အာဇာနည်နေ ့ ပုံရိပ်အချို ့ Tuesday,July 19,2011

ဂ်စ္စူJuly 19, 20115min16917

..

..

..

.

...

..

.

..

..

..

..

….


..




..

..


..

..

..

..

.

.

.
အာဇာနည်နေ ့
Tuesday,July 19,2011
ယနေ ့ ကျရောက်တဲ့ (၆၄)နှစ်မြောက် အာဇာနည်နေ ့မှာ  တက်ရောက်ဂါရဝပြုခဲ့ကြတဲ့
သတင်းပုံရိပ်အချို ့ကို ရသလောက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ဒီဓာတ်ပုံတွေကိုတော့
အေပီ(AP)၊ဧရာဝတီ၊မဇ္ဈိမ၊ဒေါင်းမာန်ဟုန်၊နေ ့သစ် နဲ ့ မိုးသူအောင်/Facebook  တို ့မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

ဒီအခမ်းအနားသို ့ဒေါ်အောင်ဆန်းစုကြည်၊ဦးအောင်ဆန်းဦး နှင့် ဇနီး၊ပြည်သူများနှင့်အတူ NLD ပါတီဝင်အချို ့၊
နိုင်ငံအချို ့မှ သံရုံးတာဝန်ရှိသူအချို ့၊အဆိုတော် ဇေယျာသော်၊ဒေါ်နော်အုန်းလှနှင့်ဦးဝင်းချို ဦးဆောင်သည့်
ပြည်သူအင်အား ၁၀ဝ ခန့်ပါဝင်သည့်အဖွဲ ့ နှင့် BG သွေးအလှူအဖွဲ့ တို  ့မှ သွားရောက်ဂါရဝပြုခဲ့ကြကြောင်းလဲ သိရပါတယ်။

17 comments

  • pan pan

    July 19, 2011 at 5:06 pm

    ရှေ့ဆုံးက ကျောင်းစိမ်းဝတ်စုံနဲ့ ကလေးလေး ၄ယောက်ကတော့ ဓါတ်ပုံရိုက်ခံရဆုံးပါပဲ…။

  • cobra

    July 19, 2011 at 5:32 pm

    လူတွေတော်တော်များပါတယ်…။
    တိုးလို့လည်းမရပါဘူး။
    လူငယ်တွေလည်းအများအပြားလာကြပါတယ်။
    ဒီနှစ်ကတော့အာဇာနည်ကုန်းလူစည်သွားတာပေါ့။

  • shwe ni

    July 19, 2011 at 6:52 pm

    ဘယ်သူနဲ့ ယှဉ်ယှဉ် အများအတွက် စွန့်လွှတ်ရဲ/နိုင် သူများ ကတော့ တင့်တယ်ပါပေတယ်နော် .

  • ဆူး

    July 19, 2011 at 9:31 pm

    ပုံလေးတွေ မြင်ရတဲ့ အတွက် သဘောကျမိတယ်။ တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • leonus007

    July 19, 2011 at 9:51 pm

    ကို ပေါက်ဖေါ် ရဲ ့ ဓါတ်ပုံတွေ အတွက်ကျေးဇူးတင်ပါတယ်ဗျာ။
    အောက်ဆုံးက ပန်းချီ ကို အရမ်းကြိုက်တယ်ဗျာ။

  • PaukPhaw

    July 19, 2011 at 9:59 pm

    အကုန်လုံးကျေးဇူးဗျို ့..
    ဒီမှာတင်ပေးရတာ Response ရတဲ့အတွက် အပင်ပန်းခံရကျိုးနပ်ပါတယ်
    တစ်စုတစ်ဝေးထဲ ကြည့်လို ့ရအောင်.ဘယ်မှလဲ သွားကြည့်စရာမလိုတော့အောင်
    ဒေါင်းလုပ်ဆွဲ…၊ပြီးတော့ အကုန်ကြည့်လို ့ရအောင် Upload ပြန်တင်..နဲ ့ ဂယ်တော့လဲ လွယ်ဘူးဗျ
    အဓိကကတော့ အနော်တို ့ MM user တွေအတွက် အဆင်ပြေအောင် ပါ
    မူရင်းဆိုဒ်တွေသွားကြည့်ရင် Ban ထားလို ့ အဆင်ပြေကြမှာဟုတ်ဘူးလေ
    That’s why
    😉

  • maythakhin

    July 19, 2011 at 10:36 pm

    ကျေးဇူးတင်ပါတယ်။ပုံတွေကြည့်ပြီး ကြက်သီးတောင်ထမိတယ်။ ဝမ်းလည်းနည်းမိတယ်။မေတို့ငယ်ငယ်တုန်းက ကိုယ့်မြို့ကကျောင်းတွေမှာ မနက်(7)နာရီအရောက်လူစုပြီးတော့ ဗိုလ်ချုပ်ကျောက်ရုပ်မှာ သွားအလေးပြုရတယ်။ ဥဩဆွဲသံကြားရင် ကားတွေ (1)မိနစ်ရပ်ထားကြတယ်။အဲဒီတုန်းက အာဇာနည်နေ့နားနီးရင် သီချင်လေးတွေ ကြားရတယ်။ အခု မကြားရတော့တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပါပြီ။ ကလေးတွေ အာဇာနည်နေ့ဆိုတာ ဘာလဲဆိုတာ ပြန်လည်သိခွင့်ရလာလိမ့်မယ်တော့ ထင်မိတယ်။ အာဇာနည်နေ့မတိုင်မီ ငယ်ငယ်တုန်းကကြားရတဲ့သီချင်းလေးထဲက “ကျွန်တော်တို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်”ဆိုတဲ့ သီချင်အပိုဒ်လေးကို တော့ အာဇာနည်နေ့နားနီးတိုင်း အာဇာနည်နေ့ဆိုတာကို သတိရမိတိုင်း မရည်ရွယ်ဘဲ ဆိုမိပါတယ်။ PaukPhaw thanks ပါ။

  • meocyrus

    July 19, 2011 at 11:15 pm

    ဓါတ်ပုံတွေတစုတဝေးတည်းတင်ပေးတဲ့အတွက်ကျေးဇူးပါ။
    မစားဘဲနဲ့စွန့်သွားသူတွေကို ပြည်သူတွေတသသဖြစ်ကြရတယ်။ ဦးညွှတ်ကြတယ်။ မစွန့်ဘဲနဲ့စားနေသူတွေရှက်တတ်ကြပါစေ။

  • မင်းပြည့်ရှိန်

    July 20, 2011 at 8:02 am

    သူရဲကောင်းကို သူရဲကောင်းတို့သာလျှင် အလေးအမြတ်ပြုကြကုန်၏…
    အာဇာနည် သူရဲကောင်းတို့အား… ပညာရှိတို့သည် အလေးအမြတ်ပြုကြကုန်၏…..

    ယုတ်နိမ့်သော စိတ်ထားရှိကြကုန်သော သူတို့သည်ကား…. အာဇာနည်သူရဲကောင်းတို့ကို မထေမဲ့မြင် ပြုကြကုန်၏..

    အလေးအမြတ်ပြုအပ်သော အာဇာနည် သူရဲကောင်းတို့ကို အလေးအမြတ်ပြုကြရာဝယ်…
    ထိုထို အာဇာနည်တို့မျှော်မှန်းခဲ့သော ခရီးသို့ ဆက်လက်လျှောက်လှမ်းခြင်းဖြင့် လည်းကောင်း..
    ထိုထို အာဇာနည်တို့ လက်ဆင့်ကမ်းခဲ့သော တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် လည်းကောင်း…
    ထိုထို အာဇာနည်တို့၏ မျှော်လင့်ချက်.. ရည်မှန်းချက်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း…
    မိမိကိုယ်တိုင် အာဇာနည် စိတ်ထားမွေးလျက်သော်လည်းကောင်း….
    အာဇာနည် သူရဲကောင်းတို့၏ လမ်းစဉ်ကို လိုက်ခြင်းဖြင့်…. အလေးအမြတ်ပြုရာ၏….
    ထိုထိုသောသူအားလည်း ပညာရှိတို့သည် ချီးမွမ်းအပ်သည်ဖြစ်၏.. အလေးအမြတ်ပြုအပ်သည် ဖြစ်၏….

    သူရဲကောင်း အာဇာနည်ခေါင်းဆောင်တို့၏… တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိသော မျှော်လင့်ချက်… ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်…
    ကျွန်ုပ်တို့ ရင်၌ရှိသော အာဇာနည်သူရဲကောင်းတို့အား… အလေးအမြတ်ပြု.. ဦးညွတ်ကြပါစို့….

  • ကြောင်ကြီး

    July 20, 2011 at 9:00 am

    သစ္စာဖောက် အောင်ဆန်းဦးကို ဘာဇာကြောင့် ငါတို့ဒီမိုသမားတွေနဲ့ ရောပြီးတတန်းထဲ ဖေါ်ပြရတာတုံး… 🙁

  • pan pan

    July 20, 2011 at 10:22 am

    အမေစုရဲ့မျက်နှာဟာ ကြည့်ရင်းနဲ့ လေးစားလွန်းလို့ ကြက်သီးမွှေးညင်းထမိပါတယ်
    အရမ်းကိုပဲ တည်ကြည်လွန်းပါတယ်
    စိတ်ဓါတ်ခိုင်မာပါတယ်
    စိတ်ဓါတ်ခိုင်မာလွန်းပြီး စိတ်ကောင်းရှိခြင်းကြောင့် ရှိရင်းစွဲအသက်ထက် များစွာနုပျိုနေတယ်လို့ ထင်ပါတယ်

  • good

    July 20, 2011 at 11:41 am

    ဘယ်သူတွေ( စစ်ဥစုပ် ) ဘယ် လိုဘဲ အာဇာနည် နေ့ ကို ဖျောက် ဖျက် ဖို့ ကြိုးစားနေ ကြ ပါ လည်း
    ဖောက်ပြန်နေ ပါတယ် ဆို တဲ့ ရာသီဥတု တောင် အာဇာနည်နေ့ မိုးဖွဲ လေးတွေ နဲ့ မပျက် မကွက် နှစ်စဉ် အလေးပြု နေ ပါတယ်။

  • etone

    July 20, 2011 at 11:42 am

    အပြင်လူတွေရော ပန်းခြင်းသွားချလို့ မရဘူးလား … လွတ်လပ်စွာ ဝင်ရောက်ဂါရဝါပြုခွင့်ရမယ်ဆို ပန်းခြင်း တစ်ခြင်းလောက်တော့ သွားပို့ချင်ပါရဲ့ … ။

    ပုံတွေမြင်ခွင့်ရတာ ကျေးဇူးတင်ပါတယ် ။

    • etone

      July 20, 2011 at 11:52 am

      ဟွန့်… သိတာ နောက်ကျသွားတယ် … သွားချင်တဲ့လူတိုင်း သွားလု့ိရတယ်တဲ့ …တယောက် ငါးဆယ်ကျပ်နှုန်းပဲ ပေးရတာ တဲ့ … ။ သိတာနောက်ကျသွားတယ် 🙁 🙁 🙁 😥

    • pan pan

      July 20, 2011 at 1:09 pm

      အပြင်လူတွေကတော့ ပန်းခြင်းသွားချလို့မရလောက်ဘူးထင်တယ်အစ်မ
      ရေဗူးတောင်ယူသွားလို့မရဘူး

  • cobra

    July 20, 2011 at 4:10 pm

    လုံခြုံရေးအရလို့တော့ပြောတာပဲ။

Leave a Reply