ဂူဂယ်+ Vs ဖေ့စ်ဘွတ်ခ် -{Google+ Vs Facebook}

ဂ်စ္စူJuly 19, 20111min23514


ဂူဂယ် ပလက်စ် ရုတ်တရက် ထွက်လာတဲ့အတွက် ဖေ့စ်ဘွတ် ဖောင်ဒါ မျက်ခုံးလှုပ်နေမှာသေချာပါသည်။
ဒါကို သတိထားမိသော Holy Kaw  မှ အပျော်အပျက် ကာတွန်းဆွဲ၍ သရော်ထားတာကို ကျွန်ုပ်မှ  အမှတ်တမဲ့တွေ ့မိ၍ သူ ့ကာတွန်းကို  မြန်မာမှု ပြုလိုက်တာဖြစ်ပါတယ်။
ခုဆိုရင် ဂူဂယ်လ် ပလက်စ်ကို ဖေ့စ်ဘွတ်က ရေလည် တင်းနေမှာ သေချာပါတယ်။
ဒါကြောင့် လဲ App Developer တစ်ယောက်ဖြစ်သူ Johnson အားဖေ့စ်ဘွတ်မှ ထုတ်ပယ်ပြီး ၎င်းနှင့်
ပတ်သတ်သမျှ အရာများလဲ ရှင်းလင်းခဲ့ပါတယ်။

Read more at Facebook bans Google+ ad…?

အကြောင်းမှာ အဆိုပါ ဉာဏ်ကြီးရှင် Johnson  က ဖေ့စ်ဘွတ်ရှိ ၎င်း၏ Contacts(မိတ်ဆွေများ)အား

G+ သို ့ တရားမဝင် တင်ပို ့ရန် ကြံစည်ခဲ့လို  ့ပဲဖြစ်ပါတယ်။”ဟုတ်တယ်လေ..တစ်ယောက်ချင်းစီ အင်ဗိုက်ရရင် သေရချည်ရဲ့ဗျာ..ပြီးတော့ ကွန်နက်ရှင်ဆိုတာလဲ ခင်ဗျားသိတဲ့အတိုင်းပဲ..ခဏခဏ ကျနေတာချည်းကို…အဲတော့.. Facebook ထဲမှာရှိသမျှ သူငယ်ချင်းတွေကို တစ်ကြိမ်ထဲနဲ ့ G+ ပေါ်ရောက်အောင်တီထွင်မိတာ အပြစ်လား.”.ဟု ကျွန်ုပ်ကို ရှင်းပြလေသည်။

ဒီစကားကို ကိုပေါင်ချိန်ကကြားတော့ မခံချိမခံသာဖြင့် “ဟ..ခုမှ ဘာတွေမနာလိုလာဖြစ်နေသတုံး..ဂျီပလက်စ် ဆိုတာ
ခုမှ စမ်းသပ်အဆင့်ပဲရှိသေးတာ..ဒင်းက ဘာကိုကျွတ်ကျဲ နေသတုံး…သူဖိုက် ကိုဖိုက်ပေါ့ကွာ..အဓိကက ကိုယ့် Product ကိုသာ ဂျွတ်အောင်လုပ်ထား..လုပ်သွားမယ်ဆိုရင် ရှိန်နေစရာမလိုပါဘူး..
တစ်ကယ်လို ့ G+ သာအပြီးသတ်လွှင့်တင်ခဲ့ရင်  သက်သတ်လွတ် တောင် စားနိုင်ပါတော့မလားမသိဘူး..ဟွင်းဟွင်း..”ဟုတ်လဲ ဟုတ်တာပဲလေ..ဘာမှတောင် မလုပ်ရသေးဘူး.  ဒင်းက အဝှာဖြစ်ချင်နေပြီ..စိုးရိမ်နေတာ.စိုးရိမ်နေတာ။ ဖောက်သည်တွေ ပါသွားမှာဆိုးလို ့ပါ။

မစိုးရိမ်လို ့လဲ မရဘူးလေ….ဂျီပလက်စ် က သူ ့ဘာသာ ကပ်ဒိုးလေး(မသိမသာ)စမ်းသပ်နေတာကို..လူသိရှင်ကြားဖြစ်အောင် လျှောက်ဖွတဲ့ ကောင်တွေကလဲ
ရှိသေးသကိုးဗျ…..ဒါတောင် အိုင်တီကပ်စေး တစ်ချို ့က ဘယ်သူ ့မှမရှဲပဲ သူတို ့ဘာသာ ကပ်တိုးလေးပဲ ဥပြီးသုံးနေကြလို ့ တော်ကာကျတယ်မှတ်..နို ့မို ဆို ရထားပေါ်မှာ လျက်ဆား ရောင်းဖူးတဲ့ Experience ရယ် ဂိုက်ပေးကြမ်းပြီး လူအထင်ကြီးအောင် ရေးတတ်တာရယ် ပေါင်းပြီး ဖွလိုက်မှဖြင့် မိတ်ပျက်ရချေရဲ့လေ။ဒါတောင် G+ က C plus လောက်
သောက်လို  ့ကောင်းရဲ့လားဆိုတဲ့လူတွေရှိသေးလို ့ပေါ့။ဒင်းနဲ ့တွေ ့မှ ဂူဂယ်လဲ G+ အချိုရည်ရောင်းရမဲ့ ကိန်းဆိုက်နေလေရဲ့။

အင်း.
လောလောဆယ်တော့ အင်တာနက် အသုံးပြုသူတွေက G+ လိုလို C plus လိုလိုဖြစ်နကြတုန်းမို ့ Facebook က အသာအယာပဲရှိနေပါတယ်..ဒါပေမဲ့ ဂျူလိုင် ၁၄ ရက်နေ ့ ရက်စွဲနှင့် connectindia.co.in မှာကြည့်မိတာတော့ ၃၃ နာရီနဲ ့ ၃၄ နာရီအတွင်း Google + သို ့ User ပေါင်း  ၂.၂ သန်းခန် ့ ဝင်ရောက်ဆက်သွယ် ခဲ့ကြတယ်လို ့ သိရပါတယ်။ ခန် ့မှန်းခြေ ရမ်းပြောရရင်တော့ Facebook User ဟာ သန်း(၃၀၀)ကျော်ရှိနေပြီး G+ User ကတော့ (၁၀)သန်းကျော်ပဲရှိပါသေးတယ်။ကဲ..Mark Zuckerberg ရေ.. Google + ကို နောက်ကောက် မကျချင်ရင်တော့  Promotion လေးဘာလေး လုပ်ဖို
့စဉ်းစားထားပေတော့ နာတို ့ကတော့ ချက်မယ်၊ရှဲ မယ်၊တင်မယ် ဖွမယ်၊ပို ့မယ်၊အလကားလဲသုံးရမယ်ဆို ဘာလာလာ အကုန် Welcome ပဲဆိုတော့ အလကားထဲက အကောင်းဆုံးကို ရွေးဖို ့  အသင့်ပါပဲ။

 

ဖတ်ချင်ရင်…

Google+ အကြောင်း တစ်စေ့တစ်စောင်း 

14 comments

  • PaukPhaw

    July 19, 2011 at 9:11 pm

    raman singh said…
    Google+ in indeed the best, none can beat it. With the launch of Google+, facebook has become like a moon in day light. Google+ is more improvised and updated. It’s A Combination of facebook and Twitter. Google+ has PLUS features than any other Social Brand.
    Facebook says: what’s this ++ ? Google+ ?
    Twitter: ++ means?
    Now when Dad answers;
    GOOGLE+: Dear Runner Ups, PLus means removing all the followers of twitter and facebook & PLUSSING them to GOOGLE.
    hahahhahah 😀

    VIsit: http://www.redballoon.in

  • naywoonni

    July 19, 2011 at 11:17 pm

    အင်း အလကား ရတာတောင် ဘယ်လိုသုံးရမယ် မသိသေးပါဘူး ယောင်ဝါးဝါးရယ်…။ ဟိုစမ်းဒီစမ်း စမ်းလုပ်နေတုန်း ..။ အနီး အနားက ဘယ်သူ့မှလည်းမေးလို့ မရဘူး..။ တစ်ချို့ သိတောင်မှ မသိသေးဘူး..။

  • chitpyae

    July 20, 2011 at 8:43 am

    ဟုတ်တယ် …. စမ်းတော့ သုံးနေတာပဲ ဒါပေမဲ့လည်း ဝါးတားတားဖြစ်နေတုန်း .. 🙂
    အခုအချိန်အထိကတော့ အဟောင်းလေးက အဆင်အပြေဆုံးပါပဲ ကွယ် …..

  • etone

    July 20, 2011 at 10:36 am

    ဖေ့စ်ဘွခ်တောင် ရေရေလည်လည် မသုံးတတ်သေးဘူး … ဒီဟာလည်း ဟိုစမ်းဒီစမ်းပဲ … ။ စိတ်ပူတာက မေးလ်တွေ ပရိုက်ဗိတ်စီ ဖြစ်ရဲ့လား ဆိုတာပါပဲ ။

  • PaukPhaw

    July 20, 2011 at 10:50 am

    Privacy ရှိပါတယ်ဆိုတဲ့ FB ဆိုပေမဲ့ User က ကောင်းကောင်းမသုံးတတ်ရင် အလကားပါပဲ
    ဒါကြောင့်လဲ လျှို ့ဝှက်ချက်တွေ၊ကိုယ်ရေးကိုယ်တာတွေ FB ကတစ်ဆင့်ပဲ ပေါက်ကြားခဲ့တာမလား.
    တစ်ခုခုဆို Facebook တက်ရှာလိုက် အကုန်တွေ ့တာပဲ….

    ဘယ် Social Network ပဲ ဖြစ်ဖြစ် ယူဇာကို Privacy အပြည့်ချပေးပြီးသားပါ
    ကိုယ့်ဘာသာ ယူဇာကောင်းတစ်ယောက် ဖြစ်အောင် ပြင်ထားဖို ့ပဲ လိုတယ်ဗျ

    Google+ For I-phone

    https://plus.google.com/111499908439497508351/posts/dESepcDjBZi

    http://itunes.apple.com/us/app/google/id447119634?ls=1&mt=8

  • @leprechaun

    July 20, 2011 at 2:21 pm

    တကယ်လို့ Google plus ကိုု အသုံးပြုခွင့်ရရင်လည်း မှင်စာဆီကို Invite လုပ်ပေးဦးှဗျို့။ သုံးကြည့်ချင်သေးလို့ပါ။ ချန်မထားနဲ့နော်။

  • MOEPWINTPHYU

    July 20, 2011 at 3:04 pm

    အင်းစမ်းသုံးကြည်နေတာ မသုံးတတ်သေးဘူး သိသူများ ပြောပေးကြပါအုံးဘယ်လိုသုံးရလဲဆိုတာ

  • windtalker

    July 20, 2011 at 7:30 pm

    စမ်းတော့ သုံးကြည့် ရဦးမယ်ဗျာ ။ အလကား သုံးရမယ့် ဟာပဲ နော ။ ပရိုက်ဗိတ်ဆီ က တော့ အသုံးပြု သူ ရဲ ့ရွေးချယ်မှု ပေါ ်မှာ မူတည် တဲ ့လို ့ပဲ ထင်ပါတယ်

  • ဆူး

    July 22, 2011 at 1:12 am

    အခုတော့ ဂူဂယ် + ကို စမ်းနေတုန်းပဲ အဆင်ပြေမယ် ထင်တယ်။ သိပ်တော့ အချိုးမကျသေးဘူး။ ဖေ့ဘွတ်က တော်တော် စနစ်ကျတယ်။

  • aungnng87

    July 22, 2011 at 11:44 am

    စကားမစပ်. ကိုယ်.passportစစ်တဲ့website လေးပြန်ပြောပြပေးပါဦး။ရှာလို.မတွေ့တော့လို.

  • Han Lin

    July 22, 2011 at 2:38 pm

    G+ မတွေ ့ရသေးလို ့လားမသိဘူး ..
    facebook ကတော့တော်တေ်ာ အဆင်ပြေနေတယ်

  • manawphyulay

    July 22, 2011 at 2:51 pm

    သုံးရတာမဆိုးဘူးလို့ပဲပြောရမှာပေါ့။ အကုန်လုံးတော့ အဆင်မပြေဘူး။

  • char too lan

    July 22, 2011 at 7:21 pm

    Facebook Killer လို့ ကြောတာဘဲ 🙂

Leave a Reply