နတ်ဆိုတာ..

နတ်ဆိုတာ..။။

ကနားစီးမောင်မောင်သိုက်……….
နာမည်ကိုဒဲကြီးပဲ ထည့်လိုက်တယ်ဗျာ  ဒီလူကြီးရှိနေသေးတယ်
မသေးသေးဘူးဆိုရင်ခွင့်လွတ်ပါ။
ဒီလူက ကျွန်တော့် အဖေနဲခင်ပါတယ် သူအလုပ်ကနတ်ကတော် အလုပ်
အသားညိုညို မျက်နှာသွယ်သွယ် လူပုံချောဗျ  နတ်ကတော်သာပြောတာ အခြောက်မဟုတ်ဘူးနော်
သူအောက်မှာ လိုက်ပြီး သူနဲ့အတူ အလုပ်လုပ်နေကြတဲ့သူတွေကသာ အခြောက်တွေ
သူမှာဆို ဆွဲကြိုးကြီးက သုံးကျပ်းသားလောက်ကြီးဆွဲလက်စွပ်ကြီးကလည်းပြူးနေတာပဲ
ပိုက်ဆံတော့တော်တော်ရှိတယ်ဗျ အဲဒီခေတ်အချိန်ခါတုန်းက ရန်ကုန်မြို့အပါအဝင် နယ်မြို့တွေမှာ
နတ်ပွဲ ကနားပွဲ ပေးတာတော်တော်ခေတ်စားတာကလား ကျွန်တော်တို့ဆို နတ်ကနားပွဲတွေ ရပ်ကွက်ထဲ များလွန်းလို့
ဟိုဘက်ပွဲဒီဘက်ပွဲ ကူးချည်သန်းချည် ပြောင်းကြည်ရတယ်
ဟိုဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် ကိုကြီးကျော် ဝင်တယ်ဆိုပြီး ခလေးပီပီ ဟိုဘက်ပြေးကြည့်
ဒီဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် အမေဂျမ်း ဝင်နေတယ်ဆိုပြီး ဒီဘက်ပြန်ပြေးနဲ့ပေါ့
အဲဒီအချိန်တုန်းက နတ်ကိုးကွယ်မှု တော်တော်လေး ခေတ်စားတာလား
စီးပွားတက်တာနဲ့ နတ်မတယ်ဆိုပြီး နတ်ကနားပွဲပေး
ထီပေါက်လဲနတ်ကနားပွဲပေး
ဆိုင်းခန်းလေးဖွင့်ရင်လ ဲနတ်ကနားပွဲပေးနဲ့ဗျ
သံဃာတော်တွေပင့်ပြီး ဆွမ်းကပ်တယ်လို့မကြားရသလောက်ပဲ။။။။

ဒီလူကြီးက ကျွန်တော်အဖေကိုတော့ ဦးလေးဦးလေးနဲ လေးစားတယ် ကျွန်တော့်အဖေကလည်း
မဟုတ်ရင်မခံသမား ပြောစရာတွေ့ရင်ဒဲ့တွယ်တာပဲ တော်တော် ကရင်ပီသတယ်…ဒါပေမယ်
ကရင်လူမျိုးသာဖြစ်တာ သူအဖိုးအဖွား အဖေအမေလက်ထက်ထဲက နတ်စားတာကို သေသူကိုအရိုးးကောက်တာတို့
အဲလိုလုပ်တဲ့အလုပ်တွေဟာ လူရိုင်းတွေလုပ်သလိုပဲ ဆိုပြီး  လုံးဝစွန်ပယ်ထားတယ်
အမေရဲရိုးရာ အိမ်တွင်းနတ်ကိုတောင် သူမိန်းမကို တော်တော်ချစ်လို့ ဘာမှမပြောပဲနေတာ
ဒါပေမယ့် အခါအခွင့်သင့်တိုင်း  အိမ်ထောင့်ချောင်ထဲက အုန်းသီးဟာ လူတွေအတွက်ဘယ်လိုမှ အားကိုးလို့မရတဲ့
အုန်းသီးခြောက်ကြီးသာဖြစ်ပြီး ခွဲစားလိုက်တာကမှဗိုက်ဝတတ်ကြောင်း နှဲ့ စိုက်ထားတာကမှ အပင်ဖြစ်သေးကြောင်း
ညည မီင်္းရောင် ကွယ်အောင် လိုက်ကာပိတ်ဖွင့်လုပ်ပေးနေရတာက အလုပ်ပိုကြောင်း ဒီလောက်အလင်းရောင်ကြောက်
နေရင်လည်း လူတွေနေတဲ့အိမ်မှာမနေပဲ  တောနက်တွေထဲက ဂူတွေထဲမှာပဲနေသင့်ကြောင်း
တစ်မတ်စိလေး ထရံကြားညှပ်ထားမဲ့အတူတူ သားငယ်ကိုမုန့်ဝယ်ကြွေးလိုက်တာကမှ ကောင်းသေးကြောင်း
ခဏခဏ နားချတတ်တယ် ။။။။
တစ်နေ့တော့ ဒီလူကြီးအိမ်လာပြီး အဖေနဲ့ စကားပြောနေတုန်း ခလေးပီပီ နားထောင်နေတာပေါ့
အဖေက“““ မင်းအလုပ်ကအဆင်တော့ပြေသား နတ်ကော တစ်ကယ်ဝင်တာလားကွ””“
“““ဟာ…ဦးလေးကလဲ ကျွန်တော်စီးပွားရေးလုပ်စားနေတာပါ”””တဲ့
ကျွန်တော်သိပ်အံဩသွားတယ် ဒါဆိုကျွန်တော်တို့ ကိုကြီးကျော်ဝင်လို့ အမေဂျမ်းဝင်လို့ မနှဲလေးဝင်လို့
ပြေးပြေး ကြည့်ခဲ့ရတဲ့ နတ်ကတော်တွေလည်းညာတာပေါ့။။။။
အဲဒီမှာသူ့အတွေ အကြုံလေးဆက်ပြောပြတယ်..သူပြောတဲ့ရွာနာမည်တော့မမှတ်မိတော့ဘူးဗျာ
အဲဒီရွာလေးမှာ သူကိုနတ်ကနား ပွဲပေးဖို့ ငှားကျတော့ သူလည်းလက်ခံလိုက်ကခဲ့တယ်တဲ့
သူနတ်ကရတာက   ရွာအစွန် လယ်အစပ်ကအိမ်မှာ လယ်တွေကတော့ ရိပ်သိမ်းဆဲအချိန်ပေါ့
နတ်ပွဲက သုံးရက်ပေးတာလေ …..
နောက်ဆုံးနေ့မှာ…မင်းကြီးမင်းလေးနတ်ကိုနောက်ဆုံးမှ ဝင်တယ်
သူကလူကြိုက်များတဲနတ်လေ ကျားနှစ်ကောင်လည်းပါတယ် ကြိုတင် အကွက်ချထားတဲ့အတိုင်း မင်းကြီးမင်းလေးနတ်ကို
တစ်လှည့်စီဝင်ပြီး နတ်ချော့ ပြီးနောက် ငယ်ကျွန်စီးတော်ကျား ဝင်ရောက် ပူးကပ်ရမယ့်အလှည့် ကျားဝင်ပူးပြီးအုန်းသီးတွေ
ပါစပ်နဲ့ တဂွမ်းဂွမ်းကိုက်ခွဲ လူတွေလဲ တစ်ကယ်ကျားဝင်တယ် ဆိုပြီးကြောက်လန့်နေကြတဲ့အချိန်..ဒီအချိန်မှာမှ နတ်ဆက်ကြေး
အသပြာက ပိုရတာမှတ်လား  အဲဒီလိုနဲ့  နတ်ကျားဝင်ပြီ စည်းချက်နဲ့ ကနေတုန်း ……………….
ဟို လယ်ကွင်းအစပ်မှာ လူတွေတစ်ရုံးရုံးနဲ့ ပြသနာတက်နေတာကို  လှမ်းမြင်နေရတယ်
လူတစ်ချို့ နတ်ကနားကြည့်နေရာကနေ လယ်ကွင်းဘက်ကိုထွက်ပြီးသွားကြည့်ကြတော့
ပွဲထဲမှာလူရှင်းသွားပြီး နတ်ပွဲပေးသူနဲ့ လူအချို့သာကျန်ခဲ့တယ်  …ဒီအချိန်မှာ။။။
လူတစ်ချို့ ပြောဆိုသံကိုကြားလိုက်ရတယ် စပါးရိတ်နေတဲ့သူကလည်းကျားဝင်နေတာတဲ့  ..ဝင်တဲ့သူကယောက်ျားကြီးတဲ့ဗျား
သူနတ်ဝင်နေပုံက လူတွေဆွဲမရလွဲမရ တော်တော်ကြမ်းတမ်း နေတယ် တစ်ကယ့်ကျားဝင်နေပြီထင်တယ်……
နတ်ကိုဆိုင်းသံနဲ့အညီ ဟန်မပျက်သာကနေ အုန်းသီးတွေသာကိုက်ခွဲနေရတယ် အဲဒီလူကို ကနားပွဲခေါ်လာရင် ဘယ်လိုလုပ်ရမလဲ
အရှက်တော့ကွဲတော့မယ်  ဒီပြသနာဘယ်လိုရှင်းရမလဲဆိုတာ ခေါင်းမီးတောက်အောင် စဉ်းစားနေရပြီလေ။။။။။။။
နည်းနည်းတော့သတိထားနေရတယ်…ဒီအချိန်မှာ ကနားပွဲပေးတဲ့သူတွေက ဟဲ့ဒီကိုခေါ်လာခဲ့လိုက်လေဆိုတဲ ပြောသံကြားတော့
ခေါင်းနာပမ်းကြီးသွားတယ်   ဘယ်လိုလုပ်ရပ  ….ဒီအချိန်မှာပဲအကြံတစ်ခုက ခေါင်းထဲလက်ကနဲရလိုက်…..
လူးကြမ်းရင်နတ်ကြမ်းမခံနိုင်ပါဘူးလေ။။။။။။။။။။။။။။။။။။။။။။။။။။
“““ဟိတ် ..သမီးတော်ကြီး အဲဒီငယ်ကျွန်ကိုရှေတော်သွင်းစမ်းဟဲ့  ဟေ့ကြမ်းကြမ်းလေးလုပ်စမ်း ဒိုးဆရာရေ..””
ဆိုင်ဝိုင်းကဒိုးဆရာလဲ ခပ်ကြမ်းကြမ်းတီးပါတော့တယ်….
“““နတ်ဝင်နေတဲလယ်သမားဟာ လူတွေဆွဲတဲကြားက နတ်ကနားစည်းဝိုင်ဆီကိုတစ်ဟုတ်ထိုးပြေလာလိုက်
လူတွေကတားလိုက် ဆွဲလိုက်နဲဖရိုဖရဲဖြစ်နေကြတယ်…
အဲဒီအချိန်မှာယောက်ျားသားနှစ်ယောက်ချုပ်ကိုင်လို့ ကနားပွဲစည်းဝိုင်းထဲကိုခေါ်အလာ
ကနားပွဲကြည့်သူတွေကိုကျော်လို့ ဝိုင်းအစပ်ရောက်တာနဲ့ လွတ်လဲပေးလိုက် ရော
ထိုသူဟာ ကြမ်းတမ်းစွာသူ့ဆီကိုပြေးဝင်အလာ  …ကြိုတင်ကြံစီထားတဲ့အတိုင်း…ထိုသူရဲ့ ဆံပင်ဦးစဖုတ်ကို ဆောင့်ဆွဲပြီး
ဇက်ကိုနှိမ်ကာ ကြောကုန်းကို ဖနှောင့်တွေနဲ့ချည်ပေါက်တော့တာပါပဲတဲ့ …
ပါစပ်ကလည်း နင့်ကိုခေါ်နေတာကြာပြီး အခုမှ အခစားရောက်ရသလားဟဲ….ငါကိုယ်တော် ကိုမလေးမခန့်လုပ်တဲ့
ငယ်ကျွန် မှတ်လောက်အောင် ဆုံးမရတာပေါ့ကွယ်…ခပ်ကြမ်းကြမ်းအသာနာအောင်မတရား ဖနှောင့်နဲ့ချည်ပဲလှိမ်ပေါက်တော့
တစ်ကယ်ဝင်တယ်ဆိုတဲ လူ ပျော့ခွေကျပြီးနတ်ထွက်သွားပါလေရောတဲ့…..အဲဒီတော့မှ နတ်ရေစင်လေးဟန်မပျက်ဖြန်ပေးပြီး
ဟဲ့ …ငါကိုယ်တော်ကိုအမလေးမခန်လုပ်လိုသူများရှိသေးလားဟဲမေးတော့
…မရှိပါဘုရားပေါ့။။။ဒီတော့မှ အိမ်ဒါဆို
မကောင်းတဲရန်တွေနှီမ်နှင်း ပြီးပြီမို့  ဟဲ့ သမီးတော်ကြီး..နင်တို့တွေ ဒီထက်မကစီပွားတက်ပြီးမှတ်ဆိုပြီး
ထပ်ကလိုက်ရသေးတယ်တဲ့…
ဒီလိုလုပ်လိုက်တာတစ်ရွာလုံးယုံကြည် ပြောစမတ်ဖြစ်ပြီး သုံးလေးနှစ်ဆက်တိုက် သူနတ်ကနားအဖွဲ့ကိုပဲ ဆက်တိုက်လာငှားလိုက်တာ
အဲဒီရွာတစ်ရွာထဲနဲ့ တော်တော်လေးစီးပွားဖြစ်ဆိုပဲဗျ။။။။

ဒီတောသာ လူအချို့ယုံကြည်ကိုယ်ကွယ်နေတဲ့ နတ်တွေဟာတစ်ကယ်ရှိလားမရှိလားထားတော့ ဗျာ
အခြေခံကိုစကြည့်မယ်…..
အိမ်မှာကိုးကွယ်ထားတဲ့အတွက် သူတို့ကိုဆက်ဖို့ နေစဉ် ပန်းဖိုး ရေချမ်းဖိုး လျှပ်စစ်မီး ဒါတွေအပြင်..
အရက်ကြိုက်တဲနတ်ဆို အကောင်းစားအရက် အရင်ကတော့ဘိလပ်ရေ ပေါ့ အခုဆို အအေးပုလင်းဖိုး
မြင်းဖြူရှင်ဆိုလည်း ဘာမဟုတ် တဲ့ မြက်ဖုတ်လေးဝယ် ရေစိမ်ဆက် စီးမရ တဲ မြင်းကြိုးဆွဲရုပ်ကိုလည်းတင်ထားရတယ်ရတယ်
သူဟာသူမြင်းစီပြီးသွားချင်ရာသွားနေတဲကောင်က  အတည်တကျရှိပါ့မလာဗျာ။။။။။။။
ပဲခူးကျွဲတလိုင်းဆိုလဲ ကညွတ်လိုက်ရှာဝယ်ရတာတစ်ဒုက္ခ..ငရံ နှစ်ကောင်ဖမ်းလွတ်ရတာတစ်ပြသနာ
အဲဒီကျွဲက ကျောင်းမရ ရောင်းမရ ခိုင်းမရနဲများ  ဗျာ….  ကျွဲက လူကိုကူညီမယ်တဲ့ ဖြစ်နိုင်လား ။။။။။
အောင်နိုင်နတ်ဆိုလည်း ဘာမှမဟုတ် မှုတ်မရတဲ့ ပုလွေ တိုအစုတ်လေး ဆက်ထားရတယ်  ဒီကြားထဲ ကလေးကစားတဲ့
လှေသေးသေးလေးနဲ့ အောင်မယ် လှော်တက်ကလေးတောင်ပါသေးတယ်….နီားကျောင်းစားတဲကောင်က တောသားပဲဗျ
ဘာမှ ဗဟုသုတ ပညာမရှိတဲ့ တောသားနတ်များ အဟုတ်မှတ်လို့ မြို့သားနတ်ကမှ မသိတာလေးမေးလို့ ဗဟုသုတရှိအုံးမယ်။။။။။
ဒီကြားထဲ  ရှမ်းပြည်သူဖာသာနေတဲ့ ပုလဲရင်မောင်နှမ နတ်ကို ဗမာတွေကိုးကွယ်လို့  ဘုရားဈေးဓါးပြေးဝယ်
ရှမ်းခမောက်ကြီးတွေ အိမ်အရှုပ်ခံ ချိတ်ထားရတယ်မောင်နှမ ဆိုလို့ ကိုအိမ်ကအိမ်းသာတွေတောင် ခပ်ကြမ်းကြမ်းမပြောမဆို မဆဲရဲရှာဘူး
နတ်မောင်နှမ ရှက်ပြီး နတ်ကိုင်မှာစိုးလို့တဲ့လေ။။။။။။
မနှဲလေးနတ်တဲ သူတောင် စကားပီအောင် မပြောတတ်တဲကလေးမသာနတ်က ကိုယ့်ကိုဘယ်လိုမမယ်ဆိုတာမသိသေးဘူး
ဘဲဥ နှစ်လုံးဖိုးကထွက်ပြီး….    အပုပ်ခံဆက်မဲ့အတူတူ အိမ်မိသားကျော်စားတာမှကောင်းသေးတယ်။။။။
အမေဂျမ်းတဲ  ဒီလောက်ယုတ်ယုတ်မာမာတွေဆဲနေတဲ့  နတ်မိန်းမယုတ်ကြီးကကျုပ်တို့ကို ဘာမစလို့ရမှာလဲဗျ သူတောင်ကိုယ်ဆီက ဆေးလိပ်တောင်းသောက်နေရတာကိုများ ….။။။။။။။
ရေငန်တရိုး ပဲပိုင်တဲ့ ဦးရှင်ကြီးလဲ  နယ်ချဲ့လာလိုက်တာ အခုရေချို တွေပါပိုင်သလားအောင်းမေ့ ရတယ်…သူတောင်ရှင်ပြုစရာ
ပိုက်ဆံမရှိလို့  မျှောခုတ်လိုက်သွားတာ ကံမကောင်းဘဲ ရေနစ်သေတဲ့ နတ်ငမွဲက စောင်းအစုတ်လေးတစ်လက်နဲ့ မစမယ်ဆိုပြီး
လိုက်လုပ်စားနေတာကြာပေါ့  သူတောင် မျှောခုတ်ခ မရဘဲ သေခဲ့သူက ဘယ်ပိုက်ဆံနဲ့ မ မှာလဲ  သူအသက်တောင် ရေနစ်သေအောင်ပေါ့
ဆတဲ့သူက ခင်ဗျားတို့ ဘေးမကျအောင်ကာကွယ်ပေးမယ်ပြောတာ လိမ်စဉ်ကြီးပါဗျာ။။။။
မီးလောင်သေတဲ့ ဦးတင့်တယ်နတ်ကရောဘာထူးလဲ  သူတောင်အိမ်အမှောင်ချောင်ထဲပုန်းနေရတာ အလင်းရောင်ထဲနေတဲလူကို ကူညီမယ်တဲ့ရီစရာကြီးဗျာ…ကူညီချင်ရင် အလင်းရောင်ထဲအရင်ထွက်လို့ရအောင် ကိုယ်အစွမ်းနဲကိုလုပ်ထားလေ။။။။။
ကျမ္မာရေးမကောင်းရင် နတ်မေးရတာနဲ နတ် ကရတာနဲ  နတ်ထဲမှာလဲ ဇီဝကသေလို့နတ်ဖြစ်နေတယ်လဲမကြားဖူးပေါင်ဗျာ
ဆရာဝန်တွေသေပြီနတ်ဖြစ်တာလဲမရှိပါဘူး ဘယ်နတ်ကဆေးကုတတ်လို့ နတ်ပွဲပေးမှာလဲ….ရီစရာ ဇီဝက နတ်ဖြစ်နေတယ်ဆို
တော်သေးတယ်။။။။
ကျွန်တော့် အမြင်တော့  အခု လူတစ်ချို့ကိုယ်းကွယ် နေကြတဲ နတ်ဆိုတဲ့ နတ်တွေဟာ သူများသတ်လို့သေရင်သေ မသေရင် အရက်သောက်
အံဖတ်စို့သေတဲ့ နတ်တွေ များတာပဲ နတ်ထဲမှာ ဘုရားတရားမြဲတဲ့နတ်တော့မတွေဘူးပေါင် အရက်သောက်ကြက်တိုက်..
အဲလောက်ပဲလုပ်တတ်တဲကောင်တွေပဲရှိတယ်ဗျ………..
။။ဒီတော့နတ်ယုံကြည်လို့ကိုကွယ်မယ်ဆိုရင်  စိပွားရေးအတွက်ဆို ဇောတိကနတ်ကို ကိုးကွယ်မှရမယ် သူကတအားချမ်းသာတယ်လေ
သူကပိုက်ဆံရှိတော့  ခင်ဗျားတို့ကိုမနိုင်တယ်…
။။ကျမ္မားရေးအတွက်ဆို ဇီဝက နတ်ကိုကိုယ်းကွယ် သူက ဘုရားရှင်ကိုတောင် ကုသပေးနိုင်တဲ့ သမားတော်ကြီးဗျ အဲဒီတော့ သူကူညီနိုင်လိပ်
မယ်ထင်တယ်။။။။
အခုကျွန်တော်ဝေဖန်တာတွေကိုမကြိုက်ရင်လည်းမတတ်နိုင်ပါ…
တစ်စွန်းတစ်စ အမြင်မှန်ရကြရင်…ကိုယ်ကွယ်မှု အယူမှန်သွားကြရင်
အတိုင်းထက်အလွန်ပေါ့ဗျာ။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

11 comments

  • Big Defender

    July 19, 2011 at 5:41 pm

    မိုက်တယ်ဗျာ
    ကျွန်တော်နဲ့အတူူူတူပဲ
    ကျွန်တော်လည်းမကြိုက်ဘူး

  • forever

    July 19, 2011 at 6:11 pm

    နတ်နဲ.ဘီလူး မတဲ.ဘူးဆိုတာခုသိပြီဗျာ

  • 007James

    July 19, 2011 at 8:30 pm

    ကျွန်တော်လဲမယုံဘူး။(၃၇)မင်းနတ်မှာ ကောင်းတာလုပ်ပြီးသေလို့ဖြစ်တဲ့နတ် တစ်ယောက်မှမရှိဘူး။

  • unclegyi1974

    July 19, 2011 at 10:13 pm

    ဘလည်း နုနုရည်အင်းဝ ရဲ့
    ပြုံး၍လည်းကန်တော့ခံတော်မှု ရယ်၍လည်းကန်တော့ခံတော်မှု
    ဖတ်ထားတာမကြာသေးဖူးနော်

  • naywoonni

    July 19, 2011 at 10:25 pm

    ဆရာကျော်မြသန်း ရေးတဲ့ ကနားစီး မောင်မောင်လတ်နဲ့ တို့များရဲ့ ကျော်ကျော် ဆိုတဲ့ ဝတ္ထုတွေ ဖတ်ပြီးကတည်းက သိဒယ်..။ နှစ်ဆယ်ကျော် သွားဘီ…။ အဟောင်းတန်းမှာ ရှာရင်တော့ ရနိုင်ပါရဲ့..။ ရှာဖွေဖို့ အချိန်ရသူတွေ ရှာဖတ်ကြည့်ကြပါလား? လက်တို့ပြီး ပြောလိုက်ပါစေ

  • nature

    July 20, 2011 at 1:11 am

    နတ်က မ မမတော့ မသိဘူး ။ နပ် တဲ့သူ မ သွားရင်တော့ ကုန်မှာပဲ။

  • chitpyae

    July 20, 2011 at 8:19 am

    ဟုတ်ပါ့ တော် … တို့များလည်း နတ်တော့အယုံအကြည်မရှိပေါင် …
    အိမ်မှာလည်း ဘုရားစင်ကလွဲပြီး ဘာမှ မရှိဘူး … 🙂

  • etone

    July 20, 2011 at 1:12 pm

    etone လည်း နတ်ဆိုလျှင် ဂေဒိုးနတ်ကလွဲလို့ တခြားဟာတွေ စိတ်မဝင်စားဘူး … ။
    ကန္နားပေးတဲ့ အခါလည်း ငယ်ငယ်ကသာ ဘာမှန်းမသိ ညာမှန်းမသိ တိုးကြည့်တာ … အခုတော့ ယောင်လို့တောင်လှည့်မကြည့်ဘူး … ရုပ်ကြမ်းကြီးတွေနဲ့ ခပ်ပေါပေါ မိတ်ကပ်တွေလိမ်းပြီး နှုတ်ခမ်းနီဆိုး ၊ ပါးနီဆိုး … ဟိုးးးးးးးးးး ရွံဒယ် 🙄
    အိမ်တွင်းအုန်းတို့ … မနှဲလေးတို့လည်း မရှိဘူး … ။ နတ်သာ မယုံတာ … ဘိုးတော်တော့ ယုံတယ် … ဒါတောင် ကိုယ်တွေ ့မို့ … မဟုတ်လျှင် လက်ခံဖု့ ိ အတော်ခက်မယ် ။

  • MOEPWINTPHYU

    July 20, 2011 at 1:41 pm

    ဟုတ်တယ်နတ်ဝင်တာတွေကို လုံးဝမယုံးဘူး ဒါပေမဲ လူအများကြီးပဲ နတ်ကိုကိုးကွယ်နေကြတာ ဘုရားတွေမှာဆိုုလဲ နတ်ရုတ်မရှိတဲ ဘုရားမတွေဘူးဘူး

  • Thaw Zin Loikaw

    July 24, 2011 at 3:00 pm

    ဟုတ်တယ်။ ကျနော်တို့မိသားစုကတော့ အယုံအကြည်မရှိလို့ အိမ်တွင်းဆိုလား ရှိတောင်မရှိပေါင်။ မြန်မာအိမ်တော်တော်များများမှာတော့ရှိတယ်။ ကျနော်တို့အိမ်ကတော့မရှိဘူး။ ဘာနတ်မှလဲ မသိပေါင်ဗျာ။ ဘုရားစင်ပြီးရင် အပိုစင်တွေမရှိတာမှ ကြည်ညှိုလို့ရသလိုလိုပါပဲ။ ဟုတ်တယ် ဟုတ်။

  • moethidasoe

    July 24, 2011 at 3:39 pm

    ဘုန်းကြီးတွေ ဟောတဲ့ အထဲမှာတော့ .. ဘုရားစင်မှာ နတ်ရုပ် တွေ့ရင် အဲဒါ သရဏဂုံ ပျက်တယ် တဲ့

Leave a Reply