပြီး Profile Photo တွင် လုပ်ငန်းကြော်ငြာ ထည့်သွင…်းခွင့်ပြုရမည်ဟု သိရ သည်။ စမ်းသပ်ဆဲကာလ၏ ပထမ အဆင့်အနေဖြင့် လူ ၅ ဦး ရွေး ချယ်သွားမည်ဖြစ်ပြီး တစ်လလျှင် တစ်သောင်းကျပ် ထုတ်ပေးသွား မည်ဖြစ်ကာ မကြာမီကာလများ တွင် တစ်လလျှင် ၂ သောင်းကျပ်၊ ၅ သောင်းကျပ်၊ တစ်သိန်းကျပ် စသည်ဖြင့် တိုးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။ Facebook အသုံးပြုခြင်းဖြင့် ပုံမှန်ဝင်ငွေ ရယူနိုင်သော နည်း လမ်းတစ်ခုဖြစ်ပြီး Basic info တွင် လုပ်ငန်းကြော်ငြာ၏ အချက်အ လက်များကို ဖော်ပြပေးထားရမည် ဟုလည်း သိရသည်။ ထို့အပြင် Facebook အကောင့် ပိုင်ရှင်၏ Wall များ တင်ဆက်ပေးမှုအပေါ် မူတည်၍ နောက်ထပ် လများကို ဆက်လက် လက်တွဲလုပ်ဆောင် သွားမည်ဟု သိရသည်။ Facebook သည် မြန်မာပြည်၌ လူသုံးအ များဆုံးဖြစ်သည့် Social Website တစ်ခုဖြစ်ကြောင်း သိရသည်။

ရေးသားသူ မြင့်ကျော်လှိုင်  လို  ့ဖေါ်ပြပါရှိပါတယ်

ရွှေမန်းမေတို ့တော့ Facebook ကိုပြေးဝင်လိုက်ဦးမယ်

12 comments

  • laypyay

    May 6, 2010 at 11:02 am

    အအ .. 1500 ပြည့်သေးဘူး လိုက် add လိုက်အုံးမယ် ..။ တကယ်တော့ မြန်မာနိုင်ငံမှာ ဒါမျိုးလေးတွေရှိတာ အရမ်းကောင်းပါတယ်.. လူငယ်တွေ ကောင်းတဲ့ဘက်လှည့်လာနိုင်တာပေါ့..။

  • susunosuki

    May 11, 2010 at 3:50 pm

    ကောင်းတာပေါ့
    အင်တာနက်ကနေ ချက်ချည်းနေတဲ့သူတွေ အသိလည်လာနိုင်တယ်
    ကောင်းတဲ့စိတ်ကူးပါ

  • etone

    June 29, 2010 at 4:50 am

    ဟုတ်ရောဟုတ်လို့လား ။ လျှောက်ပြီးနာမည်ကြီးအောင်လုပ်တာလားမသိဘူး ။ သူတို့ဘယ်ငါးယောက်ရွေးလဲတောင်မသိဘဲနဲ့ ။

  • cobra

    June 29, 2010 at 5:23 am

    ငါးယောက်ထည်းလားfacebookသုံးတဲ့အကုန်လုံးမဟုတ်ဘူးလား။

  • Lynn Khat

    August 4, 2010 at 5:18 am

    It’s a good initiatives to Myanmar Online people and basic web developer. Welcome !

  • Yin Nyine Nway

    August 4, 2010 at 6:42 am

    1500 ရှိမှ ဆိုတော့
    ရှိရှိသမျှသာ Invite လိုက်တော့

  • maypearl

    August 4, 2010 at 6:52 am

    ၁၅၀ဝ ပြည့်အောင် အရင်လိုက်အပ်လိုက်ဦးမယ်
    ပြီးမှ ကျန်တာတွေဘယ်လိုလုပ်ရမယ်ဆိုတာ ဆက်မေးမယ်
    ဒီအစီအစဉ်ကို စိတ်ဝင်စားပါတယ်

  • laaminnthar

    August 7, 2010 at 11:52 am

    1500 ပြည့်လည်း ကိုယ်က်ိုရွေးမယ်မထင်နဲ့အုံးနော်
    သူတို့လူတွေ သူတို့ပေးကြမှာပေါ့။

  • minhtetthar

    September 7, 2010 at 4:33 pm

    အဲဒါဘယ်တော့လုပ်မှာလဲဟင်….
    ၁၅၀ဝတော့ပြည့်သေးဘူးဗျ…

  • winkyawaung

    September 7, 2010 at 4:49 pm

    ကောင်းတဲ့ အစီအစဉ်လေးတစ်ခုပါ။ ဒါပေမဲ့ Facebook ကို ကောင်းကောင်း မသုံးတတ်သေးတာက ခက်နေပါတယ်။

  • လင်းငယ်

    September 7, 2010 at 8:43 pm

    ကောင်းတဲ့ အစီအစဉ်တစ်ခုပါ။ ခုခတ်လို ချက်တစ်ခုတည်း နဲ့ အင်တာနက်သုံးနေတဲ့ လူငယ်တွေ အနည်းဆုံးတော့ အင်တာနက်သုံးခ ရရှိပါတယ်။ ခုဆို Social Site တွေက ခေတ်စားလာတော့ Company တွေကလည်း မိမိတို့ ထုတ်ကုန်များကို အွန်လိုင်းပေါ်မှာ အမြဲရှိနေတဲ့ Social Site တွေမှာ သူတို့ ထုတ်ကုန်တွေကို ကြော်ငြာလာကြပါတယ်.။ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ကောင်းတဲ့ အချက်တစ်ချက်ပါပဲ။

  • ဆူး

    September 8, 2010 at 4:32 am

    ကောင်းတော့ ကောင်းတယ် ဒါပေမဲ့ သိပ်တော့ မယုံဘူး။ ကိုယ်ထိလက်ရောက်ပေးမှ ယုံမယ်။ ဘာပဲ ပြောပြော မန်းလေး ဂေဇတ်တောင် အရင်က ကွန်မန့် တခုကို ၆ဝ နောက်တော့ နောက်တော့ အခု လက်ရှိ ၁ဝ ဖြစ်နေပြီ။ ဘာပဲပြောပြော ဘာပဲပြောပြော..

Leave a Reply