စက်မှု ထုတ်ကုန်ပြပွဲ သွားမည့်သူများ အတွက်

မောင် ပေJuly 19, 20111min1126

ဒါကတော့ နေပြည်တော် မှာ ကျင်းပမဲ့ ပွဲပါ ။ ပိုက်ဆံ တတ်နိုင်လို ့ပဲ ဖြစ်ဖြစ် နေပြည်တော် နား က ပဲ ဖြစ်ဖြစ် သွားရောက် ကြည့်ရှူ  ့အားပေးလို သူ စာဖတ်သူ များ အတွက် သတင်းကြေငြာပေးတာပါ ။ ကျွန်တော် က တော့ ပိုက်ဆံလည်း မတတ်နိုင် ။ နေတာကလည်း မန်းတလေး က ဆိုတော့ ဂျာနယ် များမှာ သတင်း နဲ ့ဓါတ်ပုံ ပါလာမှ ပဲ စောင့်ကြည့်ရပါတော့မည် ။

အမှတ်(၁) စက်မှုဝန်ကြီး ဌာန နှင့် အမှတ်(၂) စက်မှုဝန်ကြီး ဌာန တို ့မှ ပူးပေါင်း စီစဉ် ကျင်းပမည့် “ စက်မှု ထုတ်ကုန် ပြပွဲ ” ကို နေပြည်တော် ရှိ MICC Convention Hall တွင်  ၂၂.၇.၂၀၁၁ မှ ၂၄.၇.၂၀၁၁ အထိ နေ ့စဉ် နံနက် ၈ နာရီ မှ ညနေ ၆ နာရီ အထိ ပြသမည် ဖြစ်သည် ။

စက်မှု(၁) နှင့် စက်မှု(၂) ထုတ်ကုန်များ အား ခင်ကျင်းပြသမည် ဖြစ်ပြီး စက်မှု(၁) ထုတ်ကုန်များ အား မည်သူမဆို လက်လီ လက်က္ကား လွတ်လပ်စွာ ဝယ်ယူနိုင်ပါသည် ဟု ကြေငြာထားပါသည် ။

ထို ့အတွက် စက်မှု(၂) ထုတ်ကုန်များ ကို မူ မျက်စိအရသာခံ ရုံ သပ်သပ်သာ ကြည့်ရှူ  ့အားပေးကြရမည် ဖြစ်ပါသည် ။ မည်သူ  ့ ကိုမျှ  ရောင်းချ ပေးလိမ့်မည် မဟုတ်ပါသဖြင့် ။  ခန် ့မှန်းချက် အရ စက်မှု(၂) ထုတ်ကုန်များ တွင် နိုင်ငံသားများ လိုအပ်သည့် ၊ လိုအပ်မည့် ပစ္စည်းများ ဖြစ်နိုင်သည် ဟု ထင်ရပါသည် ။

ပြပွဲ ရက်များ တွင် နာမည်ကြီး အဆိုတော်များ နှင့် Dancer အဖွဲ  ့များမှ လည်း ဖျော်ဖြေမည် ဟု သိရပါသည် ။

စက်မှု(၁) က ဘယ်လောက် တိုးတက်နေပြီလဲ ၊ စက်မှု(၂) က ဘာတွေ ထုတ်နိုင်ပြီလဲ ဆိုတာ ကို ဖော်ထုတ် ရောင်းချ မည့် ပွဲကောင်းတစ်ခု ဖြစ်လာမည် ဟု ။

6 comments

  • zawmyothu

    July 20, 2011 at 10:23 am

    မန္တလေး မှာကျင်းပရင် ကောင်းမယ်ဗျာ။

    • zarlay

      May 16, 2012 at 12:14 pm

      ဪဟုတ်တယ် အဲဒီတုန်းကသွားကြည့်လိုက်သေးတယ် စက်မှုကရောင်းတာကိုဝယ်ဖို့ မဟုတ်ပါဘူး စိုင်းစိုင်းကိုသွားကြည့်တာ

  • pan pan

    July 20, 2011 at 10:41 am

    ထုတ်တော့ထုတ်နေတာပဲ
    ဝင်းသူဇာအရောင်းဆိုင်တွေမှာဆိုရင် တချို့ဟာတွေပြသာပြထားတာ ဝယ်လို့မရဘူး
    ဘာအတွက် ညာအတွက်ဆိုပြီးတော့……။
    ရောင်းတဲ့ဟာတွေကလည်း အကန့်အသတ်နဲ့ပဲ
    အဲဒီတော့ အပြင်မှာ လိုသလောက်ဝယ်ချင်ရင် ဝယ်လို့ရတယ်၊ ဈေးပိုကြီးတယ်
    မှောင်ခိုသဘောဖြစ်နေတယ်
    အဲဒီအပြင်မှာရောင်းတဲ့လူတွေ ပစ္စည်းတွေဘယ်လိုရလဲတော့ မသိဘူး

  • moethidasoe

    July 20, 2011 at 1:22 pm

    အားလုံးကတော့ ဝယ်မယ့်သူ များများ ရှိတဲ့ အရပ်မှာပဲ ပြစေချင်တာ
    အခုတော့ တောင်းမယ့်သူ များပြီး ကြည့်ရုံ ကြည့်မယ့်သူတွေသာ ရှိတဲ့ အရပ်မှာ ပြပြီး
    ဒို့အရပ်က အရေးကြီးတယ် ဆိုတာပြချင်လို့ mrtv mrtv3 mrtv4 ကနေပြီး ပြန်ပြမယ်ပေါ့

  • etone

    July 20, 2011 at 2:47 pm

    အရောင်းရဆုံးကတော့ ဆပ်ပြာ တုံးတွေပဲ ဖြစ်မယ် ထင်ပါရဲ့ … ။

    • နွယ်ပင်

      July 20, 2011 at 3:06 pm

      အများဆုံးပြသထားမှကြလဲ ဆပ်ပြာတုံးနဲ့ မျက်နှာသုတ်ပဝါ အကြမ်းတွေပဲဖြစ်မှာပါ …

Leave a Reply