ဇူလိုင်းလ (၁၉)ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အဖိုးက ငါ့မြေးလာဆိုပြီး ရေဒီယိုရှေ့တွင် ရပ်ခိုင်းပါတယ်၊ ၁၀ နာရီ ၃၇ မိနစ်အချိန် မြန်မာ့အသံရေဒီယိုမှ ဥသြဆွဲသံစကြားတာနဲ့ မလှုတ်မယှက်ရပ်နေရပါတယ်၊ ကျမ အသက် (၅) နှစ်လောက်အရွယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း ကျမအဖိုးနဲ့အတူ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုရပါတယ်၊ အာဇာနည်နေ့ရောက်တိုင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးပြုပြီးတိုင်း ကျမအဖိုးပြောနေကျစကားရှိပါတယ်၊ ငါ့မြေး တို့တိုင်းပြည်ကို သူ့ကျွန်ဘ၀ကလွတ်မြောက်အောင် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်သွားကြတဲ့ ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးနဲ့တကွ လွတ်လတ်ရေးရဖို့တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်ရဲဘက်တွေကို အမြဲလေးစားနေရမယ်၊ အာဇာနည်နေ့ရောက်တိုင် အဖိုးမရှိလဲ ငါ့မြေအခုလို အမြဲအလေးပြုရမယ်လို့မှာခဲ့ပါတယ်၊ ကျမအသက်ငယ်သေးပေမယ့် အဖိုးပြောတဲ့စကားတွေဟာ ကျမအတွက်တော့ ယခုထိအမှတ်ရနေသလို၊ နိုင်ငံနဲ့လူမျိုးကိုချစ်ဖို့လဲ အမြဲမှာကြားခဲ့ပါတယ်၊ ကျမအဖိုးဆုံးသွားပြီးနောက်ပိုင်းလဲ အာဇာနည်နေ့ရောက်တိုင်း အမြဲသတိအနေထားနဲ့ ကျမ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဆဲပါ………… ဥသြသံတွေမကြားရပြီဖြစ်သော်လည်း ကျမအတွက်အတွက်တော့ ဇူလိုင်လ (၁၉)ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်မှာတော့ အလေးပြုလျှက်ယခုအချိန်ထိမပျက်ခဲ့သေးပါ……………

 

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးဟာ

ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊

ရှေ့နေဦးဖာသား၊

ဇာတိနတ်မောက်မကွေးခရိုင်

သိကြများခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား

မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်၊

ပြောင်းကြွတမလွန်၊

မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိး၊

ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်၊

ပြည်ချစ်ဒို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ

ဗိုလ်ချုပ်ချမှတ်သွား၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့မှာစကား

ငါတို့မမေ့အား………

 

ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အစဉ်ထာဝရ အလေးပြုလျှက်………………..

About yaungchikha

has written 16 post in this Website..